The_Negotiation

Document Sample
The_Negotiation Powered By Docstoc
					ု
                                            စေ့စပ်ဆွေးနွေးရေး ဆိရာဝယ်



နိဒါန်း




ကမ္ဘာ့နိုင်ငံရေး     စင်မြင့်တွေမှာပဲဖြစ်ဖြစ်၊   ဒီမိုကရေစီအရေးနဲ့          ပဋိပက္ခဖြေရှင်းရေး     လေ့လာသူ          ပညာရှင်တွေရဲ့


ဆွေးနွေးပွဲတွေမှာပဲဖြစ်ဖြစ်၊ အရပ်သားတွေရဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေမှာပဲ ဖြစ်ဖြစ်၊ စေ့စပ်ဆွေးနွေးရေး၊ ဒိုင်ယာလော့ စတဲ့


စကားလုံးလေးတွေက            ရေပန်းစားလှပါတယ်။            နိုင်ငံရေး     ဖြစ်စဉ်တွေကို    သေသေချာချာ         လေ့လာသုံးသပ်ပြီးမှ


ပြောဆိုဆွေးနွေးသူတွေ ရှိတတ်သလို၊ စကားလုံးကိုပဲ အဖန်တလဲလဲ ရွတ်ဆိုပြောနေတတ်တာတွေလဲ ရှိပါတယ်။ ဒီမိုကရေစီ


အသွင်ကူးပြောင်းရေး၊       စေ့စပ်ဆွေးနွေးရေး         စတာတွေကို        ဖဲတချပ်   မှောက်လိုက်၊    လှန်လိုက်   လုပ်သလို      အလွန်


်
လွယ်ကူသယောင် ပြောဆိုမှုတွေလဲ ရှိတတ်ပါတယ်။ နိုငငံတနိုင်ငံမှာ ရွေးကောက်ပွဲ ဖြစ်လိုက်တာနဲ့ နေ့ချင်းညချင်း


်
ဒီမိုကရေစီနိုငငံကြီး ဖြစ်သွားသယောင် ထင်နေသူတွေ ရှိသလို၊ ဒီမိုကရေစီ ခေါင်းဆောင်တယောက် လွတ်လာတာနဲ့


နေ့ချင်းညချင်း ဒီမိုကရေစီကြီး ရတော့မယောင် ထင်မှတ်နေသူတွေလဲ ရှိပြန်ပါတယ်။




လက်တွေ့မှာကျတော့ ဒီမိုကရေစီအသွင်ကူးပြောင်းမှုဆိုတာကလဲ ဖြစ်စဉ်တရပ်ပဲ ဖြစ်ပါတယ်။ ဒီမိုကရေစီစနစ် အမြစ်တွယ်


ရှင်သန်ခိုင်မာမှု   (Democratic      Consolidation)       ရှိစေဖို့အတွက်       ကနဦးဒီမိုကရေစီ    အသွင်ကူးပြောင်းမှု    (Initial


Democratization)       (သို့မဟုတ်)      Political     Liberalization     ဖြစ်စဉ်အဆင့်ဆင့်ကို     တည်ဆောက်အကောင်အထည်


ဖော်ဆောင်မှုပဲ ဖြစ်ပါတယ်။ ဒီမိုကရေစီစနစ် အသွင်ကူးပြောင်းရေးကို ဖော်ဆောင်ပေးနိုင်မယ့် ပြည်သူ့အစိုးရတရပ်ဖြစ်ဖြစ်၊


စစ်မှန်စွာ အသွင်ကူးပြောင်းရေးကို လိုလားလာတဲ့ အာဏာရှင် အစိုးရဖြစ်ဖြစ် မပေါ်ပေါက်လာပဲ အသွင်ကူးပြောင်းမှု ဖြစ်စဉ်


ရှိလာမှာ မဟုတ်ပါဘူး။




စေ့စပ်ဆွေးနွေးရေး (Negotiation) ဆိုတာကလဲ ဒီအတိုင်းပါပဲ။ ပဋိပက္ခတွေ ဖြေရှင်းဖို့အတွက် စေ့စပ်ဆွေးနွေးမှုကို


နိုင်ငံရေးလက်နက်တခုအဖြစ်         အသုံးပြုလေ့ရှိပါတယ်။        ဒီလို    အသုံးပြုတဲ့အခါ   စေ့စပ်ဆွေးနွေးမှုဖြစ်စဉ်    အဆင့်ဆင့်ကို
အကောင်အထည်ဖော်နိုင်ဖို့ လိုပါတယ်။ Track II, Track III Level ခေါင်းဆောင်တွေ ပေါ်ထွက်လာဖို့ လိုအပ်ပါတယ်။


စေ့စပ်ဆွေးနွေးပေးပါလို့ တောင်းဆိုနေရုံ၊ လူသိရှင်ကြား စတိတ်မင့်တွေ ထုတ်ဝေ ဖြန့်ချိနေရုံနဲ့တော့ စေ့စပ်ဆွေးနွေးပွဲ


ဖြစ်စဉ်ဆိုတာလဲ ရှိလာမှာ မဟုတ်ပါဘူး။




ု
စေ့စပ်ဆွေးနွေးရေး (Negotiation) ဆိရာဝယ်




နိုင်ငံရေးအယူအဆကွဲပြားမှု၊    လူမျိုးရေး   ကွဲပြားမှု၊   ဘာသာရေး     အယူဝါဒ        ကွဲပြားမှု   စတာတွေကနေ        ပဋိပက္ခတွေ


ဖြစ်ပွားလာတဲ့အခါ     တဘက်နဲ့တဘက်           ရန်သူလို      သဘောထားလာကြတဲ့            ပဋိပက္ခ       ၀န်းကျင်အတွင်းမှာ     တူညီတဲ့


ဘုံသဘောထားတွေ ရှာဖွေဖို့နဲ့ ကွဲပြားခြားနားမှုတွေအကြား ညှိနှိုင်းဆွေးနွေး အဖြေရှာဖို့ ဆိုတာ အလွန်ခဲယဉ်းတဲ့


ကိစ္စရပ်တွေ ဖြစ်ပါတယ်။ ဒါကြောင့်လဲ ဒီလို ခက်ခဲ နက်နဲတဲ့ ကိစ္စရပ်တွေကို လူအများ သိနားလည်လာနိုင်ဖို့အတွက်


လက်တွေ့နယ်ပယ်ထဲက             သံတမန်တွေနဲ့        ပညာရပ်နယ်ပယ်ထဲက             နိုင်ငံရေးသိပ္ပံပညာရှင်တွေ၊     နိုင်ငံရေးတွေးခေါ်


ပညာရှင်တွေက သုတေသန စာတမ်းတွေ၊ ကိုယ်တွေ့မှတ်တမ်း တွေကို ရေးသားဖော်ပြခဲ့ကြပါတယ်။




လက်တွေ့နယ်ပယ် ထဲမှာ တာဝန်ထမ်းဆောင်ကြရမယ့်သူတွေကိုလဲ သင်တန်းတွေ အဆင့်ဆင့် ပေးပြီး လေ့ကျင့်ပေးခဲ့ကြ


ပါတယ်။      စာတွေ့နဲ့        လက်တွေ့       မတူညီဖူးဆိုပေမယ့်       လက်တွေ့တွေ             များစွာကနေ       ထုတ်နှုတ်ထားတဲ့


စာတွေ့သင်ခန်းစာတွေဟာ လက်တွေ့မှာ အထောက်အကူ ဖြစ်စေပါတယ်။ အတွေ့အကြုံက သင်ပေးသွားမှာ ဖြစ်တဲ့အတွက်


စာတွေ့တွေ     မလိုအပ်ဘူး၊     စနစ်တကျ       သင်ကြားမှုတွေ      မလိုဘူးလို့     တချို့က      ဆိုတတ်ကြပါတယ်။          လက်ထဲကို


သေနတ်တလက်ရောက်လာတဲ့အခါ               ဟိုပစ်ဒီပစ်    လုပ်ရင်း   သေနတ်ကျည်ထွက်မှာကတော့              သေချာပါတယ်။        ဒါပေမယ့်


principles of sustained fire ကို နားလည်ထားရင်တော့ ပစ်မှတ်ကို ထိနိုင်ဖို့၊ risk နည်းဖို့ နေရာယူရတဲ့ position ကို


အခြေအနေ၊ အချိန်အခါနဲ့အညီ အသုံးချနိုင်ပါတယ်။ အလုပ်တခု လုပ်တဲ့အခါမှာ သဘောတရားတွေကနေ ပြဌာန်းထားတဲ့


စီမံချက်တွေအတိုင်း      ပြင်ဆင်အကောင်အထည်ဖော်တဲ့အခါ             ပရမ်းပတာ        တောင်ရောက်လိုက်၊          မြောက်ရောက်လိုက်


ု
လုပ်နေတာတွေအတွက် ပိုပြီး ရလဒ်ကောင်းလေးတွေ ရနိင်ပါတယ်။ 'Fail to prepare, prepare to fail' ဆိုတဲ့ စကားတွေကို
ပညာရှင်တွေက အကြောင်းမဲ့ ပြောဆိုထားခဲ့ကြတာတော့ မဟုတ်ပါ။




စေ့စပ်ဆွေးနွေးမှု   အောင်မြင်ဖို့ဆိုတာကလဲ              ဒီအတိုင်းပါပဲ။   ပြင်ဆင်မှုတွေ       လိုအပ်ပါတယ်။       ဆွေးနွေးမှုရဲ့    ပန်းတိုင်၊


ရေရှည်ဦးတည်ချက်၊            ရေတို      ရည်မှန်းချက်      စတာတွေ         ရှိဖို့      လိုပါတယ်။     Daniel      Druckman         ဆိုသူက


စေ့စပ်ဆွေးနွေးရေးဆိုတာ           ပြဿနာတခုကို             အဖြေရှာခြင်း         (သို့မဟုတ်)         တဘက်နဲ့       တဘက်            အကြားမှာ


အပေးအယူပြုလုပ်ခြင်းလို့          အဓိပ္ပာယ်ဖွင့်ဆိုခဲ့ပါတယ်။        Richard           Shell   ဆိုသူကတော့        စေ့စပ်ဆွေးနွေးရေးဆိုတာ


တဘက်ကနေ             အခြားတဘက်ဆီက               တစုံတရာကို         လိုချင်လာတဲ့အခါ           ပြုလုပ်ကြတဲ့      ဆက်ဆံရေးဖြစ်စဉ်တခုလို့


အဓိပ္ပာယ်ဖွင့်ဆိုခဲ့ပါတယ်။            Fred    Ikle        ဆိုသူကတော့            စေ့စပ်ဆွေးနွေးရေးဆိုတာ           ပဋ္ဋိပက္ခတွေ         ရှိနိုင်တဲ့


အကျိုးစီးပွားတွေအကြားက ဘုံအကျိုးစီးပွားကို ဖော်ထုတ်ဖို့ နည်းလမ်းတွေကို အဖြေရှာခြင်းလို့ အဓိပ္ပာယ်ဖွင့်ဆိုခဲ့ပါတယ်။




Roger Fisher နဲ့ William Ury တို့ကတော့ စေ့စပ်ဆွေးနွေးမှု လုပ်ရတဲ့ အကြောင်းရင်းက ဆွေးနွေးမှုကြောင့် ရလာမယ့်


ရလဒ်တွေဟာ မဆွေးနွေးပဲ ရလာမယ့် ရလဒ်တွေထက် ပိုပြီး ကောင်းစေမယ်လို့ ယုံကြည်တဲ့အတွက် လုပ်ရတာ ဖြစ်တယ်လို့


ဆိုပါတယ်။ ဒီလို လုပ်ရမှာ အကြောင်း တစုံတရာကြောင့် စေ့စပ်ဆွေးနွေးမှု မအောင်မြင်ခဲ့ရင် (သို့မဟုတ်) စေ့စပ်ဆွေးနွေးမှု


ဖြစ်မလာနိုင်တော့ဘူး ဆိုရင် အကောင်းဆုံးဘာလုပ်နိုင်မလဲဆိုတဲ့ best alternative to a negotiated agreement


(BATNA) ကိုလဲ နှစ်ဘက်ခေါင်းဆောင်တွေအနေနဲ့ စဉ်းစားထားဖို့ လိုကြောင်း ထောက်ပြပြောဆိုခဲ့ကြပါတယ်။




စေ့စပ်ဆွေးနွေးရေးနှင့် ချဉ်းကပ်နည်းလမ်း (Approach)




စေ့စပ်ဆွေးနွေးမှုတွေ            အောင်မြင်စေဖို့အတွက်               လိုအပ်တဲ့            အခြေခံအချက်တွေကိုလဲ             ပညာရှင်များက


ရေးသားဖော်ပြခဲ့ကြပါတယ်။ ပထမတချက်ကတော့ ချဉ်းကပ်နည်းလမ်း (approach) ပဲ ဖြစ်ပါတယ်။ စေ့စပ်ဆွေးနွေးရေးကို


ဘယ်လိုနည်းလမ်း         နဲ့     အကောင်အထည်ဖော်မလဲ                ဆိုတာက             အောင်မြင်မှုအတွက်       အလွန်ပဲ   အရေးကြီးပါတယ်။


များသောအားဖြင့် competitive bargaining နဲ့ collaborative problem solving တို့ကို အသုံးပြုလေ့ရှိပါတယ်။
Competitive bargaining ဆိုတာက တဘက်နဲ့ တဘက် အပြိုင်အဆိုင် အပေးအယူ ပြုလုပ်တာ ဖြစ်ပါတယ်။ Competitive


bargaining    သဘောတရားကို        လွယ်လွယ်ကူကူ   ရှင်းလင်းပြောပြ   နိုငဖို့အတွက်
်           Terrence   Hopmann   ဆိုသူက


အောက်ပါပုံကို ရေးဆွဲခဲ့ပါတယ်။




ပုံမှာ   ဖော်ပြထားတဲ့   A       အမှတ်ဟာ   စေ့စပ်ဆွေးနွေးမှု   လုပ်မယ့်    ဘက်နှစ်ဘက်အနက်        တဘက်အတွက်


အကောင်းဆုံးအခြေအနေ ဖြစ်ပါတယ်။ B အမှတ်က အခြား ဘက် တဘက်အတွက် အကောင်းဆုံး အခြေအနေ ဖြစ်ပါတယ်။


မြားတွေ ပြောင်းပြန် ဖြစ်နေတာကို ကြည့်ခြင်းအားဖြင့် ဘက်နှစ်ဘက်စလုံးဟာ ကိုယ့်ဘက်က အကောင်းဆုံး အခြေအနေကို


ှ
ရနိုင်ဖို့အတွက် ဆွဲယူကြိုးပမ်းကြပါတယ်။ ပုံမာ ဖော်ပြထားတဲ့ A1 , B1 အမှတ်တွေကတော့ BATNA အခြေအနေတွေကို


ု
ကိုယ်စားပြုပါတယ်။ ဒီအခြေအနေ နှစ်ခအကြားမှာ တဘက်နဲ့တဘက် အပေးအယူပြုလုပ်နိုင်မယ့် bargaining space


ရှိပါတယ်။
ဒီအခြေအနေမှာ နှစ်ဘက်စလုံးဟာ တဘက်နဲ့ တဘက် စကားစစ်ထိုးရင်း ကိုယ်လိုချင်တဲ့ အကောင်းဆုံးအခြေအနေကို


အနီးစပ်ဆုံး ရအောင် လုပ်ကြမှာ ဖြစ်ပါတယ်။ ဒီလိုလုပ်ကြရာမှာ


(က) ကနဦးအနေနဲ့ ကိုယ့်ဘက်က တောင်းဆိုချက်တွေကို အပြန်အလှန် တောင်းဆိုကြမှာ ဖြစ်ပါတယ်။


(ခ)      ဘယ်အခြေအနေအထိ         နောက်ဆုံးထားပြီး     လျှော့ပေးမယ်ဆိုတာကို   နှစ်ဘက်စလုံးက      ကိုယ်စီ   လျှို့ဝှက်


စဉ်းစားသတ်မှတ်ချက်တွေ ရှိလာပါတယ်။


(ဂ) တဘက်နဲ့ တဘက် တောင်းဆိုချက်တွေဆီက တင်းမာမှုတွေ လျော့လာအောင် အပြန်အလှန် ဖိအားပေးမှုတွေ၊


ဆွဲဆောင်မှုတွေ ပြုလုပ်လာပါတယ်။


(ဃ) တဘက်နဲ့တဘက် အလျှော့ပေးမှုလေးတွေ ပြုလုပ်နိုင်ဖို့အထိ နီးစပ်မှု ရှိလာပါတယ်။


(င) အပြန်အလှန် အလျှော့ပေးမှုတွေ ရှိလာပါတယ်။


(စ) မူလ တောင်းဆိုထားမှု အခြေအနေနှစ်ခုအကြားက အဖြစ်နိုင်ဆုံး အခြေအနေတခုမှာ သဘောတူညီချက် ရလာပါတယ်။


(သို့မဟုတ်) ဆက်လက်အလျှော့ပေးမှု မလုပ်နိုင်ကြတော့ပဲ စေ့စပ်ဆွေးနွေးမှု ပျက်သွားပါတယ်။




ပုံမှာ   ဖော်ပြထားတာက     နှစ်ဘက်အကြားက           အပေးအယူလုပ်မှုသဏ္ဍာန်ဖြစ်ပေမယ့်      multi-party   negotiations


တွေအတွက်လဲ ဖြည့်စွက် အသုံးပြုနိုင်ပါတယ်။




နောက်ထပ် နည်းလမ်းတခုကတော့ collaborative problem solving နည်းလမ်း ဖြစ်ပါတယ်။ ပြဿနာဖြေရှင်းမှုမှာကျတော့


တဘက်နဲ့ တဘက် အပြိုင်အဆိုင် အပေးအယူ၊ အလျှော့အတင်း လုပ်ဖို့ မဟုတ်ပဲ ပြဿနာတခုကို စုပေါင်းအဖြေရှာခြင်း


ဖြစ်တဲ့အတွက် competitive bargaining နည်းလမ်းနဲ့ ကွဲပြားပါတယ်။




်
Susan Collin Marks ဆိုသူက ဒီနည်းလမ်းကို လူအများနားလည်စေနိုငဖို့ ရှင်းလင်းတဲ့ ပုံတပုံ ရေးဆွဲ ဖော်ပြထားခဲ့ပါတယ်။
ဒီနည်းလမ်းအရ ဘက်နှစ်ဘက်စလုံးက ပါဝင်သူများဟာ ပြဿနာတရပ်ကို အားလုံးရဲ့ ဘုံပြဿနာအဖြစ် သတ်မှတ်ပြီး


ရင်ဆိုင်ဖြေရှင်းကြဖို့ ကြိုးပမ်းတာ ဖြစ်ပါတယ်။ ဒီလို ကြိုးပမ်းဆောင်ရွက်တဲ့ စေ့စပ်ညှိနှိုင်းဆွေးနွေးမှုမှာကျတော့ တဘက်နဲ့


တဘက်အကြားမှာဖြစ်တဲ့ ပဋ္ဋိပက္ခတွေကို ဖြေရှင်းတာ မဟုတ်ပဲ ဖြစ်နေတဲ့ ပြဿနာတွေကို စုပေါင်းဖြေရှင်းအဖြေရှာဖို့


ဆွေးနွေးညှိနှိုင်းကြတာ ဖြစ်ပါတယ်။




ဘယ်လိုပဲဖြစ်ဖြစ်   ပဋ္ဋိပက္ခတွေ    ဖြစ်လာတဲ့အခါ     ပါဝင်တဲ့   ဘက်တွေအားလုံးက        အကြောင်းအရာတွေကို        reframing


ပြန်လုပ်တတ်ဖို့ အလွန်အရေးကြီးပါတယ်။ ဘယ်သူကမှ compromise မလုပ်နိုင်တော့တဲ့ အခြေအနေကျရင်တော့ deadlock


ဖြစ်ပါတယ်။ Reframing ဆိုတာက ဒီလို deadlock ကို ဘယ်လို ဖြေရှင်းမလဲ ဆိုပြီး အကြောင်းအရာတွေကို အမြင်သစ်၊


ရှုထောင့်သစ်တွေကနေ ပြန်လည်ရှုမြင်နိုင်ရန် ကြိုးပမ်းအားထုတ်ခြင်း ဖြစ်ပါတယ်။




ပဋိပက္ခတွေ ဖြေရှင်းထဲအခါမှာ ဖြစ်ရတဲ့ အခြေခံ အကြောင်းရင်းတွေထဲက လိုအပ်ချက် (needs) တွေနဲ့ အကျိုးစီးပွား


(interests)်
               တွေကို ဖော်ထုတ်ပြီး ပဋိပက္ခမဟုတ်တဲ့ တခြား ဘယ်လိုနည်းနဲ့ ဒါတွေကို ဖြေရှငးနိုင်မလဲဆိုတာကို
ရှုထောင့်သစ်တွေကနေ              သုံးသပ်တာ       ဖြစ်ပါတယ်။   ဥပမာ-         ငါးတကောင်ကို   ကလေးနှစ်ယောက်က          လုနေတဲ့အခါ


တယောက်ကို တပိုင်းစီ ရမှ ကျေနပ်မှာလား၊ တယောက်က လေးပုံ -သုံးပုံရပြီး၊ နောက်တယောက်က လေးပုံ- တပုံဆိုရင်ရော


အနည်းငယ်ပဲ ရတဲ့ဘက်က ကျေနပ်ပြီး ယူသွားမလား၊ တယောက်က ငါးတကောင်လုံး ယူပြီး၊ နောက်တယောက်က


တခြားစားစရာ တခုခု ရသွားရင်ရော ကျေနပ်နိုင်မလား စတာတွေ ဖြစ်ပါတယ်။




ု
ဒါကြောင့်လဲ ပဋိပက္ခဖြစ်ပြီး deadlock ဖြစ်နေတဲ့ နိင်ငံတွေမှာ conflicting parties တွေထဲမှာ မပါဝင်သူတွေက ဘယ်ဘက်မှ


မပါတော့ပဲ နိုင်ငံရဲ့ အခြေခံ လိုအပ်ချက်တွေထဲက လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး လိုအပ်ချက်တွေကို ဖြည့်ဆည်းတာတွေ၊


civil society ကို အားကောင်းအောင် ချဲ့ထွင်တာတွေ လုပ်လာကြတာတွေ ရှိပါတယ်။ အချို့ကလဲ ဒါတွေကိုပဲ အချိန်ကုန်ခံပြီး


ငြင်းခုန်နေကြပြန်တတ်ပါတယ်။ ပဋိပက္ခတွေ ပြီးဆုံးမှ ဒါတွေ လုပ်ရမယ်ဆိုတာတွေကလဲ အဓိပ္ပာယ် မရှိလှပါ။ ကျွမ်းနေတဲ့


မီးလုံးကို   လဲဖို့    ကြိုးစားသူတွေ     ရှိနေချိန်မာ
ှ   ဖယောင်းတိုင်ထွန်းပြီး    အလင်းပြပေးသူတွေလဲ     ရှိဖို့   လိုအပ်ပါတယ်။


်
မီးလုံးလဲသူတွေနဲ့ ဖယောင်းတိုင်ထွန်းသူတွေအားလုံး အချင်းချင်း ငြင်းခုနရင်းအချိန်ကုန်နေစရာလဲ မလိုအပ်ပါ။ တိုင်းပြည်နဲ့


ပြည်သူလူထုရဲ့ Needs နဲ့ Interests တွေကို ဖြည့်ဆည်းဖို့ ကြိုးပမ်းကြသူအချင်းချင်းမှာ ရေတိုရည်မှန်းချက်တွေကိုပဲ


အကောင်အထည်ဖော်သည်ဖြစ်စေ၊ ရေရှည်ပန်းတိုင်ကိုပဲ အရောက်သွားသည် ဖြစ်စေ ဘယ်သူမှ မမှားပါ။ ဘယ်သူကမှလဲ


ဘယ်သူထက်မှ            ပိုပြီး   မြင့်မြတ်သည်၊    ယုတ်ညံ့သည်      မရှိပါ။     Deadlock     အခြေအနေမှာ   Reframing       လုပ်တဲ့


သဏ္ဍာန်တွေကတော့ အမျိုးမျိုး ကွဲပြားနေမှာပဲဖြစ်ပါတယ်။




စေ့စပ်ဆွေးနွေးမှုနဲ့ ပတ်သက်ပြီး နောက်ထပ် ချဉ်းကပ်တဲ့ နည်းလမ်းတခုကတော့ Conflict Resolution Style Matrix ကို


အသုံးပြုခြင်း ဖြစ်ပါတယ်။ ၁၉၆၀ ပြည့်နှစ်ကာလတွေမှာ Robert Blake နဲ့ Jane Mouton တို့က ပဋိပက္ခဖြေရှင်းခြင်းနဲ့


စေ့စပ်ဆွေးနွေးမှုတွေမှာ အသုံးပြုရတဲ့ စတိုင်လေးမျိုးကို ဖော်ထုတ်ခဲ့ပါတယ်။ ဒီစတိုင်လေးမျိုးကို               forcing, problem


solving, smoothing, withdrawal ဆိုပြီး အမည်ပေးခဲ့ကြပါတယ်။ (၁၉၇၀) ကာလတွေရောက်တော့ Kenneth Thomas နဲ့


Ralph Kilmann တို့က စတိုင်တွေကို ထပ်မံမွမ်းမံပြီး                competing, collaborating, accommodating, avoiding,


compromising ဆိုတဲ့ စတိုင် ငါးမျိုးကို ဖော်ထုတ်ခဲ့ပါတယ်။
ပုံမှာ ဖော်ပြထားချက်တွေအရ အလျားလိုက်မျဉ်းက ပူးပေါင်းဆောင်ရွက်မှု (cooperativeness) ကို ကိုယ်စားပြုပါတယ်။


ဒေါင်လိုက်မျဉ်းကတော့         assertiveness   ကို    ကိုယ်စားပြုပါတယ်။    assertiveness       ကော၊        cooperativeness   ကော


နည်းနေတဲ့အခါ စေ့စပ်ဆွေးနွေးမှု စတိုင်က တဘက်နဲ့ တဘက် ရှောင်ခြင်း (avoiding) ဖြစ်ပါတယ်။ assertiveness က


မြင့်ပြီး၊ cooperativeness က အားနည်းနေရင်တော့ ပြိုင်ဆိုင်မှု (Competing) စတိုင် ဖြစ်လာပါတယ်။ cooperativeness က


မြင့်ပြီး၊   assertiveness    က   နည်းနေရင်တော့          accommodating    စတိုင်ဖြစ်ပြီး၊   နှစ်ခုလုံး   အသင့်အတင့်ဆိုရင်တော့


compromise          လုပ်ကြပါတယ်။        နှစ်မျိုးစလုံး    မြင့်မှသာ   ပူးပေါင်းဆောင်ရွက်မှု         (collaborating)    စတိုင်ကို


ကျင့်သုံးလာကြတာပါ။




စေ့စပ်ဆွေးနွေးမှုတွေမှာ collaborating စတိုင် ကျင့်သုံးမှုဟာ ပြဿနာဖြေရှင်းတဲ့နည်းလမ်းကို အသုံးပြုမှုနဲ့ ဆင်တူပါတယ်။
ိ
တဘက်နဲ့ တဘက်အကြားက တင်းမာမှုတွေ၊ အကျိုးစီးပွားတွေကို ထည့်သွင်းစဉ်းစားချက် မရှပဲ ပြဿနာတခုကို ဘယ်လို


ဖြေရှင်းကြမလဲဆိုတာကို       နှစ်ဘက်စလုံးက   စဉ်းစားကြတာဖြစ်ပါတယ်။   Competing      စတိုင်ကျင့်သုံးမှုကတော့   hard


bargaining နည်းလမ်း ကျင့်သုံးမှုပါပဲ။ နှစ်ဘက်စလုံးက အပေးအယူ၊ အလျှော့အတင်း ပြုလုပ်လိုခြင်း မရှိကြပါဘူး။


accommodating       စတိုင်ကတော့        Competing   စတိုင်နဲ့   ဆန့်ကျင်ဘက်ပါ။    ကိုယ့်ဘက်က        အကျိုးစီးပွားကို


ထည့်သွင်းစဉ်းစားမှုထက် အခြားတဘက်ရဲ့ လိုလားချက်တွေကို ဦးစားပေးခြင်း ဖြစ်ပါတယ်။




avoiding စတိုင်ကတော့ စေ့စပ်ဆွေးနွေးမှုကို တတ်နိုင်သမျှ ရှောင်ကြဉ်ခြင်း ဖြစ်ပါတယ်။ ဘယ်လို ပဋိပက္ခမှာပဲဖြစ်ဖြစ်


တဘက်က ဒီလို ရှောင်ကြဉ်တဲ့ နည်းလမ်းကို သုံးလာပြီဆိုရင် တခြားတဘက်က ဘယ်လောက်ပဲ စေ့စပ်ဆွေးနွေးမှု


လုပ်ချင်ချင် အောင်မြင်မှာ မဟုတ်ပါဘူး။ လက်ခုပ်ဆိုတာ နှစ်ဘက်တီးမှ မြည်ပါတယ်။ Compromising စတိုင်ကတော့


နှစ်ဘက်စလုံးက အပေးအယူ၊ အလျှော့အတင်း ပြုလုပ်ကြတာ ဖြစ်ပါတယ်။ ပဋိပက္ခကြီးရင် ကြီးသလောက် ဒီစတိုင်ကို


အောင်မြင်စွာ အသုံးပြုနိုင်ဖို့ကလဲ ခဲယဉ်းလှပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီ စတိုင် ငါးမျိုးလုံးဟာ ပဋိပက္ခဖြေရှင်းရေးနဲ့


်
စေ့စပ်ဆွေးနွေးမှုတွေမှာ အခြေအနေနဲ့ အချိနအခါပေါ်မူတည်ပြီး အသုံးဝင်မှုတွေ ရှိပါတယ်။




ံ
စေ့စပ်ဆွေးနွေးမှုနှင့် ဆက်ဆရေး (Relationship)




စေ့စပ်ဆွေးနွေးမှုက ထွက်ပေါ်လာတဲ့ ရလာဒ်အတွက် နောက်ထပ် အရေးကြီးတဲ့ ထည့်သွင်းစဉ်းစားစရာ အချက်ကတော့


ပဋ္ဋိပက္ခထဲမှာ    ပါဝင်နေတဲ့     actors   တွေအကြားက     ဆက်ဆံရေးသဏ္ဍာန်တွေပဲ         ဖြစ်ပါတယ်။    စေ့စပ်ဆွေးနွေးမှုကို


ပြုလုပ်တဲ့အခါမှာ မိမိဘက်ရဲ့ လိုအပ်ချက်နဲ့ အကျိုးစီးပွားတွေကို သိဖို့ လိုအပ်သလို၊ အခြားတဘက်က လိုအပ်ချက်နဲ့


အကျိုးစီးပွားတွေကိုလဲ သိနေဖို့ လိုအပ်ပါတယ်။ ဘက်နှစ်ဘက်တင်မကပဲ multiple actors တွေ ပါဝင်နေခဲ့တယ်ဆိုရင်


ု
ပါဝင်နေသူတွေရဲ့ လိုအပ်ချက်၊ အတွေးအခေါ်နဲ့ အကျိုးစီးပွားတွေကို သိမြင်တတ်ဖို့ လိုအပ်ပါတယ်။ နိင်ငံရေးပညာရှင် Ury


က အောင်မြင်တဲ့ စေ့စပ်ဆွေးနွေးသူတွေဟာ စိတ်ပညာကျွမ်းကျင်သူတွေ ဖြစ်တယ်လို့ ဆိုထားခဲ့ပါတယ်။ ပဋိပက္ခတွေကို


ဖြေရှင်းဖို့ ကြိုးပမ်းတဲ့ စေ့စပ်ဆွေးနွေးမှုတွေမှာ ပါဝင်တဲ့ multiple parties တွေ အပါအ၀င် ဒီပဋ္ဋိပက္ခနဲ့ ဆက်စပ်တဲ့
အဖွဲ့အစည်းတွေ၊ လူတွေရဲ့ မြင်နိုင်တွေ့နိုင်သော လိုအပ်ချက်တွေ၊ အတွင်းစိတ်ထဲမှာ ခိုအောင်းနေတဲ့ လိုလားချက်တွေ၊


ဖြတ်သန်းမှုသမိုင်းကြောင်းတွေ၊      အတွေးအခေါ်ကို          သိနိုင်လေလေ        အပြန်အလှန်ယုံကြည်မှုရှိတဲ့     ဆက်ဆံရေးကို


တည်ဆောက်ဖို့ အခွင့်အလမ်း များလာလေလေ ဖြစ်ပါတယ်။




စေ့စပ်ဆွေးနွေးမှုမှာ ပါဝင်နိုင်မယ့် actors အမျိုးအစားတွေကိုလဲ နိုင်ငံရေး ပညာရှင်တွေက လေ့လာဖော်ထုတ်ခဲ့ကြပါတယ်။


Counterparts       ဆိုတဲ့   အမျိုးအစားက   မတူညီပဲ     ထိပ်တိုက်ကွဲပြားနေတဲ့    အမြင်တွေကို    တင်ပြသူတွေ     ဖြစ်ပါတယ်။


Constituents ဆိုတဲ့ အမျိုးအစားကတော့ သူတို့နဲ့ သက်ဆိုင်တဲ့ လူမျိုးစု၊ အဖွဲ့အစည်း၊ လူတန်းစားအလွှာ စတာတွေကို


ကိုယ်စားပြု       တက်ရောက်လာသူများ        ဖြစ်ပါတယ်။      Stakeholders        တွေကတော့       စေ့စပ်ဆွေးနွေးတဲ့   စားပွဲမှာ


ကိုယ်တိုင်ပါဝင်ချင်မှ ပါဝင်ပေမယ့် စေ့စပ်ဆွေးနွေးမှုနဲ့ ဆက်စပ်တဲ့ လိုလားချက်၊ အကျိုးစီးပွားရှိနေသူတွေ ဖြစ်ပါတယ်။


သူတို့တတွေက counterparts တွေနဲ့ constituents တွေရဲ့ ကိုယ်စားပြုမှု၊ အတွေးအခေါ်တွေနဲ့ လုပ်ဆောင်ချက်တွေ


အပေါ်မှာ လွှမ်းမိုးမှု ရှိပါတယ်။ Ratifiers ဆိုတာကတော့ ညှိနှိုင်းဆွေးနွေးမှု ရလာဒ်တွေကို ဆုံးဖြတ်ချက် ပေးသူတွေ


ဖြစ်ပါတယ်။ စေ့စပ်ဆွေးနွေးမှုမှာ ပါဝင်သူတွေရဲ့ မိခင်အဖွဲ့အစည်းတွေ၊ ပါတီတွေက ခေါင်းဆောင်တွေ ဖြစ်ပါတယ်။




စေ့စပ်ဆွေးနွေးပွဲ အမှန်တကယ် ဖြစ်မြောက်လာချိန်မှာ ပေါ်ထွက်လာတတ်တဲ့ spoilers တွေလဲ ရှိပါသေးတယ်။ ရေရှည်


ပဋိပက္ခတွေမှာ ပဋိပက္ခကြောင့် အကျိုးကျေးဇူး ရနေသူများ ရှိတတ်ပါတယ်။ ဥပမာ- မူးယစ် ကုန်ကူးတဲ့ အဖွဲ့အစည်းတွေ၊


လူကုန်ကူးတဲ့      အဖွဲ့အစည်းတွေ    စတဲ့   ရာဇ၀တ်မှု    ကျူးလွန်နေတဲ့      အဖွဲ့အစည်းတွေနဲ့    ပဋိပက္ခကို   အကြောင်းပြုပြီး


ဆိုင်းဘုတ်ထောင် ရံပုံငွေ တောင်းနေတဲ့      ပဋိပက္ခအကြောင်းပြု လုပ်စား အဖွဲ့အစည်းများဟာ ပဋိပက္ခတွေ ပြီးဆုံးသွားမှာကို


အလွန်စိုးရိမ်လေ့ရှိကြပါတယ်။ တဘက်နဲ့ တဘက် အနိုင်ယူပွဲသိမ်း တိုက်ပွဲ ဆင်နွှဲသွားနိုင်မှာကို စိုးရိမ်ပြီး နည်းမျိုးစုံနဲ့


ပဋိပက္ခဖြစ်ချိန်    ကြန့်ကြာအောင်     ဆွဲဆန့်ဖို့    ကြိုးစားလေ့ရှိသလို၊    စေ့စပ်ဆွေးနွေးပွဲတွေ   ပေါ်ပေါက်လာတဲ့အခါမှာ


ပျက်ပြားအောင် ဖျက်ဆီးလေ့ရှိကြပါတယ်။ ဒါကြောင့် စေ့စပ်ဆွေးနွေးမှုကို ဦးဆောင်မယ့် ခေါင်းဆောင်များဟာ ပဋိပက္ခနဲ့


ဆက်စပ်ပြီး ကိုယ်ကျိုးရှာ အဖွဲ့အစည်းတွေနဲ့ ရာဇ၀တ်မှုကျုးလွန်နေသော အဖွဲ့အစည်းတွေကို ကြိုတင် သိမြင်ထားဖို့


လိုအပ်လှပါတယ်။
ဒီလို multiple actors တွေအကြားမှာ ဆက်ဆံရေးတည်ဆောက်တဲ့အခါ ဆက်သွယ်မှု လမ်းကြောင်း (communication


channels) တွေ ဖွင့်ဖို့လိုအပ်ပါတယ်။ စေ့စပ်ဆွေးနွေးမှုလုပ်ဖို့ ကြိုးစားတဲ့ အခါတိုင်းမှာ ပမာဏ ညှိနှိုင်းမှု လုပ်တဲ့


အချိန်တွေကတည်းက ဘယ်ဘက်မှာ ဘယ်သူနဲ့ ဆက်သွယ်ရမယ်၊ ဆက်ဆံရေးနဲ့ ပတ်သက်ပြီး ဘယ်လောက်အထိ scope


of communication ထားမယ်၊ ဘယ်လို ဆက်သွယ်မယ် ဆိုတဲ့ lines of authority တွေ ရှင်းလင်းနေဖို့ လိုအပ်ပါတယ်။


ဒါတွေ ရှင်းလင်းနေခြင်း မရှိဘူးဆိုရင် တယောက်တပေါက် ဆက်သွယ်မှု လမ်းကြောင်းတွေ ဖွင့်ရင်း ရှုပ်ထွေးမှုတွေ


ဖြစ်လာစေနိုင်ပါတယ်။




်
စေ့စပ်ဆွေးနွေးမှုတွေအတွက် ပဏာမ ညှိနှိုင်းတဲ့ အချိနတွေမှာပဲဖြစ်ဖြစ်၊ စေ့စပ်ဆွေးနွေးပွဲ စတင်ချိန်မှာပဲဖြစ်ဖြစ် mass


media နဲ့ ဘယ်လို ဆက်သွယ်ဆောင်ရွက်မှုတွေ လုပ်မလဲ ဆိုတာကိုလဲ protocol တွေ ရှိနေဖို့ လိုအပ်ပါတယ်။


မီဒီယာဆိုတာ လူထုနဲ့ ဆက်ဆံရေး ပေါင်းကူးပဲ ဖြစ်ပါတယ်။ ဒါကြောင့် မီဒီယာတွေနဲ့ ဆက်သွယ်ဆောင်ရွက်မှုတွေမှာ


အလွန်သတိထား ဆက်ဆံဖို့ လိုအပ်ပါတယ်။ အပြန်အလှန် လေးစားမှု ရှိကြဖို့ လိုအပ်ပါတယ်။




နိုင်ငံရေးပညာရှင် Solomon ဆိုသူက စေ့စပ်ဆွေးနွေးမှုမှာ မီဒီယာတွေနဲ့ ပတ်သက်ဆက်စပ်ရတဲ့အခါ ပြောရေးဆိုခွင့်


ရှိသူတွေရဲ့ တာဝန်က တဘက်က counterpart တွေကို သွယ်ဝိုက်နည်းနဲ့ မိမိတို့ လိုလားချက်တွေကို အသိပေးရေး၊ မိမိတို့


စဉ်းစားတွေးခေါ်ချက်တွေကို လူထုသို့ အသိပေးတင်ပြရေး၊ ဂျာနယ်လစ်တွေနဲ့ မီဒီယာသမားတွေကို briefing ပေးရေး၊


စေ့စပ်ဆွေးနွေးမှုမှာ ပါဝင်မယ့် အာဂျင်ဒါတွေကို မီဒီယာမှတဆင့် ဖြန့်ကျက်ရေး စတာတွေ ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း


ပြောထားခဲ့ပါတယ်။      မီဒီယာတင်ပေးလာတဲ့        လမ်းကြောင်းကို     ပြောရေးဆိုခွင့်   ရှိသူတွေ၊    စေ့စပ်ဆွေးနွေးမှု


အကောင်အထည်ဖော်နေသူတွေက လိုက်တက်မိ သွားခြင်းကို သတိထား ရှောင်ကြဉ်ဖို့ လိုပါတယ်။




ယေဘုယျအားဖြင့် စေ့စပ်ဆွေးနွေးမှုနဲ့ ပတ်သက်ပြီး မီဒီယာကတဆင့် ထိတွေ့ဆက်ဆံရမယ့် ပရိသတ် ခြောက်မျိုး


ရှိပါတယ်။ အတိုက်အခံဘက်မှာ ရှိတဲ့ စေ့စပ်ဆွေးနွေးရေးအဖွဲ့၊ အတိုက်အခံဘက်မှာရှိတဲ့ အဓိက ဆုံးဖြတ်ချက် ချမှတ်သူ
ခေါင်းဆောင်များ၊    အတိုက်အခံဘက်မှ     ထောက်ခံအားပေးသူများ၊       နိုင်ငံတကာ   အစိုးရများနှင့်   နိုင်ငံတကာ   အန်ဂျီအို


အဖွဲ့အစည်းများ၊ မိမိဘက်မှ ခေါင်းဆောင်များနှင့် ဆုံးဖြတ်ချက် ချမှတ်သူများ၊ မိမိဘက်ကို ထောက်ခံအားပေးသူများ


စတာတွေ ဖြစ်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ၂၁ ရာစုမှာ တရားဝင်သတင်းဌာန မီဒီယာများတင်သာမက တရားမ၀င်


သတင်းမုဆိုးများပါ     ပေါ်ထွက်လာပြီဖြစ်တဲ့အတွက်       သတင်းအချက်အလက်တွေ             မလိုအပ်ပဲ      ပေါက်ထွက်သွားခြင်း၊


တယောက်တပေါက် ပြောဆိုခြင်းတွေ မရှိရအောင် အဖွဲ့အစည်းတိုင်းမှာ မီဒီယာနဲ့ ပတ်သက်တဲ့ မဟာဗျူဟာတွေ ရှိနေဖို့


လိုအပ်ပါတယ်။




သက်ဆိုင်ရာ အဖွဲ့အစည်းတွေမှာ မီဒီယာတွေနဲ့ ပတ်သက်ပြီး တရားဝင် ပြောရေးဆိုခွင့် (front channel) ကိုကျော်လွန်ပြီး၊


back channel ကနေ ဆက်နွယ်မှု ရှိနေသလားဆိုတာကိုလဲ ပြန်လည်ဆန်းစစ်ရပါမယ်။ Public ကို ထုတ်ပြန်လို့ မရသေးတဲ့


ဆွေးနွေးညှိနှိုင်းဆဲ အချက်အလက်တွေကို back channel ကနေတဆင့် မီဒီယာတွေနဲ့ သတင်းမုဆိုးတွေဆီကို information


leakage လုပ်လိုက်တဲ့အခါကျရင် စေ့စပ်ဆွေးနွေးမှု၊ ပဏာမ ညှိနှိုင်းမှုတွေရဲ့ ရလာဒ်တွေကို undermine လုပ်ရုံမက


အထင်အမြင် လွဲတာတွေ၊ အပြန်အလှန်ယုံကြည်မှု လွဲတာတွေ ဖြစ်လာစေနိုင်ပါတယ်။ ဘယ်လောက်ပဲ တိုးတက်ခေတ်မှီတဲ့


ဒီမိုကရေစီ နိုင်ငံကြီးတွေမှာပဲ ဖြစ်ဖြစ် ပြည်သူ့ရေးရာနဲ့ ပတ်သက်တဲ့ လုပ်သမျှ အလုပ်ကို ကကြီးကနေ အ အထိ အစအဆုံး


မီဒီယာတွေနဲ့ သတင်းမုဆိုးတွေကို ထုတ်ပေးနေကြတာ မဟုတ်ပါ။




နှစ်ဆယ့်တစ်ရာစုရဲ့ သတင်းနဲ့ ဆက်သွယ်ရေး နည်းပညာတွေ တိုးတက်လာတဲ့ ခေတ်ကြီးမှာ ကုန်ပစ္စည်းကြော်ငြာတွေက


မှိုလိုပေါက်ပြီး ပေါ်ထွက်လာခဲ့ပါတယ်။ နေရာတကာမှာ တံဆိပ်ကပ်မှုတွေ ခေတ်စားလာတာနဲ့အမျှ ကုန်ပစ္စည်းနဲ့တင်


အားမရတော့ပဲ        လူတွေကပါ   ဘာလုပ်လုပ်     တံဆိပ်လေးနဲ့မှ    လုပ်ချင်စိတ်    ဖြစ်လာကြပါတော့တယ်။        လွတ်လပ်စွာ


ု
ပြောဆိုခွင့်ဆိုပြီး လျှို့ဝှက်အပ်တဲ့အရာတွေကိုပါ မထိန်ချန်တော့ပဲ ပြောချင်ရာပြော၊ လုပ်ချင်ရာ လုပ် ထင်ရာစိင်းတဲ့ အကျင့်


တွေကလဲ ပေါ်ပေါက်လာပါတော့တယ်။ အများနဲ့ ပတ်သက်တဲ့ ရေးရာတွေမှာ တာဝန်ခံမှု၊ တာဝန်ယူမှု၊ တာဝန်သိမှု


စိတ်ဓာတ်တွေထက်        ငါ့အတွက်၊   ငါ့နာမည်အတွက်     အကျိုးကျေးဇူးရမယ်ဆိုရင်၊    နာမည်ကြီးမယ်ဆိုရင်      လုပ်မယ်ဆိုတဲ့


စိတ်ဓာတ်တွေကလဲ ကြီးစိုးလာပါတယ်။ အင်တာနက်နည်းပညာနဲ့ မီဒီယာတွေကို တကိုယ်တော်ဝါဒရဲ့ လက်နက်တခုလို
အသုံးချမှုတွေကလဲ များပြားလာပါတယ်။ ဒါတွေဟာ ပုဂ္ဂလိက ရေးရာတွေ၊ စီးပွားရေး လုပ်ငန်းတွေ၊ ငွေကြေးရှာဖွေမှုတွေမှာ


အကြောင်းမဟုတ်ပေမယ့် စစ်ရေးနဲ့ နိုင်ငံရေးရာတွေမှာကျတော့ ကြီးမားတဲ့ အန္တရာယ်တွေ ဖြစ်လာ ပါတော့တယ်။




နိုင်ငံတခုရဲ့ ကံကြမ္မာ အပြောင်းအလဲကို ဖန်တီးနိုင်ဖို့အရေး၊ အာဏာရှင်စနစ်ကို ဖြုတ်ချရေး၊ မြေအောက်လှုပ်ရှားမှုများ


အားကောင်းလာစေရေး၊ စစ်ရေး၊ နိုင်ငံခြားရေး၊ အမျိုးသားရင်ကြားစေ့ရေး ကိစ္စတွေမှာကျတော့ ထင်ပေါ် ကျော်ကြားမှုနဲ့


ကြော်ငြာ    သဏ္ဍာန်တွေကို        အသုံးပြုမယ်ဆိုရင်      ကောင်းကျိုးရဖို့ထက်    ဆိုးကျိုးရဖို့က   များပါတယ်။    တခါတရံမှာ


အခန့်မသင့်ရင်     မိမိကိုယ်တိုင်သော်၎င်း၊   မိမိနဲ့   ပတ်သက်ဆက်စပ်တဲ့         အဖွဲ့အစည်းတွေသော်၎င်း၊        တမျိုးသားလုံး


အရေးမှာသော်၎င်း၊ အန္တရာယ်ဖြစ်စေတတ်ပါတယ်။ အဆိပ်အတောက် ဖြစ်စေနိုင်ပါတယ်။




ှ
အကြောင်းအရာတခုကို မျက်တောင်တခတ်နဲ့ ဆုံးဖြတ်လို့ မရပါ။ မျက်စိတဆုံးကြည့်တတ်ဖို့ လိုအပ်ပါတယ်။ လှုပ်ရားမှု


ဓာတ်ပုံတပုံကြောင့် ဓာတ်ပုံကို အများဆီ ရောက်အောင်ဖြန့်ဝေသူ တော်လှန်ရေးသမားတယောက် နာမည်ကြီးလာစေပေမယ့်


ဓာတ်ပုံထဲ ပါသူတွေရဲ့ လုံခြုံရေးကို ထိခိုက်စေနိုင်မယ်ဆိုရင် ကိုယ့်ရဲ့ ပုဂ္ဂလိက အကျိုးစီးပွားကို စွန့်လွှတ်ဖို့ လိုပါတယ်။


ရေတို ဒီမိုကရေစီ အရေးအတွက် ခေတ္တ အခွင့်အလမ်းကောင်းဟာ ရေရှည် အမျိုးသားအကျိုးစီးပွားအတွက် အန္တရာယ်


ဖြစ်လာနိုင်တယ်ဆိုရင်လဲ သတိတရားကို လက်ကိုင်ထားပြီး လက်လွှတ်သင့်ရင် လွှတ်တတ်ဖို့ လိုပါတယ်။ အထူးသဖြင့်


နိုင်ငံရေးခေါင်းဆောင်တွေအနေနဲ့ ကိုယ်ကျိုးနဲ့ အများအကျိုး၊ ရေတို အကျိုးအမြတ်နဲ့ အမျိုးသားအကျိုးစီးပွား ရေးရာတွေကို


ချင့်ချင့်ချိန်ချိန်နဲ့ ကိုင်တွယ်တတ်ဖို့ လိုအပ်ပါတယ်။ ဆိုင်းသံကြားတိုင်း ကချင်သူတွေသာ ခေါင်းဆောင်လုပ်ရင် တိုင်းပြည်


ရေစုံမျော နိုင်ပါတယ်။




မီဒီယာသမားတွေအတွက်ကတော့               သတင်းရရေးနဲ့     သတင်းဖော်ပြချက်      တင်ပြနိုင်ရေးဟာ    ပထမဦးစားပေး     တာဝန်ပဲ


ဖြစ်ပါတယ်။ သူတို့ ဘက်က ကြည့်ရင်လဲ မမှားပါဘူး။ ဒါပေမယ့် လျှို့ဝှက် လုပ်ရတဲ့ ကိစ္စတွေမှကျတော့ အနှောင့်အယှက်တွေ


ဖြစ်လာစေပါတယ်။ အပြီးမသတ်သေးတဲ့ စီမံချက်တွေ၊ ဆုံးဖြတ်ချက်တွေကို သတင်းမှားထွက်သွားခဲ့ရင်လဲ အမှားအယွင်းတွေ


ဖြစ်စေတတ်     ပါတယ်။     နိုင်ငံရေး   ပညာရှင်    Kelman     က    အဖြေတခုရအောင်         ပူးတွဲလုပ်ဆောင်မှု   ဖြစ်စဉ်တွေမှာ
အဖြေမထွက်သေးပဲ public reports တွေ ထွက်လာတဲ့အခါ ပူးတွဲဆောင်ရွက်မှု လုပ်ငန်းစဉ်တွေကို ထိခိုက်စေနိုင်ကြောင်း


ထောက်ပြပြောဆိုထားခဲ့ပါတယ်။




စေ့စပ်ဆွေးနွေးမှုနဲ့ ပတ်သက်တဲ့ relationships တွေမှာ ထည့်သွင်းစဉ်းစားရမယ့် နောက်ထပ် အကြောင်းအရာတခုကတော့


ကွဲပြားခြားနားနေတဲ့ ယဉ်ကျေးမှုတွေပဲ ဖြစ်ပါတယ်။ ယဉ်ကျေးမှုဆိုရာမှာ ၀တ်စားဆင်ယင်မှု၊ ထုံးတမ်းစဉ်လာတွေသာမက


ယုံကြည်မှု၊   စဉ်းစားတွေးခေါ်မှုသဏ္ဍာန်၊             ခံစားနားလည်မှုသဏ္ဍာန်၊         မျိုးဆက်တခုမှ        တခုသို့     လက်ဆင့်ကမ်းသော


အကြောင်းအရာတွေ၊         အညှိုးအတေးစတာတွေပါ                 ပါဝင်ပါတယ်။    လူမျိုးစုကွဲပြားမှုပါ   ဆက်စပ်ပါဝင်တဲ့     ပဋိပက္ခတွေမှာ


်
ဝတ်စားဆင်ယင်မှု၊ ထုံးတမ်းစဉ်လာတွေကိုတင် သိရှိလေ့လာထားရုံနဲ့ နှစပေါင်းများစွာ အမြစ်တွယ် နေခဲ့တဲ့ ရင်တွင်းက


ပဋိပက္ခအညှိုးအတေးတွေကို မသိမြင်နိုင်ပါဘူး။ စေ့စပ်ဆွေးနွေးမယ့် ခေါင်းဆောင်များဟာ နိုင်ငံရေးပညာ၊ စီးပွားရေးပညာ၊


အတွေးအခေါ်၊ သမိုင်းကြောင်း၊ စိတ်ပညာ စတာတွေ ကို နားလည်ကျွမ်းကျင်ထားရုံသာမက ပဋိပက္ခနဲ့ ဆက်စပ်တဲ့


လူမျိုးစုတွေရဲ့ ယဉ်ကျေးမှုနဲ့ အတွေးအခေါ်တွေကိုပါ လေ့လာထားဖို့ လိုအပ်ပါတယ်။




ယဉ်ကျေးမှုနဲ့ ပတ်သက်ပြီး လေ့လာတဲ့ အခါမှာ လေ့လာနည်း နှစ်မျိုး ရှိပါတယ်။ မိမိတို့လူမျိုးရဲ့ မိခင်ယဉ်ကျေးမှုကို


လေ့လာတာကို        “Enculturation”       လို့    ခေါ်ပြီး၊    တခြားယဉ်ကျေးမှုကို     လေ့လာတာကိုတော့             “Acculturation”   လို့


ခေါ်ဆိုပါတယ်။       “Acculturation”          လုပ်ဖို့       ခဲယဉ်းပေမယ့်    နိုင်ငံခေါင်းဆောင်တွေ၊        ပဋိပက္ခဖြေရှင်းရေးအတွက်


စေ့စပ်ဆွေးနွေးမယ့် ခေါင်းဆောင်တွေကတော့ အလေးအနက်ထားပြီး လေ့လာဖို့ လိုအပ်ပါတယ်။ လူနည်းစုကဖြစ်စေ၊


လူများစုကဖြစ်စေ       စေ့စပ်ဆွေးနွေးရမယ့် တဘက်က လူမျိုးစုရဲ့ ယဉ်ကျေးမှုကို အသိအမှတ်ပြုမှု အားနည်းတဲ့အခါ


စေ့စပ်ဆွေးနွေးမှု အောင်မြင်ဖို့ အလွန်ခဲယဉ်းသွားနိုင်ပါတယ်။ တဘက်က ယဉ်ကျေးမှုကို အခြားတဘက်က judge လုပ်တာ


မဟုတ်ပဲ       ကွဲပြားခြားနားမှုတွေကို          အမြော်အမြင်ကြီးကြီးနဲ့      လက်ခံပေးဖို့           လိုအပ်ကြောင်း      Cohen      က


ရေးသားဖော်ပြထားခဲ့ဖူးပါတယ်။ စကားပြောတဲ့ အသံနေ၊ အသံထားကြောင့် စေ့စပ်ဆွေးနွေးမှုတွေမှာ ကသိကအောက်


ိ
ဖြစ်တတ်တာတွေလဲ ရှပါတယ်။ တချို့က စကားကို တုံးတိတိ ပြောပါတယ်။ တချို့က သွယ်ဝိုက်ပြီး လှလှပပ ပြောပါတယ်။


တုံးတိတိပြောတာကို      ရိုင်းစိုင်းတာလို့   တဘက်က            ထင်လာတတ်သလို၊         သွယ်ဝိုက်ပြီး     ဝေ့၀ိုက်နေတာကို    တဘက်က
စိတ်မရှည်နိုင်ဖြစ်လာတာလဲ ရှိတတ်ပါတယ်။ ဒီလိုအချိန်မှာ တဘက်နဲ့ တဘက် ကွဲပြားတဲ့ ယဉ်ကျေးမှု ဓလေ့တွေကို


နားလည်ထားမှသာ ပြေပြစ်တဲ့ ဆက်ဆံရေးကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။




နှစ်ပေါင်းများစွာ အမြစ်တွယ် ရှည်ကြာနေတဲ့ ဘာသာရေးပဋိပက္ခ၊ လူမျိုးရေးပဋိပက္ခတွေမှာဆိုရင် တဘက်နဲ့ တဘက်


အမြင်လွဲ၊ အထင်လွဲမှုတွေ၊ ခံစားချက်အညှိုးအတေးတွေကို ကြိုတင်လေ့လာ နားလည်ထားခြင်းမရှိပဲ အပြန်အလှန် ရာဇ၀င်နဲ့


ချီပြီး စွပ်စွဲပြောဆိုနေကြတာနဲ့တင် စေ့စပ်ဆွေးနွေးမယ့် အကြောင်းအရာကို မစနိုင်တာတွေ ဖြစ်တတ်ပါတယ်။                      ဒါကြောင့်


ပဋိပက္ခမှာ ပါဝင်တဲ့ multiple actors တွေအကြားမှာ ဆက်ဆံရေးတည်ဆောက်မှုတွေနဲ့ မီဒီယာနဲ့ ဆက်ဆံရေး၊ လူထုနဲ့


ဆက်ဆံရေး တည်ဆောက်မှုတွေမှာ မဟာဗျူဟာများ၊ ကြိုတင်လေ့လာဆန်းစစ်ချက်များ ချမှတ်ပြီး စနစ်တကျ ဆောင်ရွက်ဖို့


လိုအပ်လှပါတယ်။




်
စေ့စပ်ဆွေးနွေးရေးနှင့် တွနးအား (Leverage)




စေ့စပ်ဆွေးနွေးမှု     အောင်မြင်ရေးအတွက်           အတွက်         စေ့စပ်ဆွေးနွေးရေးကို         ဦးတည်စေတဲ့         တွန်းအားဟာ


အလွန်အရေးကြီးပါတယ်။ တွန်းအားတွေ အမျိုးမျိုးရှိတဲ့အနက် carrots and sticks ဆိုတဲ့ တွန်းအားကတော့ နာမည်ကြီး


ရေပန်းစားပါတယ်။ carrots ဆိုတာက positive inducements တွေ ဖြစ်ပါတယ်။ အခြားတဘက်က တန်ဖိုးထားနိုင်မယ့်


အရာတွေကို       လေ့လာဖော်ထုတ်ပြီး၊      ဒီအရာတွေကို       လိုချင်တပ်မက်စိတ်နဲ့          စေ့စပ်ဆွေးနွေးမှု    လမ်းကြောင်းပေါ်


တက်လာအောင်          မျှားခေါ်တာ   ဖြစ်ပါတယ်။     Kelman    က        ဖြစ်နိုင်ချေရှိတဲ့   carrots   တွေကို    စာရင်းပြုစုခဲ့တာမှာ


စီးပွားရေးအခွင့်အလမ်း၊ နိုင်ငံတကာ တရားဝင်မှု၊ အပစ်အခတ် ရပ်စဲရေး၊ နှစ်ဘက်တင်းမာမှု လျှော့ချရေး စတာတွေ


ပါဝင်ပါတယ်။




စေ့စပ်ဆွေးနွေးပွဲအတွက်      ကမ်းလှမ်းရာမှာ      carrots   တွေကို        ထည့်သွင်းကမ်းလှမ်းနိုင်ဖို့     လိုပါတယ်။       ဥပမာ-


အတိုက်အခံဘက်မှ         အာဏာရှင်တွေကို         ကမ်းလှမ်းတဲ့အခါ     ပဋိပက္ခပြီးဆုံးချိန်     တရားမျှတမှုတွေနဲ့       ပတ်သက်ပြီး
ဘယ်လိုဆောင်ရွက်မလဲ ဆိုတဲ့ အချက်က အဓိက ကျပါတယ်။ များသောအားဖြင့် အာဏာရှင်တွေ ကြောက်ရွံ့တာက


သူတို့ကျူးလွန်ခဲ့တဲ့ humanitarian crimes တွေအတွက် ခုံရုံးတင် စစ်ဆေးခံရခြင်းဖြစ်ပါတယ်။ အာဏာလက်လွှတ်လိုက်ရပြီး


နောက်ပိုင်းမှာ ခုံရုံးတင်ခံရမှာကို ကြောက်ရွံ့တဲ့ အာဏာရှင်တွေဟာ ကြောက်ကန်ကန်ပြီး         အာဏာကို အတင်းအကျပ်


ဆုပ်ကိုင်ထားလေ့ ရှိကြပါတယ်။ စေ့စပ်ဆွေးနွေးဖို့အတွက် အတိုက်အခံတွေက စတင်ကမ်းလှမ်းခဲ့ရင် အာဏာရှင်တွေကို


ဒါနဲ့ ပတ်သက်တဲ့ ဘယ်လို အာမခံချက်တွေ ပေးနိုင်မလဲ။ အသွင်ကူးပြောင်းမှုဆိုင်ရာ တရားမျှတမှုနဲ့ ပတ်သက်ပြီး positive


inducements တွေ ပေးနိုင်ဖို့ လိုပါတယ်။ ဒီလို မပေးနိုင်တဲ့အခါ (သို့မဟုတ်) ပေးနိုင်မယ့် လက်တွေ့နိုင်ငံရေး ဦးဆောင်


အဖွဲ့မရှိတဲ့   အခါကျရင်တော့      စေ့စပ်ဆွေးနွေးမှုကို   ဦးတည်တာထက်       အာဏာရှင်အစိုးရ      ဖြုတ်ချနိုင်ရေးကိုသာ


အတိုက်အခံတွေ အနေနဲ့ ဦးတည်သင့်ပါတယ်။




Sticks ဆိုတာကတော့ negative inducements တွေပဲ ဖြစ်ပါတယ်။ inter-state conflicts တွေ မှာတော့ နိုင်ငံရေးနှင့်


သံတမန်ရေးရာ ပိတ်ဆို့မှု၊ စီးပွားရေးပိတ်ဆို့အရေးယူမှုနဲ့ စစ်အင်အားသုံး ဖြေရှင်းမှု ဆိုပြီး သဏ္ဍာန်သုံးမျိုး ရှိပါတယ်။


intra-state conflicts တွေဆိုရင်တော့ နိုင်ငံတကာ ဖိအားနဲ့ ပြည်သူလူထုရဲ့ တောင်းဆိုမှုတွေ ဖြစ်ပါတယ်။ စေ့စပ်ဆွေးနွေး


ု
အဖြေရှာမှုကို အတိုက်အခံတွေဘက်က ကမ်းလှမ်းတဲ့အခါ အာဏာရှင်တွေ အပေါ်မှာ လုံလောက်တဲ့ နိင်ငံတကာ ဖိအား


ပေးထားနိုင်သလား     ဆိုတဲ့    အချက်နဲ့    ပြည်သူလူထုရဲ့   ဆန္ဒဟာ      စေ့စပ်ဆွေးနွေးရေးလား၊     အာဏာရှင်အစိုးရကို


ဖြုတ်ချနိုင်ရေးလား ဆိုတဲ့ အချက်တွေကို ကွဲပြားအောင် လေ့လာဖို့ လိုပါတယ်။




ပြည်တွင်းရေး ပဋိပက္ခတွေမှာ အင်အားကြီးနိုင်ငံတွေက double edge သံတမန်ရေးရာ မူဝါဒကို ကျင့်သုံးလေ့ရှိကြပါတယ်။


နိုင်ငံရဲ့ ပထ၀ီဝင် အနေအထားဟာ အင်အားကြီးနိုင်ငံများရဲ့ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး အချက်အချာ နေရာတွေဖြစ်ရင်


အခြေအနေက ပိုဆိုးပါတယ်။ လုံလောက်တဲ့ နိုင်ငံတကာ ဖိအားကို အာဏာရှင်တွေအပေါ်မှာ မပေးနိုင်ပါဘူး။ အဲဒီလို


အခြေအနေမျိုးမှာ ပြည်သူလူထုရဲ့ ဆန္ဒသဘောထားကို ထပ်မံစဉ်းစားဖို့ လိုပါတယ်။ ပြည်သူရဲ့ ဆန္ဒက စေ့စပ်ဆွေးနွေးရေး


မဟုတ်ပဲ အတိုက်အခံတွေကနေ အာဏာရှင်ကို အနိုင်တိုက်ရေးကို အလိုရှိနေချိန်မှာ အတိုက်အခံတွေက စေ့စပ်ဆွေးနွေးရေး


ံ
ဦးတည်ချက်ကိုပဲ အကောင်အထည်ဖော်နေတဲ့အခါ အတိုက်အခံနိုင်ငရေး အဖွဲ့တွေနဲ့ ပြည်သူတွေကြားမှာ အက်ကြောင်းတွေ
ထလာတတ်ပါတယ်။ အတိုက်အခံတွေဘက်ကနေ ရပ်တည်ပေးလိုစိတ်တွေ ပြည်သူလူထုအကြားမှာ လျော့ကျလာတတ်


ု
ပါတယ်။ အဲဒီ အခြေအနေမျိုးတွေမဖြစ်အောင် သက်ဆိုင်ရာ နိုင်ငံရေးအဖွဲ့အစည်းတွေအနေနဲ့ နိင်ငံတကာအခြေအနေ၊


ပြည်သူလူထုအခြေအနေ၊                 အာဏာရှင်အခြေအနေစတဲ့           အခြေအနေကြီး            သုံးရပ်ကို     မျက်ချေမပြတ်လေ့လာနေဖို့


လိုအပ်လှပါတယ်။




နိုင်ငံရေးပညာရှင်   Solomon          က      ဘယ်လိုအခြေအနေ၊        အချိန်အခါမျိုးမှာ      ဘယ်လို       ဆုပေးဒဏ်ပေး              စနစ်တွေကို


ဘယ်လိုအချိုးကျ ပေါင်းစပ်ပြီး၊ စေ့စပ်ဆွေးနွေးမှုကို ဘယ်လို အကောင်အထည်ဖော်မလဲ ဆိုတာကို သိနားလည်မှုဟာ


နိုင်ငံရေးခေါင်းဆောင်တွေ၊          စေ့စပ်ဆွေးနွေးအဖြေရှာလိုသူတွေ         အတွက်            လိုအပ်တဲ့       စွမ်းရည်တရပ်ဖြစ်ကြောင်း


ရေးသားဖော်ပြခဲ့ပါတယ်။




တွန်းအားနဲ့ ပတ်သက်ပြီး နောက်ထပ်စဉ်းစားစရာ အချက်တခုကတော့ ဘယ်သူ့ဆီမှာ အကောင်းဆုံး best alternative to


a negotiated agreement (BATNA) ရှိနေသလဲ ဆိုတာပါပဲ။ တခါတရံမှာ BATNA ကို “walk-away leverage” လို့လဲ


ခေါ်ဝေါ်သုံးစွဲတတ်ကြပါတယ်။                 စေ့စပ်ဆွေးနွေးရေး        မအောင်မြင်ခဲ့ရင်            (သို့မဟုတ်)               မဖြစ်မြောက်ခဲ့ရင်


စေ့စပ်ဆွေးနွေးရေးမဟုတ်တဲ့ တခြားသင့်လျော်မယ့် နည်းလမ်းကို အသုံးပြုဖို့ ပြင်ဆင်ထားတဲ့ဘက်က ပိုမို အားသာချက်


ရှိပါတယ်။   တွန်းအားကို       တိုင်းတာဖို့အတွက်        ပညာရှင်   Shell   က     ရိုးရှင်းတဲ့   နည်းလမ်းလေး             တခုကို    ဖော်ထုတ်


ရေးသားခဲ့ပါတယ်။        သူ့နည်းလမ်းကတော့             စေ့စပ်ဆွေးနွေးမှု    မဖြစ်မြောက်ခဲ့ရင်       (သို့မဟုတ်)            မအောင်မြင်ခဲ့ရင်


ဘယ်သူ့ဘက်က          ပိုပြီး   ဆုံးရှုံးနိုင်မလဲ   ဆိုတာ    ပြန်လည်ဆန်းစစ်ချက်ပဲ        ဖြစ်ပါတယ်။      ဆုံးရှုံးမှု     ပိုများတဲ့ဘက်မှာ


တွန်းအားနည်းပြီး၊   ဆုံးရှုံးမှု    ပိုနည်းတဲ့ဘက်မှာ      တွန်းအားများပါတယ်။      နှစ်ဘက်စလုံးက        ဆုံးရှုံးမှု     တူနေခဲ့ရင်တော့


စေ့စပ်ဆွေးနွေးပွဲတွေ ဖြစ်သွားလေ့ရှိပါတယ်။




ဒီလိုမဟုတ်ပဲ တဘက်ဘက်မှာ အားကောင်းတဲ့ best alternative to a negotiated agreement ရှိနေခဲ့ရင်တော့


အဲဒီဘက်က အနိုင်ရလေ့ရှိပါတယ်။ ပြည်တွင်းရေး ပဋိပက္ခတွေမှာ အာဏာရှင်တွေအတွက် စေ့စပ်ဆွေးနွေးရေး မဟုတ်တဲ့
BATNA ကတော့ political liberalization အတွေးအခေါ်ကို အခြေခံတဲ့ အာဏာရှင်ရွေးကောက်ပွဲ (authoritarian election)


များ    ကျင်းပခြင်းနဲ့      အာဏာရှင်         ရုပ်သေးအစိုးရ    တရပ်      ပေါ်ပေါက်လာရေးဖြစ်ပြီး၊        အတိုက်အခံတွေအတွက်


စေ့စပ်ဆွေးနွေးရေးမဟုတ်တဲ့            BATNA     ကတော့     Initial   Transition   အတွေးအခေါ်ကို         အခြေခံတဲ့    လူထုတိုက်ပွဲ၊


လက်နက်ကိုင် တိုက်ပွဲများမှ တဆင့် ပြည်သူ့အစိုးရ (၀ါ) ကြားဖြတ်အစိုးရ တရပ် ပေါ်ပေါ်လာရေး ဖြစ်ပါတယ်။ အဲဒီ BATNA


နှစ်ခုမှာ ဘယ်ဘက်မှာ ပြည်သူအများက ထောက်ခံ အားပေးသလဲ ဆိုတဲ့ အချက်က အရှုံး၊ အနိုင်ကို အဆုံးအဖြတ်


ပေးပါလိမ့်မယ်။     အာဏာရှင်ဘက်က                စေ့စပ်ဆွေးနွေးရေးကို    ရှောင်ရှားနိုင်မယ့်   BATNA     ကို    အကောင်အထည်


်
ဖော်နေချိနအထိ အတိုက်အခံတွေဘက်မှာ BATNA မရှိပဲ စေ့စပ်ဆွေးနွေးရေးကိုပဲ ဦးတည်ဖော်ဆောင်နေတယ် ဆိုရင်တော့


အနိုင်အရှုံးက မေးခွန်းထုတ်စရာတောင် မလိုအပ်တော့ပါဘူး။ အတိုက်အခံတွေဘက်က သေချာပေါက် ရှုံးမှာ ဖြစ်ပါတယ်။




ဒါနဲ့   ပတ်သက်ပြီး       နိုင်ငံရေးပညာရှင်   Fisher   and    Ury   တို့က    စေ့စပ်ဆွေးနွေးရေး     ပါဝါဆိုတာကို     လူအများက


ချမ်းသာကြွယ်ဝမှု၊ နိုင်ငံရေးအဆက်အနွယ်၊ စစ်ရေးအင်အား စတာတွေနဲ့ တိုင်းတာတတ် ကြပေမယ့် အမှန်တကယ်


အရေးအကြီးဆုံး စေ့စပ်ဆွေးနွေးရေး ပါဝါကတော့ စေ့စပ်ဆွေးနွေးမှု မဖြစ်မြောက်ခဲ့ရင် (သို့မဟုတ်) မအောင်မြင်ခဲ့ရင်


ဘာဆက်လုပ်နိုင်မလဲဆိုတဲ့ BATNA ပဲ ဖြစ်ကြောင်း ရေးသားဖော်ပြခဲ့ကြပါတယ်။ မိမိနဲ့ ထိပ်တိုက် ပဋိပက္ခဖြစ်နေတဲ့


ဘက်တဘက်မှာ ဒီလို စေ့စပ်ဆွေးနွေးရေးပါဝါ မရှိခဲ့ရင် ဘယ်လို စေ့စပ်ဆွေးနွေးရေး ကမ်းလှမ်းချက်၊ တောင်းဆိုချက်ကိုမှ


ဂရုစိုက်စရာ မလိုအပ်ပဲ ကိုယ့်ရဲ့       BATNA အောင်မြင်အောင် လုပ်ရေးကိုသာ အာရုံစိုက်ရန် လိုကြောင်း ပညာရှင်အများက


မှတ်ချက်ပေးထားခဲ့ကြပါတယ်။




ပြည်တွင်းရေး ပဋိပက္ခတွေမှာပဲ ဖြစ်ဖြစ်၊ နိုင်ငံတကာ ပဋိပက္ခတွေမှာပဲ ဖြစ်ဖြစ်၊ ဘက်တဘက်ဟာ တခြားဘက်တဘက်ထက်


ပိုပြီး စစ်ရေး၊ နိုင်ငံရေးအင်အားနည်းနေခဲ့ရင် (သို့မဟုတ်)             စေ့စပ်ဆွေးနွေးရေးက လွဲလို့ တခြား ဘာလမ်းစဉ်ကိုမှ


ကျင့်သုံးစရာ     မရှိတော့ဘူးဆိုရင်      (သို့မဟုတ်)    အခြားဘက်တဘက်က              မက်မောနိုင်ဖွယ်ရှိတဲ့      ဘယ်လို   positive


inducements ကိုမှ မပေးနိုင်တော့ဘူး ဆိုရင်တော့ normative leverage strategy ကို ကျင့်သုံးကြလေ့ရှိပါတယ်။


ဒီမဟာဗျူဟာကို ကျင့်သုံးမယ်ဆိုရင် တခြားဘက်ရဲ့ နိုင်ငံရေးသဘောထားတွေ၊ သမိုင်းကြောင်းတွေကို သိနားလည်ဖို့
လိုအပ်ပါတယ်။       တဘက်က         ကျင့်သုံးတဲ့   လုပ်ထုံးလုပ်နည်းတွေ၊ွှ
                                                                         စံချိန်စံညန်းတွေကို        နားလည်အောင်လေ့လာပြီး၊


ဒီလုပ်ထုံးလုပ်နည်းတွေအကြားမှာ ကိုယ့်ရဲ့ လိုအပ်ချက်တွေကို ဘယ်လို အကောင်းဆုံး ဖြစ်အောင် လုပ်ယူရမလဲဆိုတာကို


အသာစီး မရတဲ့ဘက်က တွက်ချက်စဉ်းစားဖို့ လိုအပ်ပါတယ်။               ဆုံးဖြတ်ချက်များကို အသာစီးရနေတဲ့ဘက်က ချမှတ်တာ


ဖြစ်တဲ့အတွက် အသာစီး မရတဲ့ဘက်က လေးစားမှုပြပြီး၊ တဘက်ရဲ့ စာနာမှုကို တောင်းခံဖို့ လိုကြောင်း ပညာရှင် Shell က


ဆိုထားခဲ့ပါတယ်။




ပြည်တွင်းရေး ပဋိပက္ခတွေမှာ အာဏာရှင်တွေရဲ့ လွတ်ငြိမ်းချမ်းသာခွင့် ပေးမှုကို တောင်းဆိုခြင်း၊ အာဏာရှင်များထံ


အသနားခံစာတင်ခြင်း၊ အခြား BATNA လမ်းစဉ်များကို မစဉ်းစားပဲ စေ့စပ် ဆွေးနွေးရေး လမ်းစဉ်တခုတည်းကိုသာ ကျင့်သုံး၍


အာဏာရှင်တို့ဘက်မှ သဘောထား ပျော့ပျောင်းကာ စေ့စပ်ဆွေးနွေးလာမည့် အချိန်ကို စောင့်စားခြင်း စတာတွေဟာ


အာဏာရှင်ဘက်ရဲ့ အသာစီးရနေမှုကို အသိအမှတ်ပြုပြီး၊ အားနည်းတဲ့ဘက်က normative leverage strategy ကို


အသုံးပြုခြင်းပဲ ဖြစ်ပါတယ်။     အတိုက်အခံ နိုင်ငံရေး အဖွဲ့အစည်းတွေက ဒီလို                   normative leverage strategy ကို


အကောင်အထည် ဖော်နေပြီဆိုရင် ပြည်သူလူထုအနေနဲ့ အခြေအနေကို ပြန်လည် စဉ်းစားသုံးသပ်ဖို့ လိုပါတယ်။




အာဏာရှင်ဘက်ကို အသာစီး ပေးထားပြီး၊               normative leverage strategy ကို အကောင်အထည် ဖော်လိုက်ရမှုဟာ


အတိုက်အခံတွေဘက်မှာ           တခြား    လူထုတိုက်ပွဲ၊   လက်နက်ကိုင်တော်လှန်ရေး၊             မြေအောက်လှုပ်ရှားမှုစတဲ့   BATNA


လမ်းစဉ်တွေကို ကျင့်သုံးနိုင်သည့် အခြေအနေ လုံးဝ မရှိ၍တော့လား (သို့မဟုတ်) သက်ဆိုင်ရာ နိုင်ငံရေးအဖွဲ့အစည်းရဲ့


ပိုနေမြဲ၊   ကျားနေမြဲ   နေလိုမှုလား      ဆိုတာကို     သေသေချာချာ       ခွဲခြားနိုင်ဖို့     လိုအပ်ပါတယ်။     ပထမအခြေအနေ


်
အတိုင်းဆိုလျှင်တော့ အာဏာရှငစနစ် ဖြိုချရေး အတွေးအခေါ်ကို လက်လျှော့ပြီး၊ political liberalization အတွေးအခေါ်ကို


်
လက်ခံသင့်ပါတယ်။ ဒုတိယအခြေအနေ အတိုင်း ဆိုရင်တော့ အာဏာရှင်ဘက်ကို အသာစီးပေးပြီးမှ၊ အာဏာရှငရဲ့


စာနာမှုကို တောင်းခံလိုတဲ့ နိုင်ငံရေး အဖွဲ့အစည်းတွေ နေရာမှာ စေ့စပ်ဆွေးနွေးရေးအပြင် တခြား လမ်းစဉ်တွေကို


ကိုင်စွဲအသုံးချနိုင်မယ့် နိုင်ငံရေးအင်အားစုတွေက အစားထိုးပြီး လူထုနဲ့ တသားတည်းဖြစ်အောင် ကြိုးပမ်းသင့်ပါတယ်။
ပိုနေမြဲ၊ ကျားနေမြဲ အခြေအနေကို ဖန်တီးဖို့ အတိုက်အခံများက Normative Leverage strategy ကို ကျင့်သုံးလာခဲ့ရင်


ဒီမိုကရေစီ အသွင်ကူးပြောင်းမှုဆိုင်ရာ အတွေးအခေါ်ကြီးနှစ်ရပ်ဖြစ်တဲ့ initial transition နဲ့ political liberalization တို့မှာ


ှ
အခြေခံတဲ့ လမ်းစဉ်တွေရဲ့ ရှေ့မှာ ကန့်လန့်ပိတ်ဖြစ်ပြီး၊ တိုင်းပြည်မာ           political deadlock ဖြစ်သွားတတ်ပါတယ်။


်
အဲဒီအခြေအနေက ရှည်ကြာလာခဲ့ရင် တိုင်းပြည်ရဲ့ ရေရှညစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့်လဲ


ဒီလိုအခြေအနေမျိုးကို ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးတဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းကတော့ လက်ခံလေ့မရှိကြပါဘူး။




ပဋိပက္ခ တခုမှာ အတိုက်အခံတွေဘက်က Initial transition ကို ထိထိရောက်ရောက်ဖြစ်အောင် အချိန်ကာလတခုအထိ


်
အကောင်အထည် မဖော်နိုငတော့ဘူးဆိုရင် အာဏာရှင်တို့ဘက်က စတင်တဲ့ political liberalization ကို ထောက်ခံ


အကူအညီပေးမှုတွေ ဖြစ်လာတတ်ပါတယ်။ အာဏာရှင်ရွေးကောက်ပွဲတွေနဲ့ တက်လာတဲ့ အစိုးရတွေကို နိုင်ငံအများစုက


အသိအမှတ်ပြုပြီး international legitimacy ပေးလိုက်တာတွေ ကမ္ဘာနဲ့အ၀ှမ်းမှာ ပေါ်ထွက်နေပါတယ်။ ဒီလိုဖြစ်သွားစေတဲ့


အကြောင်းရင်းတွေ အများကြီးရှိပေမယ့် ထင်ရှားတဲ့ အကြောင်းရင်းကတော့ အတိုက်အခံတွေဟာ နိုင်ငံတကာအကူအညီကိုပဲ


အားကိုးနေကြလို့ ဖြစ်ပါတယ်။




အာဏာရှင်တွေဘက်က political liberalization ကို               BATNA အနေနဲ့ အသုံးပြုလိုက်တဲ့အခါ စေ့စပ်ဆွေးနွေးရေး


လမ်းကြောင်းကို ပြန်တင်ဖို့ကလဲ မဖြစ်နိုင်၊ အတိုက်အခံတွေဘက်မှာကလဲ စေ့စပ် ဆွေးနွေးရေးကလွဲလို့ တခြား ဘယ်လို


BATNA မှ မရှိတော့တဲ့အတွက် political liberalization က ပေါ်ထွက်လာတဲ့ အစိုးရကိုပဲ နိုင်ငံတကာ အစိုးရတွေအနေနဲ့


လက်ခံစကားပြောရတော့တဲ့         အဆင့်ကို     ရောက်သွားစေတာ            ဖြစ်ပါတယ်။    ဒါကြောင့်   နိုင်ငံရေးလမ်းကြောင်းတွေနဲ့


ပတ်သက်ရင် အတွေးအခေါ် ရှင်းလင်းဖို့ အလွန်အရေးကြီးပါတယ်။




အာဏာရှင်နဲ့ အတိုက်အခံတို့အကြားမှာ နှစ်ဦးနှစ်ဘက် တွေ့ဆုံဆွေးနွေးဖို့အတွက် စေ့စပ်ဆွေးနွေးမှု ပန်းတိုင် ဆိုတာ


ရှိပါတယ်။    ဒီမိုကရေစီ   အသွင်ကူးမှုနဲ့    ပတ်သက်ရင်       ဒါရဲ့     အစားထိုးပန်းတိုင်အနေနဲ့     အာဏာရှင်တွေဘက်မှာ


အာဏာရှင်ရွေးကောက်ပွဲနဲ့        တက်လာတဲ့          အစိုးရဆိုတာရှိပါတယ်။            အတိုက်အခံတွေဘက်မှာ         လူထုတိုက်ပွဲ၊
လက်နက်ကိုင်တော်လှန်ရေးတို့နဲ့         ပေါင်းစပ်တက်လာတဲ့            ကြားဖြတ်အစိုးရ     (၀ါ)      ပြည်သူ့အစိုးရဆိုတာ             ရှိပါတယ်။


စေ့စပ်ဆွေးနွေးမှုပန်းတိုင်ကို ရှောင်ဖယ်ပြီး အာဏာရှင်တွေဘက်က အစားထိုးပန်းတိုင်ကို ရွေးလိုက်တာနဲ့ တပြိုင်နက်


အတိုက်အခံဘက်ကလဲ                 ကိုယ့်ဘက်က        အစားထိုးပန်းတိုင်ကို          ရွေးချယ်ရမှာပါ။             ဒီလို       ရွေးချယ်မှုတွေမှာ


ပြည်တွင်းခေါင်းဆောင်တွေနဲ့ ပြည်ပခေါင်းဆောင်တွေရဲ့ လုပ်နည်းလုပ်ဟန်တွေက တူချင်မှ တူပါလိမ့်မယ်။ အပြန်အလှန်


ထောက်ခံမှုကလဲ       လိုချင်မှ    လိုပါလိမ့်မယ်။   ဒါပေမယ့်         ဘယ်လို    လုပ်နည်းလုပ်ဟန်          ကွဲပြားမှုတွေ        ရှိသည်ဖြစ်စေ


ပန်းတိုင်ကတော့ တူညီဖို့ လိုအပ်ပါတယ်။




စေ့စပ်ဆွေးနွေးရေး၊ တွန်းအားတို့နဲ့ ပတ်သက်ပြီး နိုင်ငံတကာမှာ သွေးနဲ့ မော်ကွန်းတင်ထားရတဲ့၊ ရေရှည် ဆင်းရဲနွမ်းပါးမှု


သံသရာကနေ ရုန်းမထွက်နိုင်ခဲ့တဲ့ သမိုင်းသင်ခန်းစာတွေ အပြည့်ပါ။ တခြားနိုင်ငံများရဲ့ နိုင်ငံရေးနဲ့ သမိုင်းသင်ခန်းစာတွေကို


သိဖို့ မလိုပဲ ကိုယ့်နိုင်ငံရဲ့ နိုင်ငံရေးမှာ လက်တွေ့ ဘယ်လို ပါဝင်ဆောင်ရွက်ဖို့ပဲ လိုတယ်လို့ အချို့က ဆိုတတ်ကြပါတယ်။


ဖဲသမားတွေ       ဘ၀ပျက်တယ်ဆိုတာကို             ကိုယ်တိုင်ဖဲရိုက်၊     ဘ၀အပျက်ခံပြီးမှ         သိစရာ            မလိုပါ။      ဘိန်းဖြူထိုးရင်


သေတတ်တယ်ဆိုတာကို ကိုယ်တိုင် ဘိန်းစားပြီး၊ သေပြစရာ မလိုပါ။ သူတပါးဘ၀များမှ သင်ခန်းစာများကိုလဲ ယူသင့်ရင်


ယူတတ်ဖို့ လိုပါတယ်။ သူတပါးနိုင်ငံရဲ့ သမိုင်းသင်ခန်းစာများမှလဲ ရှောင်အပ်၊ ဆောင်အပ်တဲ့ သင်ခန်းစာတွေကို ယူသင့်ရင်


ယူတတ်ဖို့လိုပါတယ်။




စေ့စပ်ဆွေးနွေးရေးနှင့် ဖြစ်စဉ် (Process)




စေ့စပ်ဆွေးနွေးမှုဆိုတာ     ရှုပ်ထွေးတဲ့    သဘောတရားတခု              ဖြစ်သလို၊    စေ့စပ်ဆွေးနွေးမှု          ဖြစ်ပေါ်လာရေး         အတွက်


လုပ်ဆောင်ချက်တွေကလဲ ရှည်လျားလှပါတယ်။ ဒီလို ရှုပ်ထွေးရှည်လျားတဲ့ လုပ်ဆောင်ချက်တွေကို ဖြစ်စဉ်အဆင့်ဆင့်


ခွဲခြားသတ်မှတ်လိုက်တဲ့ အခါကျတော့ အကောင်အထည် ဖော်တဲ့အခါ လွယ်ကူသွားစေပါတယ်။ နိုင်ငံရေးပညာရှင် Shell


ဆိုသူက     စေ့စပ်ဆွေးနွေးရေးနဲ့     ပတ်သက်တဲ့       ဖြစ်စဉ်   အဆင့်ဆင့်ကို       ပြင်ဆင်သောအဆင့်၊               သတင်းအချက်အလက်


ဖလှယ်သောအဆင့်၊         စေ့စပ်ဆွေးနွေးမှု     စတင်သောအဆင့်နဲ့           စေ့စပ်ဆွေးနွေးမှု     ပြီးဆုံးပြီး     အကောင်အထည်ဖော်ရန်
commitment ရှိသောအဆင့် ဆိုပြီး အဆင့်လေးဆင့် ခွဲခြားဖော်ပြခဲ့ပါတယ်။ ဒီအဆင့်လေးဆင့်ဟာ နောက်ဆုံးအဆင့်ကို


မရောက်မချင်း ဆင့်ကဲ ဖြစ်ပေါ်နေမှာ ဖြစ်ပါတယ်။ ဒီစေ့စပ်ဆွေးနွေးမှု ဖြစ်စဉ်ကို စီးပွားရေး၊ ကုန်သွယ်ရေးနဲ့ နိုင်ငံတကာ


ရေးရာတွေမှာ အသုံးပြု ဖော်ဆောင်နေကြပါတယ်။




ပဋိပက္ခဖြေရှင်းရေးမှာ စေ့စပ်ဆွေးနွေးမှုကို ဖြစ်စဉ်တရပ်အနေနဲ့ အသုံးပြုဖော်ဆောင်မယ်ဆိုရင် ပထမဦးဆုံး Track I, II,


III ခေါင်းဆောင်မှုအကြောင်းကို နားလည်သိရှိဖို့ လိုပါတယ်။




Track I ခေါင်းဆောင်တွေ ဆိုတာက မြင်သာ၊ ထင်သာရှိပြီး တိုင်းပြည်ကို ကိုယ်စားပြုတဲ့ နိုင်ငံရေးခေါင်းဆောင်များနဲ့


စစ်ရေးခေါင်းဆောင်များကို ဆိုလိုပါတယ်။ ပြည်တွင်းရေး ပဋိပက္ခတွေမှာတော့ အတိုက်အခံ နိုင်ငံရေးခေါင်းဆောင်တွေနဲ့


လူမျိုးစုခေါင်းဆောင်တွေ ပါဝင်ပါတယ်။    စေ့စပ်ဆွေးနွေးအဖြေရှာမှုတွေနဲ့ ပတ်သက်တဲ့ သူတို့ရဲ့ ဆုံးဖြတ်ချက်တွေကို


ု
အများပြည်သူက လက်ခံတဲ့ အခြေအနေမှာ ရှိနေရပါမယ်။ ဒါကြောင့် အတိုက်အခံ နိင်ငံရေးခေါင်းဆောင်တွေဟာ လူထုနဲ့
တသားတည်း ရှိနေဖို့ လိုအပ်လှပါတယ်။




ကမ္ဘာ့သမိုင်းထဲက လွတ်လပ်ရေး၊ ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေမှာ စေ့စပ်ဆွေးနွေးတဲ့ ညီလာခံတွေ ပေါ်ပေါက်လာပြီးမှ


စေ့စပ်ဆွေးနွေးပွဲမှာ     ဆုံးဖြတ်ချက်    ချမှတ်လိုက်တဲ့     ခေါင်းဆောင်တွေ၊       အဖွဲ့အစည်းတွေက       လူထုတရပ်လုံးကို


ကိုယ်စားမပြုတာကြောင့်          အသွင်ပြောင်းမှုတွေ    စတင်လိုက်တာနဲ့         ပြည်တွင်းစစ်မီးတွေ၊   တိုင်းပြည်ခွဲထွက်မှုတွေ


စတင်လာခဲ့တာတွေ ရှိပါတယ်။ ဒါကြောင့် Track I ခေါင်းဆောင်မှု တာဝန်ဆိုတာ အလွန် အရေးကြီးပါတယ်။ ဒီတာဝန်ကို


ယူဖို့ ကြိုးစားတဲ့ ခေါင်းဆောင်တွေ (သို့မဟုတ်) အများက သဘောတူ ရွေးချယ်ထားတဲ့ ခေါင်းဆောင်တွေဟာ မိမိတို့ကို


လူထုရဲ့ ဘယ်လောက်ရာခိုင်နှုန်းက ခေါင်းဆောင်အဖြစ် ဘယ်အခြေအနေထိ ကိုယ်စားပြု ခွင့်ပေးထားသလဲ ဆိုတာကို


စဉ်ဆက်မပြတ် အကဲဖြတ်နေဖို့ လိုအပ်ပါတယ်။




Track II ခေါင်းဆောင်တွေကတော့ အစိုးရအဖွဲ့အစည်းတွေ၊ အတိုက်အခံ အဖွဲ့အစည်းတွေမှာ တရားဝင် တာဝန်


ထမ်းဆောင်မှု မရှိပေမယ့် လူ့အဖွဲ့အစည်းတွင်းမှာ သြဇာသက်ရောက်သူများ ဖြစ်ပါတယ်။ Track II ခေါင်းဆောင်မှုနဲ့


ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ အများအပြား ရှိပါတယ်။ Lederach က Track II ခေါင်းဆောင်သုံးမျိုးကို ခွဲခြား


ဖော်ပြခဲ့ပါတယ်။      ပထမ       တမျိုးကတော့   ပညာရေး၊      စီးပွားရေး၊   ကျန်းမာရေး   နယ်ပယ်က      လူအများလေးစားခံရတဲ့


လူပုဂ္ဂိုလ်တွေကို       Track      II    ခေါင်းဆောင်တွေအဖြစ်         သတ်မှတ်တာ        ဖြစ်ပါတယ်။     ဒုတိယတမျိုးကတော့


ဘာသာရေးအဖွဲ့အစည်းတွေ၊ တက္ကသိုလ်တွေနဲ့ လူမှုရေး အဖွဲ့အစည်းတွေကို Track II ခေါင်းဆောင်မှုအဖြစ် သတ်မှတ်တာ


ဖြစ်ပါတယ်။ တတိယတမျိုးကတော့ ပဋိပက္ခဖြစ်ပွားနေတဲ့ ဘက်နှစ်ဘက်ဆီက အလယ်အလတ်တန်း ခေါင်းဆောင်တွေ


ဖြစ်ပါတယ်။




Track II ခေါင်းဆောင်မှုဟာ ပညာရေးရေချိန်နဲ့ လူမှုရေး ရေချိန် မြင့်မားတဲ့ ပရော်ဖက်ရှင်နယ်တွေ အများဆုံး ပါဝင်တဲ့


အဆင့် ဖြစ်တဲ့အတွက် ပဋိပက္ခတွေ တင်းမာနေတဲ့ အချိန်နဲ့ political deadlock ဖြစ်နေချိန်တွေမှာ စေ့စပ်ဆွေးနွေးရေး၊


ငြိမ်းချမ်းရေး၊    အမျိုးသားပြန်လည်သင့်မြတ်ရေး      စတဲ့အရေးတွေကို         ဆောင်ရွက်ဖို့   အသင့်တော်ဆုံး     ဖြစ်ကြောင်း
ပညာရှင်များက ထောက်ပြခဲ့ကြပါတယ်။ ပြဿနာတွေကို ညှိနှိုင်းအဖြေရှာတဲ့ အုပ်စုတွေကို ဖွဲ့စည်းပြီး ပဋိပက္ခဖြစ်နေတဲ့


ဘက်နှစ်ဘက်အကြားမှာ ညှိနှိုင်းဆောင်ရွက်မှုတွေကို ပြုလုပ်နိုင်သူအများစုဟာ Track II ခေါင်းဆောင်မှုမှာ ပါဝင်နေ


တတ်ပါတယ်။




Track III ခေါင်းဆောင်မှုမှာ     ဒေသဆိုင်ရာ ပညာရေး၊ လူမှုရေး၊ ဘာသာရေး အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေနဲ့


ပရော်ဖက်ရှင်နယ်တွေ ပါဝင်ပါတယ်။ အန်ဂျီအိုအဖွဲ့အစည်းတွေ၊ တက်ကြွ လှုပ်ရှားမှု အဖွဲ့အစည်းတွေ ပါဝင်တဲ့အတွက်


လူထုနဲ့ တသားတည်း ဖြစ်နေသူတွေ အများဆုံး ပါဝင်ပါတယ်။ ပဋိပက္ခဖြေရှင်းရေး၊ စေ့စပ်ဆွေးနွေးရေး၊ ငြိမ်းချမ်းရေး


ဖြစ်စဉ်တွေမှာ Civil Society အားကောင်းဖို့က အလွန်အရေးကြီးပါတယ်။ Track III ခေါင်းဆောင်မှုက ဒီလိုအပ်ချက်ကို


်
အဖြည့်ဆည်းပေးနိုင်ဆုံး အုပစုတခု ဖြစ်ပါတယ်။




သတင်းမီဒီယာတွေက Track I ခေါင်းဆောင်တွေကို ပိုပြီး အာရုံထားလေ့ရှိပါတယ်။ ဒါကို Track II, III ခေါင်းဆောင်မှုက


ို
နားလည်ပြီး လုပ်ဆောင်သင့်တဲ့ လုပ်ငန်းစဉ်တွေကို မိမိတို့ဘာသာ လုပ်ဆောင်နင်ဖို့ လိုပါတယ်။ တခါတရံမှာ Track II, III


ခေါင်းဆောင်တွေက        ဒီသဘောကို     နားမလည်ပဲ        ပေါ်ပြူလာနိုင်ငံရေး   နည်းလမ်းတွေကို    အသုံးပြုပြီး   မီဒီယာတွေပေါ်


အတင်းခုန်တက်ခြင်း      (သို့မဟုတ်)   ကိုယ်ပိုင်     လူထုဆက်ဆံရေး       မီဒီယာဖြင့်   ပေါ်ပြူလာဖြစ်အောင်      ပြုလုပ်ခြင်းတွေ


ရှိတတ်ကြပါတယ်။ ဒီလို လုပ်လာတဲ့အခါ Track II, Track III အဆင့်မှာ အကောင်အထည်ဖော်ထားတဲ့ လုပ်ငန်းစဉ်တွေကို


ထိခိုက်စေတတ်ပါတယ်။ လူအများရဲ့ အာရုံစိုက်မှု ခံရလေလေ၊ လှုပ်ရှားမှုတွေအတွက် ဘောင်ကျဉ်းလေ ဖြစ်တတ်တာကို


သတိပြုဖို့ လိုပါတယ်။




နိုင်ငံရေးပညာရှင် Harold Saunders က စေ့စပ်ဆွေးနွေးရေးဖြစ်စဉ် အဆင့်ငါးဆင့်ကို ခွဲခြားပြီး အဆင့်တိုင်းမှာ Track I, II,


III ခေါင်းဆောင်မှုရဲ့ အခန်းကဏ္ဍတွေကို ရေးသားဖော်ပြထားခဲ့ပါတယ်။ စေ့စပ်ဆွေးနွေးပွဲတိုင်းမှာ ဒီအဆင့် ငါးဆင့်ကို


ဖြတ်သန်းဖို့   လိုအပ်တာ       မဟုတ်ပေမယ့်၊        ဒီအဆင့်တွေကို    သိခြင်းအားဖြင့်   ဘယ်လိုကဏ္ဍမှာ        ဘယ်လိုလူတွေက


ဘယ်လိုတာဝန်တွေ ထမ်းဆောင်လို့ ရတယ်ဆိုတာကို ခွဲခြား သိနိုင်ပါတယ်။ ဇာတ်ပွဲတခုကို အောင်အောင်မြင်မြင်ကနိုင်ဖို့
ဇာတ်ဆရာ၊ မန်နေဂျာ၊ ရှေ့ထွက်မင်းသား မင်းသမီး၊ ခေါင်းဆောင်မင်းသား၊မင်းသမီး၊ ဇာတ်ကသူများ၊ မိတ်ကပ်ဆရာ၊ ကြိုးဆွဲ၊


ထမင်းချက်     အားလုံးက    ကိုယ့်ကျွမ်းကျင်တဲ့    တာဝန်ကို   ကိုယ်ကျေပြွန်ဖို့   လိုအပ်ပါတယ်။     လူတိုင်းစင်ပေါ်တက်ပြီး


ဇာတ်ကချင်လို့ကတော့       ဇာတ်ခေါင်းကွဲမှာပါပဲ။   စေ့စပ်ဆွေးနွေးရေးဆိုတာက         ပဋိပက္ခတွေ     ပြေလည်ဖို့   ဖြေရှင်းခြင်း


ဖြစ်တဲ့အတွက် အလွန်ခက်ခဲတဲ့ လုပ်ငန်းစဉ်တွေ ပါဝင်နေပါတယ်။ သူ့နေရာနဲ့သူ တာဝန်ကျေဖို့ လိုအပ်လှပါတယ်။


နိုင်ငံတနိုင်ငံရဲ့ ပဋိပက္ခဆိုတာ တဦးတယောက်တည်းက ဖြေရှင်းလို့ မရသလို၊ အဖွဲ့အစည်းတခုကပဲ ဖြေရှင်းလို့ ရတာ


မဟုတ်ပါဘူး။




Saunders ရဲ့ စေ့စပ်ဆွေးနွေးမှု ဖြစ်စဉ်မှာ ပြဿနာများကို ဆန်းစစ်၍ စေ့စပ်ဆွေးနွေးရန် ဆုံးဖြတ်ခြင်း၊ ပဋ္ဋိပက္ခတွင်


ပါဝင်နေသူများအကြား       ဆက်ဆံရေးအပေါ်တွင်         သက်ရောက်သော          issues   များအား   ရှာဖွေလေ့လာဖော်ထုတ်ခြင်း၊


ပူးတွဲအဖြေရှာလိုသော ဆန္ဒပေါ်ထွက်ခြင်း၊       Scenario များ တည်ဆောက်ခြင်းနှင့် စေ့စပ်ဆွေးနွေးခြင်း၊ သဘောတူညီချက်
များအား စုပေါင်းအကောင်အထည်ဖော်ခြင်း စတာတွေ ဖြစ်ပါတယ်။




(၁) Phase One: Defining the problem and Deciding to engage




ဒီအဆင့်က ပဋိပက္ခမှာ ပါဝင်နေကြတဲ့ အတိုက်အခံအင်အားစုတွေနဲ့ အစိုးရဘက်တော်သားတွေအနေနဲ့ ပဋိပက္ခတွေ


ိ
ဆက်ရှိနေခြင်းအားဖြင့် တိုင်းပြည်အတွက် ဘယ်လိုအကျိုးကျေးဇူးမှ မရှစေတာ၊ တဘက်နဲ့ တဘက်ကို အနိုင်တိုက်ဖို့


ဆိုတာလဲ ဘယ်လိုမှ မဖြစ်နိုင်တော့တာကို သိမြင်လာကြတာ ဖြစ်ပါတယ်။ တဘက်နဲ့ တဘက် ဆန့်ကျင်နေကြရင်း


တယောက်တပေါက်                လုပ်ချင်ရာ     လုပ်နေကြတာတွေကြောင့်       တိုင်းပြည်ရဲ့   ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို   ထိခိုက်စေမှု၊


ပြည်သူလူထုအများ အတိဒုက္ခရောက်မှု၊ ထိခိုက်နစ်နာမှု များသာ ဖြစ်နေတာကို သိမြင်ပြီး တဘက်တည်းကနေ unilateral


action       တွေ       အကောင်အထည်ဖော်နေရုံနဲ့            တိုင်းပြည်အနာဂတ်အတွက်          ဘယ်လိုအကျိုးကျေးဇူးမှ        မရှိနိုင်တာကို


နားလည်လာကြတဲ့်
                             နိုငငံရေးအတွေးအခေါ်           ပေါ်ထွက်လာတဲ့        အဆင့်       ဖြစ်ပါတယ်။       အဲဒီလို      အချိန်မှာမှ


စေ့စပ်ဆွေးနွေးအဖြေရှာဖို့ ဆုံးဖြတ်လာကြတာပါ။ အတိုက်အခံတွေဘက်ကနေ စေ့စပ်ဆွေးနွေးရေးဆိုတာကို တဘက်သတ်


တောင်းဆိုနေရုံနဲ့ ဒီလိုနိုင်ငံရေးအဆင့်ကို မရောက်နိုင်ပါဘူး။




ပဋိပက္ခတွေကြောင့် အာဏာရှင်တွေဘက်မှာလဲ နိုင်ငံတကာ တရားဝင်မှုတွေ မရတာ၊ နိုင်ငံတကာဖိအားပေးခံရတာတွေ


ရှိနေပြီး၊ အတိုက်အခံဘက်မှာလဲ အဆုံးသတ်တိုက်ပွဲ မတိုက်နိုင်တော့တဲ့ အခြေအနေကို ရောက်နေပြီဆိုရင် ဒါဟာ mutually


hurting stalemate            ဖြစ်နေပြီလို့ သုံးသပ်နိုင်ပါတယ်။ှ
                                                                  ဒီလိုအခြေအနေမျိုးကို မှန်မန်ကန်ကန်        ရှုမြင်သုံးသပ်နိုင်ခဲ့ရင်


စေ့စပ်ဆွေးနွေးရေး ဖြစ်လာအောင် လုပ်ယူလို့ ရပါတယ်။ ဒီလို လုပ်ယူတဲ့အခါမှာ Track II နဲ့ Track III အခန်းကဏ္ဍက


အလွန် အရေးကြီးပါတယ်။




အာဏာရှင်တွေဘက်က                    ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့   အတိုက်အခံဘက်က            အင်အားစု      ခေါင်းဆောင်တွေအနေနဲ့


မရှုံးမနိုင်ဖြစ်ပြီး   political    deadlock     ဖြစ်နေတာကို     တွေ့မြင်နေပေမယ့်      open     moves     ကို   လက်တွေ့လုပ်ဖို့
ခဲယဉ်းလေ့ရှိပါတယ်။ သူတို့ ရောက်နေတဲ့ ခေါင်းဆောင်အခြေအနေမှာ တဘက်က တဘက်ကို အရှုံးပေးလိုက်တယ်လို့


နောက်လိုက်တွေက ထင်မှာကိုလဲ စိုးရိမ်လေ့ရှိကြပါတယ်။ သူတို့ရဲ့ အင်အားကို တဘက်နဲ့ တဘက် ပြကြရမှာလဲ


ဖြစ်တဲ့အတွက် စေ့စပ်ဆွေးနွေးလိုပါတယ်လို့ စတိတ်မင့်တွေ ထုတ်တာ၊ တောင်းဆိုတာ၊ ဆက်ဆံရေးအရာရှိ ခန့်တာတွေ


လုပ်တတ်ကြပေမယ့် လက်တွေ့စေ့စပ်ဆွေးနွေးရေး ဖြစ်စဉ်ကို စတင်ဖို့ကျတော့ လျှို့ဝှက်ပဲဖြစ်စေ ၀န်လေးလေ့ရှိပါတယ်။


symbolism of talking with an enemy ဆိုတာကို နောက်ပါအင်အားစုတွေ သိသွားမှာကို စိုးရိမ်လေ့ရှိပါတယ်။




ဒါကြောင့် လက်တွေ့အကောင်အထည်ပေါ်လာဖို့အတွက် ကနဦးအနေနဲ့ ပညာရှင်တွေ၊ Track II- III ခေါင်းဆောင်တွေက


စတင်ပေးဖို့ လိုပါတယ်။ ၁၉၉၀ နှောင်းပိုင်း ကာလတွေတုန်းက                  Tajikistan နိုင်ငံရဲ့ ဒိုင်ယာလော့ဖြစ်စဉ်ကို ပညာရှင်တွေ၊


ု
Track II- III ခေါင်းဆောင်တွေက စတင်ခဲ့ကြတာပါ။ ထိပ်ပိုင်းခေါင်းဆောင်တွေအကြားမှာ တရားဝင် ဒိင်ယာလော့ခ်


ဆွေးနွေးပွဲကြီးတွေ      မစတင်ခင်           တနှစ်လောက်အကြာမှာ          ကတည်းက              ပညာရှင်တွေအကြား၊          အလယ်အလတ်


ခေါင်းဆောင်တွေအကြားမှာ တရားမ၀င် ဒိုင်ယာလော့ခ်တွေ အများအပြား လုပ်ခဲ့ကြတာပါ။ အဲဒီကနေမှ အရှိန်ရလာပြီး


ခေါင်းဆောင်ကြီးတွေအကြားက တရားဝင် ဆွေးနွေးပွဲတွေ ပေါ်ထွက်လာတာပါ။                                ပညာရှင်တွေ၊ ခေါင်းဆောင်ငယ်တွေ


်
ပါဝင်တဲ့ ဒိုင်ယာလော့ခ်အုပစုဟာ               “Memorandum on a Negotiating Process for Tajikistan,”                         ဆိုတာကို


ရေးဆွဲတင်သွင်းနိုင်ခဲ့ကြပြီး၊      တရားမ၀င်ဆွေးနွေးပွဲများစွာကနေ               official   platform       တခုကို       ရောက်အောင်


တည်ဆောက်နိုင်ခဲ့ကြပါတယ်။




်
လက်တွေ့မှာ ဒီအဆင့်ကို စတင်ဖို့က အခက်ခဲဆုံး ဖြစ်ပါတယ်။ အစပျိုးတဲ့ ပညာရှငတွေနဲ့ နှစ်ဘက်ခေါင်းဆောင်ငယ်တွေကို


လူအများက အကြီးအကျယ် ဝေဖန်တိုက်ခိုက်မှုတွေ ပေါ်ထွက်လာနိုင်ပါတယ်။ သာမန် လမ်းဘေးရန်ပွဲကို ၀င်ရောက်စေ့စပ်ဖို့


ကြိုးပမ်းမှုမှာတောင် နှစ်ဘက်စလုံးရဲ့ တိုက်ခိုက်မှုကို ကြားကနေ အချောင်ခံရနိုင်မှုတွေ ရှိသေးတယ်ဆိုရင် တိုင်းပြည်တခုမှာ


ဖြစ်နေတဲ့ ပဋိပက္ခကို ကြားဝင်စေ့စပ်တာမှာက ဒီထက် ပိုဆိုးနိုင်ပါတယ်။ နိုင်ငံရေးအခြေအနေကို ခံစားချက်များ ဘေးဖယ်ပြီး


လက်တွေ့ကျကျ          သုံးသပ်နိုင်သူတွေ၊      ဝေဖန်မှုတွေကို    ကြံ့ကြံ့ခိုင်     ရင်ဆိုင်ရဲသူတွေ၊    ကိုယ်လုပ်တဲ့    အလုပ်အတွက်


ဘယ်သူမြှောက်ပေးလို့၊            ဆွယ်လို့    လုပ်တာပါလို့      ဘယ်သူ့ကိုမှ          ဖြေရှင်းချက်     ထုတ်မနေပဲ       လုပ်စရာရှိတာကို
လုပ်ရဲသူတွေကသာ ဒီအဆင့်ကို စတင်ဖို့ လိုအပ်ချိန်တွေမှာ အစပျိုး ဦးဆောင်နိုင်သူတွေ ဖြစ်လာနိုင်ပါတယ်။




(၂) Phase Two: Mapping Issues and Relationships




ဒီအဆင့်မှာု
             အာဏာပိင်အဖွဲ့အစည်းတွေ၊       အတိုက်အခံ          အင်အားစုတွေသာမက        ပြည်သူတွေပါ        ပါဝင်လာပါတယ်။


အဖွဲ့အစည်းနဲ့    ပတ်သက်သူတွေက          စေ့စပ်ဆွေးနွေးရေးနဲ့       ပတ်သက်တဲ့်
                                                                                  နိုငငံရေး     ထောက်ခံအားပေးမှုကို


တည်ဆောက်ခြင်းအားဖြင့်     ရရှိလာမယ့်   အောင်မြင်နိုင်မှု     အတိုင်းအတာကို    တွက်ချက်ကြပါတယ်။          ပြည်သူလူထုနဲ့


အရပ်ဘက်အဖွဲ့အစည်းတွေကလဲ တိုင်းပြည်မှာ အရေးတကြီး ဖြေရှင်းရမယ့် ပြဿနာတွေကို အာဏာပိုင်တွေ၊ အတိုက်အခံ


အဖွဲ့အစည်းတွေနဲ့ ဘယ်လိုပူးတွဲဖြေရှင်းလို့ ရနိုင်မလဲ ဆိုတာကို စဉ်းစားလာကြပါတယ်။




ိ
ဒီအဆင့်မှာ Track I ခေါင်းဆောင်တွေ တိုက်ရိုက်ပါဝင်ပတ်သက်မှု ရှချင်မှ ရှိနိုင်ပါတယ်။ ပြည်သူလူထုကလဲ တွေ့ဆုံဆွေးနွေး


ှ
အဖြေရှာမှုကို တောင်းဆိုလှုပ်ရှားမှုတွေ ဖြစ်လာချိန်မာ issues နဲ့ relationships တွေကို တွဲစပ်မှုတွေ လုပ်လာပါတယ်။


သို့ပေမယ့် ထိပ်ပိုင်းခေါင်းဆောင်တွေ အချင်းချင်း လက်ဆွဲနှုတ်ဆက်တာ၊ တွေ့ဆုံနှုတ်ဆက်တာ၊ ညစာစားပွဲတက်တာတွေ


စတဲ့ symbolic significance ကို ဖန်တီးတဲ့ အဆင့်ထိပဲ တက်လို့ ရလေ့ရှိပါတယ်။ ဒီအဆင့်ကို အရှိန်မြှင့်ရမှာက


ပညာရှင်တွေနဲ့ Track II-III ခေါင်းဆောင်တွေ ဖြစ်ပါတယ်။




ံ
ဒီအဆင့်မှာ ပဋိပက္ခထဲမှာ ပါဝင်နေတဲ့ နိုင်ငရေးအင်အားစုတွေအကြား၊ လူမျိုးစုတွေအကြားက ဆက်နွယ်မှုတွေ၊ အတူတကွ


ပူးပေါင်းဆောင်ရွက်နိုင်မှုတွေကို ဘယ်အရာတွေက ကန့်သတ်ထားတယ် ဆိုတာကို အဖြေထုတ်တာ၊ တိုင်းပြည်ရဲ့ အမျိုးသား


အကျိုးစီးပွားအတွက်   ဦးစားပေးရမယ့်    ကဏ္ဍတွေကို            ဖော်ထုတ်တာ၊   ပူးပေါင်းဆောင်ရွက်နိုင်မယ့်    လုပ်ငန်းစဉ်တွေ


ချမှတ်တာတွေ ပြုလုပ်လာကြပါတယ်။ အင်အားစုတွေအကြား တရားဝင်ဆွေးနွေးပွဲမဟုတ်သေးတဲ့ ဆွေးနွေးပွဲလေးတွေ


ကျင်းပပြီး တဘက်နဲ့ တဘက် ပြောဆိုတာတွေကို အပြန်အလှန် နားထောင်ပေးတာ၊ နှစ်ဘက်စလုံးက ဆုံးရှုံးနစ်နာမှုတွေနဲ့


နာကျည်းချက်တွေကို အသိအမှတ်ပြုတာ၊ ဖြစ်ရပ်တွေကို ၀ါဒတွေ၊ ယုံကြည်ချက်တွေ၊ ရှုထောင့်တွေကနေ မကြည့်ပဲ


လူသားချင်းစာနာမှုပေါ် အခြေခံပြီး ရှုမြင်သုံးသပ်တာတွေ လိုအပ်ပါတယ်။
နိုင်ငံရေးပညာရှင် Spector နဲ့ Zartman တို့က စေ့စပ်ဆွေးနွေးရေးကို တရားဝင် မစခင် အခင်းအကျင်း (prenegotiation


environment) မှာ        အင်အားစုတွေအားလုံး လက်ခံနိုင်မယ့် ချဉ်းကပ်နည်းလမ်းတွေကို ရှာဖွေဖို့ ပိုမိုလွယ်ကူကြောင်း


လေ့လာတင်ပြခဲ့ပါတယ်။ အိုင်ယာလန်မြောက်ပိုင်း ငြိမ်းချမ်းရေးဖြစ်စဉ် အောင်မြင်ခဲ့ရတဲ့ အကြောင်းရင်းတွေထဲမှာ၁၉၉၃ ခုနှစ်


prenegotiation အခင်းအကျင်း အခြေအနေက အဓိကကျကြောင်း ပညာရှင်အများက ထောက်ပြပြောဆိုခဲ့ပါတယ်။




Phase III : Generating the will for a joint solution




စေ့စပ်ဆွေးနွေးအဖြေရှာရေးကို ကြိုးပမ်းသူတွေဟာ ဒီအဆင့်ရောက်မှ ပူးတွဲ အဖြေရှာလိုတဲ့ ဆန္ဒတွေ နိုင်ငံရေးအင်အားစု


အသိုင်းအ၀ိုင်းတွေအတွင်းမှာ ပေါ်ပေါက်လာအောင် အရှိန်မြှင့် ကြိုးပမ်းကြရမှာ ဖြစ်ပါတယ်။ အင်အားစုတွေအကြားမှာ


မတူညီတဲ့     ၀ါဒတွေ၊    အတွေးအခေါ်တွေ၊      ယုံကြည်ချက်တွေ၊    အကျိုးစီးပွားတွေ     ရှိနေတဲ့   အတွက်   စေ့စပ်ဆွေးနွေး


အဖြေရှာရေးကို    အင်အားစုအားလုံးက      သဘောတူလက်ခံထားပြီး       ဖြစ်မယ်လို့      သတ်မှတ်လို့   မရပါဘူး။   ဒီအဆင့်မှာ


ထူးခြားတာက Track I ခေါင်းဆောင်တွေကိုယ်တိုင် စေ့စပ်ဆွေးနွေးရေးအတွက် ပြင်ဆင်မှုတွေ စတင်ပြုလုပ်လာလေ့ ရှိတာ


ဖြစ်ပါတယ်။      ဒီအဆင့်မှာ     Track I ခေါင်းဆောင်တွေ ရွေးချယ်စဉ်းစားလေ့ရှိတဲ့ substantive and procedural


considerations တွေကို ပညာရှင်တွေက သုတေသနပြု လေ့လာကြရာမှာ အချက်ကြီးသုံးချက်ကို တွေ့ခဲ့ကြပါတယ်။




    •   ချဉ်းကပ်နည်းလမ်း- စေ့စပ်ဆွေးနွေးရာမှာ ဘယ်လို issues တွေကို ဆွေးနွေးမှာလဲ။ ပါဝင်မယ့် လူမျိုးစုတွေ၊


ု
        အာဏာပိင်အဖွဲ့အစည်းတွေ၊ အတိုက်အခံအဖွဲ့အစည်းတွေရဲ့ positions တွေက ဘာတွေလဲ။ အကျိုးစီးပွားက


        ဘာတွေလဲ။ စေ့စပ်ဆွေးနွေးခြင်းဖြင့် အားလုံးအတွက် အကျိုးကျေးဇူးရှိမယ့် အခွင့်အလမ်းတွေ က ဘယ်မှာလဲ။


    •   ပါဝင်သူများ - စေ့စပ်ဆွေးနွေးရေးစားပွဲပေါ်ကို ရောက်လာမယ့် stakeholders တွေက ဘယ်သူတွေ ဖြစ်မလဲ။


        ဘယ်လို         ကျွမ်းကျင်နားလည်သူတွေ     ပါဝင်ဖို့   လိုအပ်သလဲ။       ပါဝင်သူတွေရဲ့     ကိုယ်ရေးရာဇ၀င်တွေ၊


        တွေ့ဆုံဆွေးနွေးမှုဆိုင်ရာ အလေ့အထတွေက ဘာတွေလဲ။ ဘယ်လို ညွန့်ပေါင်းအဖွဲ့အစည်းတွေကို ဖွဲ့နိုင်မယ့်


        အလားအလာရှိနိုင်သလဲ။
    •   တွန်းအား-     ဘယ်လို       စံနှုန်းနဲ့   သဘောထားတွေကို     အင်အားစုတွေက     လက်ခံကြသလဲ။              စံနှုန်းတွေ


        ကျင့်သုံးနိုင်အောင် ဘယ်လို re-framing လုပ်မလဲ။




တခါတရံမှာ Track I ခေါင်းဆောင်တွေက စေ့စပ်ဆွေးနွေးမှုဆိုင်ရာ pre-conditions တွေကို ကြေညာချက်တွေထုတ်ပြီး


သတ်မှတ်လေ့ရှိကြပါတယ်။ Pre-conditions တွေဆိုတာ စေ့စပ်ဆွေးနွေးမှုဖြစ်စဉ်ကို နှောင့်နှေးစေတဲ့ အရာတွေ ဖြစ်ပါတယ်။


စေ့စပ်ဆွေးနွေးကြမယ့် အင်အားစုတွေအကြား တိုးတိုးတိတ်တိတ် ညှိနှိုင်းကြရမယ့် အရာတွေ ဖြစ်ပါတယ်။               အမှန်တကယ်


စေ့စပ်ဆွေးနွေး အဖြေရှာရေးကို ဦးတည်ဆောင်ရွက်တဲ့အခါ စတိတ်မင့်ထုတ်ပြီး pre-conditions ချပေးတဲ့ နည်းဗျူဟာကို


အသုံးပြုလို့ မရပါဘူး။ ရလဒ်က စေ့စပ်ဆွေးနွေးရေးကို မဦးတည်ပဲ political deadlock ဖြစ်စေနိုင်ပါတယ်။




သို့ပေမယ့် ဒီနည်းဗျူဟာက diplomatic cover ရစေတဲ့အတွက် အတိုက်အခံအင်အားစု အချို့က သုံးလေ့ရှိပါတယ်။


စတိတ်မင့်ထုတ်ပြီး   pre-conditions          သတ်မှတ်တာကို   အာဏာပိုင်တွေဘက်က        စေ့စပ်ဆွေးနွေးဖို့    အမှန်တကယ်


ရည်ရွယ်ချက်ရှိတယ်လို့          သုံးသပ်လေ့မရှိပါဘူး။    အာဏာပိုင်တွေဘက်ကို        နိုင်ငံတကာ      ဖိအားတိုးလာအောင်၊


အတိုက်အခံဘက်မှာ diplomatic cover ရလာအောင် ကြိုးပမ်းတဲ့ threat လို့ပဲ ယူဆပါတယ်။ ဒီလို နည်းဗျူဟာကို


တခြားနိုင်ငံရေးအဆင့်တွေမှာ အသုံးပြုရင် political deadlock ဖြစ်ပြီး၊ စေ့စပ်ဆွေးနွေးရေးဖြစ်စဉ် Phase III မှာ


သုံးလိုက်ရင်တော့    ဖြစ်စဉ်တခုလုံးကို       ပျက်စီးသွားစေတတ်တဲ့အတွက်    စေ့စပ်ဆွေးနွေးအဖြေရှာရေးကို      အမှန်တကယ်


လိုလားတဲ့ အတိုက်အခံခေါင်းဆောင်တွေ အထူးသတိပြုကြဖို့ လိုအပ်ပါတယ်။ အလားတူပါပဲ။ အာဏာပိုင်တွေဘက်ကလဲ


စေ့စပ်ဆွေးနွေးအဖြေရှာရေးကို       တကယ်လိုလားတယ်ဆိုရင်         pre-conditions   သတ်မှတ်ချက်တွေကို        ရှောက်ကြဉ်ရမှာ


ဖြစ်ပါတယ်။




်
Phase III အဆင့်မှာ Track II - III ခေါင်းဆောင်တွေ လုပ်ဆောင်ရမယ့် လုပ်ငန်းတာဝန်တွေကိုလဲ ပညာရှငတွေက


လေ့လာဖော်ထုတ်ထားကြပါတယ်။ အဓိက လုပ်ငန်းတာဝန်တွေကတော့


    •   စေ့စပ်ဆွေးနွေးပွဲမှာ       ပါဝင်ဆွေးနွေးသူများအကြား      အပြုသဘောဖြင့်     ဆက်ဆံကြမည့်           ဒိုင်ယာလော့ခ်


        အခင်းအကျင်းဖြစ်အောင် ဖန်တီးပေးခြင်း
    •   တိုင်းပြည်အနာဂတ်အတွက် အရေးကြီးသော ပြဿနာများကို ဖြေရှင်းရန် စေ့စပ်ဆွေးနွေးပွဲတွင် ပါဝင်သူများ


        သဘောတူညီထားသည့်                အချက်အလက်များကို              လေ့လာသုံးသပ်၍              ဆက်ဆံရေးပျက်ပြယ်နိုင်သော


        အခြေအနေများတွင် ၀င်ရောက်ထိန်းသိမ်းပေးခြင်း


    •   စေ့စပ်ဆွေးနွေးပွဲ ပျက်ပြားစေနိုင်သည့် အဖျက်သဘော ဆက်ဆံရေးအခြေအနေများ ဖြစ်ပွားလာပါက အဆိုပါ


        ဆက်ဆံရေးအခြေအနေများကြောင့် မည်သို့သော အလားအလာများ ပေါ်ပေါက်စေနိုင်သည်ကို လေ့လာဆန်းစစ်ပြီး


        စေ့စပ်ဆွေးနွေးအဖြေရှာရေးလမ်းစဉ်ကို         ထိပ်ပိုင်းခေါင်းဆောင်များ          ဆက်လက်စွဲကိုင်မည့်      အခြေအနေများ


        ဖန်တီးပေးခြင်း စတာတွေ ဖြစ်ပါတယ်။


ဒီအဆင့်မှာ အရေးကြီးဆုံးကတော့ လိုအပ်မယ့် အပေးအယူတွေ ဖော်ထုတ်ခြင်း၊ common ground ရှာဖွေခြင်းနဲ့ consensus


ရအောင် ပြုလုပ်ခြင်းတို့ပဲ ဖြစ်ပါတယ်။




Phase Four: Scenario Building and Negotiation




ဒီအဆင့်မှာ Track I ခေါင်းဆောင်တွေအကြား တရားဝင်စေ့စပ်ဆွေးနွေးမှုတွေ စတင်လာပြီ ဖြစ်ပါတယ်။ Track II- III


ခေါင်းဆောင်တွေ      အနေနဲ့လဲ       စေ့စပ်ဆွေးနွေးပွဲ       ပျက်ပြားသွားစေမယ့်          အခြေအနေတွေ          မဖြစ်ပွားလာအောင်


အထူးအာရုံစိုက်ရမယ့်    အဆင့်ဖြစ်ပါတယ်။      စေ့စပ်ဆွေးနွေးကြရမှာ          Track   I   ခေါင်းဆောင်တွေအနေနဲ့       နိုင်ငံရေးအရ


ဆီလျော်ပြီး၊ လက်တွေ့မှာလဲ အကောင်အထည်ဖော်လို့ရမယ့် သဘောတူညီချက်တွေ ပေါ်ထွက်လာအောင် ဦးတည်


ကြိုးပမ်းကြရမှာ ဖြစ်ပါတယ်။ Track II – III ခေါင်းဆောင်တွေကတော့ ကျင်းပနေဆဲ စေ့စပ်ဆွေးနွေးပွဲတွေရဲ့ အခြေအနေကို


လေ့လာသုံးသပ်တာတွေ၊          စေ့စပ်ဆွေးနွေးပွဲပျက်ပြားစေနိုင့်မယ့်     အခြေအနေတွေကို             စောင့်ကြည့်ထိန်းချုပ်တာတွေ၊


ပျက်ပြားစေမယ့်    အခြေအနေတွေကို
                                         ဖယ်ရှားနိုငမယ့်      နည်းလမ်းတွေကို          ရှာဖွေဆောင်ရွက်တာတွေ၊        Track    I


ခေါင်းဆောင်တွေက       တဘက်က            အခြေအနေကို          တီးခေါက်လိုတဲ့အခါမှာ         float   trial   balloons     အနေနဲ့


ဆောင်ရွက်ပေးတာတွေကို ပြုလုပ်ရမှာ ဖြစ်ပါတယ်။ စေ့စပ်ဆွေးနွေးပွဲမှာ အသုံးပြုကြတဲ့ Policy framework အသီးသီးမှာ


သက်ဆိုင်ရာ     ကျွမ်းကျင်ပညာရှင်တွေက       working     group        တွေ    တည်ဆောက်ပြီး         လိုအပ်တာ     ဖြည့်ဆည်းပေးဖို့


လိုအပ်ပါတယ်။
Phase Five: Acting Together to Implement Agreements




်
ဒီအဆင့်မှာ ခေါင်းဆောင်တွေ၊ ပညာရှင်တွေအနေနဲ့ သဘောတူထားတဲ့ စာချုပ်တွေကို အကောင်အထည်ဖော်နိုငအောင်


ကြိုးပမ်းဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ Track I ခေါင်းဆောင်တွေအနေနဲ့ judicial and physical arrangements တွေကို


အာရုံစိုက်ပြီး၊ Track II – III ခေါင်းဆောင်တွေက perceptions and human relationships တွေ ပြောင်းလဲလာရေးကို


အာရုံစိုက်ရပါမယ်။ Post-agreement negotiation အဆင့်မှာ အလုပ်ပြီးမြောက်ရေးကို ဦးစားပေးကြရမှာ ဖြစ်ပါတယ်။




ုံ
နိဂး




စေ့စပ်ဆွေးနွေးအဖြေရှာရေးဆိုတာ စကားလုံးအနေနဲ့ အသုံးပြုနေရုံနဲ့ ဖြစ်လာနိုင်တဲ့ အရာမဟုတ်ပါ။ တဘက်နဲ့ တဘက်


pre-conditions တွေ ချမှတ်ပြီး diplomatic cover အတွက် အသုံးချနေရုံနဲ့လဲ အောင်မြင်လာနိုင်တဲ့ အရာမဟုတ်ပါ။


စေ့စပ်ဆွေးနွေးအဖြေရှာရေးဆိုတာ ဖြစ်စဉ် တရပ်ဖြစ်ပါတယ်။ ဖြစ်စဉ်တရပ်အောင်မြင်ဖို့က တည်ဆောက်ယူရပါတယ်။


လိုအပ်ချက်တွေကို   ဖြည့်ဆည်းရပါတယ်။    အရေးကြီးဆုံးကတော့     တိုင်းပြည်ရဲ့     ပဋိပက္ခအခြေအနေကို       စဉ်ဆက်မပြတ်


လေ့လာဆန်းစစ်နေပြီး၊ mutually hurting stalemate အဆင့်ရောက်နေတာကို သိမြင်တဲ့ ပညာရှင်တွေနဲ့ Track II – III


ခေါင်းဆောင်တွေက Phase I ကို အစပျိုးရဲရပါတယ်။ ဒါမှသာ ထိရောက်တဲ့ စေ့စပ်ဆွေးနွေးအဖြေရှာရေး ဖြစ်စဉ်ကို


အောင်မြင်စွာ အကောင်အထည်ဖော်နိုင်မှာဖြစ်ကြောင်း ရေးသားတင်ပြအပ်ပါတယ်။




                                                                             ခင်မမမျိုး (၁၁၊ ၁၊ ၁၁)
ု
ကိးကားစာရင်း-




Freeman, Charles. Arts of Power: Statecraft and Diplomacy (Washington, DC: United States Institute of

Peace Press, 1997)



Saunders, Harold. “Prenegotiation and Circum-negotiation: Arenas of the Multilevel Peace Process,” in

Turbulent Peace: The Challenges of Managing International Conflict, ed. Chester Crocker, Fen Osler

Hampson, and Pamela Aall (Washington, DC: United States Institute of Peace Press, 2001)



Lederach, John Paul. Building Peace: Sustainable Reconciliation in Divided Societies (Washington, DC: United

States Institute of Peace Press, 1997)



Solomon, Richard H., and Nigel Quinney. American Negotiating Behavior: Wheeler-dealers, Legal Eagles,

Bullies, and Preachers (Washington, D.C.: United States Institute of Peace Press, 2010)



Druckman, Daniel. “Negotiating in the International Context,” in Peacemaking in International Conflict:

Methods and Techniques, ed. I. William Zartman (Washington, DC: United States Institute of Peace Press,

2007)



Fisher, Roger and William Ury, Getting to Yes: Negotiating Agreement Without Giving In (Boston: Houghton

Mifflin, 1922),



Laue, James E. “Contributions of the Emerging Field of Conflict Resolution,” in Approaches to Peace: An

Intellectual Map, ed. Scott W. Thompson, Kenneth M. Jenson, Richard N. Smith, and Kimber M. Schraub

(Washington, DC: United States Institute of Peace Press, 1991)



Hopmann, P. Terrence. “Bargaining and Problem Solving: Two Perspectives on International Negotiation,” in

Turbulent Peace: The Challenges of Managing International Conflict, ed. Chester Crocker, Fen Osler

Hampson, and Pamela Aall (Washington, DC: United States Institute of Peace Press, 2001)
Mnookin, Robert H., Scott R. Peppet, and Andrew S. Tulumello, Beyond Winning: Negotiating to Create Value

in Deals and Disputes (Cambridge, Mass.: Belknap Press of Harvard University Press, 2000)



Pruitt, Dean G. Negotiation Behavior (New York: Academic Press, 1981)



Marks, Susan Collin. Watching the Wind: Conflict Resolution during South Africa’s Transition to Democracy

(Washington, DC: United States Institute of Peace, 2000)



Bazerman, Max H. and Margaret A. Neale, Negotiating Rationally (New York: Free Press, 1992)



Thomas, Kenneth W. and Ralph H. Kilmann. Thomas-Kilmann Conflict Mode Instrument (Palo Alto, Calif.:

CPP, Inc., 2002)



Shapiro, Daniel L. “Supplemental Joint Brainstorming: Navigating Past the Perils of Traditional Bargaining,”

Negotiation Journal 16, no. 4 (2000)



Shell, G. Richard. Bargaining for Advantage: Negotiation Strategies for Reasonable People (New York:

Penguin Books, 2000)



Hayner, Priscilla. Negotiating justice: Guidance for Mediators. (International Center for Transitional Justice,

2009)

Deegan, Heather. South Africa Reborn: Building a New Democracy (University College London Press, 1999)



Touval, Saadia. “Multilateral Negotiation: An Analytic Approach,” Negotiation Journal 5, no. 2 (April 1989):

163.



Weaver, Gary. Culture Communication, and Conflict: Readings in Intercultural Relations (Needham Heights,

Mass.: Ginn Press, 1994)
George, Alexander L., David K. Hall, and William E. Simons, The Limits of Coercive Diplomacy, 2nd ed.

(Boulder: Westview Press, 1994)



Lewicki, Roy J., David M. Saunders, and John W. Minton, Essentials of Negotiation, 2nd ed., (New York:

McGraw-Hill/Irwin, 2001)



Spector, Bertram I. and I. William Zartman, Getting it Done: Postagreement Negotiation and International

Regimes (Washington, DC: United States Institute of Peace Press, 2003)



Ury, William. Getting Past No: Negotiating Your Way from Confrontation to Cooperation (New York: Bantam

Books, 1993)

				
DOCUMENT INFO
Shared By:
Categories:
Tags:
Stats:
views:9444
posted:1/19/2011
language:Burmese
pages:35