Documents
Resources
Learning Center
Upload
Plans & pricing Sign in
Sign Out
21947372-14811831-man-win-mg
VIEWS: 3,671 PAGES: 55
									                                        www.yeyintnge.com
                                        မိုးမခမှတင်ဆက်သည်။
                                               ဇန်န၀ါရီ ၇၊ ၂၀၀၈
ွဲ
ပြည်တင်းက ပေးပို့လာတဲ့ မိသားစုမှတ်တမ်းတခုကို ပြန်လည်ရိုက်နှိပ်တင်ပြတာ ဖြစ်ပါတယ်။ မြန်မာပြည်ရ့ ပါလီမန်ဒီမိုကရေစီခေတ်မှာ
တင်မြှောက်ခံရတဲ့ မြန်မာသမ္မတတဦးရဲ့ ရုပ်ပုံလွှာနဲ့ သမိုင်းမှတ်တမ်းအဖြစ် အမှတ်တရ ဖတ်ရှုနိုင်ရန်ဖြစ်ပါတယ်။ လက်ခံရရှိသမျှကို
အပိုင်းလိုက် တင်ဆက်ပေးသွားပါ့မယ်။ (မိုးမခ)
       ၁၉၅၇ ခု မတ်လ ၁၃ ရက် နံနက် ၁၁ နာရီအချိန်မှာ အတွင်းဝန်များရုံးဝင်း ပြည်သူ့လွှတ်တော်များ အဆောက်အဦးတွင်
လူမျိုးစုလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်အမတ်များ ရှေ့မှောက် နှင့် နိုင်ငံတော် တရားဝန်ကြီးချုပ် ရှေ့မှောက်၌ သမ္မတအဖြစ်
ဲ
တာဝန်ထမ်းဆောင်ရန် ကျမ်းသစ္စာကို ကျိန်ဆိုပြီး လက်မှတ်ရေးထိုးပြီးတ့နောက် ပါပါ နိုင်ငံတော် သမ္မတ ဖြစ်သွားပါတယ်။
       လွန်ခဲ့သော နှစ်ပေါင်း ၄ဝ ခန့်ကြာသောအချိန်ကို ပြန်လည်ကြည့်လိုက်သောအခါ …
       ပါပါဟာ ၁၉၁၆ ခု ဧပြီလ ၁၇ ရက် မြန်မာသက္ကရာဇ် ၁၂၇၈ ခု၊ တန်ခူးလပြည့် တနင်္လာနေ့ နံနက် ၆ နာရီ အချိန်၊ အဘ
ွဲ
ဦးရွှေရင်၊ အမေ ဒေါ်သာယာမှ လှဲဆိပ်ရာမှာ မွေးဖွားပါတယ်။ လှဆိပ်ရာဟာ ဧရာဝတီတိုင်း ပုသိမ်ခရိုင် ကျုံပျော်မြို့နယ်မှာဖြစ်ပြီး
ပုသိမ်မြစ်နှင့် ဆက်လျက်ရှိသော ဓားကမြစ် ညာဘက်ကမ်းခြေပေါ်မှာ တည်ရှိပါတယ်။ ကျုံပျော်မြို့နှင့် ငါးမိုင်ခန့်ဝေးကွာပါတယ်။
ဲ
လှဆိပ်ရွာဟာ မြစ်ကမ်းပါးတလျှောက် ရွာတန်းရှည်ဖြစ်ပြီး ဗမာပိုင်၊ ကရင်ပိုင်ဟူ၍ ခြွဲ ခားထားပါတယ်။
            ရွာတဖက်ကမ်းမှာ ဆန်စက်တလုံး ရှိပါတယ်။ ပုသိမ်မြို့မှ ဂျပန်ဆရာဝန် ဒေါက်တာကီမိုးရာ လာရောက် တည်ထားသော
ဆန်စက်ဖြစ်ပါတယ်။ ဆန်ကြိတ်လုပ်ငန်းအပြင် ကြံသကာချက်သော လုပ်ငန်းပါ လုပ်ပါတယ်။ ဆန်စက်ကို ဒေါက်တာကီမိုးရာက
သူ့ကိုယ်စားလှယ်နဲ့
                            လွှထားပြီး       နွေဦးပေါက်မှစ၍            မိုးကူးသည်အထိ             သူကိုယ်တိုင်လာရောက်         နေထိုင်ပါတယ်။          သူ
လာရောက်နေထိုင်စဉ်အတွင်း ဆေးကုသရေး လုပ်ငန်းကိုပါ လုပ်ကိုင်ပါတယ်။
ဲ
            လှဆိပ်ရွာဟာ ပညာတတ်မြောက်တ့လူ ခပ်များများ မွေးထုတ်တယ်လို့ဆိုရင် မှားမယ်မထင်ဘူး။ ဘာဖြစ်သလဲဆိုတော့
ဲ
ဗြိတိသျှခေတ်ကပင် ဆယ်တန်းအောင်၊ ဘီအေအောင် ဆရာဖြစ်သင်အောင်၊ ဆရာဆရာမများ ဘွ့ရဆရာဝန်၊ သူနာပြုဆရာမများ၊
ဲ
စာရေးစာချီများ အစရှိသည်တို့ကို မွေးထုတ်ခ့ပါတယ်။ နောင် သမ္မတဖြစ်လာမယ့် ပါပါကိုလည်း မွေးထုတ်ခ့ပါတယ်။
ွဲ
            ပါပါ့အဖေနှင့် အမေဟာ လယ်သမား သားသမီးများ ဖြစ်ပါတယ်။ လှဆိပ်ရာဟာ ပါပါအမေရဲ့ ဇာတိရွာ ဖြစ်ပါတယ်။
ပါပါအမေရဲ့        ညီအစ်ကို         မောင်နှမတွေဟဲာ
                                                          လှဆိပ်ရာမှာပဲ
ွ               စုနေကြပြီး    လယ်ယာများ     လုပ်ကိုင်ကြပါတယ်။            ပါပါ့အဖေဟာ
မူလတန်းဆရာဖြစ်သင်ဲ
                                    ကျောင်းစာမေးပွအောင်ထားတောွဲ့
                                                                                   လှဆိပ်ရာနှင့်      သိပ်မဝေးသော            နော်ဆင်ခေါင်ကြီးရွာမှာ
ကျောင်းဆရာလုပ်ရင်း ပါပါအမေနဲ့ အကြောင်း ပါတယ်။
            ပါပါ လူ့ပြည်ကို ရောက်လာတဲ့အချိန်မှာ ပါပါ့အဖေဟာ တောကျောင်းဆရာပဲ ဖြစ်နေသေးတယ်။ ပါပါ့မှာ ညီအစ်ကို မောင်နှမ ၎
ယောက် ရှိပါတယ်။ ယောက်ျား ၂ ယောက်၊ မိန်းမ ၂ ယောက် ဖြစ်ပါတယ်။ အကြီးဆုံးက မိန်းမဖြစ်ပြီး ဒုတိယဟာ ပါပါဖြစ်ပါတယ်။ ပါပါ
မွေးပြီး နှစ်နှစ်အကြာမှာ ကျုံပျော်မြို့မှာ ပညာအုပ်ရာထူး လစ်လပ်ပါတယ်။ ပါပါ့အဖေဟာ ဆရာဖြစ်လက်မှတ် ရထားတဲ့အပြင်
ဲ
အခြေခံပညာလည်း ရှိတ့အတွက် ပညာအုပ်ရာထူးကို လျှောက်တော့ ရပါတယ်။ ပညာအုပ်လုပ်ဟာ ကျုံပျော်မြို့နယ်ထဲမှာရှိတဲ့
ကျောင်းတွေကို လိုက်လံစစ်ဆေးရတယ်။
            ပါပါငယ်စဉ်ကွဲ
                                   လှဆိပ်ရာမှာပဲ        ကျောင်းနေရပါတယ်။               ပညာအုပ်သား၊        ပညာအုပ်သားဆိုတော့               ထုံးစံအတိုင်း
ဲ့
အရေးပေးခဲ့ရပါတယ်။ အရေးပေးခံရလို့ ပါပါက နွဆိုး ဆိုးတယ်၊ မဆိုးဘူးဆိုတာတော့ ပါပါ သတိမရဘူးလို့ ပြောတယ်။ ပါပါတို့
ငယ်ငယ်တုန်းက စာသင်တာ သင်ပုန်းကြီးတန်းမှ ၂ တန်းအထိ ကျောက်သင်ပုန်းနှင့် ကျောက်တံကိုသာ သုံးရမယ်။ ကျောက်တံက
တနေ့ တချောင်းလောက်ကျိုးတော့ ပါပါ့အတွက် ပါပါ့အဖေက ကျောက်တံကို ဘူးလိုက် ထားပေးတယ်။ ကျောက်တံ ခဏခဏ
လုပ်ချိုးတော့ လုပ်ချိုးရကောင်းလားဆိုပြီး ပါပါ့အမေက ပါပါ့ကို တခါတခါ ရိုက်ပါတယ်။ ပါပါ့အဖေကတော့ ဘာမှ မပြောပါဘူး။
ပါပါမွေးပြီး သူ ပညာအုပ်ဖြစ်လို့ ပါပါဟာ သူ့အတွက် လာဘ်ကောင်းတယ်ဆိုပြီး ပါပါ့ကို အလိုလိုက်ထားပါတယ်။
ွ
            ပါပါ့အဖေ နယ်ထက် ကျောင်းစစ်ဆေးတဲ့အခါ ပါပါကို တခါတခါ ခေါ်သွားပါတယ်။ တရွာမှ တရွာကို ကူးသန်းသွားလာတော့
လမ်းလျှောက်ရတဲ့အခါလည်း                 ရှိတယ်။ွ
                                                    နွားလှည်းနဲ့သားရတဲ့အခါလည်းရှိတော့              လမ်းလျှောက်ရတဲ့အခါဆိုရင်            ပါပါ့အဖေနဲ့အတူ
သွားတဲ့လူတွေက တယောက်တလှည့် ပါပါ့ကို ပခုံးပေါ်မှာ ထမ်းသွားကြတယ်။ ပါပါတို့ ငယ်ငယ်တုန်းက ဗျောက်အိုး ခေါ်တဲ့ ယမ်းနဲ့
ဲ
ကျောက်ခဲကလေးတွေ ရောထည့်ထားတဲ့ အအုပ်ရှိတယ်။ အဲဒီဗျောက်အိုးကိုပစ်လိုက်ရင် ထိတ့နေရာမှာ ပေါက်ကွဲပြီး အသံမြည်တယ်။
ကျောက်ခဲကလေးတွေကတော့ လွင့်စင်ကုန်တာပေါ့။
ဲ
            နောက် မီးအိုး ဆိုပြီး လက်သန်းလောက်အရွယ်၊ ၎င်းထက်ငယ်တ့အရွယ် အရှည်က တလက်မ လောက်ရှိမယ်။ ထိပ်မှာ
မီးဇာအချောင်းလေး တပ်ထားတယ်။ အဲဒီမီးဇာကို ရှို့လိုက်ရင် မီးအိုးဟာ ပေါက်ကြွဲ ပီး အသံကြီး မြည်လာတယ်။ ဒီ ဗျောက်အိုးတို့၊
မီးအိုးတို့ဆိုတာ တရုတ်ပြည်က လာတယ်။ ပါပါ ငယ်ငယ်တုန်းက မီးအိုးဖောက်၊ ဗျောက်အိုးပစ် ဝါသနာပါတော့ အဖေ့နောက်
ကျောင်းစစ်လိုက်တဲ့အခါ               ကျောင်းဆရာတွေက              ပါပါ့ကို    ဒါတွေပဲ           ပေးကြတယ်။    ပါပါအနေနဲ့        မီးအိုး      ဖောက်ရမယ်၊
ဗျောက်အိုးပစ်ရမယ်ဆိုရင် ထမင်းစားရမှန်းတောင် မသိဘူး၊ အိမ်မှာနေတဲ့အခါ ထမင်းစားချိန်ကြရင် ပါပါ့အမေက ပါပါ မီးအိုး
ဗျောက်အိုးတွေကို သိမ်းထားတယ်၊ ထမင်းစားပြီးမှ ပြန်ပေးတယ်။
ွဲ
            ပါပါ့အဖေဟာ ပညာအုပ်ဖြစ်တော့ ကျုံပျော်မြို့မှာ ရုံးထိုင်ပြီးနေတော့ လှဆိပ်ရာမှာပဲ နေတယ်။ မနက် ဆိုရင် သမ္ဗာန်နဲ့
ရုံးတက်ပြီး ညနေဆိုရင် သမ္ဗာန်နဲ့ ပြန်လာတယ်။ ပါပါ ကျောင်းမတက်ရတဲ့နေ့ဆိုလျှင် ပါပါ့အဖေနောက် လိုက်သွားလေ့ရှိတယ်။ တနေ့
ွ
ပါပါ့အဖေနောက် လိုက်သားတော့ ကျုံပျော်မြို့ကို ပုသိမ်အရေးပိုင် လာမယ်ဆိုလို့ အစိုးရ အရာထမ်း၊ အမှုထမ်းတွေ ကြိုဆိုဧည့်ခံဖို့
ပြင်ဆင်မှုတွေ လုပ်နေကြတယ်။
            ဗြိတိသျှအစိုးရ လက်ထက်အုပ်ချုပ်မှုစနစ်ဟာ ဗမာပြည်ကို တိုင်းအဖြစ်ခြွဲ ပီး တိုင်းမှာ ခရိုင်၊ မြို့နယ် ဆိုပြီး ထပ်မံခွဲလိုက်တယ်။
တိုင်းကို     ဦးစီးအုပ်ချုပ်တဲ့    အရာရှိကို      တိုင်းမင်းကြီး၊   ခရိုင်ကို     ဦးစီးအုပ်ချုပ်သောအရာရှိကို   အရေးပိုင်      ဆိုပြီး   ခေါ်ပါတယ်။
(အရေးပိုင်ဟူသော အမည်ကို ဂျပန်ခေတ် လွတ်လပ်ရေးရပြီးနောက် ခရိုင်ဝန်ဟု ပြောင်းလဲခေါ်ဝေါ်သည်။)
        မြို့နယ် နှစ်နယ်မှ သုံးနယ်ကို ဦးစီးအုပ်ချုပ်သော အရာရှိကို မြို့ပိုင်၊ သို့မဟုတ် မြို့အုပ် ဆိုပြီး ခေါ်ပါတယ်။ အရေးပိုင်ရာထူး
ထမ်းဆောင်သူမှာ များသောအားဖြင့် အင်္ဂလိပ်မျက်နှာဖြူများသာ ဖြစ်ပါတယ်။
        အင်္ဂလိပ်မျက်နှာဖြူအရေးပိုင် ကျုံပျော်မြို့သို့ လာသောနေ့မှာ ပါပါ ကျုံပျော်မြို့မှာ ရှိပါတယ်။ အရေးပိုင်ဟာ ပုသိမ်မြို့မှ
ကျုံပျော်မြို့သို့ ပုသိမ်မြစ်မှ ဓားကမြစ်အတိုင်း အစိုးရသင်္ဘောဖြင့် လာပါတယ်။ အရေးပိုင် စီးနင်းလိုက်ပါလာတဲ့ သင်္ဘောဟာ
နေအိမ်အဖြစ် စက်မပါဘဲ ဆောက်လုပ်ထားသော သင်္ဘောဖြစ်ပြီး၊ ယင်း နေအိမ်သုံးသင်္ဘောကို စက်ပါသော သင်္ဘောက ဆွဲလာရခြင်း
ဖြစ်တယ်။ အင်္ဂလိပ်လို… ? ခေါ်တယ်။ ကျုံပျော်ကမ်းနား သင်္ဘောဆိပ်မှာ ရာဇမတ်ကာ၊ ထုံးဖြူသုတ်၊ အုန်းလက်၊ ငှက်ပျောပင်အစ
ရှိသည် တို့နဲ့ မွမ်းမံပြင်ဆင်ထားပါတယ်။
        ပါပါတို့ အဖော်တစုနဲ့ ခပ်လှမ်းလှမ်းကနေ ကြည့်ပါတယ်။ အရေးပိုင်သင်္ဘော ကပ်ပြီးနောက် နယ်ပိုင်က သင်္ဘောပေါ်
တက်သွားတယ် (ကျုံပျော်မြို့ဟာ မြို့နယ်သုံး နယ်ဖြစ်တဲ့ ကျုံပျော်မြို့နယ်၊ ကျောင်းကုန်းမြို့နယ်နှင့် အသုတ်မြို့နယ် များကို အုပ်ချုပ်တဲ့
ဲ
နယ်ပိုင်ရုံးစိုက်ရာမြို့ဖြစ်ပါတယ်။) ခဏနေ နယ်ပိုင်န့အတူတူ အင်္ဂလိပ်အရေးပိုင်မင်းက ဆင်းလာတယ်၊ နောက် ရာဇမတ် အတွင်းမှာ
စောင့်နေတဲ့ အရာရှိတွေကို တဦးစီ လိုက်လံနှုတ်ဆက်တယ်။
        ပါပါတို့အဖေက အရာရှိကလေးဆိုတော့ နောက်ဆုံးနားလောက်မှာ နေရတယ်၊ အရေးပိုင်ကို တခမ်းတနား ကြိုဆိုတယ်။
လေးလေးစားစား ဆက်ဆံတာကို ပါပါတွေ့ရတော့ အရေးပိုင် အလုပ်ကို လုပ်ချင်လာတဲ့စိတ် ပါပါ့မှာ ပေါ်လာပါတယ်။ ပါပါ
ဲ
ရွာပြန်ရောက်တော့ ကျုံပျော်မြို့မှာ အရေးပိုင် ရောက်လာလို့ တခမ်းတနား ကြိုဆိုတ့အကြောင်း ပါပါ တွေ့ခဲ့ရသမျှကို ရွာက
အပေါင်းအသင်းများသာမက ဦးကြီး၊ အရီးများကိုပါ မမောတမ်း ဖောက်သည်ချ ပြောပြတယ်။ ပြောပြရုံတင်မကဘူး၊ ကြီးလာရင်း
ပါပါလည်း အရေးပိုင်လုပ်မယ်လို့ ပြောတယ်။
        အဲဒီကစပြီး ရွာကလူတွေက မင်း ကြီးလာရင်ဘာလုပ်မလဲလို့ မေးတိုင်း ပါပါ အရေးပိုင်လုပ်မယ် လို့ ပြန်ဖြေတယ်၊ ဒါနဲ့
ရွာကလူတွေ ခပ်များများက ပါပါကို အရေးပိုင်လို့ ခေါ်ကြတယ်။
        (၁၉၄၇ ခုနှစ်၊ ဗိုလ်ချုပ်အောင်ဆန်းတို့ ကျဆုံးပြီးနောက် ပါပါဝန်ကြီးဖြစ်လာတဲ့အခါ ရွာကို ပြန်လည်ပါတယ်၊ ရွာရောက်တော့
လူကြီးတချို့က ပါပါကို ဘာပြောသလဲဆိုတော့ မင်း ငယ်ငယ်တုန်းက ကြီးလာရင် အရေးပိုင်ဖြစ်မယ်ပြောပြီး ဖြစ်မယ့်ဖြစ်တော့
ဝန်ကြီးတောင် ဖြစ်နေပါလား ဆိုပြီး ပါပါကို ပြောကြတယ်။)
ဲ
        လှဆိပ်ရွာကျောင်းဟာ မြန်မာစာသင်ကျောင်းပဲ ဖြစ်တယ်။ ဗြိတိသျှခေတ် ပညာရေးစနစ်ဟာ အင်္ဂလိပ်လိုချည်း သင်တဲ့ကျောင်း၊
ဲ့
အင်္ဂလိပ် မြန်မာနှစ်ဘာသာ သင်တကျောင်း၊ မြန်မာစာသာ သင်သော ကျောင်းဆိုပြီး ၃ မျိုး ၃ စား ဖြစ်ပါတယ်။ အင်္ဂလိပ် မြန်မာ ၂
ဘာသာ သင်သော ကျောင်းတွေမှာ ကျောင်းသူကျောင်းသားများ အနေများကြပါတယ်။
ဲ
        လှဆိပ်ရွာကျောင်းမှာ ၃ တန်းအောင်အထိသာ ပါပါ့ကို ကျောင်းထားပြီး ၃ တန်းအောင်ပြီးနောက် ပုသိမ်မြို့ကျောင်းမှာ
ဆက်လက် ကျောင်းထားဖို့ ပါပါ့အဖေမှာ အစီအစဉ် ရှိတယ်။ မြို့ကျောင်း ရောက်တော့ အင်္ဂလိပ်စာသင်ရမှာမို့ အင်္ဂလိပ်စာ
လိုက်နိုင်အောင်    ဆိုပြီး   နွေရာသီ     ကျောင်းပိတ်ရက်များမှာ        ပါပါ့ကို   အင်္ဂလိပ်စာ    သင်ခိုင်းတယ်။      ပါပါ့ကို    အင်္ဂလိပ်စာ
သင်ပေးတဲ့ဆရာမဟာ ရွာထဲကပဲ။ သူလည်း ဆယ်တန်းအောင်ပြီး ပုသိမ်မြို့ အင်္ဂလိပ် မြန်မာစာသင် ကျောင်းမှာ ဆရာမ လုပ်တယ်၊
ကျောင်းပိတ်တုန်း သူ့မိဘထံ ပြန်လာခြင်းဖြစ်တယ်။
ဲ
        ပါပါ လှဆိပ်ရွာကျောင်းမှာ ၃ တန်းအောင်ပြီး ပုသိမ်ကျောင်းကို ပြောင်းရွှေ့စာသင်ရတယ်။ ပါပါနေတဲ့ကျောင်းဟာ မွန် ကရင်
အထက်တန်းကျောင်း ဖြစ်ပါတယ်။ အဲဒီအခါမှာ အစ်မကြီးဟာ မွန်ကရင် အထက်တန်းကျောင်းမှာ သွားနေတာ ၂ နှစ်၊ ၃ နှစ်ရှိသွားပြီး
မွန်    ကရင်      အထက်တန်းကျောင်းဟာ              ယောက်ျား၊ဲ
                                                                 မိန်းမရောနေတ့ကျောင်း           ဖြစ်ပါတယ်။       ရပ်ဝေးမှလာနေသော
ကျောင်းသူကျောင်းသားများအတွက် ယောက်ျား ဘော်ဒါဆောင်၊ မိန်းမဘော်ဒါဆောင် ဟူ၍ ခြွဲ ခားထားပါတယ်။ ပါပါ ပုသိမ်ကျောင်း
သွားနေတဲ့နှစ်ဟာ ပါပါငယ်သေးတဲ့အတွက် အထူးကိစ္စတရပ် အနေနဲ့ ပါပါ့အစ်မကြီးနဲ့ အတူတူ မိန်းကလေး ဘော်ဒါဆောင်မှာ
နေခွင့်ရတယ်။
        အဲဒီတုန်းက      ပါပါက   သင်တိုင်းပဲ   ဝတ်ပါတယ်။       ပါပါ     ကျောင်းတက်တော့        သင်တိုင်းပဲ   ဝတ်လို့    မင်း   မိန်းမလား၊
ယောက်ျားလားဆိုပြီဲး
                         ကျောင်းသားကြီးတွေရ့       မေးမြန်းခြင်းကို      ခံခ့ရပါတယ်။
ဲ          ဘော်ဒါမှာ     ကျွေးတဲ့       ထမင်းဟင်းတွေဟာ
အိမ်မှာနဲ့စာကြည့်ရင် ကောင်းတယ်လို့ မဆိုနိုင်ပါဘူး။
        နံနက်ပိုင်း ကျောင်းမတက်မီ တကြိမ်နှင့် ညနေပိုင်း ကျောင်းဆင်းချိန်မှာ တကြိမ်၊ တနေ့ ၂ ကြိမ် ကျွေးပါတယ်။ နံနက်ပိုင်းမှာ
ထမင်း၊ ငါးပိရည်နှင့် တို့စရာ၊ ညနေပိုင်းကျတော့ ထမင်းနှင့် ပဲဟင်း၊ ဒါပဲ။ ပါပါ အစားအသောက် ဆင်းရဲမှာစိုးလို့ ပါပါ့အဖေက
ပါပါ့အတွက် လပေးနဲ့ အပြင်မှာ ဟင်းလျာ မှာပေးတယ်။ နောက် လူကြုံရင် အိမ်ကနေ ငါးကြော်၊ ငါးပိကြော် အစရှိသည်တို့ကို
ပို့ပေးတယ်။
ဲ
         ပါပါ မွန် ကရင် အထက်တန်းကျောင်း ရောက်တ့နှစ်မှာ ၃ တန်းမှာ နေရတယ်၊ တောရွာမှာနေစဉ် အင်္ဂလိပ်စာ ကြိုတင်
သင်ကြားထားတဲ့အတွက် ၃ တန်းမှာ နေရသော်လည်း ပါပါ့အတွက် အင်္ဂလိပ်စာ အခက်အခဲ မရှိဘူး။ ဟိုစဉ်က အင်္ဂလိပ်စာဆိုလျှင်
သင်ပုန်းကြီးတန်းမှနေ သင်ပါတယ်။
         ပါပါ ပုသိမ်ကျောင်းရောက်စမှာ အဖေနဲ့အမေကို အောက်မေ့တယ်။ ရွာကိုလည်း အောက်မေ့တယ်၊ နံနက် ၅ နာရီအချိန်
ွ
ပုသိမ်မှ ဟင်္သာတသို့ ထွက်ခာတဲ့ မီးရထား ဥသြသံကြားရင် ပါပါ ငိုတာပဲ။
ွဲ
         ပါပါ ပုသိမ်ကျောင်း စတင်နေသောနှစ်မှာ ပါပါ့အဖေကိုယ်တိုင် လိုက်ပို့တယ်၊ လှဆိပ်ရာမှ ကျုံပျော်သို့ သမ္ဗာန်စီးရတယ်။
ကျုံပျော်မှ ရေကြည်သို့ ဖွတ်ကား စီးရတယ်။ ဟိုတုန်းက အမေရိကန် ဖို့(ဒ်)ကားပဲ ခေတ်စားပြီး အသုံးများကြတယ်။
ဲ
         ဖို့(ဒ်)ကားကို တောကလူတွေက ဖွတ်ကားလို့ ခေါ်ကြပါတယ်။ ရေကြည်ဟာ ပုသိမ်န့ဟင်္သာတကြားမှာ ရှိတဲ့ ဘူတာမြို့ပဲ။
ရေကြည်ကနေ ပုသိမ်ကို မီးရထား စီးသွားရပါတယ်။ ကျောင်းပိတ်ပြန်တော့လည်း ဒီလမ်းအတိုင်းပဲ၊ ကျောင်းဖွင့်တိုင်း အဖေကိုယ်တိုင်
ကျောင်းကိုလိုက်ပို့ပြီး   ကျောင်းပိတ်တော့   အဖေ     မအားလို့   မလာနိုင်တ့အခါ
ဲ     အမေ      လာကြိုပါတယ်။       ပုသိမ်သို့   အဖေ
လာမကြိုနိုင်သော်လည်း ရေကြည်ဘူတာမှာတော့ အမြဲ လာကြိုပါတယ်။
         ပုသိမ် မွန် ကရင် အထက်တန်းကျောင်းမှာ တနှစ်နေပြီးနောက် တနှစ်ကျောင်းဖွင့်တော့ ပါပါ မိန်းကလေး ဘော်ဒါဆောင်မှာ
နေခွင့်မရတော့ဘူး။ ပါပါ့အစ်မကြီးလည်း တခြား ကျောင်းတကျောင်းမှာပဲ နေရတယ်။ သင်တိုင်းလည်း မဝတ်တော့ဘူး။ ကျောင်းမဖွင့်မီ
ပါပါ့အဖေက ပါပါ့ကို ကျုံပျော်ခေါ် သွားပြီး ရှပ်အင်္ကျီ ဘောင်းဘီတိုတွေ ချုပ်ပေးတယ်။ နောက် ဖိနပ်ဆိုင်မှာ ဘွတ်ဖိနပ်ခေါ်တဲ့ ဖိနပ်
အမြင့်စားကို ချုပ်ပေးတယ်။ ကျောင်းတက်တော့ ဝတ်ဖို့ ဖြစ်ပါတယ်။ ပါပါ့အဖေဟာ ပါပါ့ကို ရှပ်အင်္ကျီ၊ ဘောင်းဘီတို၊ ဘွတ်ဖိနပ်တွေ
ချုပ်ပေးသော်လည်း ပါပါ့နာမည်ကိုတော့ ဗမာလိုပဲ ပေးပါတယ်။
         အဲဒီအချိန်မှာ ပညာတတ်လူတန်းစားတွေဟာ သူတို့ သားသမီးများကို အများအားဖြင့် အင်္ဂလိပ် နာမည် ပေးတဲ့ခေတ်
ဖြစ်ပါတယ်။
ွ
         ပါပါဟာ ငယ်ရယ်စဉ်ကပင် မတော်တဆ ထိခိုက်ဒဏ်ရာတွေ ရပါတယ်။ ပုသိမ်ကျောင်းမှာနေစဉ် နွေရာသီကျောင်းပိတ်ချိန်
ွဲ
တချိန်မှာ ရွာပြန်လာတဲ့အခါ အပေါင်းအသင်းများနဲ့ ကမ်းနား သစ်ပင်မှ နွယ်ကြိုးကို တယောက်တလှည့် တွဲလခိုပြီး၊ ဒန်းအဖြစ်
ဲ
မြစ်ဘက်ကို လွှဲစီးကြတယ်။ ပါပါအလှည့်ရောက်တော့ အဖော်တယောက်န့အတူစီးတော့ မြစ်ဘက်ကို ရောက်သွားတဲ့အခါ နွယ်ကြိုးဟာ
ဲ
ပြတ်သွားပါတယ်။ ဖြစ်ချင်တော့ မြစ်ထမှာ ပေါ်ချည်မြုပ်ချည် မျှောလာတဲ့ ငါးငုပ်ပေါ်မှာ ပါပါတို့ ကျသွားတယ်။ ပါပါ့အဖော်က
ခေါင်းပေါက်ပြီး    ပါပါကတေွာ့
                                 မေးစေ့ထိသားပြီး   အရိုး   ပေါ်သွားတယ်။   ပါပါအဖေနှင့်   အမေက    ပါပါ့ကို    ရွာတဖက်ကမ်းရှိ
ဒေါက်တာကီမိုးရာဆီ ခေါ်သွားတယ်။ ဒေါက်တာကီမိုးရာက ဆေးထည့်ပြီး ပြန်ချုပ်ပေးတယ်။
         နောက် ဒီဇင်ဘာ ခရစ်စမတ် ကျောင်းပိတ်ချိန်တချိန်မှာလည်း ရွာပြန်ရောက်ပြီး ဦးလေးလယ်ထဲကို သွားလည်တယ်။
ဲ
စပါးရိတ်သိမ်းချိန်ဖြစ်တော့ တလင်းထဲမှာ စပါးနယ်တ့လူက နယ်၊ လွေ့တ့လူက လွေ့နဲ့ အလုပ်များနေကြတယ်။ ပါပါလည်း တလင်းထဲ
ဲ
လျှောက်ပြေးကစားရင်း ချော်လပါတယ်။ ဦးလေး မွေးထားတဲ့ အင်းခွေးကြီးပေါ်မှာ ချော်လမိလို့ အင်းခွေးကြီးက ပါပါ့မျက်နှာကို
ထကိုက်တယ်။ ဘေးနားက လူတွေက ပါပါမျက်နှာကို ခွေးကိုက်ထားတာ တွေ့တော့ မျက်လုံးကန်းကုန်ပြီလို့ တွက်ကြတယ်။ ခွေးကို
ဲ
မောင်းထုတ်ကြပြီး ပါပါ့ကို လာထူကြတယ်။ ပါပါ့မျက်နှာမှာတော့ သွေးတွေန့ပေါ့။ ကံကောင်းလို့ ခွေးကိုက်တာ မျက်လုံး မထိဘူး။
ဲ
မျက်လုံးနားမှာ ကပ်ထိတော့ အနာရွတ် ကျန်ရစ်ခ့တယ်။
         ပါပါကြီးပြင်းလာတဲ့အခါ ဂျပန်တော်လှန်ရေးမှာ လေထီးနဲ့ဆင်းတော့ ပေါင်ကျိုးခဲ့တယ်။ နံရိုးတချောင်းလည်း ကျိုးခဲ့တယ်။
ွဲ
သမ္မတဖြစ်တဲ့အခါမှာ မြင်းပေါ်ကလိမ့်ကျလို့ ဦးခေါင်းခွံ ကွအက်သားတယ်။
         ၁၉၂၅ ၀န်းကျင်မှာ ငသိုင်းချောင်း ရေကာတာ ကျိုးတယ်။ အဲဒီအချိန်မှာ ပါပါက ပုသိမ်ကျောင်းမှာ စာသင်နေတယ်။
ွ
သီတင်းကျွတ်ကျောင်းပိတ်၊ ပါပါပြန်လာတော့ ရေကြည်နဲ့ ကျုံပျော်သား ကားလမ်း တချို့ ရေမြုပ်နေသေးတာကို တွေ့ရတယ်။
ဲ
ဒီလိုရေမြုပ်တဲ့နေရာမှာ ကား ဖြည်းဖြည်းမောင်းရတယ်။ ကျုံပျော်ရောက်တော့ ကမ်းနားမှာရှိတ့အိမ်တွေ ရေမြုပ်နေသေးတာကို
တွေ့ရတယ်။
ွ
         ဓားကချောင်းလည်း ၄ - ၅ ဆ လောက် ကျယ်သားတယ်။ ရွာကို သမ္ဗာန်နြဲ့ ပန်တော့ ရေမြုပ်နေသေးတဲ့ ရွာနဲ့ဥယျာဉ်ခြံထဲမှာ
ခတ်သွားရတယ်။ အိမ်ပြန်ရောက်တော့ အိမ်အောက်မှာ ရေသုံးပေလောက် ရှိသေးတယ်။ ရေကြီးတုန်းက ပျဉ်ပြားခင်းထားတဲ့အဆင့်
ရောက်ဖို့ တထွာလောက်ပဲ လိုတယ်လို့ အဖေနဲ့အမေက ပြောပြတယ်။
         ပါပါ့အဖေက ငါးယောက်ဆံ့တဲ့ လှေတစင်း ဝယ်ထားတယ်။ ပါပါလည်း ရွာထဲလျှောက်လည်တော့ လှေနဲ့ပဲ သွားရတယ်။
အဲဒီထဲကစပြီး ပါပါလှေလှော် တတ်တယ်။ တခါ ပါပါ့အမေက ပါပါ့ကို မြစ်ဖြတ်ပြီး တဖက်ကမ်းရောက်အောင် လှေလှော်ပြတယ်။
ွ
ပြန်လာတော့ ပါပါ့အဖေကသိလို့ လှေမှောက်သားရင် ဘယ်နှယ့်လုပ်မလဲဆိုပြီး ပါပါ့အမေကို ဆူတယ်။
         ၁၉၂၇ ခုနှစ်၊ မတ်လမှာ ခါတိုင်းနှစ်များလိုပဲ မွန် ကရင် အထက်တန်းကျောင်းဟာ နွေရာသီအတွက် ကျောင်းပိတ်ပါတယ်။
အဲဒီနှစ်မှာ   ပါပါက   ၅    တန်းစာမေးပွဲ   ဖြေဆိုထားပါတယ်။      ကျောင်းပိတ်ရင်      ပါပါ့   အဖေ     သို့မဟုတ်   အမေ   အမြဲတမ်း
လာရောက်ကြိုပါတယ်။ အဲဒီနှစ် ပါပါ့အဖေရော အမေပါ မလာကြပါ။ ပါပါ့အဖေက မအားလို့ အမေက သိပ်နေမကောင်းလို့ဆိုပြီး
ွ
လူကြုံနဲ့ စကားပါးလိုက်ပါတယ်။ အဲဒီနှစ် လူကြုံနဲ့ပဲ ပါပါ ပြန်သားရပါတယ်။ ရေကြည်ဘူတာကျတော့ အမြဲတမ်းလာကြိုနေတဲ့
ဲ
ပါပါ့အဖေကိုလည်း ပါပါ မတွေ့ဘူး။ ဘာများဖြစ်နေကြသလဲဆိုတာ ပါပါ့စိတ်ထမှာ သံသယ ဝင်လာပါတယ်။
ွ
         ကျုံပျော်မြို့ကို နံနက် ၁ဝ နာရီအချိန်မှာ ရောက်သားပါတယ်။ ခါတိုင်းဆိုလျှင် ကျုံပျော်မှာ ထမင်း စားသောက်ပြီးမှ ရွာကို
ဲ
ပြန်လေ့ရှိပါတယ်။ ဒီတခါ ပါပါ ထမင်းစားချင်စိတ်မရှိဘူး။ ရွာကိုပဲ တန်းပြန်ချင်တ့စိတ် ပြင်းပြလာတယ်။ ရွာကို နံနက် ၁၁ နာရီအချိန်မှာ
ပြန်ရောက်ပါတယ်။ အိမ်ရောက်တော့ ပါပါ ဘာကိုတွေ့သလဲဆိုတော့ ပါပါ့အဖေ နာမကျန်းဖြစ်ပြီး အိပ်ရာပေါ်မှာလဲနေတာ တွေ့ရတယ်။
နေမကောင်းတာ ၂ လ - ၃ လရှိပြီဖြစ်ကြောင်း သိရပါတယ်။ ပါပါ့အမေကတော့ နေကောင်းပါတယ်။ ပါပါ့အဖေရဲ့ရောဂါဟာ
ဝမ်းကိုက်ရောဂါ ဖြစ်ပါတယ်။ ကျုံပျော်မြို့က ဆရာလည်း တလ တခါ လာ ရောက်ဆေးထိုး ကုသပေးပါတယ်။
ွ
         သို့သော် သက်သာလာခြင်း မရှိပါ။ ပါပါပြန်ရောက်သားတဲ့အချိန်မှာ ပါပါ့အဖေဟာ တော်တော်ကလေး ပိန်သွားပါတယ်။
ကျုံပျော်မြို့က ဆရာဝန်နဲ့ ကုသတာ မသက်သာတဲ့အတွက် ဗိန္ဓောဆရာနဲ့ ထပ်မံ ကုသတယ်။ အကြောင်းမထူးပါ။ ကျုံပျော်မြို့က
ဆရာဝန်ရော၊ ဗိန္ဓောဆရာပါ လက်လျှော့လိုက်ကြ ပါတယ်။
         ၁၉၂၇ ခု၊ မေလ ၂၉ ရက် နံနက် ၂ နာရီအချိန်မှာ ပါပါ အိပ်ကောင်းတုန်း ပါပါအမေက ပါပါ့ကို သားကြီး သားကြီး ထထ လို့
နှိုးပါတယ်။ ပါပါနိုးလာတော့ ပါပါ့အမေက ငိုယိုပြီး 'သားကြီးအဖေ ဆုံးသွားပြီ' လို့ ပါပါ့ကို ပြောပါတယ်။
         ပါပါ့အဖေရဲ့အလောင်းကို ရေချိုးပေးကြပြီး အဝတ်အစားများ လဲပေးကြပါတယ်။ ပါပါ့အဖေ သေဆုံးတဲ့ အချိန်မှာ ပါပါအဖေဟာ
အရိုးနဲ့အရေလောက်ပဲ        ကျန်ပါတော့တယ်။      ရွာရဲ့   ဓလေ့ထုံးစံအတိုင်း   ပါပါ့     အဖေအတွက်         ခေါင်းစပ်ကြပါတယ်။   ပါပါ
ဲ
ခေါင်းစပ်တဲ့နေရာကို သွားကြည့်တယ်။ ခေါင်းစပ်တ့လူတွေက ပါပါ့ကိုတွေ့တော့ သူတို့အချင်းချင်း ဒီကလေးလည်း သူ့အဖေဆုံးလို့
ဲ
ကျောင်းဆက်နေနိုင်တော့မှာ မဟုတ်ဘူးလို့ ပြောကြတယ်။ ပါပါ့အဖေကို ရွာသင်္ချိုင်းမှာပဲ မြှုပ်နှံ သင်္ဂြိုဟ်ပါတယ်။ လှဆိပ်ရွာ သင်္ချိုင်းမှာ
ယခုထက်တိုင် ပါပါ့အဖေရဲ့ဂူ ရှိနေပါတယ်။
ပါပါ့အဖေ ဆုံးပြီးနောက်
         ဘဝလမ်း ခရီးဟူသည်မှာ ပန်းခင်းထားသောလမ်းချည်း မဟုတ်ပါ။ ဆူးညှောင့်ခလုတ်နှင့် ပြည့်ဝသော လမ်းလည်း ရှိပါတယ်။
ပါပါသည် အဖေဆုံးပြီးနောက် ပန်းခင်းသောလမ်းပေါ်မှာ လျှောက်ရာမှ ရုတ်ချည်း ဆူးညှောင့်ခလုတ်နှင့် ပြည့်ဝသောလမ်းပေါ်သို့
ရောက်ရှိသွားပါတယ်။
        ပါပါ့အဖေဆုံးပြီးနောက် တပတ်အကြာ ဇွန်လ ပထမပတ်မှာ ကျောင်းများ အသီးသီး ဖွင့်ပါတယ်။ ကျောင်းများဖွင့်သော်လည်း
ပါပါ့ကို ကျောင်းထားမည့်သူမရှိသဖြင့် ပါပါ့ကျောင်းမသွားနိုင်တော့ပါ။ ပါပါ့ အစ်မကြီးလည်း ကျောင်းဆက်မနေနိုင်သဖြင့် မော်လမြိုင်
ွ
'အမေရိကန်ဆေးရုံမှာ သူနာပြုဆရာမ သင်တန်း လျှောက်ထားရာ ရသဖြင့် မော်လမြိုင်သို့ ထွက်ခာသွားပါတယ်။ ပါပါ့ညီမကလေးက
ရွာကျောင်းမှာပဲ ကျောင်းနေပါတယ်။ ညီလေးကတော့ ကျောင်းမနေတတ်သေးပါ။
          တနေ့ မနက် မီးဖိုချောင်မှာ ပါပါထမင်းချက်နေတုန်း ပါပါ့အမေက ပါပါ့ကိုလာပြောပါတယ်။ သားကြီး မြို့ကျောင်းမှာ
ဲ
တနှစ်ဆက်နေလိုရင် အမေကြိုးစားထားပေးမယ်လို့ ပြောပါတယ်။ ဒီတော့ ပါပါက တနှစ်ထနဲ့ အကြောင်းထူးမှာ မဟုတ်ဘူး၊ တောမှာပဲ
ဖြစ်သလို နေထိုင် လုပ်ကိုင် စားသောက်မယ့် အကြောင်း ပြန်ပြောပါတယ်။ ပါပါ့အဖေ သုံးလေးလဖျားတော့ ဆေးဖိုးဝါးခ ပေးရန် အိမ်မှာ
ရှိတာတွေ ရောင်းချရတဲ့အကြောင်း လူကြီးတွေ အချင်းချင်း ပြောသံကြားတော့ ပါပါ့အနေနဲ့ ပါပါ့အမေကို ဒုက္ခ မပေးချင်တော့ပါ။
        ပါပါ အိမ်မှာပဲနေပြီး တတ်နိုင်သည့်ဘက်မှ အိမ်အလုပ်ကို ဝိုင်းကူလုပ်ပါတယ်။ မီးဖိုချောင် အလုပ် ဆိုလျှင် မီးမွှေးပြီး
ထမင်းချက်ပါတယ်။ ငါးပိရည်ကျိုအိုး တည်ပါတယ်။ ဟင်းတော့ မချက်တတ်သဖြင့် ပါပါ့အမေပဲ ချက်ပါတယ်။ မနက် ညနေ အမေ
မွေးထားတဲ့ဝက်တွေကို အစာကျွေးရပါတယ်။
        အိမ်အလုပ်ဝိုင်းလုပ်ရင်း အိမ်မှာနေရင်းနဲ့ ဇူလိုင်လကုန်ခါနီးမှာ ပါပါနေခဲ့တဲ့ ပုသိမ်က မွန် ကရင် အထက်တန်းကျောင်း၊
ဲ
ကျောင်းအုပ်ကြီးထံမှ စာလာတယ်။ စာကတော့ ပါပါ့အတွက် အစိုးရထံမှ ထောက်ပံ့ကြေး ရရှိတ့အတွက် ကျောင်းပြန်လာနေဖို့ပဲ
ဲ
ဖြစ်တယ်။ ဒီစာရတော့ ပထမ ပါပါ နားမလည်ဘူး၊ အံ့အားလည်း သင့်တယ်။ ဘာကြောင့်လဆိုတော့ ကျောင်းပြန်နေဖို့ အစိုးရထံမှာ ပါပါ
တခါမှ လျှောက်လွှာ မတင်ခြင်းကြောင့်ပဲ ဖြစ်တယ်။
        နောက်မှ ပါပါသိရတာကတော့ ပါပါ့အမေဟာ ကျောင်းအုပ်ကြီးထံစာရေးပြီး ပါပါ့အတွက် အစိုးရထံမှ ထောက်ပံ့ကြေးရရန်
ဆောင်ရွက်ပေးဖို့   မှာကြားတယ်ဆိုတာ      သိရတယ်။       ပါပါ့အဖေဆုံးစ   ကျောင်းဖွင့်ချိန်မှာ   ပါပါ့အမေက   ပါပါ့ကို   ကျောင်းတနှစ်
ကြိုးစားထားပေးမယ်ဆိုတာ      ပြောတယ်။     နောက်       ပါပါ့အမေက   ပါပါ့ကို   ကျောင်းဆက်နေနိုင်ရန်    ကျောင်းအုပ်ကြီးထံ     စာရေး
ပန်ကြားတယ်ဆိုတော့ မိဘများဟာ သားသမီးကို ဘယ်လောက် ချစ်တယ်၊ မိဘကျေးဇူး ဘယ်လောက် ကြီးမားတယ်ဆိုတာ ပါပါ
မကြာမကြာ ပြောပါတယ်။
ွ
        ပါပါကျောင်းပြန်သားတော့ ၅ တန်းအောင်ထားတဲ့အတွက် ၆ တန်းမှာ နေရတယ်။ ကျောင်း ၂ လနီးပါးမျှ နောက်ကျတော့
အချိန်ပိုယူပြီး မသင်ရသေးတဲ့ သင်ခန်းစာတွေကို လိုက်လံမေးရတယ်။
       ပုသိမ် မွန် ကရင် အထက်တန်းကျောင်းမှာ ပါပါ ဆယ်တန်းအောင်တဲ့ ၁၉၃၃ ခုနှစ်အထိ နေခဲ့တယ်။
ဲ့
       ပါပါကျောင်းမှာနေတုန်း အစိုးရထံမှရတဲ့ အထောက်အပံ့ဟာ ကျောင်းလခနှင့် ထမင်းစရိတ်အတွက်သာ လုံလောက်တအတွက်
ပါပါ့အမေက မုန့်ဖိုးအဖြစ် တလ ၄ ကျပ် ပို့ပေးတယ်။ ပါပါနေတဲ့ ဘော်ဒါဆောင်မှာာ နံနက်တိုင်း နာရီဝက်ခန့် ဘော်ဒါကျောင်းသားတွေ
ှဲ
အလုပ်လုပ်ရတယ်။ ဘော်ဒါဆောင် အခန်းများ အမှိုက်လတဲ့ အလုပ်၊ မြက်ခုတ်မြက်ပေါက် အလုပ်၊ ရေခပ်တဲ့ အလုပ်၊ ထမင်းစားရုံမှာ
ထမင်းဟင်း ပြင်ဆင်တဲ့ အလုပ် အစရှိသည်များ ဖြစ်ပါတယ်။
ှဲ
         အလုပ်ကို တလတခါ ဘော်ဒါအုပ်က လှည့်ပေးပါတယ်။ ဘော်ဒါဆောင်အခန်းများ အမှိုက်လတဲ့အလုပ်ကို လုပ်ရတဲ့
ကျောင်းသားများက ပါပါ့ကို လာငှားလုပ်ခိုင်းပါတယ်။ စနေ၊ တနင်္ဂနွေနေ့များမှာ ကျောင်းပိတ်တော့ ကျောင်းသားကြီးများက သူတို့
ွ
အင်္ကျီလျှော်ဖွတ်ပေးဖို့ ပါပါ့ကို လာပေးတယ်။ လျှော်ဖတ်ခ တထည် နှစ်ပြား ပေးပါတယ်။ ဆပ်ပြာလည်း ပေးပါတယ်။ သူတို့ပေးတဲ့
ွ
ဆပ်ပြာနဲ့ပဲ ပါပါ့အင်္ကျီတွေ ပါပါ လျှော်ဖတ်နိုင်ပါတယ်။
ွဲ
         ပါပါတို့ကျောင်းနေတဲ့ ခေတ်တုန်းက လက်ဖက်ရည်တခွက် ၃ ပြားပါ။ ခေါက်ဆကြော်တခွက် တမူး (ဆယ်ပြားခန့်)
အကောင်းစား စပါယ်ရှည်တခွက် တမတ် (၂၅ ပြားခန့်)၊ ဆံပင်ညှပ်ခ တမူး ဖြစ်ပါတယ်။ ဟိုတုန်းက ပိုက်ဆံတန်ဖိုးနဲ့ ယခုခေတ်
ွ
ပိုက်ဆံတန်ဖိုး ဘယ်လောက်ကာခြားတယ် ဆိုတာ သိနိုင်ပါတယ်။
         ပုသိမ်မြို့ ဟိုတစ်ဖက်ကမ်းလောက်မှာ တောင်သူကုန်းဆိုတာ ရှိတယ်။ ကားရားသီး (မအူပင်ဘက် ကွင်း ကနစိုးသီး
ဟုခေါ်သည်) ခေါ်တဲ့ သစ်သီးတော ရှိတယ်။ ကားရားသီးဆိုတာ အသီး လက်ညှိုးပုံသဏ္ဍာန်ဖြစ်ပြီး အတွဲလိုက်၊ အဆုပ်လိုက်
သီးပါတယ်။ မှည့်တော့ အရောင်ညိုလာပါတယ်။ အရသာက ချဉ်ပြုံး ဖြစ်ပါတယ်။ တချို့လည်း ချိုချဉ်ဖြစ်ပါတယ်။ သကြားနှင့်စားလျှင်
အရသာ ပိုရှိပါတယ်။ တောင်ကုန်းမှာ ကားရားသီးပေါ်ချိန်မှာ ပါပါနဲ့ကျောင်းနေဖက် အပေါင်းအဖော်တွေဟာ အားတဲ့ စနေနေ့မှာ
ွ
ကားရားသီး သွားခူးစားကြပါတယ်။ အပျော်သားတဲ့ သဘောမျိုးပါပဲ။
        ပုသိမ်မြို့ကို ဖိလစ်ပိုင်နိုင်ငံက မနီလာဆပ်ကပ် လာရောက် ကပြပါတယ်။ ပါပါတို့ကျောင်းနဲ့ သိပ်မဝေးတဲ့ မိုင်ဒါကွင်းမှာ
ကပြပါတယ်။ တလခန့်ကြာပါတယ်။ ကပြပြီး နှစ်ပတ်အကြာမှာ ကျောင်းသူ ကျောင်းသားတွေကို ရုံဝင်ခ တဝက်ခနှင့် ကပြပါတယ်။
ပါပါတို့ကျောင်းက   ကျောင်းသူကျောင်းသားများ သွားကြပါတယ်။ ပါပါက ပိုက်ဆံမရှိလို့ မသွားနိုင်ပါ။ သွားကြည့်ပြီး ပြန်လာတဲ့
ကျောင်းသားတွေ ပြောပြတာကိုပဲ နားအရသာခံပြီး နှစ်သိမ့်နေရတယ်။
       ကျောင်းပိတ်တဲ့အခါ ပါပါ အိမ်ပြန်ပါတယ်။ နွေရာသီကျောင်းပိတ်ရက်များဆိုလျှင် ပါပါက အိမ်အလုပ် ခြံအလုပ် လုပ်ရတဲ့အပြင်
ပါပါ့ဦးလေး နွားများကိုပါ ထိန်းကျောင်းပေးရပါတယ်။ အိမ်အလုပ်ကတော့ သုံးရေခပ်ရတာ သက်သာသလောက်၊ သောက်ရေကျတော့
မိုင်ဝက်လောက်ဝေးတဲ့ ရေတွင်းမှာ သွား ခပ်ရတော့ သိပ်မသက်သာလှပါ။
         ခြံအလုပ်နဲ့ပတ်သက်လို့ ရွာနဲ့ မိုင်ဝက်ကျော်နေရာမှာ ပါပါ့အမေက ခြံလုပ်ပါတယ်။ ငါး ဧကခန့် ကျယ်ဝန်းပါတယ်။
အဓိကစိုက်တဲ့ အပင်များကတော့ ငှက်ပျောပင် နဲ့ ခရမ်း၊ ပြောင်း၊ တိုင်ထောင်ပဲ အစရှိတဲ့ သီးနှံပင်များ ဖြစ်တယ်။ အမေစိုက်တဲ့
သီးနှံတွေဟာ အောင်မြင်သင့်သလောက် မအောင်မြင်တော့ မုဆိုးမခြံ ဘယ်လောက်အောင်မလဲလို့ အပြောခံရတယ်။
        အဲဒီခြံမှာ စိုက်ထားတဲ့ သီးနှံပင်တွေ ပါပါကျောင်းပိတ်ပြန်လာတော့ ရေထမ်းလောင်းရတယ်။ ရေကို သောက်ရေတွင်းကနေ
ဲ
ခပ်လောင်းရင် နီးပေမယ့် ခြံရေလောင်းဖို့ သောက်ရေတွင်းကို မသုံးရဘူး ဆိုတာနဲ့ ခြံရ့ မိုင်ဝက်ကျော်ဝေးတဲ့ ဓားကချောင်း
(လှည်းဆိပ်ရွာကို ဖြတ်ဆင်းသွားသော ခဲပေါင်ချောင်း)မှာ ရေသွားခပ်ရတယ်။ သိပ်မသက်သာလှဘူး။ စိုက်ထားတဲ့ ငှက်ပျောတွေဟာ
ဖီးကြမ်းတွေ ဖြစ်တယ်။ တခါတခါ ကျောင်းပိတ်ပြန်တာနဲ့ ငှက်ပျောခုတ်ရောင်းတာနဲ့ကြုံရင် ခြံကနေ ကမ်းနားထိ (မိုင်ဝက်)ကို
ငှက်ပျောခိုင်တွေ ထမ်းပို့ရသေးတယ်။
          ပြောခဲ့တဲ့   အိမ်အလုပ်     ခြံအလုပ်တွေကို    ညနေပိုင်းမှ     လုပ်တာများတာပဲ။           မနက်ပိုင်းမှာ      ဦးလေးရဲ့    နွားတွေကို
ကျောင်းပေးရတယ်။ ရွာက တခြားနွားတွေကို ကျောင်းပေးတဲ့ နွားကျောင်းသားတွေလည်း ရှိကြတယ်။ နွားတွေကို ရွာကနေ
တမိုင်ကွာခန့်မှာရှိတဲ့ စားကျက်လိုနေရာမှာ ကျောင်းကြတယ်။ စုပေါင်းပြီး ကျောင်းကြတာပေါ့။ စားကျက်ရယ်လို့တော့ အတိအကျ
ွဲ
မဟုတ်ပါဘူး။ ရိတ်သိမ်းပြီး လယ်ကင်းတွေထမှာ ဒါမှမဟုတ် လျှိုမြောင်တွေထမှာ ဖြစ်ပါတယ်။
          နွားကျောင်းသားဘဝကို        ပြန်တွေးကြည့်တော့     တမျိုး    ပျော်စရာ    ကောင်းတယ်။            နွားကျောင်းသားတွေမှာ         ကိုယ်စီ
သားရေကြိုးလေးခွတွေ ရှိတယ်။ လေးခွက လောက်လေး သဘောမျိုးပါပဲ။ ဒါပေမယ့် သူက ခွ ပုံသဏ္ဍာန်ရှိတဲ့ သစ်ကိုင်းပြတ်
ဒါမှမဟုတ် သစ်သားကို ခွပုံလုပ်ပြီး သားရေကြိုးကို သစ်သားကိုင်းမှာ ချည်နှောင်ပြီး လောက်စလုံးနဲ့ ပစ်ရတဲ့ လောက်လေးပဲ။ သူ့ကို
လေးခွလို့ ခေါ်တာထက် 'ခွ'လို့ပဲ အလွယ်တကူ ခေါ်ကြတယ်။
ဲ
         နွားတွေကို လွှတ်ကျောင်းတဲ့ လျှိုနား၊ ကမ်းနား ရောက်တ့အခါ ပါပါတို့က မြေစေးကို ယူတယ်။ ကော်တယ်၊ ဒါမှမဟုတ်
တူးတယ်။ နောက်ပြီး လောက်စလုံးတွေ လုံးတယ်။ လောက်စလုံးတွေရကြပြီ ဆိုရင် တခါတလေ ခေါင်ပုံပစ်တမ်း ကစားကြတယ်။
ခေါင်ပုံဆိုတာက လောက်လုံးကို သုံးလုံး ဖိုခနောက်ဆိုင်ထားပြီး အဲဒီပေါ်မှာတလုံး တင်တယ်။ ၄ လုံးကို တပုံပေါ့။ ကစားသူ
တယောက်ကို ဘယ်နှစ်ပုံကြေးဆိုပြီး သတ်မှတ်တယ်။
         ဥပမာ- လူ ၃ ယောက်၊ တယောက်ကို ၃ ပုံသတ်မှတ်ရင် ၉ ပုံကို အတန်းလိုက် စီလိုက်တယ်။ စီပြီးတော့ ပေ ၅ဝ
ဲ
အကွာလောက်ကနေ တယောက်တလှည့်စီ လောက်စလုံးနဲ့ လှမ်းပစ်ရတယ်။ ဒီလို လှမ်းပစ်တ့အခါမှာ ရှေ့ဆုံးကပုံကို ထိလို့
စီထားတာတွေ ပြိုသွားရင် ကျန်အပုံတွေ အားလုံးကို ရတယ်။ အကယ်၍ စီထားတဲ့အပုံကို မထိလို့ ဒါမှမဟုတ် ပွတ်သီပြီး ထိပေမယ့်
အပုံမပြိုရင် မရဘူး။ အကယ်၍ အလယ်ကအပုံကို ထိပြီး ပြိုတယ်ထား အဲဒီအပုံက နေစပြီးနောက်ပိုင်း အပုံတွေအားလုံးကို ရတယ်။
စားရတယ်ပေါ့။
ဲ
         ဒါပေမယ့် ထိတ့အပုံကနေ ရှေ့ပိုင်းဘက် အပုံတွေကိုတော့ မစားရဘူး။ ဒါက မကစားမီ ကြိုတင် သတ်မှတ်ထားတဲ့
စည်းကမ်းချက်တွေ ဖြစ်တယ်။ နောက်ပြီး ဘယ်သူက စ ပစ်ရမယ် ဆိုတာကို စီစဉ်ရသေးတယ်။ စီစဉ်ပုံကတော့ ကစားမယ့်လူ
သုံးယောက်ဟာ        သတ်မှတ်တဲ့      တနေရာကို     လောက်စလုံးနဲ့        လှမ်းပစ်ရတယ်။      လောက်စာလုံး             အနီးဆုံး   ရောက်တဲ့လူက
ပထမစကစားရပြီး နောက် ဒုတိယ တတိယ စသည်ဖြင့် အနီးဆုံးလူက အစဉ်လိုက် ကစားသွားရတယ်။ ထွေခင်းတဲ့ သဘောလိုပါပဲ။
         နွားကျောင်းသားတွေအနေနဲ့ ခေါင်းပုံပစ်တန်း မကစားလျှင် တာပြေးတမ်း ကစားကြတယ်။ ဒါလည်း လောက်စလုံးတန်း
ကစားကြတယ်။ တာပြေးမယ့် လူနှစ်ယောက်က လောက်စလုံး ဘယ်နှစ်လုံးကြေး လောင်းမယ် ဆိုပြီး ပြေးကြတယ်။ ဘေးကြည့်
နွားကျောင်းသားတွေလည်း ကိုယ်ကြိုက်ရာဘက်ကို ကိုယ် လောင်းကြတယ်။
ွ
         နွေရာသီဖြစ်လို့ တခါတလေ ပါပါတို့ နွားကျောင်းတဲ့နေရာနဲ့ မနီးမဝေးအရပ်မှာ ဟိုရာ - ဒီရွာ ချိန်းပြီး တာပြေးပွဲ
ပြုလုပ်ကျင်းပတာလည်း ရှိတယ်။ ဒီလိုအခါမှာ ပါပါတို့ နွားကျောင်းသားတွေ သွားကြည့်ကြတယ်။ တာပြေးပွဲမှာ တခါတလေ
ပန်းဆိုတာကို အသုံးပြုပြီး တခါတလေ လွက်ခုတ်တာကို အသုံးပြုတာကို တွေ့ရတယ်။ လွက်ခုတ်ကို အသုံးပြုပြီး တာပြေးပွဲတခုမှာ
ွ
ပြေးတဲ့လူတယောက်က ပန်းဝင်ခါနီး အလျားခုန်ပြီး ဂျက်ကိုဝင်ခုတ်တာ ရှေ့အလျား မှောက်သားပြီး လက်မောင်းတွေ စုတ်ပြတ်ကုန်တာ
ွဲ
ပါပါ တွေ့ခဲ့ရတယ်။ အဲဒီပမှာ လက်စုတ်သားတဲ့ လူက နိုင်သားတယ်။
          တခါတလေ        ပါပါတို့   နွားကျောင်းသားတွေ     နွားကျောင်းတုန်း    ရွာနီးချပ်စပ်မှာ     ဗုံသံ၊     ဆိုင်းသံကြားလျှင်   ယင်းရွာမှာ
အလှူအတန်းရှိမှာပဲဆိုပြီး    နွားအုပ်ကြီး   နွားကျောင်းသားနှစ်ယောက်ဲ
                                                                            သုံးယောက်န့         ထားခဲ့ပြီး     ကျန်နွားကျောင်းသားတွေက
ရွာထဲမှာသွားပြီး   အကျွေးအမွေဲး
                                    အရင် ဝင်စားကြတယ်။ ပြန်လာတော့လည်း နွားကျောင်းကျန်ရစ်တ့လူတွေအတွက် စားစရာ
ယူလာခဲ့ပေးကြတယ်။
ွ
        ပါပါတို့ ရွာတဖက်ကမ်းမှာ ဆန်စက်ရှိသော်လည်း ပါပါတို့ရာကလူတွေဟာ များသောအားဖြင့် စပါး ကြိတ်မောင်းထောင်း
စားကြပါတယ်။ ပါပါလည်း စပါးကြိတ်မောင်းထောင်းရတဲ့နေ့များဆိုလျှင် ဦးလေး နွားတွေကို သွားမကျောင်းပေးနိုင်ဘူး။
         ပါပါ့အမေက       နှစ်စာဝမ်းစာ    စပါးကို   အိမ်အောက်ရှိ     ပုတ်ထမှာ
ဲ      လှောင်ထားပါတယ်။        ပုတ်ဆိုတာ    ဝါးနဲ့ရက်ထားတဲ့
တောင်းအကြီးစားပါပဲ။ လေလူအောင် ပုတ်ပတ်ပတ်လည် နွားချေးတွေနဲ့ ကျံထားပါတယ်။ ကြိတ်မယ့် စပါးတွေကို ပုတ်ထဲမှာ
ဲ
ဝင်ကျုံးရပြီး ဖျာကြမ်းပေါ်မှာ နေပူလှမ်းရပါတယ်။ ပုတ်ထမှာ စပါးကျုံးတဲ့အခါ စပါးမှုန့် ဝင်လို့ သိမ်မသက်သာဘူး။
        တနေကုန် နေပူလှန်းပြီး နောက်တနေ့ ကြိတ်ဆုံနဲ့ ကြိတ်ရပါတယ်။ ကြိတ်ဆုံကိုမသုံးမီ တနေ့ ကြိုတင်ပြီး ကြိတ်ဆုံ 'သွား'
ဲ
တွေကို ပြုပြင်ထားရပါတယ်။ ကြိတ်ဆုံ 'သွား' တွေကို မပြုပြင်ထားလျှင် စပါးကြိတ်တ့အခါ စပါးလုံး ကောင်းကောင်း မကွဲပါ။ ပါပါ
ွ
စပါးကြိတ်ခါစ ကောင်းကောင်း မကြိတ်တတ်ပါ။ နောက်ပိုင်းကျတော့ ကျင်လည်သားပါတယ်။ ပါပါ့အမေက ကြိတ်ပြီးသား စပါးတွေကို
ပြာတယ်။ အခွံမကျွတ်သေးတဲ့ စပါးတွေကို ထပ်မံကြိတ်ရတယ်။ နောက် ဆန်တွေကို ခြေနင်းမောင်းနဲ့ထောင်းပြီး ဖွတ်ရပါတယ်။
ွဲ
ကြိတ်ဆုံနဲ့ ကြိတ်ပြီး ထွက်လာတဲ့ဖဟာ ဖြွဲ ကမ်းဖြစ်ပြီး မောင်းထောင်းပြီး ထွက်လာတဲ့ ဖွဟာ ဖွနုဖြစ်ပါတယ်။
ွ
         နွေရာသီကုန်လို့ မိုးတပြိုက် နှစ်ပြိုက် ရွာလာတော့ ကျောင်းပြန်ဖင့်ရက် နီးပြီ ဆိုတာကို သတိပေးတာနဲ့ တူတယ်။
ွ
ပါပါတို့နေတဲ့ကျောင်းဟာ ရေအခက်အခဲရှိလို့ မိုးကောင်းကောင်းရွာမှ ကျောင်းပြန်ဖင့်တယ်။ ဖွင့်နေတဲ့ အချိန်ကတော့ မေလကုန်ခါနီး
ွ
(သို့မဟုတ်) ဇွန်လ ပထမပတ်ဖြစ်ပါတယ်။ တခါတလေ မေလ ကုန်ခါနီးမှ ကျောင်းပြန်ဖင့်မယ်လို့ ကြေညာထားသော်လည်း မိုးခေါင်လို့
ဲ
ဇွန်လ ဒုတိယအပတ်ကျမှ ဖွင့်ရတဲ့အဖြစ်လည်း ရှိခ့တယ်။
       ဒီလို မိုးရွာပြန်တော့ ကျောင်းသွားဖို့ အစီအစဉ် လုပ်ရပြန်တယ်။ အစီအစဉ်လို့သာ ပြောရတယ်။ တကယ်ဆိုတော့ မည်မည်ရရ
အစီအစဉ် မဟုတ်ပါဘူး။ တခြား ဝတ်နိုင်တဲ့ ကျောင်းသားတွေတော့ သူတို့မိဘများဟာ သူတို့အတွက် ဝတ်ကောင်းထည်ကောင်းတွေ
ဲ
ချုပ်ပေးကြတယ်။ ပါပါကတော့ ပါပါဝတ်ဖို့ လုံချည်ဆိုရင် ပါပါ့အဖေဆုံးပြီး ကျန်တ့လုံချည်တွေကို ပြင်ချုပ်ပြီး ပါပါ ဝတ်ရတယ်။
ကွက်လုံချည်တွေ၊ အဆင်ရင့်ရင့်တွေပေါ့။
       ကျောင်းရောက်တော့ ပါပါ ဒီ လုံချည်တွေ ဝတ်တော့ 'မင်းအဖေလုံချည် မင်းဝတ်လာပါလား' လို့ ပြောဆို နောက်ပြောင်ခြင်း
ခံရပါတယ်။ အင်္ကျီကျပြန်တော့ ပါပါ့အဖေအင်္ကျီတွေကို ပြင်ချုပ်လို့ မရတော့ ပါပါ့အတွက် အင်္ကျီချုပ်ရန် ဖျင်စတွေကို ရွာမှာ
ဈေးဆိုင်လာဖွင့်တဲ့ တရုတ်ဆိုင်မှာ အမေက မျက်နှာငယ်နဲ့ အကြွေး သွားဝယ်ရတယ်။ ဟိုတုန်းက ဈေးပေါပြီး အလုပ်ကြမ်းသမားတွေ
ဲ
ဝတ်တဲ့ လှသိင်္ဂီ အမည်ရှိတဲ့ ဖျင်ကြမ်း နဲ့ ကွက်ကြီး ကွက်ကြား ဖျင်တွေပရလို့ ဒါတွေပဲ ဝယ်ချုပ်ရတယ်။ ပါပါတို့ ခေတ်တုန်းက
ကွက်ကြီး ကွက်ကြား ဖျင်တွေဟာ ခေတ်မစားပါဘူး။ ပါပါ့အနေနဲ့ အကြွေးဝယ်လို့ရတဲ့ ဖျင်တွေကိုပဲ ချုပ်ဝတ်ရပါတယ်။
ွဲ
         မိုးတဖြိုက်နှစ်ဖြိုက်ရာပြီး လယ်ထမှာ ရေတွေဝင်လာတော့ ဖားတွေ ဆူဆူညံညံနဲ့ အော်နေတာပဲ။ ဒီတော့ ပါပါဟာ
သူ့နွားကျောင်းသားအဖော်တွေနဲ့      မီးအုပ်ကိုယ်စီကိုင်ပြီး   ဖားရိုက်ကြတယ်။     ပျော်စရာလည်း     ကောင်းတယ်။       ကြောက်စရာလည်း
ဲ
ကောင်းတယ်လို့ ပါပါက ပြောပါတယ်။ ပျော်စရာကောင်းတာက အပေါင်းအဖော်များနဲ့ ဖားထွက်ရိုက်လို့ပ။ ကြောက်စရာ ကောင်းတာက
မြွေတွေ ကင်းတွေပါပဲ။
       ဖားရိုက်တဲ့အခါ တခါတလေ ဖားကို မြွေကိုက်ထားတာတွေတော့ ဖားရော မြွေပါ ရိုက်ရတဲ့အခါလည်း ရှိတယ်။ ရေနံဆီမီးအုပ်နဲ့
ထွက်ရိုက်ရတော့     လေတိုက်လို့     မီး    ရုတ်တရက်          သေသွားတဲ့အခါလည်း      ရှိတယ်။     ဖားခုန်တဲ့   အရှိန်ကြောင့်   ရေဝင်လို့
မီးသေရတဲ့အခါလည်း ရှိတယ်။ မီးခြစ် အမြဲ ဆောင်ရတယ်။ မီးခြစ်က သစ်သားမီးခြစ်ပါ။ မိုးရွာတဲ့အခါနဲ့ ကြုံရင် မီးခြစ်ကို ခြစ်လို့
မရတော့ဘူး။ ရေမစိုအောင် မီးခြစ် ထားဖို့ ဟိုတုန်းက ခုလို ပလတ်စတစ်အိတ်တွေ မပေါ်သေးပါဘူး။
       အခုဖော်ပြသွားတဲ့ အဖြစ်အပျက်တွေဟာ နွေရာသီကျောင်းပိတ်ရက် အိမ်ပြန်ရောက်လာတဲ့အခါ ပါပါ လုပ်ကိုင် ဆောင်ရွက်ရပြီး
ဲ
တွေ့ကြုံရတဲ့ ဘဝဖြစ်ပါတယ်။ သီတင်းကျွတ် ကျောင်းပိတ်လို့ အိမ်ပြန်ရောက်တ့အခါမှာတော့ နွေရာသီ ကျောင်းပိတ်ရက်များနဲ့
မတူဘူး၊ ကျောင်းပိတ်ရက်လည်း နည်းတယ်။ ၁၅ ရက်ခန့်သာ ပိတ်တယ်။ အမေလုပ်ကိုင်ထားတဲ့ ခြံမှာ မနက်ခင်း ပေါင်းထိုးပေးတယ်။
ပေါင်းထိုးတယ်    ဆိုတာ     စိုက်ထားတဲ့သီးနှံပင်ကြားမှာ       ပေါက်တဲ့   မြက်ပင်တွေကွို
                                                                                        တူရင်းနဲ့    ထိုးပေး၊   ရှင်းပေးတာဖြစ်တယ်။
အပေါင်းအသင်း နွားကျောင်းသားတွေ နွားစာအတွက် မြက်ရိတ်တာ တွေ့တော့ ပါပါလည်း မြက်ရိတ်တတ်အောင် မြက်ရိတ်တယ်။
စပါးပေါ်တဲ့အခါလည်း ပါပါ စပါးဝင်ရိတ်တာပဲ။ သိပ် အတတ်ကြီးတော့ မဟုတ်ပါဘူး။ သဘောတရား နားလည်ထားဖို့ပဲ ဖြစ်ပါတယ်။
           သီတင်းကျွတ်        ကျောင်းပိတ်ရက်အတွင်းမှာ            လယ်တောထဲမှာ        ရေတွေ           ရှိနေသေးတယ်။      သီတင်းကျွတ်
ကျောင်းပိတ်ရက်အတွင်းမှာ      လယ်တောထဲမှာ           ရေတွေရှိနေသေးတယ်။ နွားကျောင်းသား အပေါင်းအသင်းတွေနဲ့ ပါပါ ငါးတွေ
လိုက်ထောင်တယ်။ 'ယှက်သက်' ခေါ်တဲ့ ငါးဖမ်းကိရိယာနဲ့လည်း ငါးတွေကို လိုက်ဖမ်းတယ်။ 'မြှုံး' ခေါ်တဲ့ ကိရိယာနဲ့လည်း ငါးတွေကို
ထောင်ဖမ်းတယ်။
ွ
         ပါပါ စိတ်အဝင်စားဆုံးကတော့ လယ်နား ကန်သင်း (ကဇင်း) ပေါ်မှာ တွေ့တတ်တဲ့ ပုဇန်လုံးတွင်း၊ ဂဏန်းတွင်းတွေ
ဲ
နှိုက်တဲ့အခါပဲ။ ပါပါ တခါ နှစ်ခါ နှိုက်ဖူးပါတယ်။ ကံဆိုးချင်တ့သူတွေကျတော့ မြွေတွေ နှိုက်မိတ့အခါလည်း ရှိတယ်။
ွ
        ညဘက်ကျ ကျောင်းသင်ခန်းစာများ ဖတ်ရန် ပါပါ ကြိုးစားပါတယ်။ ခြင်ကိုက်လန်းတဲ့အတွက် မဖတ် နိုင်ပါ။ ညအိပ်တဲ့အခါ
ထောင်စရာ ခြင်ထောင်မရှိလို့ ခြင်မကိုက်အောင် အိမ်အောက်မှာ မီးမွှေးပြီး အိပ်ရပါတယ်။ တက်လာတဲ့ မီးခိုးအရှိန်ကြောင့် ခြင်များ
လွှင့်စင်ကုန်ပါတယ်။ မီးခိုးကို ရှူရှိုက်ရင်း ပါပါတို့ မိသားစုတွေ အိပ်ကြရပါတယ်။
        မအိပ်မီ တခါတလေ ပါပါ့အမေက ပါပါ့ကို တောမှာနေပြီး နေထိုင် စားသောက်ရတဲ့ အကြောင်းကို ပြောပြပါတယ်။ ပါပါ့
ဲ
အဖေဆုံးပြီးနောက် လူမလေး ခွေးမခန့် ခံရတဲ့ အကြောင်းတွေလည်း ပြောပြပါတယ်။ အိမ်အောက်မှာ မွေးထားတဲ့ ကြက်ဘတွေလည်း
ွဲ
ရွာက ဘိန်းစား သူခိုးတွေ ပြောင်လာခိုးတဲ့ အကြောင်း၊ ပါပါ့အမေ နိုးရက်န့ ပြောင်ယူသားတဲ့အကြောင်း ပါပါ့ အမေက ပါပါ့ကို
ပြောပြတယ်။       ပါပါ့အမေက              ဝမ်းနည်းစကားတွေပြောတော့           ဘဝဆိုတာ         ဒီလိုချည်း       ဆင်းရဲနေမှာ       မဟုတ်ဘူး။
ပြန်ကောင်းစားတဲ့အခါလည်းရှိမှာပဲဆိုပြီး ပါပါက ပါပါ့အမေကို အားပေး စကားပြောရပါတယ်။ (ပါပါဝန်ကြီး၊ သမ္မတဖြစ်စဉ် ပါပါ့အမေကို
ပါပါ ခေါ်ထားပါတယ်။)
         ၁၉၃၃ ခု မတ်လ ဖြစ်ပါတယ်။ ပါပါတို့ ဆယ်တန်း အစိုးရစာမေးပွဲ ဝင်ဖြေရမယ့်လ ဖြစ်ပါတယ်။ ပါပါ ဆယ်တန်း
စာမေးပွဲဝင်မဖြေမီ သုံးလေးလအလိုမှာပင် ပါပါကျောင်းနေဘက် သူငယ်ချင်း ဦးဝီ(လ)ဆင်သိန်း အိမ်မှာ စာသွားဖတ်ပါတယ်။ (ယခု
အကောက်တော်ဌာန လက်ထောက်မင်းကြီး အငြိမ်းစား ဦးဝီ(လ)ဆင်သိန်းတို့အဖေ) အမေဟာ ကျောင်းဝင်းထဲမှာရှိတဲ့ အိမ်တအိမ်မှာ
နေကြတယ်။
ဲ
         စာမေးပွဲ ဖြေဆိုတ့ရက်များအတွင်း ဆယ်တန်းအောင် ကျောင်းသူ ကျောင်းသားတွေကို ထမင်းကောင်း၊ ဟင်းကောင်း
ကျွေးရမယ်ဆိုပြီး ကျောင်းအုပ်ကြီးက ဘော်ဒါအုပ်ကို ညွှန်ကြားပါတယ်။ စားနေကြ မနက်ဘက် ထမင်း၊ ငါးပိရည်နဲ့ တို့စရာ၊ ညနေဘက်
ဲ
ထမင်းနဲ့ ပဲဟင်းနဲ့စာလျှင် စာမေးပွအတွင်း စာသောက်ရတဲ့ ထမင်း ဟင်းတွေဟာ ပိုကောင်းပါတယ်။
ဲ
        စာမေးပွဲလည်း ဖြေဆိုပြီးပြီ၊ ကျောင်းလည်း ပိတ်ပြီ၊ သို့သော် ပါပါ ရွာမပြန်ဘဲ ကျောင်းအုပ်ကြီး အိမ်မှာပဲ နေရစ်ခဲ့ပါတယ်။
ကျောင်းအုပ်ကြီးက ဦးရွှေတော ဖြစ်ပါတယ်။ (ယခု ရာထူး ဝန်အငြိမ်းစား) ပါပါတို့ အင်္ဂလိပ်ခေတ်တုန်းက 'ချက်ထိုး၊ မောင်း၊ နင်း
အလုပ်' ဆိုတဲ့ ဝေါဟာရ စကားပေါ်ခဲ့ပါတယ်။
          အင်္ဂလိပ်     အရာရှိများအိမ်မှာ       ထမင်းချက်      သပ်သပ်တယောက်၊ဲ
                                                                                     စားပွထိုး     သပ်သပ်တယောက်၊         ကားမောင်းတဲ့
လူသပ်သပ်တယောက်           ငှားရမ်းပြီး    ခိုင်းပါတယ်။   မြန်မာအရာရှိများအိမ်နှင့်   အထက်တန်းလွှာအိမ်များမှာတော့           ငှားရမ်းထားတဲ့
ဲ
လူတယောက်ကိုပဲ ထမင်းချက်ခိုင်းတယ်၊ စားပွထိုးခိုင်းတယ်၊ ကားမောင်း ခိုင်းတယ်။ ညဆိုလည်း အညောင်းအညာ ဖြေနင်းခိုင်းတယ်။
ဒါကြောင့် 'ချက်ထိုး၊ မောင်း၊ နင်း အလုပ်' ဆိုတဲ့ ဝေါဟာရစကား ပေါ်လာခြင်း ဖြစ်ပါတယ်။ ကျောင်းအုပ်ကြီး အိမ်မှာ ပါပါနေတာ
ချက်ထိုး အလုပ်ပဲ လုပ်ရပါတယ်။
ကောလိပ်မှာနေစဉ်
        ၁၉၃၃    ခု၊   ဧပြီလမှဲာ
                                   ဆယ်တန်းစာမေးပွအောင်စာရင်း           ထွက်လာပါတယ်။         ပါပါ    အောင်ပါတယ်။      ပါပါ့   သူငယ်ချင်း
ဦးဝီ(လ)ဆင်သိန်းလည်း      အောင်ပါတယ်။          ဦးဝီ(လ)ဆင်သိန်းကို     သူ့မိဘများက     ကောလိပ်         ဆက်ထားမမှာဖြစ်လို့    ရန်ကုန်မြို့၊
ွ
ဂျပ်ဆင်ကောလိပ်ကို သူက ကောလိပ်ဝင်ခင့်လျှောက်လွှာ လှမ်းရေးတောင်းတယ်။
ွဲ
        ပါပါတို့ခေတ်တုန်းက ဝိဇ္ဇာ၊ သိပ္ပံဘ့ရအထိသင်တဲ့ ကောလိပ်ဟာ ယူနီဗာစီတီကောလိပ်နှင့် ဂျပ်ဆင် ကောလိပ် သွားတာလည်း
နီးစပ်ရာသဘောမျိုးလည်း ရှိတယ်။ စရိတ်စကပေါ်မှာလည်း တည်ပါတယ်။ ဂျပ်ဆင် ကော်လိပ်ဟာ အမေရိကန်သာသနာပြုအဖွဲ့က
ဖွင့်လှစ်ထားတဲ့ ကောလိပ်ဖြစ်လို့ အမေရိကန် သာသနာပြုကျောင်းမှာ ဆယ်တန်းအောင်တဲ့ ကျောင်းသားတွေဟာ များသောအားဖြင့်
ဂျပ်ဆင်ကောလိပ်ကို သွားကြပါတယ်။
        စရိတ်စကအနေနဲ့ ကြည့်မယ်ဆိုလျှင် ယူနီဗာစီတီမှာ ဘော်ဒါဆောင်ခ တလ ၂၅ ကျပ်ပေး ရပါတယ်။ ဂျပ်ဆင်မှာတော့ တလ
၂ဝ ကျပ်ပဲ ပေးရတယ်။ အထွေထွေစရိတ်ကျတော့ ယူနီဗာစီတီက ပိုကုန်ပါတယ်။ ဥပမာပြောရလျှင် တန်ဆောင်တိုင် မီးထွန်းပွဲမှာ
ဲ
ယူနီဗာစီတီကောလိပ်အဆောင်တွေမှာ မီးထွန်းပွဲ တခမ်းတနား လုပ်တ့အပြင် အငြိမ့်တွေ သွင်းပြီး တခြိမ့်ခြိမ့် ကတယ်။
        အဲဒီအချိန်မှာ     ယူနီဗာစီတီကောလိပ်ဟာ            ဘီအေအေ           (ယခု   အောင်ဆန်းကွင်း)       ဘော်လုံးကွင်းမှာ      ကျင်းပတဲ့
ွဲ
ဘောလုံးပြိုင်ပတွေမှာ ဝင်ရောက် ယှဉ်ပြိုင်တယ်။ ဘောလုံးပွဲ နိုင်တ့အခါ အောင်ပခံ အငြိမ့်သင်းနဲ့ ဆူနေတာပဲ။ အဲဒီလို ကုန်ကျတဲ့
စရိတ်တွေဟာ ကျောင်းသားတွေ စုခံရတာပါ။ ဂျပ်ဆင်ကောလိပ်မှာတော့ ဒါမျိုးမရှိဘူး။ ယူနီဗာစီတီကောလိပ်မှာ အစိုးရအရာရှိကြီးများ
အနေများပါတယ်။
ွ
        ဦးဝီ(လ)ဆင်သိန်း ရေးတောင်းတဲ့ ကောလိပ်ဝင်ခင့် လျှောက်လွှာဟာ မကြာမီ ရောက်လာပါတယ်။ ပါပါလည်း ဆယ်တန်းသာ
ွဲ
အောင်တယ်။ ဘာလုပ်ရမှန်း မသိဘူး။ ဆယ်တန်း အောင်တ့လူတွေ ကောလိပ်သားဖို့ ပြင်ဆင်ကြတော့ ပါပါလည်း သွားချင်တာပဲ။
အဲဒီအချိန်မှာ ကျောင်းအုပ်ကြီး ဦးရွှေတောက ပါပါကို ဘာပြောသလဲဆိုတော့ ဂျပ်ဆင်ကောလိပ်မှာ မရှိဆင်းရဲတဲ့ ကျောင်းသားတွေကို
ဲ
တလ ၂ဝ ကျပ် ထောက်ပံ့တ့စနစ် ရှိတယ်။ အဲဒီထောက်ပံ့ကြေးနဲ့ရတဲ့ ကောလိပ်ကျောင်းသားတွေဟာ ကျောင်းအုပ်ကြီးခိုင်းတဲ့
ိ
အလုပ်တွေကို လုပ်ရတယ်။ အဲဒီ ထောက်ပံ့ကြေးကို ပါပါလုချင်လျှင် သူလျှောက်ပေးမယ့်အကြောင်း ကျောင်းအုပ်ကြီး ဦးရွှေတောက
ပါပါ့ကို ပြောပါတယ်။
        ဂျပ်ဆင်ကောလိပ်မှ တလထောက်ပံ့ကြေး ၂ဝ ကျော်ရရင် ပါပါ့အတွက် ဘော်ဒါစရိတ်တော့ ကျေမှာပဲ။ ကျောင်းလခ၊ စာအုပ်ဖိုး၊
ဲ
မုန့်ပသွားရည်စာဖိုး     အစရှိသည်တို့လည်း       လိုဦးမယ်။    အဲဒီတုန်းက     ကျောင်း    လခ    တလ       ၁၂    ကျပ်   ဖြစ်ပါတယ်။      ပါပါ
ဆယ်တန်းအောင်တဲ့နှစ်မှာ         ပါပါ့   အစ်မကြီးလည်း     မော်လမြိုင်   အမေရိကန်ဆေးရုံမှာ       သူနာပြုဆရာမသင်တန်း          အောင်မြင်ပြီး
ယင်းဆေးရုံမှာပင် သူနာပြုဆရာမ အလုပ် ပြန်ရပါတယ်။ ပါပါ့အစ်မကြီးက ပါပါ့ကို တလ ကျပ် ၂၀ ထောက်ပံ့နိုင်မယ်ဖြစ်တော့
ကျောင်းအုပ်ကြီး ဦးရွှေတောပြောတဲ့ ဂျပ်ဆင်ကောလိပ်မှ တလ ၂၀ ကျပ်ထောက်ပံ့ကြေးကို လျှောက်ပေးဖို့ ကျောင်းအုပ်ကြီးကို ပါပါက
မေတ္တာာရပ်ခံပါတယ်။
        ကျောင်းအုပ်ကြီး       ဦးရွှေတော     လျှောက်ပေးလို့     ဂျပ်ဆင်ကောလိပ်မှ       ပါပါ   ထောက်ပံ့ကြေး     တလ      ၂၀       ရတယ်။
ပါပါ့အစ်မကြီးကလည်း ပါပါ့ကို တလ ၂၀ ထောက်မယ်ဖြစ်တော့ ပါပါလည်း ကောလိပ် သွားမယ့် တခြားကျောင်းသားများနည်းတူ
ွ
ကောလိပ်ဖင့်ရက်ကို စောင့်မျှော်နေတယ်။
ွ
        ဂျပ်ဆင်ကောလိပ်ဟာ ကျောင်းသူ၊ ကျောင်းသား သစ်လင်များအတွက် ဇွန်လ ပထမပတ်မှာ ဖွင့်လှစ် မယ်ဖြစ်ပါတယ်။
ကောလိပ်ကျောင်းမသွားမီ ပါပါရွာပြန်ပြီး ပါပါ့အမေကို ကန်တော့နှုတ်ဆက်ပါတယ်။
        ကောလိပ်ကျောင်းဖွင့်တော့ အပေါင်းအဖော်များနှင့်အတူ ပုသိမ်မှနေ ရန်ကုန်သို့ မီးသင်္ဘောနှင့် သွားကြတယ်။ ပါပါအနေနဲ့
ွ
တခါမှ ရန်ကုန်မရောက်ဖူးဘူး။ ယခု ကောလိပ်သားမှပဲ ရန်ကုန်ကို ရောက်သားတယ်။ ဧရာဝတီ မီးသင်္ဘောဟာ ပုသိမ်မှ မွန်းလွဲ ၂း၃ဝ
အချိန်မှာ    ထွက်တယ်။         တညလုံး      မောင်းပြီး   တွံတေးတူးမြောင်းထဲကို     မိုးလင်းတော့   ရောက်လာတယ်။          တူးမြောင်းထဲမှာ
သင်္ဘောဖြည်းဖြည်းပဲ ခုတ်မောင်းတယ်။ ရန်ကုန် မော်တင်ဆိပ်ကမ်းကို နံနက် ၈ နာရီအချိန်မှာ ဆိုက်ကပ်တယ်။
        မော်တင်ဆိပ်ကမ်းကနေပြီး ဂျပ်ဆင်ကောလိပ်သို့ အဖော်များနှင့်အတူ သွားကြတယ်။ လမ်းမှာ တိုက်တာ အဆောက်အဦးတွေ၊
မော်တော်ကားကြီး ဓာတ်ရထားတွေကို ပါပါတွေ့ရတော့ ပါပါ့အတွက် အသစ်အဆန်းတွေချည်း ဖြစ်နေတယ်။
        ဂျပ်ဆင်ကောလိပ်ရောက်တော့ ပါပါနေရမယ့်အဆောင်ကို သွားတယ်။ အဆောင်ကတော့ တပ်လိန်တာဆောင် ဖြစ်ပါတယ်။
(ယခု ?) ဂျပ်ဆင်ကောလိပ်မှာ ယောက်ျားနေဖို့ အဆောင် ၂ ဆောင်နဲ့ မိန်းမနေဖို့ အဆောင် တဆောင်ပဲ ရှိတယ်။ ယောက်ျား
အဆောင်က 'တယ်လိန်တာ' အပြင် နော့ဆောင် (ယခု ?) ဖြစ်ပါတယ်။ တယ်လိန်တာဆောင်မှာ ပါပါနေရတဲ့ အခန်း နံပါတ်က ၃၆
ဖြစ်ပါတယ်။ ဟိုတုန်းက ဘော်ဒါဆောင်မှာ တယောက်ခန်း၊ နှစ်ယောက်ခန်း လို့ ရှိတယ်။ ပါပါနေတဲ့အခန်းက တယောက်ခန်းပဲ။
ွ
        နောက်နေ့ မောင်မယ်သစ်လင်တွေဟာ ဂျပ်ဆင်ကောလိပ် ခန်းမဆောင်ကို သွားကြရတယ်။ ကောလိပ်ကျောင်းအုပ်ကြီးက
ွ
မောင်မယ်သစ်လင်တွေကို နှုတ်ဆက်သြဝါဒစကား ပြောတယ်။ ကောလိပ်ကျောင်းအုပ်ကြီးဟာ အမေရိကန်လူမျိုးဖြစ်ပြီး နာမည်က
မစ္စတာ       ဂျူရီဖြစ်ပါတယ်။    နောက်      ကျောင်းဆရာတယောက်က               ကောလိပ်မှာ     သင်ကြားတဲ့    ဘာသာရပ်များနဲ့       ဘာသာတွဲ
ွ
အကြောင်းများကို ရှင်းပြတယ်။ ၎င်းနောက် စာသင်ခန်းများကို လိုက်လံ ပြသတယ်။ မောင်မယ်သစ်လင်တွေဟာ များသောအားဖြင့်
ဲ
ကောလိပ်မရောက်မီကပင် မည်သည့် ဘာသာတွယူမယ် ဆိုတာ စိတ်ကူး ဆုံးဖြတ် လာကြပါတယ်။ ပါပါကတော့ ရာဇဝင် ဘာသာ၊
ဲ
ဘောဂဗေဒဘာသာနှင့် စိတ္တဗေဒဘာသာတွကို ယူတယ်။ ပါပါတို့ခေတ်တုန်းက ကောလိပ်ပညာရေးစနစ်ဟာ ပထမ နှစ်နှစ်မှာ
ဲ
ဥပစာတန်းမှာသင်ပြီး အောင်ပြီးမှ ဝိဇ္ဇာ သို့မဟုတ် သိပ္ပံတန်းသို့ တက်သင်ရတယ်။ ဝိဇ္ဇာ/သိပ္ပံတန်းလည်း နှစ်နှစ်ပ။
ွ
        မောင်မောင်သစ်လင်တွေကို မနက်ပိုင်းမှာ ကောလိပ်ကျောင်းမှာ ပြောစရာတွေ၊ ညွှန်ကြားစရာတွေ ပြောပြီး နေ့လယ်
ဲ
ထမင်းစားပြီးချိန်မှာ မြို့ထဲကို အာ(ရ်)အီတီ ဘတ်(စ)ကားကြီးတွေနဲ့ လိုက်လံပြတယ်။ တမြို့လုံး နှံ့လို့ပ။ ပါပါအတွက်တော့ အကုန်
အသစ်အဆန်းပဲ။ တောသား မြို့ရောက်တဲ့ သဘောပဲ။
       လမ်းမတော်သစ်ဈေးရောက်တော့ သံဈေးနဲ့ မျက်နှာချင်းဆိုင် နေရာတနေရာမှာ တရုတ် အပေါင်ဆိုင် ရှိတယ်။ တရုတ်စာနဲ့
ဲ
ခံ့ခံ့ညားညား ရေးထားတယ်။ ပါပါတို့န့အတူ ပါလာတဲ့ ရှမ်းပြည်က ကျောင်းသားတယောက်က ဒီ အပေါင်ဆိုင်ကို တွေ့တော့
လက်ညှိုးထိုးပြီး 'ဟိုမှာ ကြည့်ထားကြ၊ ကြည့်ထားကြ၊ ဒါ တို့ နောက် အဖော်လုပ်ရမယ့်ဆိုင်' ဆိုပြီး ပြောတော့ ကျန်ကျောင်းသားတွေက
ပြုံးကြတယ်။
ွ
       မောင်မယ်သစ်လင်နေ့များဟာ တပတ်တည်း ကြာပါတယ်။ နောက် ကျောင်းသားကြီးတွေ ပြန်ရောက်ပြီး ကောလိပ်ကျောင်း
ဲ
ဖွင့်ပါတယ်။ ပါပါတို့ ခေတ်တုန်းက ကျောင်းတက်တ့အခါ တိုက်ပုံအပေါ်ခံအင်္ကျီ ဝတ်ဆင် တက်ရပါတယ်။ ရှပ်အင်္ကျီက အင်္ဂလိပ်
ကော်လံအင်္ကျီ        မဟုတ်ပါ။      ဗမာကော်လံပါ။      ထမင်းစားခန်းမှာ     ထမင်းစားသွားတော့      အပေါ်အင်္ကျီ           ဝတ်သွားရပါတယ်။
ွ
မြို့ထဲသွားတဲ့အခါလည်း အပေါ်အင်္ကျီ ဝတ်သားတယ်။ ဒါကြောင့် ပါပါတို့ခေတ်တုန်းက ပြောစမှတ်ရှိတာက ကောလိပ်ကျောင်းသားတွေ
မြို့ထဲလာရင် ကောလိပ်ကျောင်းသားမှန်း သိတယ်လို့ ပြောကြတယ်။
       ဂျပ်ဆင်ကောလိပ်မှာ       ပါပါလို    ထောက်ပံ့ကြေးယူပြီး   ကျောင်းနေတဲ့ကျောင်းသားတွေ          ရှိတယ်။    ထောက်ပံ့ကြေးယူတဲ့
ကျောင်းသားတွေ လုပ်ရတဲ့အလုပ်တွေဟာ စာကြည့်တိုက်မှာ စာအုပ်လာငှားတဲ့ ကျောင်းသားတွေကို စာအုပ် ထုတ်ပေးရတယ်။
ကျောင်းခေါ်ကြိမ်ပေါင်းစာရင်း       စာအုပ်များကို      တလတခါ           ကြည့်ရှုစစ်ဆေးပြီး    ကျောင်းခေါ်ကြိမ်ပေါင်း        မပြည့်တဲ့
ကျောင်းသားနာမည်တွေကို         ကျောင်းအုပ်ကြီးထံ   တင်ပြရတယ်။        ကျောင်းသားများအတွက်    စာတိုက်မှ        ရောက်လာတဲ့စာများကို
ဲ
ဝေငှပေးရတယ်။ ထမင်းစားရုံကို ကြည့်ရှု စီမံ ခန့်ခွရတယ်။ စားပွထိုးပေးတဲ့ အလုပ်လည်း ပါဝင်ပါတယ်။ ဒီအလုပ်တွေကို
ဲ
ကျောင်းအုပ်ကြီးက ထောက်ပံ့ကြေးယူတဲ့ ကျောင်းသားတွေကို ခွဝေပေးတယ်။
ဲ
       ပါပါတို့ ကျောင်းနေတဲ့ ခေတ်တုန်းကဆိုလျှင် မြို့ထဲမှာ ပြေးဆွနေတဲ့ကားတွေဟာ အာ(ရ်)အီတီ ကုမ္ပဏီ ပိုင် ဘတ်(စ)ကားနှင့်
ဲ
အရပ်သားပိုင် ဘတ်(စ)ကား ရှိတယ်။ အာ(ရ်)အီတီ ပိုင် ကားတွေ ပြေးဆွတဲ့ ကားလိုင်းဆိုရင် လိုင်းအလိုက် ခွဲခြားသိနိုင်ရန်
ဲ
ကားရှေ့အပေါ်မှာ တံဆိပ် တပ်ပေးတယ်။ သိမ်ကြီးဈေးမှာ ဂိတ်ထိုးပြီး အင်းစိန် ပြေးဆွတဲ့ ကား ဆိုရင် မြင်းခေါင်းတံဆိပ်၊
မင်္ဂလာဒုံဆိုလျှင် လေယာဉ်ပျံတံဆိပ်၊ ကောလိပ်ကျောင်းဆိုလျှင် နဂါးတံဆိပ် အစရှိသည်တို့ဖြစ်တယ်။ နဂါးတံဆိပ် ဘတ်(စ)ကား
စီးတဲ့ခရီးသည်ဆိုလျှင် ကောလိပ်ကျောင်းသားများပါတယ်။
ွဲ
       ပိုက်ဆံတတ်နိုင်တ့ကျောင်းသားတွေက အနည်းဆုံး တပတ်တခါလောက် မြို့ထဲသားကြတယ်။ ပါပါကျတော့ တလမှတခါ
သွားနိုင်ပါတယ်။   ရုပ်ရှင်ကြည့်တော့      တမတ်တန်းမှာပဲ   ကြည့်နိုင်ပါတယ်။    ပါပါတို့ခေတ်တုန်းက     တမတ်       ၂၅   ပြားတန်းဟာ
ရှေ့ဆုံးကဖြစ်ပြီး အဖိုးအနည်းဆုံးအတန်း ဖြစ်တယ်။
       ပါပါ ဥပစာတန်းမှာ ဘောဂဗေဒဘာသာ ယူထားလို့ လက်တွေ့ လေ့လာရေး ခရီးထွက်ရတာရှိတယ်။ အဲဒီတုန်းက ကမာရွတ်မှာ
ထီးလုပ်ငန်းနဲ့ ဆပ်ပြာချက်လုပ်ငန်းလုပ်တဲ့ အီစီမဒါး ကုမ္ပဏီ အလုပ်ရုံရှိတယ်။ (ယခု ပြည်သူပိုင်သိမ်း) ဆပ်ပြာချက်တဲ့ လုပ်ငန်းနဲ့
ထီးလုပ်ငန်းတွေ လေ့လာဖို့ ပါပါတို့ ဘောဂဗေဒဘာသာယူတဲ့ ကျောင်းသားတွေ သွားကြတယ်။
       စက်ရုံမန်နေဂျာက ဆပ်ပြာချက် ပုံချက်နည်း အစက အဆုံး လိုက်လံပြသတယ်။ နောက် ထီးလုပ်ငန်းကိုလည်း လိုက်လံ
ပြသတယ်။ အဲဒီလို လေ့လာ ကြည့်ရှုပြီး ကောလိပ်ကျောင်းပြန်ရောက်တော့ အစီရင်ခံစာရေးပြီး ဆရာ့ဆီ တင်ပြရတယ်။ အလွန်
စိတ်ဝင်စားစရာ ကောင်းပါတယ်။
       မှော်ဘီအစိုးရ စိုက်ပျိုးရေးဥယျာဉ်ကိုလည်း သွားပြီး လေ့လာရပါတယ်။ စမ်းသပ်စပါးပင်များဖြစ်လို့ မျိုးမတူတဲ့ စပါးပင်မှ
ွ
ဝတ်ဆံမကူးအောင် အိတ်စပ်ထားရခြင်းဖြစ်ကြောင်း၊ အကယ်၍ ဝတ်ဆံကူးလျှင် မျိုးသန့် မဖြစ်နိုင်တော့ကြောင်း စိုက်ပျိုးရေး အရာရှိက
ဲ
ပြောပြပါတယ်။ ၎င်းပြင် ဘဏ်နဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေလည်း သွား ရောက်လေ့လာရပါတယ်။ မွန်းလွပိုင်းအချိန်မှာ သွားရပါတယ်။
       မွန်းလွဲပိုင်းသွားရခြင်းအကြောင်းမှာ ထိုစဉ်က ဘဏ်တွေ လေး ငါး ဘဏ်ထက် မနည်းရှိပါတယ်။ တဘဏ်နဲ့ တဘဏ်စာရင်း
ွဲ
အပြောင်းအလွှဲကို မွန်းလွပိုင်းမှာ လုပ်ကြပါတယ်။ စာရင်းအပြောင်း အလွှလုပ်စဉ် ပါပါတို့သားရောက်ကြည့်ရှုလေ့လာခြင်း ဖြစ်ပါတယ်။
       စာရင်းအပြောင်းအလွှဲ လုပ်ငန်းကြည့်ရှုလေ့လာပြီး ပါပါတို့ အစိုးရဘဏ်ကို သွားကြတယ်။ တိုင်းပြည်မှာ အသုံးပြုတဲ့ ငွေစက္ကူ
ကိုထုတ်ပေးတဲ့ ဘဏ်ဖြစ်ပါတယ်။ ငွေစက္ကူသစ် မထုတ်ပေးမီ ငွေစက္ကူဟောင်းများကို မီးရှို့ပစ်ပါတယ်။
ဲ
       ပါပါတို့ ရောက်တ့အချိန်မှာ ငွေစက္ကူဟောင်းတွေ မီးစတင်ရှို့ပစ်တဲ့ အချိန်ဖြစ်ပါတယ်။ ငွေစက္ကူဟောင်းတွေကို မီးမရှို့မီ
နံပါတ်ရှိတဲ့နေရာကို စက္ကူဖောက်ကိရိယာနှင့် ဖောက်ပစ်ပါတယ်။ မီးလောင်နေတဲ့စက္ကူတွေကို ဘဏ်မန်နေဂျာက ပါပါတို့ကို ပြရင်း
ဘာပြောသလဲ ဆိုတော့ 'မင်းတို့လာမယ်မှန်း ငါ မသိဘူး၊ သိရင် ဘယ် ဒီငွေစက္ကူတွေ မီးရှို့ပစ်မှာလဲ မင်းတို့ကို ပေးမှာပေါ့' ဆိုပြီး
ရယ်စရာ ပြောပါတယ်။
       ဂျပ်ဆင်ကောလိပ်မှာ      ကျေးလက်ဖံြွ့ ဖိုးရေးအဖွဲ့   ဆိုတာ     ရှိတယ်။   အစိုးရနဲ့   မပတ်သက်ပါဘူး။   စေတနာ့      ဝန်ထမ်း
အလုပ်သက်သက်ဖြစ်ပြီး ကျောင်းဆရာတချို့က ဦးစီးခေါင်းဆောင်တဲ့ အလုပ်ဖြစ်တယ်။ ကျေးရွာသွားပြီး ကျေးရွာသန့်ရှင်းရေး၊
ွ
ရွာသူရွာသားများ ကျန်းမာရေး အစရှိတဲ့ လူမှုဝန်ထမ်း လုပ်ငန်းတွေကို ဆောင်ရက်ရပါတယ်။ အားတဲ့နေ့ဖြစ်တဲ့ စနေ၊ တနင်္ဂနွေနေ့မှာ
သွားရပါတယ်။ ရွာများကတော့ ရန်ကုန်နဲ့ အင်းစိန် အနီးအနား ရွာများဖြစ်ပါတယ်။ ပါပါလည်း အဖော်ကောင်းလို့ သုံးလေးခါ
သွားဖူးပါတယ်။
       ပါပါ ဥပစာတန်းအောင်ပြီး ဝိဇ္ဇာတန်း (ဘီအေ) ရောက်တော့ အင်္ဂလိပ်စာပေ ခေတ်ရာဇဝင် နဲ့ နိုင်ငံရေးသိပ္ပံ ဘာသာတွဲ
ယူပါတယ်။
       ပါပါတက္ကသိုလ်ကောလိပ်ဘက်မှာ             သွားရောက်ပြီး        စာသင်ကြားရတဲ့အတွက်         တက္ကသိုလ်ကျောင်းသား       တချို့နဲ့
ဲ
သိကျွမ်းခဲ့ရပါတယ်။ သိကျွမ်းခဲ့တဲ့ ကျောင်းသားတချို့ထဲမှာ ဗိုလ်ချုပ်အောင်ဆန်း ပါဝင်ခ့ပါတယ်။ တက္ကသိုလ်ကျောင်းသား တချို့နဲ့
ွဲ
သိလို့ တန်ဆောင်တိုင် မီးထွန်းပွဲ လုပ်ပြီး အငြိမ့်သင်းတဲ့အခါ၊ ဘောလုံးပွဲ ဖလားရလို့ အောင်ပခံပြီး အငြိမ့်သင်းတဲ့အခါ ပါပါ့ကို အမြဲ
ဲ
ဖိတ်ပါတယ်။ ပါပါလည်း အလကားကြည့်ရတဲ့ ပွတွေ ဖြစ်လို့ မလွတ်တမ်း သွားပါတယ်။
       တက္ကသိုလ်ကောလိပ်မှာ အရှေ့ပိုင်းဆိုင်ရာ၊ ရာဇဝင် ပါမောက္ခ မစ္စလူး(စ) ဆိုတာရှိပါတယ်။ သူက ဗမာပြည်မှာရှိတဲ့
ဲ
လူမျိုးစုတွေရ့ ဘာသာစကားတွေကို လေ့လာ သုတေသန လုပ်ပါတယ်။ အဲဒီလို လေ့လာ သုတေသနလုပ်တဲ့အခါ တယောက်က
မော်လမြိုင်ဘက်မှ မွန်ကရင်ဖြစ်ပြီး တယောက်က မြစ်ဝကျွန်းပေါ်ဘက်မှ မွန် ကရင်ကို အလိုရှိကြောင်း ပါမောက္ခလူး(စ)က
ဂျပ်ဆင်ကောလိပ် ကရင် အမျိုးသား ဆရာ ဂျွန်ဆင်ခန့်ကြီးကို ပြောပါတယ်။
       ဆရာ ဂျွန်ဆင်ခန့်ကြီးက မော်လမြိုင်ဘက်က စောဂစ်(ပ)ဆင်နဲ့ မြစ်ဝကျွန်းပေါ်ဘက်မှ ပါပါ့ကို တာဝန်ပေးပါတယ်။ (ပါပါဟာ
ွ
ပုသိမ်မြို့ မွန် ကရင် အထက်တန်းကျောင်းမှာနေစဉ် မွန် ကရင်ဘာသာ စကားကို ကောင်းမွန်စာ ရေး ပြော ဖတ်တတ်ပါတယ်။ ၎င်းပြင်
ွဲ
ပါပါ့အဖေဟာ မွန်ကရင်လူမျိုးဖြစ်ပြီး ပါပါ နေထိုင်ကြီးပြင်းလာတဲ့ လှဆိပ်ရာ ကရင်ပိုင်ဟာ မွန် ကရင် လူမျိုးတွေ နေထိုင်ကြပါတယ်။)
ဲို
       စောဂစ်(ပ)ဆင်နှင့် ပါပါ စနေနေ့ မွန်းလွပင်းမှာ ပါမောက္ခလူး(စ)ထံ သွားပြီး သူသိချင်တဲ့ ဝတ္ထုပစ္စည်း အမည်၊ သစ်ပင် သစ်သီး၊
သီးနှံအမည် အစရှိသည်တို့ကို မွန် ကရင်ဘာသာနှင့် ဘယ်လိုခေါ်ကြောင်း အသံနေ အသံထားနဲ့ ပါပါတို့က ခေါ်ပြပါတယ်။
်
စကားလုံးများရဲ့ အသံကို သူ ရေးမှတ်သားတဲ့အပြင် ခြားနားချက် အသံများကိုလည်း ရေးမှတသားပါတယ်။ ဒီလိုနဲ့ စနေနေ့ မွန်းလွဲတိုင်း
၂ လကြာ မစ္စတာလူး(စ)ထံ သွားရပါတယ်။
       ပါမောက္ခလူး(စ)နဲ့ လုပ်ပြီးတော့ သူက စောဂစ်(ပ)ဆင်နှင့် ပါပါတို့ကို တယောက် ငွေ ၂၀ ပေး သုံးပါတယ်။ ပါပါအတွက် ငွေ
ွ
၂၀ ရတော့ ထီပေါက်သလိုဖြစ်သားတယ်။ ပါပါ့အနေနဲ့ ကောလိပ်မှာနေတာ တလကို ၈ ကျပ်ပဲ သုံးရပါတယ်။ အဲဒီ ၈ ကျပ်ထဲမှာ
လက်ဖက်ရည်ဖိုး၊ ဒိုဘီဖိုး၊ ဆံပင်ညှပ်ခ၊ ဆပ်ပြာ ခေါင်းလိမ်းဆီ အစရှိသည်တို့အဖိုး ပါဝင်ပါတယ်။
       ဒါကြောင့် ငွေ ၂၀ ရတော့ ထီပေါက်သလို ဖြစ်ပါတယ်။ ပါပါ ဒီငွေ ၂၀ ရတော့ ရှပ်အင်္ကျီ ဝယ်ဝတ်တယ်။ ပလေကပ်လုံချည်
ဝယ်ဝတ်တယ်။ ဟိုတုန်းက ရှပ်အင်္ကျီအကောင်းစား တထည်မှ လေး ငါး ကျပ် ပေးရတယ်။ ပလေကပ်လုံချည် အကောင်းစား
ခရုတံဆိပ်၊   ကုလားအုပ်တံဆိပ်ဟာ         တထည်မှ         ငါးမတ်      တကျပ်ခွဲ    ပေးရပါတယ်။     ပါပါတို့ခေတ်တုန်းက    တတ်နိုင်တဲ့
ကျောင်းသားတွေကျတော့ အပေါ်ခံအင်္ကျီဆိုလျှင် ငါးရာ့ငါးဆယ်၊ ရှစ်ရာ့ရှစ်ဆယ် ခေါ်တဲ့ ဂျပန်ပိုးဖျင်နဲ့ ချုပ်ဝတ်တာ များပါတယ်။
ဲ
       အာလပတ်ကား ခေါ် အရောင် နည်းနည်းတောက်တဲ့ ဖျင်နက်နပလဲ ချုပ်ဝတ်တာ များပါတယ်။ အစီး များတဲ့ ဖိနပ်ကတော့
နောက်ပိတ်သားရေပြောင်တဝက် ဖိနပ်များ ဖြစ်ပါတယ်။ ဒီဝတ်စား ဆင်ယင်မှုဟာ ကောလိပ်ကျောင်းသားရဲ့ အမှတ်အသားလို
ဲ
ဖြစ်နေတယ်။ ပါပါ့အနေနဲ့ ဒီလို အမှတ်အသား ဝတ်စားဆင်ယင်မှုကို မဝတ်ခ့ရပါဘူး။
       ပါပါ ဝိဇ္ဇာတန်းမှာ စာသင်နေတုန်း ဂျပ်ဆင်ကောလိပ်ကို ကျောင်းသားကြီး တယောက် ရောက်လာပါတယ်။ ဘီအေ
(ဝိဇ္ဇာ)အထက်တန်း ကျောင်းသားအဖြစ် ရောက်လာပါတယ်။ ဂျပ်ဆင်ကောလိပ်မှာ နေခဲ့ဖူးတဲ့ ကျောင်းသားလား၊ ဒါမှမဟုတ်
တက္ကသိုလ် ကောလိပ်မှ ပြောင်းလာတဲ့ ကျောင်းသားလား ဆိုတာ ပါပါ ကောင်းကောင်း မမှတ်မိပါ။ ပင်နီ၊ ပင်ဖြူအင်္ကျီ အမြဲ
ဝတ်တာကိုတော့ ပါပါ ကောင်းကောင်း မှတ်မိပါတယ်။
       အဲဒီလူဟာ တခြားလူ မဟုတ်ပါဘူး။ နောက်ပိုင်း ဗမာပြည်နိုင်ငံရေးလောကမှာ ပေါ်လွင် ထင်ရှားလာတဲ့ သခင်ဗစိန်
ဖြစ်ပါတယ်။ ဂျပ်ဆင်ကောလိပ်မှာ ကျောင်းသားများ အဆောင်နှစ်ဆောင် ပေါင်းပြီး အဆောင်နေရာများကို ကျောင်းသားကြီးများက
ဲ
လုပ်လိုကြတယ်။ အသင်းဥက္ကဋ္ဌနေရာနဲ့ အမှုဆောင်နေရာ ရွေးကောက်ပြွဲ ပုလုပ်တ့အခါ အကြိတ်အနယ်မဲ ဆွယ်ကြပါတယ်။ သခင်ဗစိန်
ရောက်လာတဲ့နှစ်မှာ သူ နော့ဆောင်မှာ နေပါတယ်။ အဲဒီနှစ်မှာပဲ သူ အဆောင်သားများအသင်း ဥက္ကဋ္ဌ ဖြစ်ပါ တယ်။
        ရန်ကုန်တက္ကသိုလ်နယ်မြေမှာ           တက္ကသိုလ်ကောလိပ်            ကျောင်းသားများ        သမဂ္ဂအဆောင်အအုံဆိုတာ              ရှိပါတယ်။
အဲဒီသမဂ္ဂအဆောက်အအုံမှာ           အခါအခွင့်သင့်သလို       အမှုဆောင်လူကြီးများ        စီစဉ်ချက်အရ     နိုင်ငံရေး   တရား    ဟောပြောပွဲများ
ပြုလုပ်ပါတယ်။    အဲဒီခေတ်တုန်းက       နိုင်ငံရေးဇာတ်ခုံမှာ   ထင်ပေါ်    ကျော်ကြားတဲ့ နိုင်ငံရေး     ခေါင်းဆောင်ကြီးတွေ လာရောက်
တရားဟောပြပါတယ်။ ဒေါက်တာ ဘမော်၊ ဦးဘဖေ (ဘကြီးဘဖေ) ဦးဥတ္တမ အစရှိတဲ့ ပုဂ္ဂိုလ်ကြီးများ ဖြစ်ပါတယ်။
ဲ
        သူတို့ တရားဟောပြောပွများကို ပါပါ တက်ရောက်နားထောင်ခ့ပါတယ်။ ဒေါက်တာဘမော်နဲ့ ဦးဘဖေ တို့က အင်္ဂလိပ်စာကို
ရေလို   ကျိုသောက်နိုင်တဲ့     ပုဂ္ဂိုလ်ဖြစ်ပါတယ်။     ဘုန်းတော်ကြီး     ဦးဥတ္တမ     တရားပွမှာ
ဲ       ဘာပြောသလဲ         ဆိုတော့      “မင်းတို့
ဲ
ကောလိပ်ကျောင်းသားတွေ ဆိုပြီး ကျွန်အလုပ်ကလွလို့ မင်းတို့ ဘာလုပ်တတ်သလဲ၊ မင်းတို့ မီးခြစ်ဆံ တဆံ လုပ်တတ်သလား၊ အပ်
တချောင်း လုပ်တတ်သလား”လို့ ပြောတော့ ခန်းလုံးပြည့် လာရောက်နားထောင်တဲ့ ကျောင်းသားတွေဟာ လက်ခုပ် တဖြောင်းဖြောင်း
ဲ
တီးကြပါတယ်။ ဦးဥတ္တမပြောတဲ့ စကားတွေဟာ ပါပါ့နားထဲမှာ စွကျန်ရစ်ခ့ပါတယ်။
        ၁၉၃၇ ခုနှစ်၊ ဖေဖော်ဝါရီလ နောက်ဆုံးအပတ်မှာ ပါပါ ဘီအေ(ဝိဇ္ဇာ) စာမေးပွဲ နောက်ဆုံးနှစ် ဝင်ရောက်ဖြေဆိုပါတယ်။
ဲ
ပါပါ့အစ်မကြီးလည်း မော်လမြိုင် အမေရိကန်ဆေးရုံမှ ပခုက္ကူမြို့ မိခင်နှင့် ကလေး စောင့်ရှောက်ရေး အဖွ့မှာ ကျန်းမာရေးဆရာမအဖြစ်
ွ
ပြောင်းရွှေ့ လုပ်ကိုင်ပါတယ်။ ပါပါ ဘီအေစာမေးပွဲ ဖြေဆိုပြီး ပါပါ့အစ်မကြီးရှိရာ ပခုက္ကူမြို့သို့ ပါပါ လိုက်သားပါတယ်။
ဘီအေအောင်ပြီးနောက်
        ပါပါ့ အစ်မကြီးရှိရာ ပခုက္ကူမြို့ကို မြင်းခြံမှ တဆင့် ပါပါ ရောက်ရှိပါတယ်။ ရန်ကုန်မှ မြင်းခြံသို့ မီးရထားနှင့် သွားပြီး၊ မြင်းခြံမှ
ပခုက္ကူသို့ မီးသင်္ဘောနှင့် သွားရပါတယ်။ ပခုက္ကူကို နံနက်ပိုင်းမှာ ရောက်ရှိပါတယ်။ ပါပါ ဘယ်နေ့ရောက်မယ်ဆိုတာ ပါပါ့အစ်မကြီး
ွ
ကြိုတင်မသိလို့ ပါပါ့ကို လာမကြိုပါ။ ပါပါလည်း အစ်မကြီး နေထိုင်ရာ အောင်သကန် ရပ်ကက်သို့ မြင်းလှည်းစီးပြီး သွားပါတယ်။ ပါပါ့
ွ
အစ်မကြီး နေသော အိမ်ကို မေးမြန်းပြီးရောက်သားတော့ ပါပါ့ အစ်မကြီးကို မတွေ့ပါ။ အချိန်က နံနက်၉ နာရီထိုး ပြီးဖြစ်ပါတယ်။
ွ
ပါပါ့အစ်မကြီးက နံနက် ၈ နာရီအချိန်မှာ မြို့ထဲသားပြီး အလုပ်ဆင်းရပါတယ်။ နေ့လည် အိမ်ပြန်ရောက်မှပဲ ပါပါ တွေ့ရပါတယ်။
        ပါပါ အစ်မကြီးနှင့်အတူ အခြားကျန်းမာရေး ဆရာမတယောက်လည်း ရှိပါတယ်။ သူတို့ နှစ်ယောက် တအိမ်ထဲ မှာနေပြီး
အိမ်ဖော်မထားဘဲ ကိုယ့်ထမင်း ကိုယ် ချက်စားကြပါတယ်။ သူတို့အလုပ်က မြို့ထဲ သွားပြီး ကိုယ်ဝန်ဆောင်မိခင် နှင့် ကလေးများကို
လိုက်လံကြည့်ရှုရပါတယ်။ နံနက်တိုင်း လိုက်လံ ကြည့်ရှုပြီး မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌထံသို့ အစီရင်ခံရပါတယ်။
အဖွဲ့ဥက္ကဋ္ဌဟာ အရေးပိုင် (ခရိုင်ဝန်) ကတော် ဖြစ်ပါတယ်။ အဲဒီအချိန်မှာ အရေးပိုင် (ခရိုင်ဝန်) ဖြစ်သူမှာ မြန်မာ အမျိုးသား ဖြစ်ပါတယ်။
ပါပါ့အစ်မကြီွး
                အလုပ်ဆင်းတဲ့အခါ တခါတလေ ပါပါ လိုက်သားပါတယ်။ ပခုက္ကူမြို့မှာ နေထိုင်တဲ့ လူတွေဟာ ခပ်များများ
ဲ
မျက်ခမ်းစပ်ရောဂါ ရှိတာကို ပါပါ တွေ့ခ့ရပါတယ်။
        ၁၉၃၇ ခုနှစ်၊ မတ်လ ၃ ရက်နေ့မှာ ဘီအေ (ဝိဇ္ဇာ)အောင်စာရင်း ရန်ကုန်မှာ ထုတ်ပြန် ကြေညာပါတယ်။ ပါပါ ပခုက္ကူရောက်ပြီး
တပတ်အကြာမှာ ဖြစ်ပါတယ်။ ဘီအေစာမေးပွဲ ဖြေဆိုထားတဲ့ ပခုက္ကူ ကျောင်းသားတွေဟာ သူတို့ အောင်ကြောင်း ရန်ကုန်မှ
အသိတွေဆီက သံကြိုးလာတော့ ဝမ်းသာနေကြတယ်။ ပါပါက ရန်ကုန်က အသိတွေကို ကြိုတင်အကြောင်းမကြားထားတော့ ပါပါ့ဆီကို
သံကြိုး မလာဘူး။ မတ်လ ၁ဝ ရက်နေ့မှာ ရန်ကုန်က သတင်းစာလာတော့မှပဲ ပါပါ ဘီအေစာမေးပွဲ အောင်ကြောင်း သိရပါတယ်။
        ပခုက္ကူမြို့မှာ ပါပါ နှစ်လနီးပါး ကြာခဲ့တယ်။ မြို့ဟာ အလွန်မှ ပူအိုက်ပါတယ်။ ပါပါ ညဆိုလျှင် ကောင်းမွန်စွာ အိပ်လို့မရဘူး။
အိပ်ရင်း လည်ပင်းမှာ ချွေးတွေစီးလို့ ထပြီး ပါပါ သုတ်ရတယ်။ မြို့ထဲမှာ သစ်ပင် ဝါးပင်ဆိုလို့ မန်ကျည်းပင်နဲ့ တမာပင်ပဲ ရှိတယ်။
ဖုန်လည်း ထူပါတယ်။ ညဆို ခြင်လည်း ကိုက်ပါတယ်။ တခါတလေ သဲမုန်တိုင်း ကျတတ်ပါတယ်။
        တနေ့ မွန်းလွဲပိုင်း ပါပါ ဗုဒ္ဓကုန်းမှအပြန် ချောင်းကူးတံတားပေါ် အလယ်လောက်မှာ သဲမုန်တိုင်းမိလို့ ပါပါ တော်တော်လေး
ခံလိုက်ရပါတယ်။     တကိုယ်လုံး     သဲတွေ      ကပ်နေပါတယ်။        ဒါတောင်မှ     ပြင်းပြင်းကလေး     နာရီဝက်လောက်ပဲ        လေကတိုက်လို့
တော်ပါသေးတယ်။         ပါပါ    ပခုက္ကူမှာနေစဉ်       ပခုက္ကူသားတွေကြိုက်တဲ့         နာမည်ကျော်      အစာနှစ်မျိုးကိုလည်း      စားခဲ့ပါတယ်။
ွ
ဘာအစာလဲဆိုတော့ ယုန်သားခြောက်နှင့် ပဒပ်သား ဖြစ်ပါတယ်။ ခပ်ကြွပ်ကြွပ်ကလေး ကြက်သန်ဖြူနှင့် ကြော်လျှင် အလွန်မှ
စားကောင်းပါတယ်။ ပခုက္ကူသားတွေ ကြိုက်သလို ပါပါလည်း အလွန် ကြိုက်ပါတယ်။
        နောက်ပိုင်း ပါပါ ဝန်ကြီး နဲ့ သမ္မတ ဖြစ်လာတဲ့အခါ ပခုက္ကူက ယုန်သားခြောက်နှင့် ပဒပ်သားကို မှာစားပါတယ်။ ပါပါကို
ွ
အများဆုံး ပေးစားတဲ့လူကတော့ ကွယ်လန်သားသော ပခုက္ကူသား မြင်းဝိဇ္ဇာ ဦးဘကျားပဲ ဖြစ်ပါတယ်။
        သင်္ကြန်အပြီး မေလကုန်ခါနီးမှာ ပါပါ ရန်ကုန်သို့ ပြန်ဆင်းလာခဲ့ပါတယ်။ ဘီအေအောင်ပြီး ဖြစ်၍ အလုပ်ရှာရန်အတွက်
ဲ
ဖြစ်ပါတယ်။ ရန်ကုန်ရောက်တော့ စာမေးပွအောင်တဲ့ ပါပါ မိတ်ဆွေတချို့နဲ့ တွေ့တယ်။ ပါပါ့လိုပဲ အလုပ်ရှာတဲ့လူက ရှာပါတယ်။
အဆက်အသွယ် ကောင်းတဲ့ လူတွေက ဘီအိုစီ (ယခုမြန်မာ့ရေနံ) စတီးဘရားသား၊ ဘုံဘေဘားမား အစရှိတဲ့ နိုင်ငံခြားကုမ္ပဏီမှာ
အလုပ်ကောင်း ရကြတယ်။
ဲ
        တချို့လည်း သူတို့ဆယ်တန်းအောင်ခ့တဲ့ ကျောင်းသား/သူ တို့ကို ဆရာအဖြစ် ပြန်ခေါ် ပါတယ်။ အဲဒီအချိန်မှာ ပါပါ့သူငယ်ချင်း
မိတ်ဆွေ ဦးဝီ(လ)ဆင်သိန်းက ထောင်မှူး သင်တန်း တက်ရောက်နေပါတယ်။ နောက်ပိုင်း သူ အကောက်ဌာနသို့ ကာကွယ်ရေး
အရာရှိအဖြစ် ပြောင်းရွှေ့ လုပ်ကိုင်ပါတယ်။ ပါပါတော့ တရုံးဝင် တရုံးထွက်၊ တကုမ္ပဏီဝင် တကုမ္ပဏီ ထွက်ဆိုသလို အလုပ်
ရှာနေရပါတယ်။ ဒီရုံးမှာ ရနိုးနိုး၊ ဟိုကုမ္ပဏီမှာ ရနိုးနိုးနဲ့ သွားလာနေရတယ်။
ွ
         အလုပ်ရှာပုံတော်ဖင့်ပြီး နှစ်လအကြာမှာ ပါပါ ဘီအိုစီမှာ အလုပ်ရပါတယ်။ ရန်ကုန်မှာ မဟုတ်ပါ။ သန်လျင် ဘီအိုစီမှာ
ဖြစ်ပါတယ်။ စာရေးအလုပ်ဖြစ်ပြီး လခ တလ ၅၀ိ ဖြစ်ပါတယ်။ ဘီအေအောင်ပြီး တလ ၅၀ ရတဲ့ စာရေးအလုပ်ကို ဝင်လုပ်တော့
မေးငေါ့ခံရပါတယ်။ ဘီအေဈေး ဖျက်တယ် ဆိုပြီး အပြောခံရပါတယ်။ ပါပါ့အနေနဲ့ အရေးမစိုက်ပါ။ ပါပါ့ဆောင်ပုဒ်က 'အလုပ်ဟူသ၍
ဂုဏ်ရှိသည်' လုပ်အားတန်ဖိုး ချစ်မြတ်နိုးပင်ဖြစ်ပါတယ်။
         သန်လျင်မှာ နေ့စဉ် ဦးရွှေဘုန်း၊ ဒေါ်သက်ရွှေတို့အိမ်မှာ မိတ်ဆွေတယောက်၏ စီစဉ်ပေးချက်အရ ထမင်း လခပေးပြီး
နေပါတယ်။ ဦးရွှေဘုန်းနှင့် ဒေါ်သက်ရွှေတို့မှာ သားသမီး ၄ ယောက်၊ မိန်းကလေး ၂ ယောက်နှင့် ယောက်ျားကလေး ၂ ယောက်
ရှိပါတယ်။ သမီးအကြီးဆုံးဟာ ကျောင်းထွက်ပြီး အိမ်မှာပဲနေပြီး သူ့အမေအလုပ်ကို ဝိုင်းကူလုပ်ပါတယ်။ သမီးအငယ်ကတော့
ဆယ်တန်းမှာ နေပါတယ်။ သား ၂ ယောက်လည်း ကျောင်းနေကြပါတယ်။ အဲဒီအချိန်မှာ ဦးရွှေဘုန်းဟာ သီလဝါ ရေနံချက်စက်ရုံမှာ
အလုပ် လုပ်ပါတယ်။ သူ့အိမ်သို့ တလ တခါနှစ်ခါ ပြန်လာတတ်ပါတယ်။
        ဦးရွှေဘုန်း - ဒေါ်သက်ရွှေတို့အိမ်ဟာ ဘီအိုစီရုံးနှင့် အလှမ်းနည်းနည်း ဝေးတော့ ပါပါ အလုပ်တက် လွယ်ကူရန်အတွက်
စက်ဘီးအဟောင်းတစီး ဝယ်ပါတယ်။ အလုပ်ချိန်ဟာ မနက် ၇ နာရီမှ ၁၁ နာရီ၊ မွန်းလွဲ ၁၂ နာရီမှ ၄ နာရီ ဖြစ်ပါတယ်။ စနေနေ့မှာ
နေ့တဝက်ပဲ တက်ရပါတယ်။ စနေနေ့တိုင်း ပါပါ ရန်ကုန်ပြန်လည်ပြီး တနင်္ဂနွေညနေမှ ပြန်လာပါတယ်။
          ရန်ကုန်ပြန်ရောက်တိုင်း     အသိမိတ်ဆွေအိမ်       သွားပြီး   အလုပ်အကိုင်     အကြောင်းတွေကို         စုံစမ်း   မေးမြန်းပါတယ်။
သန်လျင်ဘီအိုစီရုံးမှာ   ပါပါ    စာရင်း    အင်း    အလုပ်လုပ်ရပါတယ်။          အဲဒီတုန်းက     အစိုးရရုံးတွေမှာ      လဆန်းတရက်နေ့မှာ
လခထုတ်ပေးပါတယ်။          ဘီအိုစီမှာတောဲ့
                                            လကုန်တ့နေ့မှာ       ထုတ်ပေးပါတယ်။        တခြားကုမ္ပဏီတွေမှာလည်း            လကုန်တဲ့နေ့မှာ
ထုတ်ပေးကြောင်း သိရှိရပါတယ်။
ဲ
        စာရင်းအင်းဌာနမှ စာရေးတွေဟာ အလုပ်သမားလစာတွေကို စက္ကူအိတ်ထမှာ ထည့်ထားပေးရတယ်။ လခထုတ်ပေးတော့
အလုပ်သမားတွေကို တယောက်စီ နာမည်ခေါ်ပြီး ထုတ်ပေးပါတယ်။ (၁၉၄၇ ခုနှစ်၊ ဗိုလ်ချုပ်အောင်ဆန်းတို့ ကျဆုံးပြီးနောက်၊ ပါပါ
်
စက်မှု နှင့် အလုပသမားဌာန ဝန်ကြီး ဖြစ်တော့ သန်လျင် ဘီအိုစီကို သွားကြည့်ရှုလိုကြောင်း ရန်ကုန်မြို့၊ ဘီအိုစီ ဌာနချုပ်
အင်္ဂလိပ်အမျိုးသား အထွေထွေ မန်နေဂျာကို ပါပါ့အတွင်းဝန်က အကြောင်းကြားပါတယ်။
          ပါပါသွားတဲ့နေ့မှာ    အထွေထွေမန်နေဂျာပါလိုက်ပြီး       သန်လျင်ရောက်တော့         ဘီအိုစီ    သင်္ဘောဆိပ်မှာ         ဆိုက်ပါတယ်။
ဲ
သန်လျင်ဘီအိုစီရုံး ရောက်တော့ ပါပါ စာရေးလုပ်ခ့တဲ့ ရုံးခန်းကို သွားပါတယ်။ လုပ်ဖော် ကိုင်ဖက် ခပ်များများကို ပါပါ ပြန်တွေ့ရပါတယ်။
သူတို့အားလုံး ဝမ်းသာကြပါတယ်။ ဒီတော့ကြမှ ဘီအိုစီ အထွေထွေမန်နေဂျာက ပါပါ သန်လျင်ဘီအိုစီမှာ အလုပ်လုပ်ခဲ့ဖူးကြောင်း သူ
သိပါတယ်။)
        သန်လျင် ဘီအိုစီမှာ ပါပါ ၄ လ ကြာပါတယ်။ ရန်ကုန်ဘဏ္ဍာရေးမင်းကြီးရုံးမှာ အထက်တန်းစာရေး အလုပ်ကို ရရှိတဲ့အတွက်
ရန်ကုန်သို့ ပြန်ပြောင်းလာရတယ်။ ပါပါ့မိတ်ဆွေတယောက် အကြောင်းပြုပြီး ဘဏ္ဍာရေးမင်းကြီးရုံးမှာ အထက်တန်းစာရေးအဖြစ်
ွ
အမှုထမ်းဆောင်တဲ့ ဦးစောရွှေနီနှင့် သိခင့်ရပါတယ်။ (လွတ်လပ်ရေးရပြီးနောက် ဦးစောရွှေနီဟာာ၊ ကရင်ပြည်နယ်ဝန်ကြီးဌာနမှာ
အတွင်းဝန်ကလေးအဖြစ်         အမှုထမ်းခဲ့ပါတယ်။      ယခွု
                                                       ကွယ်လန်သားပြီ)
ွ            ပါပါ   သန်လျင်မှာ      နေစဉ်   ရန်ကုန်သို့    စနေနေ့တိုင်း
ပြန်လာတဲ့အခါမှာ ဦးစောရွှေနီက သူတို့ရုံးမှာ အထက်တန်းစာရေးနေရာ လစ်လပ်ကြောင်း ပါပါ့ကို ပြောပါတယ်။ ပါပါလည်း လိပ်စာကို
ဦးစောရွှေနီမှတဆင့် ပေးပြီး အဆိုပါ အလုပ်ကို လျှောက်ပါတယ်။
         အဲဒီအချိန်မှာ ဘဏ္ဍာရေးမင်းကြီးနဲ့ ၎င်း၏အတွင်းဝန်ဟာ အင်္ဂလိပ်လူမျိုး ဖြစ်ပါတယ်။ ပါပါရဲ့လိပ်စာကို ဦးစောရွှေနီမှ
တဆင့်ပေးထားတဲ့အတွက်            အတွင်းဝန်က      ဦးစောရွှေနီကို   ပါပါနဲ့   ဘယ်လိုတော်သလဲလို့        ခေါ်မေးပါတယ်။          ဦးစောရွှေနီက
ဲ
သူ့တူတော်တဲ့အကြောင်း ပြန်ပြောတော့ အတွင်းဝန်က ပါပါ့ကို အလုပ်ခန့်တ့အကြောင်း အမိန့်ချလိုက်ပါတယ်။ အမှန်ဆိုလျှင်
ဦးစောရွှေနီနှင့် ပါပါဟာ ဘယ်လိုမှ မတော်စပ်ပါ။ ဦးစောရွှေနီကြောင့် ပါပါအလုပ်ရတဲ့အတွက် ဦးစောရွှေနီကို ပါပါ ကျေးဇူးတင်မဆုံး
ဖြစ်ပါတယ်။
ဲ
         ဘဏ္ဍာရေးမင်းကြီးရုံးအလုပ်ဟာ အခွန်ဘဏ္ဍာနဲ့ ပတ်သက်တ့အလုပ်တွေ ဖြစ်ပါတယ်။ မြေခွန်၊ အကောက်ခွန်၊ ယစ်မျိုးခွန်၊
အင်းခွန်း၊ ဆားခွန်၊ အမြတ်တော်ကြေး အစရှိတဲ့ အခွန်မှန်သမျှ သတ်မှတ် စည်းကြပ်ခြင်း ဖြစ်ပါတယ်။ ပါပါဘဏ္ဍာရေး မင်းကြီးရုံးမှာ
ဲ
လုပ်စဉ် လယ်နှင့် မြေယာဌာနခွနှင့် အထွေထွေဌာနခွမှာ လုပ်ခ့ရပါတယ်။
ဲ
         လယ်မြေ အခွန်စည်းကြပ်တ့နည်းဟာ ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်း ခြွဲ ခားပြီး စည်းကြပ်ပါတယ်။ ၎င်းနည်းတူ
ယာမြေ၊      ခြံမြေလည်း    အဆင့်အတန်း        ခြွဲ ခားပြီး    အခွန်စည်းကြပ်ပါတယ်။       ကွင်းဆင်းပြီး      လယ်မြေ၊     ယာမြေ       အဆင့်အတန်း
ခွဲခြားသတ်မှတ်တဲ့ အလုပ်ကို ကြေးတိုင်နှင့် မြေစာရင်းမင်းကြီးဌာနမှ အရေးပိုင် (ခရိုင်ဝန်)အဆင့်ရှိ အရာရှိကြီးများ ဖြစ်ပါတယ်။
ဲ
         အဲဒီလို ကွင်းဆင်းပြီး လယ်မြေ၊ ယာမြေ အဆင့်အတန်း သတ်မှတ်တ့အလုပ်ဟာ ကြေးတိုင်စိုက်တယ် လို့ ခေါ်ပါတယ်။ အနှစ်
နှစ်ဆယ် အစိတ်မှ တကြိမ် ကြေးတိုင်စိုက်ပါတယ်။ ပထမအကြိမ် ကြေးတိုင် စိုက်ပြီး သတ်မှတ်ထားတဲ့ အခွန်နှုန်းကစ နောက်တကြိမ်
ကြေးတိုင်စိုက်ပြီးမှ ပြုပြင် ပြောင်းလဲနိုင်ပါတယ်။ လယ်မြေ၊ ယာမြေတချို့ဟာ ကြေးတိုင်စိုက်ရန် ကွင်းဆင်း စစ်ဆေးကြည့်ရှုတဲ့အခါ
အကောင်းစား လယ်မြေဖြစ်နေတဲ့အတွက် ပထမတန်း လယ်ယာမြေအဖြစ် အခွန်နှုန်း သတ်မှတ် စည်းကြပ်ခံရပြီး နောက် လေး
ွ
ငါးနှစ်ကြာ မြေညံ့ဖြစ်သားသော်လည်း နောက်ထပ် ကြေးတိုင် မစိုက်မီ ပထမတန်း အခွန်နှုန်းပဲ ဆက်လက်ထမ်းဆောင်နေရကြောင်း
ပါပါ တွေ့ရပါတယ်။
ွ
         ပါပါဘဏ္ဍာရေးမင်းကြီးရုံးမှာ အလုပ်လုပ်စဉ် အကောက်ခန်ဌာနမှာ အလုပ် နှစ်ကြိမ် လျှောက်ဖူးပါတယ်။ ပထမအကြိမ်ဟာ
ွ
ယာဖြတ်အလုပ် ဖြစ်ပါတယ်။ လက်ထောက် အကောက်ခန်မင်းကြီး (ရာဖြတ် ဆိုင်ရာ) နှင့် လူကိုယ်တိုင် သွားရောက် အစစ်ဆေး
မေးမြန်းခံရပါတယ်။         လက်ထောက်မင်းကြီးဟာ                  သူ       စစ်ဆေးမေးမြန်းပြီဲး
                                                                                               သူကြိုက်နှစ်သက်တ့လူတွေ               နောက်ဆုံး
ဲ
အစစ်ဆေးမေးမြန်းခံရန် မင်းကြီးထံ နာမည်တင်ပြပါတယ်။ ပါပါ့အနေနဲ့ ပြုတ်ကျန်ရစ်ခ့ပါတယ်။ အဲဒီတုန်းက လက်ထောက်မင်းကြီးဟာ
မြန်မာအမျိုးသား အိုင်စီအက် (စ) ဖြစ်ပါတယ်။
ွ
                         ထိုင်းဘုရင်ကြီး ဘူမိဘောနှင့်အတူ ရွှေတိဂုံစေတီတင် တွေ့ရသော သမ္မတမန်းဝင်းမောင်
         အကောက်ခွန်ဌာနမှာ ကာကွယ်ရေး အရာရှိရာထူး လစ်လပ်တော့ ပါပါ လျှောက်ပါတယ်။ သုံးလေးနေရာ လစ်လပ်ပါတယ်။
ကာကွယ်ရေး            အရာရှိရာထူးဟာ         ရာဖြတ်အရာရှိထက်                 လစာနည်းပါတယ်။             အဲဒီအချိန်မှာ      လက်ထောက်မင်းကြီး
(ကာကွယ်ရေးဆိုင်ရာ)ဟာ            အင်္ဂလိပ်လူမျိုးဖြစ်ပြီဲး
                                                              ရဲဝန်ထမ်းအဖွ့      (ပထမတန်း)မှ           ဖြစ်ပါတယ်။       လက်ထောက်မင်းကြီး
(ကာကွယ်ရေးဆိုင်ရာ)ဟာ          ပါပါ့ကို   ခေါ်တော့           စစ်ဆေး    မေးမြန်းပါတယ်။     အင်္ဂလိပ်လူမျိုး    ဖြစ်တဲ့    အကောက်ခွန်မင်းကြီးဟာ
ကာကွယ်ရေးအရာရှိဲ
                          ခန့်တ့နေရာမှာ      လက်ထောက်မင်းကြီး               (ကာကွယ်ရေးဆိုင်ရာ)ကို          အာဏာ          ပေးအပ်ထားပါတယ်။
လက်ထောက်မင်းကြီး (ကာကွယ်ရေးဆိုင်ရာ) နှင့် ပါပါ တွေ့ဆုံ အစစ်ခံပြီး တပတ်အကြာမှာ ပါပါ့ကို ခန့်အပ်ကြောင်း စာလာပါတယ်။
ွ
         ကာကွယ်ရေးအရာရှိ ရာထူးကို ပါပါ လက်ခံပြီး ၀င်လုပ်ပါတယ်။ ပါပါ ၀င်လုပ်တဲ့ ရည်ရယ်ချက်ဟာ ကာကွယ်ရေးအရာရှိ
အလုပ်မှ ရာဖြတ်အလုပ်သို့ ပြောင်းရွှေ့ လုပ်ကိုင်ရန် ဖြစ်ပါတယ်။ အဲဒီလို ပြောင်းရွှေ့ ခန့်ထားခြင်းခံရပြီး လုပ်ကိုင်တဲ့လူတွေလည်း
ရှိပါတယ်။     ကာကွယ်ရေး       အရာရှိအဖြစ်        ပထမ          ပါပါ   အလုပ်သင်ရပါတယ်။          ပါပါ    ပထမဆုံး        သင်ရသော       အလုပ်ဟာ
ပင်လယ်ကူးသင်္ဘောပေါ်           တက်ရောက်         စစ်ဆေးရသောအလုပ်               ဖြစ်ပါတယ်။       ကာကွယ်ရေးအရာရှိ          လုပ်သူမှာ    ၀င်လာသော
ွဲ
ပင်လယ်ကူးသင်္ဘောပေါ် တက်ရောက်ပြီး လှေကားထိပ်နားမှာ လက်နက်များခွင့်မပြု ဆိုင်းဘုတ်ကို ချိတ်ဆထားရပါတယ်။ ၎င်းနောက်
မာလိန်မှူးနှင့်အတူ     သင်္ဘောစတိုခန်းသို့       သွားရပါတယ်။            တက်ရောက်        စစ်ဆေးသော           သင်္ဘောမှာ       သင်္ဘောသားအားလုံး
မည်မျှရှိကြောင်း၊ ရန်ကုန်ဆိပ်ကမ်းမှာ ဘယ်နှစ်ရက် ကြာမည် ဖြစ်ကြောင်း၊ မာလိန်မှူးအား မေးမြန်းပြီး သင်္ဘောစတိုးခန်းထဲမှာ ရှိသော
စားသောက်ဖွယ်ရာယိုဘူးများ၊        စီးကရက်၊      အရက်          စသည်တို့ကို    တွက်ချက်ပြီး     ထုတ်ပေးရပါတယ်။          ၎င်းနောက်        စတိုးခန်းကို
ချိတ်ပိတ်ထားရပါတယ်။ အကယ်၍ သင်္ဘောသည် မူလ သတ်မှတ်ထားသောရက်များထက် ပိုနေလျှင် ပိုနေသောရက်များအတွက်
တွက်ချက်ပြီး စတိုခန်းမှ စားစရာ သောက်စရာများကို ထပ်မံ ထုတ်ပေးရပါတယ်။ ၎င်းနောက် စတိုခန်းကို ထပ်မံ ချိတ်ပိတ်ရပါတယ်။
နေ့လယ်စာစားရန် အချိန်ရောက်သောအခါ မာလိန်မှူးနှင့်အတူ စားရပါတယ်။ မာလိန်မှူးက စားကောင်း သောက်ဖွယ်များနှင့် တည်ခင်း
ဧည့်ခံသည့်အပြင်         ပြန်တော့လည်း         အလိပ်ငါးဆယ်ဝင်        စီးကရက်ဘူးများလည်း        လက်ဆောင်အဖြစ်           ပေးလိုက်ပါတယ်။
ကာကွယ်ရေးအရာရှိ၏              တာဝန်ဝတ္တရားများမှာ         သင်္ဘောပေါ်        တက်ရောက်         စစ်ဆေးရသော           တာဝန်အပြင်       ရေထဲ
ပတ်တရောင်လှည့်ရသော တာဝန်နှင့် ဆိပ်ကမ်းဂိုဒေါင်မှာ လုပ်ရသော တာဝန်များလည်း ရှိပါတယ်။
ွ
         ကာကွယ်ရေးအရာရှိအဖြစ် တလကြာမျှ တာဝန်ထမ်းဆောင်ပြီး နောက်၊ ပါပါသည် အကောက်ခန်မင်းကြီးနှင့် ၀င်ရောက်
ွ
တွေ့ဆုံပြီး ကာကွယ်ရေးအရာရှိအလုပ်မှ ရာဖြတ်အလုပ်သို့ ပြောင်းရွှေ့ လုပ်ပိုင်ခင့် ရှိမရှိ အကောက်ခန်မင်းကြီးအား မေးမြန်းပါတယ်။
ပါပါသည်ွ
                အကောက်ခန်မင်းကြီးအောက်မှာ           အရာရှိကလေးပင်       ဖြစ်သော်လည်း      ပါပါကို     ယဉ်ကျေးစွာဖြင့်   လက်ခံတွေ့ဆုံ
စကားပြေပါတယ်။ အလုပ်ကို ပြောင်းရွှေ့ လုပ်ကိုင်နိုင်သော်လည်း မည်မျှကြာမျှ လုပ်ကိုင်နိုင်မည်ကို သူ အတိအကျ မပြောနိုင်ကြောင်း
မရုတ်မလွန် ပါပါ့ကို ပြန်ပြောပါတယ်။
ွ
         ပါပါသည် အကောက်ခန်မင်းကြီးနှင့် တွေ့ဆုံပြီး မကြာမီ ကာကွယ်ရေးအရာရှိ ရာထူးမှ နှုတ်ထက်လိုက်ပါတယ်။ ၎င်းနောက်
ဘဏ္ဍာရေးမင်းကြီးရုံးသို့ ပြန်လည်၍ စာရေးအလုပ်ကို လုပ်ပါတယ်။ ဘဏ္ဍာရေးမင်းကြီးရုံးမှာ ပါပါနှင့်အတူ အလုပ်လုပ်ပြီးနောက်ပိုင်း
ရာထူးကောင်းကောင်း ရရှိသူများလည်း ရှိပါတယ်။ ၎င်းတို့မှာ ဦးလှအောင် (နိုင်ငံခြားရေးဝန်ထမ်းအငြိမ်းစား)၊ ဦးဘချစ် (နိုင်ငံခြားရေးရုံး
ဌာနခွဲမှူး၊    အငြိမ်းစား)၊   ဦးထွန်းသိန်း   (စက်မှုလက်မှုဌာန     ညွှန်ကြားရေးဝန်    အငြိမ်းစား)တို့   ဖြစ်ကြပါတယ်။      ဦးလှအောင်နှင့်
ဦးထွန်းသိန်းဟာ ညီအစ်ကိုဖြစ်ပါတယ်။
         ပါပါ    ဘဏ္ဍာရေးမင်းကြီးရုံးမှာ       အလုပ်ပြန်လုပ်ပြီး   များမကြာမီ    ဒုတိယကမ္ဘာစစ်ကြီး       စတင်   ဖြစ်လာပါတယ်။      စစ်ကြီး
ဖြစ်လာတဲ့အတွက် မေမြို့မှာ စစ်ဗိုလ်လောင်းသင်တန်းကျောင်း ဖွင့်လှစ်ပါတယ်။ စစ်ဗိုလ်လောင်း သင်တန်းကျောင်း မတက်မီ
ပထမဆင့်အနေဖြင့် စစ်သားရိုးရိုး အဖြစ် သုံးလကြာမျှ စစ်သားသင်တန်း တက်ရပါတယ်။ စစ်သားသင်တန်း အောင်မြင်မှသာ
စစ်ဗိုလ်လောင်းသင်တန်း တက်ရပါတယ်။ တတိယ အကြိမ်မြောက် စစ်ဗိုလ်လောင်းသင်တန်း တက်ရောက်ရန် ပါပါလျှောက်ထားရာ
ွ
ဝင်ခင့်ရရှိပါတယ်။ စစ်သား ရိုးရိုးသင်တန်း ပထမအဆင့်အနေဖြင့် သင်ကြားရန် ပါပါ မေမြို့သို့ ထွက်ခာသွားပါတယ်။
         မေမြို့သို့ ပါပါ ၁၉၄၁ ခု၊ အောက်တိုဘာလကုန်မှာ ရောက်ရှိပါတယ်။ မေမြို့သို့ ပါပါ ဒုတိယအကြိမ် ရောက်ရှိခြင်း ဖြစ်ပါတယ်။
ပထမအကြိမ် ရောက်ရှိစဉ်က ကောလိပ်ကျောင်းသား ဘ၀က ဖြစ်ပါတယ်။ ၁၉၃၄ ခု နွေရာသီ ကျောင်းပိတ်ရက်မှာ ယူတီစီ (UTC)
ခေါ်တဲ့         တက္ကသိုလ်စစ်တပ်ရင်းဟာ            မေမြို့တက်ပြီး      စခန်းချကာ       လေ့ကျင့်ရေးများ       ပြုလုပ်မည်ဖြစ်၍      ပါပါဟာ
ဲ
အဖွ့ဝင်စစ်သားတယောက်အနေဖြင့် လိုက်ပါသွားခြင်း ဖြစ်ပါတယ်။ အဲဒီတုန်းက ကောလိပ်ကျောင်းစစ်သားတွေဟာ တပျော်တပါးကြီး
ွ
အထူးမီးရထားဖြင့် ရန်ကုန်မှ နံနက်အချိန် စထွက်ပြီး နောက်တနေ့ နံနက်အချိန်မှာ မန္တလေးမြို့သို့ ရောက်ရှိသားပါတယ်။ ပါပါ့အနေနဲ့
ွဲ
မန္တလေးသို့ ပထမဆုံးအကြိမ် ရောက်ရှိခြင်း ဖြစ်ပါတယ်။ မေမြို့သို့ နေ့လယ်မှ မီးရထားဆက်ထက်မှာ ဖြစ်တ့အတွက် မန္တလေးမြို့ထဲသို့
အဖော်များနှင့်အတူ လျှောက်လည်ကြပါတယ်။ နန်းတော်ထဲ သွားကြပါတယ်။ အဲဒီတုန်းက နန်းတော်ဟာ ဟောင်းသည်မှတပါး
ပျက်စီးခြင်း    သိပ်မရှိသေးပါ။     တိုင်တလုံးတလုံးမှာ    လူတဖက်မက        ကြီးပါတယ်။     မျှော်စင်လည်း     ရှိပါသေးတယ်။     လူတက်လို့
မရတော့ကြောင်း သိရပါတယ်။
         ၁၉၄၁ ခု၊ နိုဝင်ဘာလ (၁)ရက်နေ့မှာ ပါပါ စစ်သားသင်တန်း တက်ရပါတယ်။ ပထမနေ့မှာ စစ်ဝတ်စစ်စား ယူနီဖောင်း
ွ
ထုတ်ပေးတာနဲ့ အချိန်ကုန်သားပါတယ်။ စစ်သင်တန်းဟာ သုံးလ ကြာပါတယ်။ သုံးလအတွင်း တန်းစီလမ်းလျှောက်၊ ဘယ်လှည့်၊
ွ
ညာလှည့်၊ လေ့ကျင့်ရေး အငယ်စားလက်နက်များ ကိုင်တယ်ရေး (အဲဒီတုံးက ဒသမ ၃၀၃ ရိုင်ဖယ်နှင့် ဘရင်းခေါ်တဲ့ စက်သေနတ်
ွ
အငယ်စားပဲ သင်ရပါတယ်) လှံစပ်ထိုးနည်း၊ စစ်ချီတက်နည်း၊ အခက်အခဲ ကျော်လွှားသွားနည်း အစရှိသည်တို့ ဖြစ်ပါတယ်။ လှံစွပ်ထိုး
နှင့် အခက်အခဲကျော်လွှား လေ့ကျင့်ရတဲ့အခါ အလွန်မှ ပင်ပန်းပါတယ်။ ထမင်းစား ပျက်ပါတယ်။ စစ်သားသင်တန်း ပြီးဆုံးခါနီးမှာ
ွ
ပစ်ကင်းရှိရာသို့ သွားပြီး ရိုင်ဖယ်သေနတ် လေ့ကျင့်ရပါတယ်။
ွဲ
         စစ်သားသင်တန်း တက်နေစဉ် ခရစ်စမတ်ပတော်အတွက် ကျောင်းတပတ် ပိတ်ပါတယ်။ ကျောင်းတပတ်ပိတ်စဉ်အတွင်း ပါပါ
ဲ
ရန်ကုန်သို့ ဆင်းသွားပါတယ်။ ပါပါ ရန်ကုန်သို့ ရောက်တ့နေ့ဟာ ဂျပန်တို့ ဗုံးလာချပြီး နောက်တနေ့ ဖြစ်တယ်။ မြို့ဟာ ကျီးလန့်စာစား
ဲ
ဖြစ်ပြီး၊ လူတွေဟာ ခြေဦးတည့်ရာသွား နေကြပါတယ်။ ပါပါရောက်တ့အချိန်ဟာ နံနက်ပိုင်းဖြစ်ပြီး မီးရထားတွေ တိုးချောင်ကလေး၊
ဲ
သင်္ကန်းကျွန်း ရောက်တော့ လူတွေဟာ အထုပ်ကြီး အထုပ်ငယ်န့ မီးရထားလမ်းအတိုင်း၊ ကားလမ်းအတိုင်း အထက်သို့ သွားနေတာကို
ဲ
တွေ့ရပါတယ်။ မြို့ထဲရောက်တော့ ဗုံးဒဏ်ကြောင့် သေတဲ့ လူတွေရ့ အလောင်းများ ဖယ်ရှားရှင်းလင်းပစ်တာ တွေ့ရပါတယ်။ ပါပါလည်း
ွ
အဲဒီနေ့မှာပဲ မန္တလေးသို့ မွန်းလွဲ ၂း၃၀ အချိန်မှာ ပြန်ထက်တဲ့ မီးရထားနဲ့ မန္တလေးမြို့သို့ ပြန်တက်လာပါတယ်။ စစ်ဝတ်စစ်စားနဲ့ ဖြစ်လို့
သွားလာရေး လွယ်ကူတယ်။
        ပါပါစစ်သားသင်တန်း            တက်ရောက်နေစဉ်              ဦးညွန့်လွင်        (ဒုဗိုလ်မှူးကြီးဟောင်း)၊   ဦးပက်ထရစ်ဖိုးလှ     (ဗိုလ်မှူးဟောင်း၊
ဩစတြေးလျပြည်ရောက်) ဦးစံသိန်း (လျော်ကြေးပေးအရာရှိချုပ်၊ လယ်ယာမြေ ပြည်သူပိုင်လုပ်ရေးဌာန၊ အငြိမ်းစား)၊ ဦးအေးငွေ
ွဲ
(ဗိုလ်မှူးဟောင်းအိုးဘို၊ ကြည့်မြင်တိုင် ) တို့နှင့် အပေါင်းအသင်း ဖြစ်ပါတယ်။ ဦးညွန့်လင်ရ့ ယောက်ဖ ဦးအေးဖေဟာ အဲဒီအချိန်မှာ
မန္တလေး မီးရထားဌာန ပို့ဆောင်ရေးဝန်ထောက် ဖြစ်ပါတယ်။ ပါပါတို့ စစ်သားသင်တန်းကျောင်းဟာ စနေနေ့တိုင်း နေ့လယ် (၁၂)
ွ
နာရီမှာ ပိတ်ပြီး တနင်္လာနေ့၊ နံနက် (၆) နာရီအချိန်မှာ ပြန်ဖင့်ပါတယ်။ စနေ၊ တနင်္ဂနွေ လျှောက်လည်ချင်ရင် သက်ဆိုင်ရာကို
ဲ
ပြောသွားရပါတယ်။ ပါပါတို့ အပေါင်းအသင်းဟာ စနေနေ့ မွန်းလွတိုင်းလိုလို ဦးညွန့်လွင့်ကို အကြောင်းပြုပြီး မန္တလေး ညအိပ် ညနေ
သွားကြပါတယ်။ ဦးအေးဖေအိမ်မှာပဲ တည်းခိုစားသောက်ကြပါတယ်။ ဦးအေးဖေ အလွန်မှ စိတ်ကောင်းရှိပြီး ဖော်ရွေပါတယ်။ ပါပါတို့ကို
ွ
အမြဲတမ်း စားကောင်းသောက်ဖယ်များ နှင့် ဧည့်ခံ ကျွေးမွေးပါတယ်။ နောက်ပိုင်း ပါပါ ပို့ဆောင်ဆက်သွယ်ရေးဌာန ၀န်ကြီး
ဖြစ်လာတော့ ပါပါနဲ့ ဦးအေးဖေ ပြန်လည် ဆုံဆည်း ကြပါတယ်။ ပါပါ သမ္မတဖြစ်ပြီး မြင်းပေါ်မှ လိမ့်ကျတော့ ဦးအေးဖေ လာကြည့်
ွ
ပါတယ်။ ပါပါ အချုပ်ခံရပြီး ပြန်လတ်လာတော့လည်း မေမြို့မှာ နေထိုင်စဉ် ဦးအေးဖေဟာ မေမြို့လာတိုင်း ပါပါဆီ အလည်လာပါတယ်။
ွ
        ပါပါစစ်သားသင်တန်း ပြီးဆုံးပြီး အောင်မြင်သဖြင့် စစ်ဗိုလ်လောင်းသင်တန်း တက်ခင့်ရပါတယ်။ စစ်ဗိုလ်လောင်းသင်တန်း
ဲ
မတက်ရောက်မီ ကျောင်း ဆယ့်ငါးရက် ပိတ်ထားပါသဖြင့် ရန်ကုန်သို့ ပါပါသွားပါတယ်။ ရန်ကုန်မှာရှိတ့ရုံးတွေဟာ အထက်ဗမာပြည်သို့
ဲ
ပြောင်းရွှေ့ဖို့ အစီအစဉ် လုပ်နေကြပါတယ်။ ပါပါ စစ်ထ၀င်သော်လည်း လစာကတော့ ဘဏ္ဍာရေး မင်းကြီးရုံးက ထုတ်ပေးပါတယ်။
ဘဏ္ဍာရေးမင်းကြီးရုံးမှာ         ပါပါ    ရသင့်တဲ့     လစာငွေတွေ            ထုတ်ယူပြီး         ပုသိမ်ရှိ   ပါပါ   ကျောင်းအုပ်ဟောင်း        ဦးရွှေတောဆီ
အလည်သွားပါတယ်။ ကျောင်းအုပ်ကြီး ဦးရွှေတောဆီရောက်တော့ သူတို့လည်း ပုသိမ်မှ ပြောင်းရွှေ့ဖို့ ထုပ်ပိုး ပြင်ဆင်နေကြတာကို
တွေ့ရပါတယ်။ အဲဒီအချိန်မှာ ထားဝယ်ကျပြီး၊ မော်လမြိုင်ကျပြီး ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ပါပါလည်း ပုသိမ်မှာ
နှစ်ရက်နေပြီး ရန်ကုန် ပြန်လာတယ်။ ရန်ကုန်အပြန် ရေကြည်မြို့မှာ တထောက်နားပြီး တရက်နေပါတယ်။ ရေကြည်မြို့ဟာ ပုသိမ်၊
ဟင်္သာတ မီးရထားလမ်းပေါ် တည်ရှိတဲ့ မြို့ဖြစ်ပါတယ်။ ရေကြည်မြို့မှာ ပါပါ သိကျွ မ်းတဲ့ ဌာနအုပ် (စခန်းမှူး) ဦးမိုင်ကယ်မောင်ထင်ထံ
ဝင်လည်ခြင်း ဖြစ်ပါတယ်။ (ဂျပန်ခေတ်မှာ ပါပါဟာ ကျနော် တို့အမေ ဦးမိုင်ကယ် မောင်တင် ညီမနဲ့ အိမ်ထောင် ကျပါတယ်။)
        မေမြို့သို့ စစ်ဗိုလ်လောင်းသင်တန်းကျောင်း မဖွင့်မီ တရက်အလိုမှာ ပါပါ ပြန်ရောက်ပါတယ်။ ဗိုလ်လောင်းသင်တန်းကျောင်း
ွ
ဖွင့်တော့ သင်တန်းတက်ခင့်ရတဲ့ လူတချို့ ပြန်လာသည်ကို မတွေ့ရပါ။ အဲဒီအချိန်ဟာ ဂျပန်တွေ မော်လမြိုင်၊ ထားဝယ်သိမ်းပြီးချိန်
ဖြစ်ပါတယ်။ ဗိုလ်လောင်းသင်တန်းမှာ မြေပုံဖတ်နည်း၊ အိမ်မြှောင်ဖြင့် ခရီးသွားနည်း၊ စစ်တိုက်ခိုက်ရေးနည်း ပရိယာယ်၊ သေနင်္ဂဗျူဟာ၊
ွဲ
တပ်ရင်း၊ တပ်ခ၊ တပ်စိတ်ဖ့စည်း အုပ်ချုပ်ပုံ အစ ရှိသည်တို့ ဖြစ်ပါတယ်။ စစ်တိုက်ခိုက်ရေး နည်းပရိယာယ် သေနင်္ဂဗျူဟာ
သင်ကြားရာမှာ      တိုက်ခိုက်ရမည့်      နေရာကို      ရွှံ့ဖြင့်    ပုံစံထုလုပ်ပြီး     ချီတက်ရမည့်       လမ်းကြောင်း၊     စစ်သားဖြန့်ထားရမည့်နေရာ၊
အစရှိသည်တို့ကို      သဘာဝကျကျ               သင်ကြားပါတယ်။              ဗမာပြည်အောက်ပိုင်းမှာ            တမြို့ပြီးတမြို့၊   တနေရာပြီး     တနေရာ
ဂျပန်သိမ်းပိုက်ကြောင်း    သတင်းတွေ           ပါလာသည်နှင့်အမျှ           ဗိုလ်လောင်းသင်တန်းကျောင်းက                  ဆရာတွေလည်း     တက်သုတ်ရိုက်
သင်ကြားနေပါတယ်။ အရေးကြီးသော ကိစ္စရပ်များကိုသာ သင်ကြားပါတယ်။ သင်တန်းမဆုံးမီ လူတချို့ကို ဗိုလ်ရာထူးပေးပြီး
ကုလားပြည်ကို စေလွှတ်တာလည်း ရှိပါတယ်။ အင်္ဂလိပ်ဘက် ၀င်ကူတိုက်ပေးတဲ့ ချန်ကေရှိတ်တရုတ်တပ်နှင့် ဂျပန်တို့တောင်ငူမှာ
အကြိတ်အနယ် တိုက်ခိုက်ချိန်မှာ ဗိုလ်လောင်းသင်တန်းကျောင်း ပိတ်ပါတယ်။
        ကျောင်းမပိတ်မီ        တပတ်အလိုမှာ         ဗိုလ်လောင်းသင်တန်းကျောင်းအုပ်ကြီးဟာ                    ပါပါ့ကို    ခေါ်ပြောပါတယ်။      ကုလားပြည်
ဲ
လိုက်သွားပြီး ထောက်လှမ်းရေးသင်တန်း တက်ရန်၊ နောက် လေထီးနှင့် ဗမာပြည်ထသို့ ပြန်ခုန်ဆင်းပြီး သူလျှိုအလုပ် လုပ်ရန်
ွ
ပြောပါတယ်။ ပါပါက ဒီအလုပ် မလုပ်လိုကြောင်း ပြန်ပြောပါတယ်။ ဒီအလုပ်ကိုလက်ခံပြီး လိုက်သားတဲ့ လူတွေလည်း ရှိပါတယ်။ ပါပါက
ဒီအလုပ်ကို လက်မခံသဖြင့် နောက်တနေ့ ဒုတိယကျောင်းအုပ်က ပါပါသွားလိုရာ သွားနိုင်ကြောင်း ခေါ်ပြောပါတယ်။ အဲဒီအချိန်မှာ
သွားစရာနေရာ မန္တလေး၊ မေမြို့အထက်ပိုင်းရှိ အရပ်ဒေသများသာ ဖြစ်သဖြင့် မြစ်ကြီးနားသို့ သွားရန် မီးရထားဝရမ်းယူပြီး ပါပါ
မြစ်ကြီးနားသို့ သွားပါတယ်။
        ပါပါ   ရန်ကုန်မြို့    ဘဏ္ဍာရေးမင်းကြီးရုံးမှာ            အလုပ်လုပ်စဉ်          မြစ်ကြီးနားသား      ဦးစက်တင်ဆိုသူနှင့်     သိကျွမ်းခဲ့ပါတယ်။
ွ
ဦးစက်တင်က ကုန်သည် ဖြစ်ပါတယ်။ ရန်ကုန်မြို့ ဗုံးကြဲခံရပြီးနောက် သူ မြစ်ကြီးနားသို့ ပြန်တက်သားပါတယ်။ သူ့ဇနီးဟာ
ရန်ကုန်ဆေးရုံကြီးမှ သူနာပြုဆရာမ ရီဘယ်ကာ ဖြစ်ပါတယ်။ ကချင်အမျိုးသမီးဖြစ်၍ ကချင်နာမည်ဟာ မခွမ် ဖြစ်ပါတယ်။ ပါပါ
မြစ်ကြီးနားရောက်တော့ ဦးစက်တင် - ဒေါ်ရီဘယ်ကာအိမ်မှာသွား နေပါတယ်။ မြစ်ကြီးနားကို ဂျပန် မသိမ်းပိုက်မီ အချိန်ကလေးမှာ
ဗမာပြည်ဘုရင်ခံ     ဆာဒေါ်မန်စမစ်          နှင့်   ဆာပေါ်ထွန်းတို့        မြစ်ကြီးနားမှတဆင့်          ကုလားပြည်သို့      လေယာဉ်ပျံဖြင့်   သွားကြောင်း
ကြားသိရပါတယ်။ ပါပါ မြစ်ကြီးနားရောက်ပြီး ဆယ်ရက်အကြာမှာ ဂျပန်တွေ ဗန်းမော်ကနေပြီး မြစ်ကြီးနားကို ချီတက်လာကာ
မြစ်ကြီးနားနှင့် သိပ်အလှမ်းမဝေးသော ကဆူးသို့ ရောက်နေကြောင်း၊ မြစ်ကြီးနားမြို့မှာ ရုပ်တရက် သတင်း ထွက်ပေါ်လာပါတယ်။
အဲဒီသတင်း ထွက်ပေါ်လာတော့ မြစ်ကြီးနားမြို့က လူတွေ ရုတ်ချည်း ပြောင်းရွှေ့ကြပါတယ်။ ပါပါလည်း ဦးစက်တင်တို့ နောက်လိုက်ပြီး
မြစ်ကြီးနား တဖက်ကမ်း ဓားလွယ်ခုတ်လောက်မှာ တည်ရှိတဲ့ မိုင်းနားရွာသို့ ပြောင်းရွှေ့ နေထိုင်ကြပါတယ်။
ဲ
        (ပါပါ သမ္မတဖြစ်ပြီးနောက် ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ကျင်းပတဲ့ မနောပွကို တက်ရောက်တဲ့ အခါမှာ ပါပါ မိုင်းနားရွာကို
ဲ
သွားလည်ပါတယ်။ ဦးစတက်တင်တို့နှင့်အတူ ပါပါ တည်းခို နေထိုင်ခ့တဲ့ အိမ်ကို သွားပါတယ်။ အိမ်ရှင်တွေနှင့်တွေ့ပြီး သူတို့ကို
စောင်များ ပေးပါတယ်။ ငွေလည်း ပေးသုံးပါတယ်။ အိမ်ဝင်းထဲမှာတော့ ဦးစက်တင်နှင့် ပါပါတို့ ပြောင်းရွှေ့ပြီးနောက် ဗုံးကျလို့ ဗုံးကျင်း
ဲ
ခပ်ကြီးကြီးတကျင်းကို တွေ့ခ့ပါတယ်။ မဟာမိတ်တွေ လာချတဲ့ဗုံးလို့ ပြောပါတယ်။)
        ပါပါတို့ မိုင်းနားရွာကို ရောက်ပြီး သုံးရက်အကြာ ၁၉၄၂ ခု မေလ(၆) ရက်နေ့မှာ ဂျပန်စစ်တပ်တွေ အခုအခံမရှိဘဲ
မြစ်ကြီးနားမြို့ကို သိမ်းပိုက်လိုက်ပါတယ်။
ဂျပန်တို့ဝင်လာသောအခါ
        မိုင်းနားရွာဟာ ရှမ်းရွာဖြစ်ပါတယ်။ မြစ်ကြီးနားဘက်က ရှမ်းစကားဟာ ရှမ်းပြည်က ရှမ်းစကားနဲ့ မတူဘူးလို့ ပြောကြတယ်။
ဲ်
ဘယ်လောက် ကွာခြားသလဲဆိုတာ ပါပါမသိပါ။ ပါပါတို့ တည်းခို နေထိုင်တ့အိမ်ဟာ မြစ်ကမ်းပါးနဲ့ ကိုကလေးရာလောက် ဝေးပါတယ်။
ဲ
ပါပါတို့နဲ့အတူ ဦးမောင်မောင်တင် - ဒေါ်ကိုင် တို့လည်း တည်းခိုပါတယ်။ သူတို့လင်မယားဟာ ဦးစက်တင် - ဒေါ်ရီဘယ်ကာတို့ရ့
မိတ်ဆွေများ     ဖြစ်ကြပါတယ်။            ဦးမောင်မောင်တင်ဟာ      ထားဝယ်သားဖြစ်ပြီး             မြစ်ကြီးနားခရိုင်ဝန်ရုံးမှာ   အမှုထမ်းပါတယ်။
ဒေါ်ကိုင်ကတော့ သူနာပြုဆရာမ ဖြစ်ပါတယ်။ နောက်များမကြာမီ ဒေါ်သဲနု ရောက်လာပါတယ်။ သူ့ ကရင်နာမည်က အကလောင်း လို့
ခေါ်ပါတယ်။ (ယခု မြောက်ဥက္ကလာပဆေးရုံမှာ စစ်စတာဒေါ်သဲနု ဖြစ်ပါတယ်။)
ဲ
        ပါပါ မိုင်းနားမှာ နေတာ ပါပါနဲ့ အတူတူနေတဲ့ ဦးစက်တင်၊ ဦးမောင်မောင်တင်တို့က လွရင် ဘယ်သူ့မှ စစ်ပြန်ဆိုပြီး မသိကြဘူး။
ရန်ကုန်က စာရေးတယောက်လိုပဲ သိကြတယ်။ မိုင်းနားမှာ နေတဲ့အတွက် အိမ်ရှင်ကို ဦးစက်တင်တို့က အိမ်လခပေးပါတယ်။
ဲ
ထမင်းတော့ ကိုယ့်ဟာကိုယ် ချက်စားပါတယ်။ သုံးရေသောက်ရေ ခပ်တ့အလုပ်ကတော့ ပါပါ ဒိုင်ခံလုပ်ပြီး၊ တခါတလေ ထမင်း
ဝင်ကူချက်ပါတယ်။ အိမ်ရှင်လုပ်တဲ့ လူတွေက စပါးထောင်းစားတော့ သူတို့ စပါးထောင်းတဲ့အခါ ပါပါ ၀င်ကူထောင်းပေးပါတယ်။
ွ
အားလပ်တဲ့ အချိန်မှာ ပါပါ ရှမ်းစကား သင်ပါတယ်။ ဘယ်သားမလဲ ဘယ်ကပြန်လာသလဲ ‘ရေခပ်ပြီးပြီလား’ ‘နေကောင်းရဲ့လား’
ဲ
‘အိမ်လည်လာပါဦး’ အစရှိသည်တို့ ပါပါ တတ်ခ့ပါတယ်။ နောက်ပိုင်းကျတော့ မေ့ကုန်ပါတယ်။ အင်္ဂလိပ်တွေ ဗုံးလာကြဲမယ်ဆိုလို့
ပါပါတို့ မိုင်းနားမှာ နေစဉ် ဗုံးခိုကျင်း တူးရပါသေးတယ်။ လေယာဉ်ပျံတော့ လာပါတယ်။ ဗုံးမကြဲဖြစ်ဘူး။
        မြစ်ကြီးနားကို ဂျပန်တွေ သိမ်းပိုက်ပြီး တပတ်အကြာမှာ ဂျပန်အာဏာပိုင်များက မိုင်းနားကို ထွက်ပြေး တိမ်းရှောင်နေတဲ့
မြစ်ကြီးနားက    မြို့မိမြို့ဖများကို   တွေ့လိုကြောင်း   ပြောပါတယ်။   ဒါနဲ့       နောက်တနေ့နံနက်         လူဆယ့်ငါးယောက်           လှေနှစ်စင်းနှင့်
ွ
သွားကြတယ်။ ပါပါလည်း လိုက်သားတယ်။ မြို့မိ၊ မြို့ဖအနေနှင့် လိုက်သားခြင်း မဟုတ်၊ လှေလှော်သမားတယောက် အနေနှင့်
ဲ
လိုက်သွားခြင်း ဖြစ်တယ်။ ဂျပန်စစ်ဌာနချုပ်ဟာ ကမ်းနားမှာရှိတဲ့ ယခင် အစိုးရ ဗိုလ်တဲ ဖြစ်တယ်။ ဗိုလ်တဆိပ်မှာ လှေဆိုက်ပြီး
ွဲ
ဗိုလ်တသို့တက် သွားကြတယ်။ ပါပါက လှေလှော်သမားဖြစ်တော့ နောက်ဆုံးမှာ တက်သားတယ်။ ဗိုလ်တနားမှာရှိတဲ့ သစ်ပင်ကြီးမှာ
အင်္ဂလိပ်စစ်သားဟာ ပါပါ့ကို စီးကရက်တောင်းသောက်ပါတယ်။ ပါပါက ပေးသောက်ချင်သော်လည်း ဂျပန်စစ်သား စောင့်နေလို့
မပေးတတ်ပါ။ (၎င်း အင်္ဂလိပ်စစ်သားကို ညနေကျ ဂျပန်တွေက လည်ပင်းဖြတ် သတ်ကြောင်း နောက်ပိုင်းမှာ သိရပါတယ်။)
ဲ
ဗိုလ်တအပေါ်ထပ်မှာ မြို့မိ၊ မြို့ဖလုပ်တ့လူတွေက ဂျပန်စစ်ဗိုလ်နဲ့ သွားတွေ့တယ်။ ပါပါတို့ လှေလှော်သမားလေးယောက်ဟာ
အောက်မှာ       စောင့်နေကြတယ်။           ခဏအကြာမှာ       ဂျပန်စစ်သားတယောက်က                ပါပါတို့ဆီ    လာပြီး     စကားပြန်နဲ့      ကမ်းနားမှာ
ဲ
သောင်တင်နေတဲ့ သင်္ဘောကို တွန်းချဖို့ လာပြောပါတယ်။ ပါပါတို့ လှေလှော်သမား လေးယောက် ပွဦးထွက် ဂျပန်ခိုင်းတာကို
ဲ
လုပ်ရတော့မယ့်ဆဆဲ မြို့မိ၊ မြို့ဖများ ပြန်ဆင်းလာလို့ သက်သာရာ ရသွားပါတယ်။ ပါပါတို့အားလုံး လှေပေါ်ပြန်တက်ပြီး မိုင်းနား
ပြန်သွားကြတယ်။
ဲ
        မိုင်းနားမှာနေစဉ် တနေ့ မိုင်းနားရွာသား အဖော်တယောက်န့ အမဲပစ်ရန် သွားပါတယ်။ ရွာပြင် နှစ်မိုင်ခန့် အဝေးကျတော့
ကျားကြီးခြေရာ တွေ့ရတယ်။ ရွာသားမုဆိုးက ကျားခြေရာများကို ကြည့်ရင်း ကျားဟာ တကောင်တည်းဖြစ်ပြီး၊ ဒီခြေရာတွေဟာ
ွ
သိပ်မကြာသေးဘူးလို့ ပြောတယ်။ ဒီလိုဆိုရင် ကျားကြီးဟာ ပါပါတို့ ရောက်သားတဲ့ နေရာနဲ့ သိပ်မဝေးဘူးဆိုတာ တွက်ဆလို့ ရတယ်။
ကျားကြီးခြေရာတွေ့ပြီး ပါပါတို့ နောက်ကြောင်း ပြန်ဆုတ်ရပါတယ်။ အပြန်မှာ သစ်ပင်တပင်ပေါ်မှာ အောက်ချင်းတအုပ် နားနေတာ
တွေ့ပါတယ်။ အောက်ချင်းဆိုတာ အထီးသေရင် အမပါ လိုက်သေတယ်။ အမသေရင်လည်း အထီးပါ လိုက်သေတယ်ဆိုတာ
ကြားဖူးတော့ ပါပါမပစ်တော့ဘူး။ ကျားရန်ကလည်း ကြောက်ရသေးတော့ ရွာကိုပဲ သုတ်ခြေတင် ပြန်လာခဲ့တယ်။
        မိုင်းနားရွာမှာ ပါပါတို့ တလနီးပါးမျှနေပြီး မြစ်ကြီးနားဘက်ကမ်း၊ မြစ်ကြီးနားမြို့နဲ့ သုံးလေးမိုင်ခန့် ဝေးကွာတဲ့ ဦးလှရင်ခြံသို့
တဖန် ပြောင်းရွှေ့သွားပြန်တယ်။ ဒီတခါဦး မောင်မောင်တင်၊ ဒေါ်ကိုင်တို့ ပါမလာတော့ပါ။ ဦးလှရင်ခြံထဲမှာ ဆောက်ထားတဲ့
တဲအိမ်တအိမ်မှာ      ပါပါတို့     နေပါတယ်။      တခြားတဲအိမ်တွေလည်း            ရှိပြီး   စစ်ပြေးတွေ      နေကြတယ်။        ဦးလှရင်ခြံမှာ      နေစဉ်
ွ
မီးရထားဒေါက်တာဦးသိန်းမောင် - ဒေါ်တီ (မီးရထား ခရိုင်ဆရာဝန် ဦးသိန်းမောင် ကွယ်လန်)၊ ဦးဘကြည် (မီးရထား အင်ဂျင်နီယာ)၊
ွ
ဦးစိန်ခန့် (မီးရထားရုံပိုင်)၊ ဒေါက်တာမောင်ကျော်၊ စစ်ဆေးရုံ ဗိုလ်မှူး မောင်ကျော် (ကွယ်လန်) တို့နှင့် တွေ့ဆုံ သိကျွမ်းခဲ့ပါတယ်။
့
အဲဒီအချိန်မှာ ဒေါက်တာသိမ်းမောင်ဇနီး ဒေါ်တီဟာ ကိုယ်ဝန် အရင်အမာနှင့်ဖြစ်နေပြီး ၎င်းတို့နေထိုင်တဲ့ တဲအိမ်မှာပဲ သားဦး
မွေးဖွားပါတယ်။ ပါပါတို့ တဲအိမ်က ဦးစက်တင်ဇနီး ဒေါ်ရီဘယ်ကာ (ဒေါ်ခွမ်)လည်း ကိုယ်ဝန်နဲ့ ဖြစ်နေတော့ ပါပါ ‘ချက်ထိုး’ အလုပ်ကို
လုပ်ရပါတယ်။ တောဝက်သား၊ ဂျီသား၊ ဆတ်သား တခါတလေ လာရောင်း ပါတယ်။ လာရောင်းတဲ့အခါ အမြဲတမ်း ၀ယ်ပြီး အမျိုးမျိုး
ဲ
ချက်စားပါတယ်။ မြစ်ကြီးနားတခွင်မှာ ငှက်ဖျားရောဂါ ရတတ်တ့အတွက် ရေကို အမြဲ ကြိုသောက်ရပါတယ်။
       မြစ်ကြီးနားမြို့မှ တိမ်းရှောင်နေတဲ့ လူတွေလည်း အခြေအနေကောင်းလာသဖြင့် တဖြည်းဖြည်း မြို့ထဲသို့ ပြန်ပြောင်းရွှေ့
နေထိုင်ကြပါတယ်။      ပါပါတို့လည်ဲး
                                         ဦးလှရင်ခြံထမှာ   တလနီးပါးမျှ   နေထိုင်ပြီး မြစ်ကြီးနားမြို့သို့   ပြန်ပြောင်း   နေထိုင်ကြတယ်။
ဲ
အဲဒီအချိန်မှာ မြစ်ကြီးနားမှ မန္တလေးသို့ မီးရထား အပြန်အလှန် စတင်ပြေးဆွနေပါတယ်။ ပါပါလည်း သက်ဆိုင်ရာနှင့် ပြောဆိုပြီး
မီးရထားလက်မှတ် ယူပါတယ်။ ၎င်းနောက် ဦးစက်တင်- ဒေါ်ရီဘယ်ကာတို့အား ကျေးဇူးတင်ကြောင်း၊ ကျေးဇူး မမေ့ကြောင်း၊
မြစ်ကြီးနားကိုလည်း   အခါအခွင့်သင့်လျှင်         ပြန်လာဦးမည်     ဖြစ်ကြောင်း     ပြောဆိုနှုတ်ဆက်ပြီး    ပါပါ    မြစ်ကြီးနားမှ   မီးရထားဖြင့်
ထွက်ခွာလာပါတယ်။ အချိန်က ဇူလိုင်လ ဒုတိယပတ်မှာ ဖြစ်ပါတယ်။
       ဂျပန်ခေတ် မီးရထားစီးရတာ မလွယ်ပါ။ အလွန်မှ စိတ်ညစ်စရာ ကောင်းပါတယ်။ လူစီးတွဲ မလုံလောက်လို့ ကုန်တွဲမှာ
စီးရပါတယ်။    အမိုးအကာ          ပါတဲွဲ့
                                         ကုန်တဆိုလျှင်    တော်သေးတယ်။         အမိုးအကာ       မပါတဲ့
                                                                                                       တွပက်လက်တွေစီးလို့        မိုးရွာရင်
တကိုယ်လုံးစိုရွှဲပါတယ်။      ဂျပန်တွေကဲ
                                            ရပ်ချင်တ့နေရာ     အကြာကြီးရပ်ပြီး     ထွက်ချင်တော့     ရုတ်တရက်        ကောက်ထွက်ပါတယ်။
ွ
ရုတ်တရက် ကောက်ထက်လို့ စင်္ကြံပေါ် ထွက်လျှောက်တဲ့ ခရီးသည်တွေ ကျန်ရစ်တာလည်း ရှိပါတယ်။ ခရီးသည်တွေကိုလည်း
ဲ
သွားလိုရာ ခရီးမရောက်မီ လမ်းခုလတ်ဘူတာမှာ ဆွချချင်လည်း ဆွချထားပါတယ်။ စိတ်မထင်ရင် ခရီးသည်တွေကို ပါးချ နားချ
လုပ်ပါတယ်။
                                           ထိုင်းဘုရင် နှင့် သမ္မတ မန်းဝင်းမောင်
ဲ
       ပါပါစီးနင်းလိုက်ပါတဲ့ မီးရထားဟာ မြစ်ကြီးနားမှ နံနက်ပိုင်းမှာ ထွက်ပါတယ်။ လူစီးတွတွေမှာ ဂျပန်စစ်သားတွေ ရှိလို့ ပါပါ
ကုန်တွဲမှာပဲ စီးရပါတယ်။ နဘားဘူတာကို နေ့လယ်လောက်မှာ ရောက်ပါတယ်။ နဘားဘူတာဟာ ကသာသွားတဲ့ လမ်းခွဲ ဘူတာ
ဲ
ဖြစ်ပါတယ်။ အင်္ဂလိပ်ခေတ်မှာ ရထားဆိုက်တ့အချိန် အင်ဖက်နဲ့ ထုပ်ထားတဲ့ ထမင်းနဲ့ဟင်း ရောင်းပါတယ်။
       ကျပ်လုံးလောက်ရှိတဲ့ ၀က်အူချောင်းကြော် အကြီးစားလည်း ရောင်းပါတယ်။ အလွန်မှ စားကောင်းပါတယ်။ နဘားဘူတာမှာ
ွ
စားစရာ ဘာများ ရှိသလဲ ဆိုပြီး ဆင်းကြည့်ရာ မီးရထား ရုတ်တရက် ပြန်ထက်လို့ အပြေးအလွှား ပြန်လိုက်စီးရပါတယ်။ ရွှေဘိုကို
ညမိုးချုပ်မှ ရောက်ပါတယ်။ ရွှေဘိုမှာ အတော်ကလေး ကြာအောင် ရပ်ပါတယ်။ ရွှေဘိုဘူတာမှာ ရပ်နားနေစဉ် ပါပါ စီးတဲ့
ွဲ
ကုန်တအပေါက်ဝနားမှာ လိုက်ပါလာတဲ့ ခရီးသည်တွေကို ရွှေဘိုဘူတာမှာ တာဝန်ကျတဲ့ ဂျပန် စစ်သားတွေက ဂျပန်လို ဆဲဆို
ဲ
ကြိမ်းမောင်းပြီး ပါးရိုက်ပါတယ်။ ပါပါက တွထောင့်တစ်နေရာမှာ နေတော့ ပါး အရိုက်မခံလိုက်ရဘူး။ ဂျပန်က ဘာကြောင့် ပါး
ဲ
လာရိုက်သလဲဆိုတာ မီးရထားထွက်မှ သိရတာက ရွှေဘိုက ခရီးသည်တစ်စု ပါပါတို့ စီးတဲ့ တွမှာ တက်မယ် လုပ်တော့ အ၀နားမှာ
ဲ
နေတဲ့ ခရီးသည်တွေက လက်မခံခ့တ့အတွက်ကြောင့် ဖြစ်တယ် ဆိုတာ သိရတယ်။
       မီးရထားဟာ         စစ်ကိုင်းသို့   မိုးလင်းတေွာ့
                                                         ရောက်သားပါတယ်။       အင်းဝ    မီးရထားတံတားကို        အင်္ဂလိပ်တွေ အဆုတ်မှာ
ဖျက်ထားလို့ မီးရထား စစ်ကိုင်းအထိသာ သွားနိုင်ပါတယ်။ မြစ်ကြီးနားမှာ ထွက်လာစဉ် မန္တလေးသား ခရီးသည်တစ်ယောက်နဲ့
ဲ
အသိဖြစ်လာတယ်။ ၎င်းခရီးသည်န့အတူ စစ်ကိုင်းမှ သပြေတန်း ခံတပ်ဘက်သို့ သမ္ဗာန်ဖြင့် ကူးပြီး ၎င်းမှတဆင့် မြင်းလှည်းစီးကာ
မန္တလေးဘက်သွားကြပါတယ်။ မန္တလေးလည်း ဂျပန် ဗုံးကြဲထားလို့ အနည်းအကျဉ်း ပျက်စီးပါတယ်။ ပါပါ ရောက်တဲ့အချိန်မှာ မြို့ဟာ
သိပ် မစည်ကားသေးပါ။ မီးရထား ဘူတာရုံ သွားပြီး မီးရထား အသွား အလာ စုံစမ်း မေးမြန်းရာ ရန်ကုန်သို့ မီးရထား နံနက် (၇)နာရီ
အချိန်မှာ ထွက်ကြောင်း သိရပါတယ်။
       ညဘက်မှာ ခရီးသည် အသိအိမ်မှာပဲ အိပ်ပြီး နောက်တနေ့နံနက် (၆)နာရီအချိန် မန္တလေးဘူတာရုံ အရောက် ပါပါ
သွားပါတယ်။ ဘူတာရုံကျတော့ ခရီးသည်တွေ တန်းစီပြီး လက်မှတ် ၀ယ်နေတာ တွေ့တော့ ပါပါလည်း ၀င်ပြီး တန်းစီပါတယ်။
လက်မှတ်ဝယ်တဲ့နေရာရောက်တော့ ပါပါ့ကို ရောဂါကာကွယ်ရေး ဆေးထိုးပြီးကြောင်း လက်မှတ်တောင်းပါတယ်။ မြစ်ကြီးနားမှ
ွ
မထွက်လာမီ ပါပါပလိပ်ရောဂါ နှင့် ၀မ်းရောဂါ ကာကွယ်ရေး ဆေးထိုးလာပြီး ရရှိထားတဲ့ လက်မှတ်ကို ထုတ်ပြမှ လက်မှတ်ဝယ်ခင့်
ရပါတယ်။
ွ
         ဂျပန်ခေတ်မှာ ဂျပန်တွေက မီးရထား၊ ဘူတာ၊ သင်္ဘောဆိပ်လို လူသား လူလာများတဲ့ နေရာမှာ ရောဂါ ကာကွယ်ရေး ဆေး
ထိုးနှံပေးပြီး လက်မှတ်ထုတ်ပေးပါတယ်။ တစ်ခါက နှစ်ခါအထိုးမခံရအောင် သူတို့ ထုတ်ပေးတဲ့ လက်မှတ်ကို ခရီးသွားလာတဲ့အခါ
ဆောင်သွားရပါတယ်။         ထုတ်ပေးတဲ့လက်မှတ်ဟွဲာ
                                                          ရက်စပါပြီး        တစ်လပဲ      သုံးခွင့်ပြုပါတယ်။    တစ်လ         ကျော်လွန်ပြီး    သူတို့
ွ
ဆေးထိုးတဲ့နေရာ ဖြတ်သားရင် ထပ်မံ ထိုးရပါတယ်။ လက်မှတ်အသစ် ထုတ်ပေးပါတယ်။
         မီးရထားဟာ သတ်မှတ်ထားတဲ့ အချိန်အတိုင်း နံနက် (၇)နာရီမှာ ထွက်ပါတယ်။ လူစီးတွဲ များများပါလို့ လူစီးတွဲမှာ ပါပါ
တစ်နေရာရပါတယ်။           မီးရထားဟာ        ဂျပန်     ထုံးစံအတိုင်း          ရပ်ချင်တ့နေရာ
ဲ         ကြာကြာရပ်ပြီး       ထွက်ချင်တော့          ရုတ်တရပ်
ဲ
လျှောက်ထွက်ပါတယ်။ ခရီးလမ်း ဘူတာများမှာ မီးရထားရပ်တ့အခါ စကြံပေါ်မှာ အင်္ဂလိပ် လက်ထက်က ပါပါ တွေ့ဖူး မြင်ဖူးတဲ့အစိုးရ
ွ
အရာရှိကြီးငယ်များ လမ်းလျှောက်တာ တွေ့တော့ သူတို့လည်း စစ်ပြေးဘက်မှ ရန်ကုန်ကို ပြန်သားကြောင်း သိရပါတယ်။ မီးရထားဟာ
ွ
တနေကုန် တညလုံး ခုတ်မောင်းပြီး နောက်တနေ့ နံနက်ပိုင်းမှာ ရန်ကုန်ဘူတာကို ရောက်သားပါတယ်။
         ပါပါ    ဘဏ္ဍာရေး     မင်းကြီးရုံးမှာ    အလုပ်လုပ်စဉ်         ဟံသာဝတီ       အရေးပိုင်    (ခရိုင်ဝန်)   ရုံးမှာ    စာရေးကြီး    ဦးထွန်းရှိန်နဲ့
ဲ
သိကျွမ်းခဲ့ပါတယ်။ မေမြို့မှာ စစ်သင်တန်း မတက်မီ ပါပါ အ၀တ်အစားများ ဦးထွန်းရှိန်န့ အပ်ထားခဲ့ပါတယ်။ ဦးထွန်းရှိန်တို့
မိသားစုဟာ ၈၁၊ အလုံ ဌာနလမ်းမှာ နေပြီး ရန်ကုန်မြို့ ဂျပန် မသိမ်းမီ ၎င်းတို့မိသားစုဟာ ၎င်းတို့ဆွေမျိုးရှိရာ တွံတေးမြို့နယ်၊
ကုလားတန်းသုံးအိမ်ရွာသို့ ပြောင်းရွှေ့နေထိုင်ကြပါတယ်။
         သုံးအိမ်ရွာဟာ    တွံတေးတူးမြောင်း        မိုင်တိုင်      (၆)မှာ    တည်ရှိတဲ့      ကုလားတန်းကျေးရွာ            အတွင်းဘက်        နှစ်မိုင်ခန့်
ကွာဝေးတဲ့နေရာမှာ      တည်ရှိပြီး၊     တွံတေး      တူးမြောင်းက          တက်လာတဲ့         သံပယိုချောင်းဘေးမှာ            ဖြစ်ပါတယ်။    သုံးအိမ်ရွာမှ
တွံတေးတူးမြောင်းကို သံပယိုချောင်းအတိုင်း သွားလျှင် နှစ်မိုင်ခန့် ဝေးပါတယ်။
ွ
         ရန်ကုန်ဘူတာမှ ကုလားတန်းသုံးအိမ်ရာ သွားရန် လမ်းမကျော် ဆိပ်ကမ်းသို့ ပါပါ သွားပါတယ်။ ပါပါ အနေနဲ့ ပစ္စည်း ဆိုလို့
ွ
လွယ်အိတ် တစ်အိတ်ပဲ ပါတယ်။ သုံးအိမ်ရာသို့ ပါပါ တခါမှ မရောက်ဘူးပါ။ ကုလားတန်းရွာ အရောက်သွားပြီး ကုလားတန်းမှ
ွ
တစ်ဆင့် သုံးအိမ်ရွာကို မေးပြီးသွားရန် ကြံရယ်ထားပါတယ်။ လမ်းမတော်ဆိပ်ကမ်းမှာ ရေအလှည့်သင့်ပြီး ရေစတက်ချိန်ဖြစ်လို့
တွံတေး သွားမယ့် သမ္ဗာန် သုံး လေးစင်း တွေ့ပါတယ်။ (ဂျပန်ခေတ်မှာ ရန်ကုန် တွံတေးသွား ကူးတို့သင်္ဘော အင်္ဂလိပ်
ွ
လက်ထက်ကလို မရှိပါ။ သမ္ဗာန်ဖြင့်သာ ရေလှည့်သင့်သလိုသား ရပါတယ်။
         ရေလှည့်သင့်သလို        ဆိုရခြင်းမှာ      ဒီရေအတက်အကျ                   အပေါ်မှာ        မူတည်ပါတယ်။               ဒီရေအတက်အကျလည်း
လဆန်းလဆုပ်အပေါ်မှာ ထပ်မံ မူတည်ပါတယ်။ လဆန်းဖြစ်စေ၊ လဆုပ်ဖြစ်စေ တစ်ရက်နှင့် တစ်ရက် ရေတက်ရေကျချိန် မတူပါ။ (၇၅)
မိနစ်ခန့် ကွာခြား ပါတယ်။ လဆန်း၊ လဆုပ် (၁၀) ရက်ဟာ ရေသေရက်များ ဖြစ်ပြီး လပြည့်လကွယ်မှ လဆုတ်လဆန်း (၄)
ရက်ထိဟာ ရေထရက်များ ဖြစ်ပါတယ်။ ရေသေရက်များမှာ ရေစီး ပျော့ပြီး ရေထရက်များမှာ ရေစီး သန်ပါတယ်။)
ွ
         တွံတေးကို သွားမယ့် သမ္ဗာန်တစ်စင်းနဲ့ ပါပါ လိုက်သားပါတယ်။ ကုလားတန်းရွာကျတော့ ပါပါ ဆင်းကျန်ရစ်ခဲ့ပါတယ်။
ွဲ
အဆင်သင့်ချင်တော့ ကုလားတန်းရွာမှာ ဦးထွန်းရှိန်န့ ပါပါတွေ့ပါတယ်။ ဦးထွန်းရှိန်နောက်ကိုပဲ ပါပါ လိုက်သားပါတယ်။ သုံးအိမ်ရွာမှာ
ဦးထွန်းရှိန်    အိမ်ဆောက်နေပါတယ်။        ဦးထွန်းရှိန်အိမ်မှာ       သူ့ဇနီးနဲ့   သားသမီးများအပြင်      သူ့အမေ၊          သူ့အစ်ကို    နှစ်ယောက်နဲ့
ညီမအပျိုတစ်ယောက် ရှိပါတယ်။
ွ
         ဦးထွန်းရှိန်အိမ်ဟာ ငါး (?) နီကာ ဖြစ်ပါတယ်။ သုံးအိမ်ရာဟာ အိမ်ခြေ လေးငါးဆယ်ခန့်ရှိပြီး ရွာသူရွာသားများဟာ
ွ
ဗုဒ္ဓဘာသာ ကရင်လူမျိုးများ ဖြစ်ပြီး လယ်ယာ လုပ်ကိုင်စားသောက် ကြပါတယ်။ ပါပါ ရောက်သားတဲ့အချိန်မှာ မိုးတွင်းဖြစ်သဖြင့်
ရွာထဲမှာ ရေ၀င်ပါတယ်။ အိမ်တွေလဲ ခြေတံမြင့်မြင့် ဆောက်ရပါတယ်။
ွ
         ဦးထွန်းရှိန်တို့ အိမ်ထောင်စု အိမ်ဆောက်ပြီး မနေထိုင်မီ သုံးအိမ် သူကြီး ဦးစံရွှေ (ယခုကယ်လန်) အိမ်မှာ တည်းခိုပါတယ်။
ဦးစံရွှေဟာ       အသက်ငါးဆယ်          ပတ်ဝန်းကျင်မှာ      ရှိပြီး    ပေါင်းသင်း     ဆက်ဆံရေးမှာ        လူကြီးတွေနှင့်       ပြေပြစ်သလို      လူငယ်
ွ
လူရွယ်တွေနဲ့လည်း အဆင်ပြေပါတယ်။ ပါပါ သုံးအိမ်ရာ ရောက်ပြီး မကြာမီအတွင်းမှာပဲ သူကြီးဦးစံရွှေနှင့် အပေါင်းအသင်း ဖြစ်ပါတယ်။
ပါပါလည်း စစ်ပြန်ဆိုတဲ့ ၀ိသေသနဲ့ ဦးစံရွှေလည်း ဩဇာတိတ္တိမနဲ့ ပြည့်စုံသောသူကြီး ဆိုတဲ့ ၀ိသေသနဲ့၊ ဘုတ်ကျီး ရိုသေ၊ ကျီး ဘုတ်
ွ
ရိုသေ သဘောနဲ့ အပေါင်းအသင်း ဖြစ်ပါတယ်။ သုံးအိမ်ရာနဲ့ နီးစပ်တဲ့ ကျီးကန်း၊ ကလီအော် သံပယို၊ ကုလားတန်း၊ မျက်နီကုန်း၊
ွ
ဗျောက်ရိုး၊ သာစည်၊ ကံရာ အစရှိတဲ့ ကျေးရွာများကို လှေဖြင့် သွားလို့ရလျှင် လှေလှော် သို့မဟုတ် ကုန်းကြောင်းဖြင့် ပါပါနှင့်
ဦးစံရွှေတို့ လျှောက်လည်ကြတယ်။ ဦးစံရွှေမှာ နှစ်လုံးပြူးသေနတ် ရှိလို့ တခါတလေ သူ့သေနတ်ကို သူ ယူသွားပါတယ်။ ပါပါတို့
ဲ
နှစ်ယောက်သား လှေနဲ့ လျှောက်လည်တ့အခါ လှေမှောက်လို့ နှစ်ယောက်သား ရေဆင်းကူးရတဲ့ အခါလည်း ရှိပါတယ်။
       သုံးအိမ်ရွာက လူတွေဟာ လယ်ယာ လုပ်ကိုင်စားသောက်ကြသော်လည်း သမ္ဗာန်ထောင် ခပ်စားတဲ့လူ နှစ်ဦး၊ သုံးဦး ရှိပါတယ်။
မိရိုးဖလာအရ     ဆုံကြိတ်၊ွ
                            ဆန်ဖတ်       လုပ်ခြဲ့ ကသော်လည်း         တွံတေးတူးမြောင်းမှာ      ဆန်စက်တွေ             ရှိလာတော့    ဆန်စက်မှာ
ွဲ
ပဲကြိတ်ခွဲကြပါတယ်။ ဆန်ကြိတ်ခတ့အခါမှာ ဖြစ်စေ၊ ရန်ကုန် သို့မဟုတ် တွံတေးသို့ သွားရန် လူ လေးငါးယောက် ရှိလျှင်
သမ္ဗာန်သမားတွေက         အခကြေးငွေ       ယူပြီး    လိုက်ပို့ပါတယ်။    ရွာထဲမှာ     သမ္ဗာန်သမား        တစ်ယောက်ဟာ           သမ္ဗာန်ခပ်တဲ့အပြင်
သူအားလပ်တဲ့ အချိန်မှာတော့ အရက်ချက်ပြီး ရောင်းပါတယ်။ သူ့နာမည်က ဦးဘိုးသန်း ဖြစ်ပါတယ်။ ပါပါက သူ့သမ္ဗာန် စီးရင်း သူနဲ့
ဲ
အကျွမ်းဝင်တော့ သူအရက်ချက်တ့အကြောင်း ပြောပြပါတယ်။ ပါပါလည်း တောအရက်ချက်တာ မြင်ဖူးချင်တယ် ပြောတော့ တနေ့ သူ
အရက်ချက်တော့ ပါပါ့ကို လာခေါ်ပါတယ်။
       သူ့အိမ်ရောက်တော့        ပေါင်းအိုးနဲ့     ဆက်ထားတဲ့     ငါးပြွန်ချောင်းကနေ     အရက်ရည်တွေ             ကျနေတာကို         တွေ့ရတယ်။
အောက်မှာတော့ ဇလုံနဲ့ ခံထားပါတယ်။ ပေါင်းအိုး ဖင်မှာ ဆေးရွက်တပ်ထားရင် အရက်က ပိုပြီး ပြင်းတယ်လို့ ဦးဘိုးသန်းက
ပြောပါတယ်။     (ယခုခေတ်      တောအရက်ချက်တဲ့          လူတွေဟာ        ဓာတ်ဆား       မြေဩဇာ      သုံးတယ်လို့          ကြားသိရတယ်)     နောက်
ထန်းလျက်စိမ်တာက စပြီး ပြွန်တန်မှ အရက်ကျဆင်းလာသည်အထိ ဦးဘိုးသန်းက သူ့လုပ်ငန်းကို ရှင်းပြပါတယ်။
       ရှင်းပြအပြီးမှာ ပါပါ့ကို ဗိုလ်ကြီး အရက် သောက်တတ်သလားလို့ မေးပါတယ်။ (ပါပါ စစ်ပြန်ဖြစ်လို့ သုံးအိမ်ရွာက လူတချို့ဟာ
ဲ
ပါပါ့ကို ဗိုလ်ကြီးလို့ ခေါ်ပါတယ်။) မေးမှ မေးရက်ပလေ၊ စစ်ပြန်ပ၊ မသောက်တတ်ဘဲ နေပါ့မလားလို့ စိတ်ထဲမှာသာ ဖြေပြီး
ပါးစပ်ကတော့ “သောက်တတ်ပါတယ်” လို့သာ ပါပါက ပြန်ဖြေပါတယ်။ ဒါနဲ့ ဦးဘိုးသန်းက ပါပါ့ကို အရက်ပူပူ နွေးနွေး တစ်ခွက်
ကမ်းပေးပါတယ်။
       ရွာနီးချပ်စပ်   တ၀ိုက်မှာမှာ    ညတိုင်းလိုလို     သေနတ်သံများ           ကြားရပါတယ်။        ဓားပြတိုက်ခြင်း     ဖြစ်ပါတယ်။   အဲဒီလို
သေနတ်သံကြားတိုင်း ရွာသားတွေက ပါပါကိုလာခေါ်ပါတယ်။ ဦးထွန်းရှိန်မှာလည်း နှစ်လုံးပြူး သေနတ်တစ်လက် ရှိတော့ ဦးထွန်းရှိန်
သေနတ်ကို ယူပြီး ပါပါ ရွာပြင် ထွက်ပြီး စောင့်ရပါတယ်။ စစ်ပြန်ဆိုပြီး ရွာသူ ရွာသားများက ပါပါ့ကို အားကိုးပါတယ်။ ဘယ်သူက
လွှင့်ထားတဲ့သတင်းတော့ ပါပါ မသိပါ။ သတင်းကတော့ ပါပါပြန်လာတာ လက်နက် ခဲယမ်း မီးကျောက်တွေ အများကြီး ပါလာတယ်
ွ
ဆိုတဲ့ သတင်းပဲ ဖြစ်ပါတယ်။ အဲဒီသတင်းကြောင့် ရွာနီးချုပ်စပ်သာ ဓားပြ အတိုက်ခံရပြီး သုံးအိမ်ရာ ဓားပြ အတိုက်မခံရပါ။
ဲ
       ပါပါ သုံးအိမ်ရွာရောက်ပြီး တစ်လအကြာမှာ ဦးထွန်းရှိန်ရ့ ညီမ ဒေါ်မြမေ (ဌေးဝင်းမောင်တို့အမေ) နဲ့ အိမ်ထောင်ကျပါတယ်။
ဲ
အဲဒီအချိန်မှာ ဒေါက်တာဘမော် အစိုးရဖွ့ပြီး၍ ပါပါနဲ့ ဦးထွန်းရှိန် အလုပ်အကိုင် စုံစမ်းမေးမြန်းရန် ရန်ကုန်သို့ ဆင်းသွားကြပါတယ်။
ဲ
ဒေါက်တာ ဘမော် အစိုးရအဖွ့ဟာ အတွင်းဝန်များရုံးမှာ ရုံးထိုင်ပါတယ်။ အတွင်းဝန်များရုံး ရောက်တော့ အလုပ်လာရှာတဲ့ လူတွေ၊
ဲ
ဘီအိုင်အေ စစ်ဗိုလ်တွေ၊ တို့ဗမာ အစည်းအရုံးဝင် သခင်တွေ၊ ဒေါက်တာ ဘမော်အဖွ့ဝင် ဓားမတွေ ခြေချင်း လိမ်နေတာ
တွေ့ရတယ်။
ွ
       ထူးဆန်းတဲ့ မြင်ကင်းတစ်ခုကတော့ အတွင်းဝန်များရုံး ပတ်ဝန်းကျင်မှာ အင်္ဂလိပ်လူမျိုး ဆယ်ယောက်ခန့်၊ ဂျပန်စစ်သား
ဲ
အစောင့်အရှောက်န့       အမှိုက်သရိုက်များ        လိုက်လံကောက်နေတာကို            တွေ့ရတယ်။     ဒါ     ဂျပန်တို့ရဲ့    စိတ်ဓာတ်    စစ်ဆင်ရေး
ဲ
နည်းတစ်နည်းပဲ ဖြစ်တယ်။ တချိန်က အတွင်းဝန်များရုံးဟာ အင်္ဂလိပ်တွေ မင်းမူခ့တဲ့ နေရာဖြစ်တယ်။ ခုတော့ သူတို့ မင်းမူခဲ့တဲ့ရုံး
ပတ်ဝန်းကျင်မှာ သူတို့ အမှိုက်သရိုက်တွေ လိုက်လံ ကောက်နေရတယ်။ လောကဓံတရားအရ ရေစီးတစ်ခါ၊ ရေသာတစ်လှည့်၊
ဲ
မှန်ကင်းတစ်လှည့်၊ ထင်းတစ်လှည့် ဆိုတ့အတိုင်းပါပဲ၊ အလုပ်ကို ချစ်တ့လူတွေ သတ်မှတ်ထားတဲ့ ပုံးထဲမှာ လျှောက်လွှာ ထည့်ရမယ်
ဆိုတဲ့ ကြော်ငြာစာ တွေ့တော့ ပါပါနဲ့ ဦးထွန်းရှိန်ဟာ ပုံးထဲမှာ လျှောက်လွှာများ ထည့်ပြီး သုံးအိမ်သို့ ပြန်လာပါတယ်။
ဲ
       များမကြာမီ ဆား၊ သကြား၊ မီးခြစ်များ ကိုယ်စားလှယ်များမှ တဆင့် ဖြန့်ဖြူး ရောင်းချမယ် ဆိုတ့သတင်း ထွက်ပေါ်လာတယ်။
ကုန်သွယ်ရေး    ၀န်ကြီးက     ကိုယ်စားလှယ်များကို        ခန့်အပ်တယ်     ဆိုတဲ့    သတင်းလည်း         တဆက်တည်း            ထွက်ပေါ်လာပါတယ်။
အဲဒီအချိန်မှာ ကုန်သွယ်ရေး ဌာန ၀န်ကြီးဟာ သထုံ ဦးလှဖေ ဖြစ်ပါတယ်။ ၀န်ကြီး ဦးလှဖေကို ပါပါ ကိုယ်တိုင် မသိပါ။ ဒါပေမယ့်
ွဲ
ဦးလှဖေကို သိကျွမ်းတဲ့ လူတွေနဲ့ ဆက်သယ်ပြီး တွံတေးမြို့အတွက် ဆား လက်လီ ကိုယ်စားလှယ် ရရှိခ့ပါတယ်။ ပါပါ့ နာမည်န့တော့
ဲ
မဟုတ်၊ ဘကြီး ဦးထွန်းရှိန် နာမည်န့ ဖြစ်ပါတယ်။
       တွံတေးမှာ ဆားရောင်းရမှာဖြစ်တော့ တွံတေးမြူနီစပယ်ဈေးမှာ နေရာ သွားကြည့်ထားရပါတယ်။ နောက် ဆားထည့်ရန်
စက္ကူအိတ်တွေ လုပ်ဖို့၊ သတင်းစာ စက္ကူဟောင်းတွေ စုဆောင်းပြီး ကိုယ်တိုင် စက္ကူအိတ်များ လုပ်ပါတယ်။ ဆား တစ်ပိဿာ
ဆံ့မယ့်အရွယ် ဖြစ်ပါတယ်။ ဆား လက်ကား ကိုယ်စားလှယ်ဟာ ရန်ကုန် အနောက်ပိုင်းမှာ နေတော့ သူ့ဂိုဒေါင်မှာ ဆား
ဲ
သွားထုတ်ရပါတယ်။ ဆားအိုးဟာ ငွေတစ်ထောင်နီးပါး ဖြစ်တော့ ပါပါတို့ လက်ထမှာ အင်္ဂလိပ်ငွေ စက္ကူပဲ ရှိတယ်။ ဂျပန်ငွေ စက္ကူ
များများ စားစား မရှိပါ။ အင်္ဂလိပ်ငွေ စက္ကူနဲ့လဲ ပါပါတို့ ဆားဖိုး မချေချင်ဘူး။ ဒါနဲ့ အသိတစ်ယောက် ဆီမှာ ပါပါတို့ အင်္ဂလိပ်ငွေ
စက္ကူနဲ့    သူ့ဆီက     ဂျပန်ငွေစက္ကူနဲ့လဲထား     ရပါတယ်။     (အင်္ဂလိပ်တွေ          ပြန်ဝင်လာတော့    ဂျပန်ငွေ   စက္ကူတန်ဖိုး    မရှိကြောင်း
ကြေညာပါတယ်။) ဆား ကို အိတ်လိုက်ထုတ်ပြီး ပါပါတို့ လက်ထဲ ရောက်တော့ တစ်ပိဿာစီ ချိန်ပြီး စက္ကူအိတ်ထဲ ထည့်ရပါတယ်။
          ဂျပန်ဆားဟာ     အတုံးအခဲ       ဖြစ်တော့   ပါပါတို့က   ထောင်းထုပြီးမှ          ထည့်ရပါတယ်။   လက်ကား       ကိုယ်စားလှယ်ထံမှ
ထုတ်ယူတဲ့ဆားအိတ်ဟာ သတ်မှာတ်ထားတဲ့ အချိန်အတိုင်း မပြည့်တော့ ပါပါတို့လဲ စက္ကူအိတ်ထဲ ပြန်ထည့်တဲ့အခါ လျော့ချိန်ပြီး
ထည့်ရပါတယ်။ လက်လီဆား တစ်ပိဿာကို ဆင့် လေးဆယ် သတ်မှတ်ပါတယ်။ (ဂျပန်ခေတ်မှာ ပြား အစား ဆင့် သုံးပါတယ်။
ွဲ
တစ်ကျပ်ကို ဆင့် တစ်ရာ ဖြစ်ပါတယ်) အပြင်မှာ ဈေးမှာ ငါးမတ်၊ တစ်ကျပ်ခလောက် ရှိပါတယ်။ တွံတေးမြို့၊ မြူနီစပယ်ဈေး
ရောက်တော့ ဆားတစ်ပိသာ ဆင့်လေးဆယ်၊ ဆားတစ်ပိသာ ဆင့်လေးဆယ် ဆိုပြီး ပါပါ အော်ရောင်းပါတယ်။
          ကြာကြာ    မအော်ရပါ။     ဆားရောင်းမှန်း    သိတော့     ပြုံးပြီး၊   တိုးပြီး   လာကြပါတယ်။    တစ်ယောက်ကို          တစ်ပိသာစီပဲ
ရောင်းတဲ့အတွက် တချို့လူများ လေးငါး ခြောက်ခါ ပြန်ကျော့ပြီး လာဝယ်ပါတယ်။ တချို့ကျလည်း ဆားရရင်ပြီးရော ဆိုပြီး သူတို့ပေးတဲ့
ွ
ပိုက်ဆံ ပိုလို့ ပြန်အမ်းတာတောင် မစောင့်ဘူး။ ဆားဟာ အရောင်းရ သွက်တော့ များမကြာမီ ကုန်သားပါတယ်။ ဒီလိုနဲ့ပဲ ဆားဟာ
တစ်လ နှစ်ခါလောက် တွံတေးမှာ သွားရောင်းရပါတယ်။
ွ
          ဆားရောင်းရင်း သုံးအိမ်ရာမှာ နေပြီး လေးငါးလခန့် ကြာတဲ့အခါ သုံးအိမ်ရာမှာ နေတဲ့ ဦးဘစိန်ဟာ ပါပါ့ကို ပြောပါတယ်။
တွံတေးက ရဲအုပ် (ဒုလုံခြုံရေးမှူး)က ဂျပန် ခိုင်းစေချက်အရ ပါပါ့အကြောင်းကို လိုက်လံ စုံစမ်းတယ်။ စုံစမ်းတဲ့ အကြောင်းက ပါပါဟာ
ဲ
စစ်ပြန်ဖြစ်လို့ လက်ထဲမှာ လက်နက်ခယမ်း မီးကျောက်တွေ တော်တော် များများ ရှိတဲ့ အကြောင်းပဲ ဖြစ်တယ် ဆိုပြီး ဦးဘစိန်က ပါပါ့ကို
ပြောတယ်။
          အဆိုပါရဲအုပ်ဟာ ပါပါ သုံးအိမ်မှာ မရှိတဲ့ နောက်ပိုင်းမှာ အိမ်လာပြီး လက်နက်အကြောင်း ပါပါကို မေးပါသေးတယ်။ ပါပါ့ရှိတဲ့
လေသေနတ် တစ်လက်ကို ထုတ်ပြရပါတယ်။ ပါ့ပါ့ကို ဂျပန် လိုက်လံ စုံစမ်းတယ် ဆိုတဲ့ အကြောင်းလည်း ကုလားတန်းရွာမှာ နေတဲ့
လူတစ်ယောက်ထံမှ ပါပါ ထပ်မံ ကြားသိရပြန်တယ်။ ဒီသတင်းကို ကြားရတော့ ပါပါလည်း ရန်ကုန်မှာ အလုပ်တစ်ခုခု သွားလုပ်မှ
ွဲ
ဖြစ်တော့မယ် ဆိုပြီး ရန်ကုန်သားပြီး အလုပ် ရှာပါတယ်။ အဲဒီအချိန်မှာ ဦးထွန်းရှိန်က သူအရင်လုပ်ခ့တဲ့ ဟံသာဝတီ အရေးပိုင်
(ခရိုင်ဝန်) ရုံးမှာ အလုပ်ဝင်လုပ် နေပြီး ဖြစ်တယ်။ ခရိုင်ဝန်ကတော့ ဦးဘသိန်း (ဓားမ) (သမီးတော် အပ်ချုပ်စက် ကုမ္ပဏီ) ဖြစ်ပါတယ်။
          ပါပါ အလုပ် ဆင်းရှာတဲ့အချိန်မှာ ရုံးတွေဟာ အတွင်းဝန်များရုံးမှာ မရှိတော့ပါ။ ရန်ကုန်မြို့ကို မဟာမိတ်တွေက ဗုံးလာချလို့
ဗဟန်းနဲ့ ဗဟန်းတ၀ိုက်မှာ ပြောင်းရွှေ့ ရုံးဖွင့်ကြတယ်။ ဂျပန်ခေတ်မှာ ဘဏ္ဍာရေး မင်းကြီးရုံးဟာ မလိုတော့ဘူး ဆိုပြီး ပြန်မဖွင့်ပါ။
ဲ
ဘဏ္ဍာရေးမင်းကြီးရုံးမှာ ပါပါနဲ့ အင်္ဂလိပ်ခေတ်တုန်းက အတူတူ အလုပ်လုပ်ခ့တဲ့ လူတွေကို လိုက်လံ စုံစမ်းတော့ လယ်မြေနှင့်
စိုက်ပျိုးရေး ၀န်ကြီးဌာနမှာ အလုပ်လုပ်ကြောင်း သိရတယ်။ ၀န်ကြီးက သခင်သန်းထွန်း ဖြစ်ပါတယ်၊ ရုံးနေရာက အမှတ် (၁၂)
ကိုယ့်မင်းကိုယ့်ချင်းလမ်းမှာ ဖြစ်တယ်။
ဲ
သူတို့ရုံး ပါပါသွားမေးတဲ့ အချိန်မှာ လစ်လပ်တဲ့ နေရာ မရှိပါ။ လျှောက်လွှာ တင်ထားပြီး တစ်ပတ်တစ်ခါ လာစုံစမ်းပါ ဆိုပြီး ပါပါ့ကို
အကြံပေးတဲ့အတိုင်း ပါပါ လျှောက်လွှာတင်ထားပြီး ရွာကို ပြန်လာပါတယ်။ ရုံးအုပ်၊ စာရေးနှင့် မင်းစေအလုပ်များကို ၀န်ကြီး ကိုယ်တိုင်
ခန့်ပါတယ်။ ၀န်ကြီး သခင်သန်းထွန်းရုံးတွင် လျှောက်လွှာတင်ပြီး နှစ်ပတ်အကြာမှာ အထက်တန်းစာရေး အလုပ်ကို ပါပါ ရရှိပါတယ်။
          လယ်မြေနှင့် စိုက်ပျိုးရေးဝန်ကြီးဌာနမှ အတွင်းဝန်ဟာ အိုင်စီအက်(စ) ဦးစောဟန် ဖြစ်ပါတယ်။ အတွင်းဝန်ကလေးဟာ
သခင်ဗိုလ်ဖြစ်ပြီး၊ သခင်သန်းထွန်းရဲ့ လူယုံတော် ဖြစ်ပါတယ်။ သခင်သန်းထွန်းရုံး ရောက်စမှာ ပါပါ အလုပ်ပဲ လုပ်ပြီး အေးအေး
နေပါတယ်။ နောက်ပိုင်းကျတော့ အေးအေး မနေတော့ဘဲ ဂျပန်မကောင်းကြောင်း ပြောပါတယ်။ ဒီလို ဂျပန်မကောင်းကြောင်း
ဲ
ပြောတော့ ပါပါနဲ့အတူတူ အလုပ်လုပ်ခ့တဲ့ လူတွေက ဘာပြောသလဲ ဆိုတော့ ရုံးမှာ သခင်သန်းထွန်း လူတွေ တစ်ဝက်ရှိကြောင်း
ဒီလူတွေမှ တစ်ဆင့် သခင်သန်းထွန်းနား ပေါက်ကြားရင် မကောင်းကြောင်း ပါပါ့ကို သတိပေးပါတယ်။ ပထမတော့ ပါပါက ငြိမ်နေပြီး
နောက်ပိုင်းကျတော့ ပြောမြဲပြောပါတယ်။
ဲ
          ရန်ကုန်မှာ ပါပါ အလုပ်လုပ်တော့ ဘကြီး ဦးထွန်းရှိန်န့အတူ ၈၁-ဌာနလမ်း၊ အလုံမှာ နေပါတယ်။ နောက် ဘကြီးဦးထွန်းရှိန်န့
ဲ
တစ်ဝမ်းကွတော်သူ ဘကြီး ဦးအောင်ကျော်လည်း နေပါတယ်။ ဦးအောင်ကျော်က အမြတ်တော်ကြေးရုံးမှာ အလုပ်လုပ်ပါတယ်။
ွ
ပါပါတို့သုံးယောက် ကိုယ့်ထမင်း ကိုယ်ချက်စားပြီး ဗဟန်းမှာ ရှိတဲ့ ရုံးသို့ နေ့တိုင်း လမ်းလျှောက်သားကြပါတယ်။ အပြန်လည်း
လမ်းလျှောက် ပြန်ပါတယ်။
          ဒီလိုရုံးတက်ရာမှ တစ်နေ့ ဦးဝိစာရကျောက်တိုင် ရောက်တော့ ဟေ့ - ကိုဝင်းမောင်၊ ဟေ့ - ကိုဝင်းမောင် ဆိုပြီး ခပ်လှမ်းလှမ်းမှ
စက်ဘီးစီးလာတဲ့ လူတစ်ယောက်က ပါပါ့ကို လှမ်းခေါ်ပါတယ်။ ဒါနဲ့ ပါပါက ရပ်ပြီး အဲဒီလူကို လှမ်းကြည့်ပါတယ်။ လူက အရပ်
ွ
အမောင်း ကောင်းကောင်း၊ ၀တ်ထားတာက၊ ကာကီဘောင်းဘီရှည် တစ်ပတ်နမ်း၊ အင်္ကျီစက စပို့ရှပ်အဟောင်း၊ ခေါင်းပေါ်မှာ
ဂျပန်ဦးထုပ်၊ အနား ရောက်လာမှ ပါပါက အံ့ဩစွာနဲ့ ဟေ့ စောဘသက်ကြီး လို့ ခေါ်လိုက်ပါတယ်။
်
        စောဘသက်ကြီးဟာ ပါပါနဲ့အတူ မေမြို့မှာ စစ်သားသင်တန်းနဲ့ ဗိုလလောင်းသင်တန်း တက်ရောက်ခဲ့တဲ့လူ ဖြစ်ပါတယ်။
ဗိုလ်လောင်းသင်တန်း ပြီးခါနီးမှ သူလျှိုအလုပ် လုပ်သူတစ်ယောက် ဖြစ်ပါတယ်။ စောဘသက်ကြီးက ပါပါကိုတွေ့တော့ သူတို့
ကုလားပြည်ရောက်ပြီး ထောက်လှမ်းရေး သင်တန်းတက်ရတယ်။ လေထီးဖြင့် ခုန်ဆင်းနည်း လေ့ကျင့်ရတယ်။ နောက် သူလျှိုအလုပ်
ဲ
လုပ်ဖို့ ဗမာပြည်ထသို့ လေထီးနဲ့ ပြန်ဆင်းရတဲ့အကြောင်း၊ နောက် ဂျပန်ဆီ အဖမ်းခံတ့အကြောင်း၊ ခု ဂျပန်က သူ့ကို အကျယ်ချုပ်နဲ့
ွဲ
ထားလို့ မြို့ထဲမှာ သွားလာနိုင်တ့အကြောင်း ပါပါ ကုလားပြည် မလိုက်သားလို့ ပါပါ ကံကောင်းတဲ့အကြောင်း မဟုတ်ရင် သူတို့လိုပဲ
လေထီးနဲ့ ပြန်ဆင်းရမယ့် အကြောင်း အစရှိသည်တို့ကို ပါပါ့ကို ပြောပြပါတယ်။
        ပါပါလည်း      ကုလားပြည်ကွို
                                               လိုက်သားတဲ့      မိတ်ဆွေသင်္ဂဟအကြောင်းတွေကို                 စောဘသက်ကြီးအား           မေးပါတယ်။
စောဘသက်ကြီးနဲ့ နာရီဝက်ခန့်ကြာအောင် စကားပြောပါတယ်။ (စောဘသက်ကြီးဟာ ကျဆုံးတဲ့ ကရင်အမျိုးသားခေါင်းဆောင်
စောဘဦးကြီးနဲ့ ညီအစ်ကို တစ်ဝမ်းကွဲ တော်ပါတယ်။ ဂျပန်အဆုတ်မှာ သူ့ကို မော်လမြိုင်ဘက် ခေါ်သွားပါတယ်။ နောက်ပိုင်း
ဂျပန်လက်ချက်ဖြင့် ကျဆုံးကြောင်း ကြားသိရပါတယ်။)
        သခင်သန်းထွန်းရုံးမှာ        ပါပါ     အလုပ်လုပ်ရင်း      ဂျပန်မကောင်းကြောင်း           ပြောတာကြောင့်      ပါပါ့အတွက်     ထူးခြားတာက
အတွင်းဝန်ကလေး သခင်ဗိုလ်(?) ဟာ ရုံးနဲ့ ပတ်သက်သော သူသိချင်တဲ့ ကိစ္စကို အကြောင်းပြု၍ ပါပါ့ကို တစ်နေ့တစ်ခါလောက်
ဲ
ခေါ်ပြီး မေးမြန်းပါတယ်။ အမှန် ပါပါ့ အထက်က ရုံးအုပ်ကို ခေါ်ရန် ဖြစ်သော်လည်း ပါပါကိုပဲ ခေါ်မေးပါတယ်။ ဒီလိုန့ သခင်ဗိုလ်န့
စတင် ရင်းနှီးပါတယ်။ ရုံးမှာ စတင်ရင်းနှီးရာမှ သတင်ခင်ဗိုလ်က သူနေတဲ့အိမ်ကို အလည်လာရန် ခေါ်ပါတယ်။
        သူနေတဲ့အိမ်ဟာ စမ်းချောင်း၊ စမ်းရေတွင်းလမ်းမှာ ဖြစ်ပါတယ်။ (ယင်းအိမ်ဟာ ဂျပန်တော်လှန်ရေး အပြီးမှာ သခင်သန်းထွန်း
ဲ
နေပါတယ်။ သခင်ဗိုလ်န့ ရင်းနှီး သည်ထက် ရင်းနှီးလာတော့ သခင်ဗိုလ်က ပါပါ့ကို နိုင်ငံရေး သဘောတရား တစ်လုံးစ၊ နှစ်လုံးစ
ဲ
ပြောလာပါတယ်။ ကန်တီဘူတာရီ ဂိုဏ်းချုပ် ??? ( ) ရေးတဲ့ ကမ္ဘာ့ခြောက်ပုံတစ်ပုံရ့ ဆိုရှယ်လစ်တိုင်းပြည် ( ) စာအုပ်ကို ဖတ်ရန်
ပါပါ့ကို ပေးပါတယ်။ ယင်းစာအုပ်ကို ပါပါ နှစ်ခေါက်ဖတ်ပြီး ဆိုရှယ်လစ် သဘောတရားကို ပါပါ စတင် စိတ်ဝင်စားလာပါတယ်။
        ဆိုရှယ်လစ် သဘောတရားကို စိတ်ဝင်စားသည်ထက် ဂျပန်တွေ ရက်စက် ကြမ်းကြုတ်တာကို မြင်ရ၊ ကြားရတော့ ဂျပန်ကို
တော်လှန်ချင်တဲ့    စိတ်ဟာ        ပိုပြီး    ပြင်းပြပါတယ်။    ဂျပန်ကို    တော်လှန်ရတယ်ဆိုလျှင်           ဘယ်ကဏ္ဍကပဲ         နေရ၊   နေရ     နေဖို့
ဲ
အဆင့်သင့်ဖြစ်တယ် ဆိုပြီး သခင်ဗိုလ်ကို ပါပါ ပြောပြပါတယ်။ သခင်ဗိုလ်န့ ရင်းနှီးသည်ထက် ရင်းနှီးလာတော့ သခင်ဗိုလ်ရ့ အိမ်ဟာ
ပါပါရဲ့ စားအိမ်သောက်အိမ် ဖြစ်လာပါတယ်။ တခါတလေ ညအိပ်ညနေ နေပါတယ်။ သခင်ဗိုလ်ဟာ အိမ် အပေါ်ထပ်မှာ အိပ်ပါတယ်။
ဘုရားစင်လည်း ရှိပါတယ်။
        “ကျွန်တော်တို့ဟာ ကွန်မြူနစ် ဖြစ်သော်လည်း၊ ဘုရားတရား ကြည်ညိုလေးစားတဲ့ လူတွေပါ” လို့ ဘုရားစင်ကို ပြရင်း
သခင်ဗိုလ်က ပါပါ့ကို ပြောပါတယ်။)
        သခင်သန်းထွန်းရုံးမှာ         ပါပါ     သုံးလေးလ       လုပ်ပြီးချိန်မှာ   လယ်မြေနှင့်     စိုက်ပျိုးရေး   ၀န်ကြီးဌာန    လက်အောက်မှာ
မြင်းမွေးမြူရေးဌာနခွဲ ဖွင့်လှစ်လိုက်ပါတယ်။ မြင်းမွေးမြူရေးဌာနခွဲ ညွှန်ကြားရေးဝန် အဖြစ် မြင်း ၀ိဇ္ဇာ ဦးဘ၀င်းကို ခန့်ပြီး ဒုတိယ
ညွှန်ကြားရေးဝန်      အဖြစ်        မစ္စတာကလူး(စ)မင်းခေါ်              ဦးသာထူးကို        ခန့်ပါတယ်။       (ဦးသာထူးဟာ        အင်္ဂလိပ်လက်ထက်မှာ
ဲ
ရဲဝန်ထောက်ဖြစ်ပါတယ်။) မြင်းမွေးမြူရေး ဌာနခွရုံးမှာ ရုံးအုပ်အဖြစ် သခင်သန်းထွန်းက ပါပါ့ကို ခန့်အပ်ပါတယ်။
        မြင်းမွေးမြူရေးဌာနခွဲ        ဖွင့်လှစ်ရခြင်ွး
                                                       ရည်ရယ်ချက်မှာ            ဂျပန်     စစ်အောင်နိုင်ရေးအတွက်        လိုအပ်တဲ့      မြင်းများ
မွေးမြူသားစပ်ပေးရေး     ဖြစ်ပါတယ်။           ကျန်လုပ်ငန်း အကောင်အထည် ပေါ်လာရန်အတွက် တစ်ပြည်လုံးမှာ ရှိတဲ့ မြင်းများကို
စာရင်းကောက်ယူပြီး      မွေးမြူ      သားစပ်ရန်      သင့်လျော်သော          မြင်းများကို   မှတ်ပုံတင်ရန်   ဖြစ်ပါတယ်။    အဲဒီအချိန်မှာ   ဂျပန်က
သားစပ်ရန်အတွက် မျိုးကောင်းသော မြင်းထီးများကို ပေးထားပါတယ်။ မြင်းပိုင်ရှင်များ မြင်းမှတ်ပုံတင်ရမည်ဖြစ်တော့ ရန်ကုန်ရှိ
မြင်းပိုင်ရှင်များ ပါပါတို့ရုံးမှာ လာပြီး မှတ်ပုံတင်ကြပါတယ်။ ဂျပန်ခေတ် မြို့ထဲ သွားလာရေးမှာ မြင်းလှည်းဖြင့်သာ သွားလာရပါတယ်။
ဲ
        ဆင်မလိုက် ၀က်သတ်ရုံမှ ရန်ကုန်သို့ ၀က်သား ပို့သော မြင်းလှည်းပိုင်ရှင်များနဲ့ ပါပါတို့ရုံးက လူတွေန့ အပေါင်းအသင်း
ွ
ဖြစ်ကြလို့ ပါပါတို့ လိုချင်တဲ့ ၀က်သားကို လွယ်ကူစာဖြင့် ၀ယ်လို့ရပါတယ် (ဂျပန်ခေတ်မှာ စားဆီ ရှားပါးသဖြင့် ၀က်သားဝယ်သော
အခါ အဆီကို ထုတ်ထားသော ၀က်သားသာ ၀ယ်လို့ ရပါတယ်။ ဒါကြောင့်ဂျပန်ခေတ် ၀က်သားဟာ တကဲ့ဝက်သားလို့ ဆိုစမှတ်
ဖြစ်ခဲ့တယ်။)
        မြင်းမွေးမြူရေးနဲ့ သားစပ်ရေးစခန်းများ သုံးနေရာ ဖွင့်လှစ်ထားပါတယ်။ ရန်ကုန်မှာ တနေရာ၊ မန္တလေးမှာ တနေရာနဲ့
တောင်ကြီးမှာ တနေရာဖြစ်ပါတယ်။ ရန်ကုန်စခန်းကို ဦးဘလှိုင်၊ မန္တလေး စခန်းကို ဦးကင်းနဲ့ တောင်ကြီးစခန်းကို ဦးဘပေါတို့က
အုပ်ချုပ်ပါတယ်။ ရန်ကုန်စခန်းဟာ သမ္မတအိမ်တော်ဝင်း ရှမ်းလမ်းနဲ့ အလုံလမ်းထောင့်ဘက်မှာ ဖွင့်လှစ်ထားပါတယ်။
        ရန်ကုန်မြင်းမွေးမြူရေးစခန်း     အုပ်ချုပ်ရေးအရာရှိဦး       ဘလှိုင်ဟာ    စခန်းနားမှာ        ရှိတဲ့     သစ်သားအိမ်ကြီးမှာ             နေပါတယ်။
ွဲ့
တခါတလေ ပါပါ ဦးဘလှိုင်ဆီသားပြီး အိပ်ပါတယ်။ အဲဒီအခါ သမ္မတအိမ်တော်ဝင်းမှာ ရှိတဲ့ သစ်သားအိမ်မှာ ပါပါ အိပ်ခသော်လည်း
ဲ
တနေ့ကျသမ္မအိမ်တော်ကြီးထဲမှာ ပါပါအိပ်ရမယ်လို့ စိတ်မကူးခဲ့ပါ။ အိပ်မက်လည်း မမက်ခ့ပါ။ ဦးဘလှိုင်ဟာ အင်္ဂလိပ်လက်ထက်မှာ
ဲ
မြင်းပွဲမှာ အလုပ်လုပ်တ့အတွက် မြင်းအကြောင်း၊ မြင်းပွအကြောင်း တော်တော် ပြောနိုင်၊ ဆိုနိုင်ပါတယ်။ ပါပါသူနဲ့ သွားအိပ်တဲ့အခါ
ွ
မြင်းအကြောင်းပဲ သူပြောပါတယ်။ ဦးဘလှိုင်ပြောပြလို့ ပါပါလည်း မြင်းအကြောင်း၊ မြင်းပဲအကြောင်း တော်တော် နားလည်ပါတယ်။
        အင်္ဂလိပ်ခေတ်မှာ ပါပါ မြင်းပွဲ မရောက်ဘူးပါ။ နောက်ပိုင်း ဝန်ကြီးဖြစ်မှ မြင်းပွဲ သွားတတ်ပါတယ်။ ရန်ကုန်မွေးမြူရေးစခန်းမှာ
ရှိတဲ့ မြင်းတွေဟာ တခါတလေ နာပြီး သေတတ်ပါတယ်။ ဒီတော့ မြေမြုပ်ပစ်ရပါတယ်။ မြေမြုပ်ရတာ အလုပ်ပိုတခုဖြစ်တော့ 'စိုက်'
ခေါ်တဲ့ မြင်းထိန်းတွေဟာ ဦးဘလှိုင်နဲ့ တိုင်ပင်ပြီး နာပုံ လက္ခဏာ ပြတဲ့ မြင်းတွေကို သတ်ပြီး စားကြပါတယ်။ ပါပါလည်း စားရပါတယ်။
မြင်းသား မစားရတာကြာရင် ပါပါက ဦးဘလှိုင်ကို မြင်းတွေမနာတော့ဘူးလား လို့ ရယ်စရာအဖြစ် မေးပါတယ်။
ဲ
        မြင်းမွေးမြူရေးဌာနခွမှာ ပါပါ ပြောင်းရွှေ့ အလုပ်လုပ်သော်လည်း သခင်ဗိုလ်န့တော့ အဆက်အသွယ်မပြတ်ပါ။ တပတ် နှစ်ခါ၊
သုံးခါ သူနေတဲ့ စမ်းရေတွင်းလမ်းအိမ်ကို ရောက်ပါတယ်။ မြင်းသားရတဲ့ အခါလည်း သူနေတဲ့အိမ်ကို ယူသွားပြီး တပျော်တပါး
ချက်စားကြတယ်။ သခင်ဗိုလ်ဟာ ညောင်းတုံးသားဖြစ်ပြီး ခေတ်ပညာတတ်တယောက် ဖြစ်ပါတယ်။ ကောလိပ်မှာ ကျောင်းနေဖူးတဲ့လူ
ွ
ဖြစ်ပါတယ်။ သူ့ကိုယ်သူ 'ကွန်မြူနစ်' သာ ဆိုတယ်၊ သူ့အသိုင်းအဝိုင်းက သူ့ကို 'ဘူဇာ'လို့ ခေါ်ပါတယ်။ 'ဘူဇွာ' ဆိုတာ
လူလတ်တန်းစားလို့ ခေါ်ခြင်း ဖြစ်ပါတယ်။ 'ကွန်မြူနစ်' ဆိုရင် ပစ္စည်းမဲ့ လူတန်းစား ဖြစ်ရမယ်လို့ အယူရှိကြတယ်။
ဲ
        မြင်းမွေးမြူရေး ဌာနခွမှာ ပါပါသုံးလခန့်ကြာတ့အခါ သခင်သန်းထွန်းဟာ လက်မြေနဲ့စိုက်ပျိုးရေးဌာန ဝန်ကြီး အဖြစ်မှ
ပို့ဆောင်ရေးနဲ့     ကုန်စည်ဖြန့်ဖြူးရေးဌာန     ဝန်ကြီးအဖြစ်       ပြောင်းရွှေ့    လုပ်ကိုင်ရပါတယ်။              ပါပါ့ကိုလည်း     သူလုပ်ကိုင်ရမယ့်
ဝန်ကြီးဌာနသစ်မှာ       အလုပ်လုပ်ဖို့   သခင်ဗိုလ်မှတဆင့်         ခေါ်ယူလိုဲ့
                                                                            မြင်းမွေးမြူရေးဌာနခွမှ           ပို့ဆောင်ရေးနဲ့   ကုန်စည်ဖြန့်ဖြူးရေး
ွ
ဝန်ကြီးဌာနသို့ ပါပါ ရောက်သားပါတယ်။
ွ
        ပြောကြတဲ့အဖြစ်အပျက်တခုရှိပါတယ်။ တခါက ဂျပန်စစ်တပ်စု တစု ရွာတရွာကို ဝင်သားသတဲ့။ အုန်းပင်ပေါ်မှာ သီးနေတဲ့
အုန်းသီးကို စားချင်တော့ ရွာသားတယောက်ကို တက်ခိုင်းသတဲ့၊ ရွာသားက မတက်တတ်၊ တက်တတ်နဲ့ မျက်နှာလိုမျက်နှာရ
ွ
တက်ပေးသတဲ့၊ ဂျပန်အကျိုးကို ဆောင်ရက်ပေးတဲ့အတွက် ဂျပန်စစ်ဗိုလ်ထံမှ လက်မှတ် တောင်းသတဲ့။ ဂျပန်စစ်ဗိုလ်ကလည်း
ွ
ထုတ်ပေးသတဲ့။ နောက် ဒီရာကိုတခြား ဂျပန်တပ်စု ဝင်လာတော့လည်း အဲဒီရာသားက ဂျပန်စစ်ဗိုလ်ကို သူရထားတဲ့လက်မှတ်
ထုတ်ပြသတဲ့။ ဂျပန်စစ်ဗိုလ်က လက်မှတ်ကြည့်ပြီး သူ့ကို အုန်းပင် တက်ခိုင်းပြန်သတဲ့။ ဒီလိုနဲ့ ဝင်လာတဲ့ ဂျပန်တွေကို သူ
လက်မှတ်ထုတ်ပြတိုင်း သူ့ကို အုန်းပင်တက်ခိုင်းတော့ သူရထားတဲ့ လက်မှတ်အကြောင်းကို သူ စုံစမ်းမေးမြန်းသတဲ့။ ဒီတော့ကျမှ သူ
ရထားတဲ့ လက်မှတ်ဟာ အုန်းပင်တက်ကောင်းကြောင်း လက်မှတ်ဖြစ်တယ် ဆိုတာ သူသိရသတဲ့။ သခင်ဗိုလ်က ဂျပန်စစ်ရုံးကို
ဘူးသီးငါးပေါင်းကြော် လက်မှတ် သွားယူမယ် လုပ်တော့ အုန်းပင်အတက်ကောင်းလက်မှတ် သွားယူတာလား လို့ ရုံးက သူ့ကို
ဝိုင်းစကြတယ်။ ဂျပန်လက်မှတ်ရပြီး သယ့်နောက် သွားလာလို့ မော်တော်ရေယာဉ်ပါ စီစဉ်ရတယ်။ ပုဂ္ဂလိကပိုင် မော်တော်ရေယာဉ်ပဲ
ဖြစ်ပါတယ်။        ဂျပန်ခေတ်မှာ    တွံတေးတူးမြောင်းနဲ့     ဆိပ်ကြီးဝမှာ      ကျောက်ချထားတဲ့            ဂျပန်သင်္ဘောတစင်း              ရှိပြီး    ရေယာဉ်
အဝင်အထွက်များ အားလုံးကို ရှာပါတယ်။ ဝန်ကြီး သခင်သန်းထွန်း ခရီးထွက်တော့ သခင်ဗိုလ် ပါမသွားပါ။ သခင်သန်းထွန်းတို့
ပြန်ရောက်လာတော့ တွံတေးတူးမြောင်းနဲ့ ဆိတ်ကြီးဝမှာ သူတို့သင်္ဘောကို အသွားရော၊ အပြန်ပါ ဂျပန်က စေ့စေ့ငင ရှာတဲ့အကြောင်း
သူ့အဖွဲ့ဝင်များက ပြောပါတယ်။ (ကွမ်းခြံကုန်းကို ဝန်ကြီးသခင်သန်းထွန်း သွားတဲ့ ကိစ္စဟာ မြေအောက် ဂျပန်တော်လှန်ရေးလုပ်တဲ့
သခင်စိုးနဲ့ တွေ့ဆုံဆွေးနွေးဖို့ သွားခြင်း ဖြစ်ကြောင်း ပါပါနောက်မှ သိရပါတယ်။)
့
        ပို့ဆောင်ရေးနဲ့ကုန်စည်ဖြန့်ဖြူးရေး ဝန်ကြီးဌာနမှာ ပါပါရောက်လာတဲအချိန်မှာ ပါပါဟာ သခင်ဗိုလ်ကို အကြောင်းပြုပြီး လျှို့ဝှက်
ဂျပန်တော်လှန်ရေးသမား တယောက် ဖြစ်နေပါတယ်။ 'ကရင်-ဗမာ ချစ်ကြည်ရေး' 'ဖက်ဆစ်ဆန့်ကျင်ရေး' 'ပြည်သူ့စစ်' အစရှိတဲ့
လက်နှိပ်စက်       ရိုက်ထားတဲ့    စာရွက်စာတမ်းများကို     ပါပါ    လျှို့ဝှက်စာ
ွ   ဝေငှ    ဖြန့်ဖြူး   ရတယ်။          အဲဒီအချိန်မှာ      အင်းလျားကန်
ကြက်ကျွန်းစခန်းမှာ ကရင်အမျိုးသား ဝန်ထမ်းအရာရှိတွေ သင်တန်း တက်ရောက်နေပါတယ်။ သူတို့ထမ်းဆောင်ရမယ့် လုပ်ငန်းဟာ
ကရင်ဗမာချစ်ကြည်ရေးလုပ်ငန်း ဖြစ်တယ်။ သင်တန်း တက်ရောက်တက်နေတဲ့ အရာရှိတချို့ကို ပါပါသိတော့ တနင်္ဂနွေနေ့ တနေ့မှာ
ဂျပန်တော်လှန်ရေး       စာရွက်စာတမ်းများ      ယူပြီး   သူတို့ဆီကို    ပါပါ   စက်ဘီးနဲ့    သွားပါတယ်။            ပါပါ   ယခင်ကပင်           သိကျွမ်းခဲ့တဲ့
မန်းပေါအေးငြိမ်း (ယခုအထက ကျောင်းအုပ်) နဲ့ မန်းဘဇံ (ယခုတောခို ကေအင်ဒီအို ခေါင်းဆောင်)တို့အား ဂျပန်တော်လှန်ရေး
စာရွက်စာတမ်းများကို ပေးပြီး အကျိုးအကြောင်းများကို ရှင်းလင်း ပြောပြပါတယ်။ သူတို့မှ တဆင့် သင်တန်းတက် တခြား
အရာရှိများကိုလည်း ပြောသင့်က ပြောပြ ရှင်းလင်းဖို့ သူတို့နှစ်ယောက်ကို ပြောပါတယ်။ ဂျပန်တော်လှန်ရေး စာရွက်စာတမ်းများ
လိုက်လံ ဝေငရာမှာ အတင့်မရဲဖို့ မန်းဘဇံက ပါပါ့ကို သတိပေး စကားပြောပါတယ်။
        မန်းပေါအေးငြိမ်းနဲ့ မန်းဘဇံတို့ကို တွေ့ပြီးနောက် မကြာမီ ဝန်ကြီးသခင်သန်းထွန်းက ပါပါ့ကို ကုန်စည် ဖြန့်ဖြူးရေး လုပ်ငန်း
စစ်ဆေးကြည့်ရှုရန် အထူးအရာရှိအဖြစ် ခန့်အပ်ပါတယ်။ ခန့်အပ်စာကို ရုံးတံဆိပ်ရိုက်ပြီး သခင်သန်းထွန်း ကိုယ်တိုင် လက်မှတ်
ရေးထိုးပါတယ်။ အထူးအရာရှိ ဖြစ်လာတော့ လျှို့ဝှက် ဂျပန်တော်လှန်ရေးလုပ်ငန်းများကို ပိုပြီး လုပ်ကိုင်ခိုင်းပါတယ်။ မန်းပေါအေးငြိမ်းနဲ့
ပါပါ မကြာခဏ တွေ့ဆုံပြီး မြစ်ဝကျွန်းပေါ်မှာ ရှိတဲ့ ကရင်အမျိုးသားတွေနဲ့ အဆက်အသွယ် ရရန် ပါပါတို့နှစ်ယောက် ကိုယ်တိုင် ဆင်းပြီး
စည်းရုံးရန်   သဘောတူကြပါတယ်။               မြစ်ဝကျွန်းပေါ်သို့      သွားရန်     သတ်မှာတ်ထားတဲ့           အချိန်ဟာ         မန်းပေါအေးငြိမ်း
ဝန်ထမ်းသင်တန်းကျောင်း ဆင်းတဲ့ အချိန် ဖြစ်ပါတယ်။
        ဝန်ထမ်းသင်တန်းကျောင်း မဆင်းမီ ရက်ပိုင်းအလိုမှာ၊ တနေ့သခင်ဗိုလ်က ပါပါ့ကို ဘယ်လို ပြောသလဲဆိုတော့ 'ကျနော်တို့
ွဲ
ဂျပန်တော်လှန်ရေးလုပ်ငန်းဟာ ဒီမှာတင် လုပ်လို့ မပြီးဘူး၊ ကုလားပြည်သားပြီး လက်နက်ခယမ်း မီးကျောက်ယူဖို့ လိုတယ်။ ကျနော်တို့
ကုလားပြည်သွားရင် ကိုဝင်းမောင်ပါ လိုက်စေချင်တယ်' လို့ ပါပါကို ပြောတယ်။ ပါပါလည်း ဂျပန်ကို တော်လှန်ရရင်ပြီးရော ဘာပဲ
လုပ်ရလုပ်ရ စိတ်ဓာတ်က ရှိတော့ 'လိုက်မယ်' လို့ ပါပါ ပြန်ပြောပါတယ်။ အဲဒီအချိန်မှာ ပါပါရဲ့ သားဦး (ဌေးဝင်းမောင်တို့
အစ်ကိုအကြီးဆုံး) ကိုမင်းကြည် ခေါ် ကိုအောင်ဝင်း ဟာ အခါလည်ကျော်သာ ရှိပြီး ပါပါရဲ့ ဒုတိယသား လှဌေးလည်း မိုမို (အမေ)
ဗိုက်ထဲမှာ ရှိပါတယ်။ ပါပါ့ အနေနဲ့ နောက်ဆံတင်းစရာ ရှိသော်လည်း ဂျပန်ကို တော်လှန်ရမယ်ဖြစ်တော့ သခင်ဗိုလ်ခေါ်တာကို
လွယ်လွယ်နဲ့ပဲ လိုက်မယ်လို့ ဖြေလိုက်ခြင်း ဖြစ်ပါတယ်။ ပါပါလည်း မန်းပေါအေးငြိမ်းနဲ့ မြစ်ဝကျွန်းပေါ် ဆင်းပြီး စည်းရုံးစရာရှိလို့
နောက်မှ လိုက်နိုင်မယ့်အကြောင်း သခင်ဗိုလ်ကို ပြောပြပါတယ်။ (သခင်ဗိုလ်တို့ မူလ အစီအစဉ်ဟာ ပါပါ့ကို ပြောပြီး တပတ်အကြာမှာ
ကုလားပြည်သွားရန် ဖြစ်တယ်၊ ပါပါက မြစ်ဝကျွန်းပေါ် ဆင်းမယ်ဆိုတော့ ပါပါ ပြန်လာသည်အထိ ကုလားပြည်သွားရန် အစီအစဉ်ကို
ရွှေ့ဆိုင်းထားလိုက်ပါတယ်။)
        မန်းပေါအေးငြိမ်း   ကျောင်းဆင်းပြီး       ပါပါတို့   ခရီးစထွက်ပါတယ်။     အနည်းဆုံး     ဆယ့်ငါးရက်ကြာမျှ           မြစ်ဝကျွန်းပေါ်သို့
လှည့်လည်သွားရန်       မူလကွ
                               ရည်ရယ်ချက်ရှိသော်လည်း            ဆယ်ရက်ထသားရန်
ွဲ            သခင်ဗိုလ်က        မှာလိုက်ပါတယ်။       ပါပါ   ပုသိမ်
မွန်ကရင်အထက်တန်းမှာ         နေစဉ်    သိကျွ မ်းခဲ့တဲ့    ကျောင်းနေဖက်သူငယ်ချင်းများ၊     နောက်ပိုင်းမှ     သိကျွ မ်းတဲ့    မိတ်ဆွေများထံ
ွ
သွားရောက်ပြီး စည်းရုံးရန် ဖြစ်ပါတယ်။ ပါပါတို့ထက်တော့ ဂျပန်တော်လှန်ရေး စာရွက်စာတမ်းများ ပါသွားပါတယ်။ ရန်ကုန်မှ
ခရီးစထွက်စဉ် ဂျပန်တော်လှန်ရေး စာရွက်စာတမ်းများကို သမ္ဗာန်အမိုးကြားထဲမှာ ထိုးထားပါတယ်။ တွံတေးတူးမြောင်းဝနဲ့ ဆိပ်ကြီးဝမှာ
စောင့်နေတဲ့ ဂျပန်သင်္ဘောဆီရောက်တော့ ဂျပန်က ရှာပါတယ်။ အမိုးကို ဆြွဲ ဖဲ မရှာကြည့်တော့ ဘာမှ မတွေ့ပါ။
        ပါပါတို့ စတင်ခရီးထွက်စဉ် သမ္ဗန်ဖြင့် ထွက်သော်လည်း မအူပင် လွန်တော့လမ်းခရီးမှာ လှေတလှည့်၊ သမ္ဗာန်တလှည့်
အလျဉ်းသင့်သလို သွားပါတယ်။ ပန်းတနော်မြို့နယ်အတွင်း တဇင်းတော၊ ထောင့်ကြီး၊ ကျောင်းတော်ကလေး၊ မရမ်း၊ စံကျ၊
အိမ်မဲမြို့နယ်အတွင်း ကြုံတိုင်းကြီး၊ ကြုံတိုင်းကလေး၊ ရွှေဇောင်းနယ်အတွင်း ကင်းဝကြီး၊ ပိုက်တန်းဦးတို့ ညောင်ငူ၊ တိုက်ကလား၊
ဝါးခယ်မမြို့နယ်အတွင်း       မောင်းတီး၊       လပွတ်တလုပ်ကလေး၊             သပြေချောင်း၊       ကံမငေး၊        ပရွာကလေး            အစရှိသော
ဲ
ကျေးရွာများကိုရောက်ရှိပါတယ်။ ရွှေလောင်းနယ် တိုက်ကလားရွာကို လှေဖြင့် ရောက်ပြီး မကြာမီ 'ကျွ' ခေါ်တဲ့ လေယာဉ်တစင်း
ပေါ်လာပါတယ်။ ပါပါတို့လည်း အိမ်ထဲ ရောက်နေပြီး ဖြစ်တယ်။ လေယာဉ်ဟာ တပတ်နှစ်ပတ် ဝဲကြည့်ပြီး ပြန်သွားပါတယ်။
ဲ
ဂျပန်ခေတ်မှာ ကုန်းလမ်း၊ ရေလမ်း ခရီးမှာ သွားလာနေတဲ့ မီးရထား၊ မော်တော်ကား၊ ရေယာဉ်၊ လှေ အစရှိသည်တို့ကို 'ကျွ' ခေါ်တဲ့
အင်္ဂလိပ် လေယာဉ်က လိုက်လံရှာဖွေ ပစ်ခတ်ပါတယ်။ လေယာဉ်အရောင်ဟာ အမည်းဖြစ်ပြီး အင်္ဂလိပ်လို (?) လို့ ခေါ်ပါတယ်။ ဗမာလို
ကျွဲ ဖြစ်ပါတယ်။ ရောက်ရာနေရာများမှာ ကျောင်းနေဖက်သူငယ်ချင်းများ၊ မိတ်သင်္ဂဟများနဲ့ တွေ့ဆုံပြီး ဂျပန်တော်လှန်ရေး ကိစ္စများကို
ပြောပြပါတယ်။ စာရွက်စာတမ်းများလည်း ဝေငှပါတယ်။ အားလုံးက ဂျပန်တော်လှန်ရေးကို စိတ်ဝင်စားပြီး လက်နက်သာ ခုရှိရင် ခု
တော်လှန်ချင်ကြောင်း        ပြောတဲ့       လူတွေ         ရှိပါတယ်။    ပါပါ့ကို   အများဆုံး      အကူအညီပေးတဲ့လူတွေက                    ပုသိမ်
မွန်ကရင်အထက်တန်းကျောင်းမှာ နေစဉ်က ပါပါရဲ့ ကျောင်းနေဖက် သူငယ်ချင်းများ ဖြစ်ပါတယ်။
        မြောင်းမြမြို့နယ်ဘက်သို့     သွားပြီး      ၎င်းမှတဆင့်         ပုသိမ်ဘက်သို့     သွားလိုသော်လည်း           အချိန်မရသဖြင့်        ပါပါ
ွ
ရန်ကုန်ပြန်လာပါတယ်။ မန်းပေါအေးငြိမ်းက သူ့ဇာတိရာ ပန်းတနော်မြို့နယ် ကျောင်းတော်ကလေးသို့ ခဏ ပြန်သွားပါတယ်။ ပါပါ
ွ
ရန်ကုန်ပြန်ရောက်တော့ သခင်ဗိုလ်တို့က ကုလားပြည်သားဖို့ အစီအစဉ်တွေ လုပ်နေပါတယ်။ ကုလားပြည်သွားမယ့် လူတွေဟာ
ဘီဒီအေ (ဗမာ့ကာကွယ်ရေးတပ်မတော်) ယူနီဖောင်းဝတ်ပြီး တပ်မတော်သား အဆောင်အယောင်အဖြစ် သွားရမယ် ဖြစ်ပါတယ်။
ပါပါက တပ်ကြပ်အဖြစ် သွားရမယ်ဖြစ်တော့ လိုအပ်တဲ့ ယူနီဖောင်းရှာရာ အင်္ကျီ၊ ဘောင်းဘီ၊ ဦးထုပ်ရသော်လည်း ခြေသလုံးမှာ ပတ်ဖို့
(?) ခေါ်တဲ့ သားရေပတ်ကို ရှာမရပါ။ ပါပါက ခြေသလုံးနည်းနည်းကြီးတော့ ပါပါ့အရွယ် ရှာမရပါ။ ဒါနဲ့ ပါပါ့ကို ခြေသလုံးကြီးတဲ့
ွဲ
ဗိုလ်ဗတင် (သံတသား၊ ကွယ်လန်) ထံမှာ သွားယူရပါတယ်။ ပါပါတို့ မှတ်ပုံတင်လက်မှတ်၊ တံဆိပ်အမှတ်အသား အစရှိသည်တို့ကို
သခင်တင်မြ (ယခုလမ်းစဉ်ပါတီ ဗဟိုဌာနချုပ်) က လိုက်လံ လုပ်ကိုင် ရှာဖွေပေးပါတယ်။
ွ
        ပါပါ ရန်ကုန်မှာ အလုပ်လုပ်စဉ် မိုမို (အမေ)ကို သုံးအိမ်ရာမှာပဲ ထားခဲ့ပါတယ်။ သုံးအိမ်ရာရောက်စက ဦးထွန်းရှိန်တို့နဲ့အတူ
ွဲ
နေပြီး၊ နောက်ပိုင်း ပါပါတို့ သပ်သပ် အိမ်ထောင် ခွနေပါတယ်။ ပါပါ တပတ်တခါ စနေနေ့တိုင်း သုံးအိမ်ရာပြန်သားပြီး၊ တနင်္လာနေ့မနက်
ွ
အစောကြီး ရန်ကုန်ရုံးတက် အမှီ ပြန်လာပါတယ်။ သုံးအိမ်ရာကို ပါပါနောက်ဆုံး ပြန်သားတဲ့အခေါက်ဟာ ဘီဒီအေ ယူနီဖောင်း
ွ
ဝတ်ထားတော့ အားလုံးက ယုံကြည်ကြပါတယ်။ ရွာပြန်သားပြီး နောက်တနေ့မှာပဲ ပါပါ ရန်ကုန်ပြန်လာပါတယ်။ ကုလားပြည် မသွားမီ
နှစ်ရက်သုံးရက် အလိုမှာ တနေ့ည (၇)နာရီ အချိန် သခင်ဗိုလ်က ပါပါ့ကို ဝန်ကြီးသခင်သန်းထွန်းအိမ်သို့ ခေါ်သွားပါတယ်။
ွ
ဝန်ကြီးသခင်သန်းထွန်းအိမ်ဟာ ရွှေတောင်ကြားရပ်ကက်မှာ ရှိပါတယ်။ ဝန်ကြီးအိမ်ရောက်တော့ အပေါ်ထပ် အခန်းတခန်းထဲကို
ခေါ်သွားပါတယ်။ အခန်းထဲမှာ လူတွေ လေးငါးယောက်ရှိပြီး ဖယောင်းတိုင်ပဲ ထွန်းထားပါတယ်။ အားလုံး ကြမ်းပြင်ပေါ် ဖျာခင်းပြီး
ထိုင်နေကြပါတယ်။ ပါပါနဲ့ သခင်ဗိုလ်လည်း ဝင်ထိုင်ပါတယ်။ ခဏနေ သခင်သန်းထွန်း ဝင်လာပါတယ်။ အခန်းထဲမှာ ရှိတဲ့ လူတွေကို
ွ
အချင်းချင်း တယောက်စီ မိတ်ဆက်ပေးပြီး ကုလားပြည်သားမယ့် လူတွေဖြစ်ကြောင်း သခင်သန်းထွန်းက ပြောပါတယ်။ သခင်ဗိုလ်နဲ့
ဲ
ကက်အိုခေါ် ကိုသန်းက လွလို့ ကျန်လူတွေကို ပါပါ တယောက်မှ မသိပါ။ ကုလားပြည်အတူ သွားမယ့် ရဲဘော်များကို ပထမဆုံးအကြိမ်
တွေ့ဆုံခြင်း ဖြစ်ပါတယ်။ အဲဒီအချိန်မှာပဲ သခင်ဗိုလ်က ခေါင်းဆောင်၊ ပါပါက ဒုတိယခေါင်းဆောင်ဆိုပြီး သတ်မှတ်ပါတယ်။
ွ်
ဂျပန်တော်လှန်ရေးနဲ့ ပတ်သက်၍ ပါပါတို့ လုပ်ကိုင် ဆောင်ရက်ရမယ့် လုပငန်းစဉ်ကို ပြောပြပါတယ်။ သူပြောတဲ့စကားထဲမှာ
ပါပါမှတ်မိသလောက်         ဆိုရင်   'သေချင်ရင်     သေပါစေ၊     ဂျပန်တော်လှန်ရေးလုပ်ငန်းကိုတော့               အပျက်မခံနိုင်ဘူး၊     ဂျပန်ခေတ်မှာ
ဝန်ကြီးလုပ်ရတာ အင်္ဂလိပ်ခေတ်တုံးက ပုလိပ် (ရဲသား) လောက်တောင် နှင် အာဏာမရှိဘူး၊ ခင်ဗျားတို့ ခု ကုလားပြည်သွားတာ
ွဲ
မရောက်ရောက် အောင်သားပြီး ဂျပန်တော်လှန်ရေးအတွက် လက်နက်ခယမ်း မီးကျောက်များ ပြန်ယူလာရမယ်၊' အစရှိသည်တို့
ဖြစ်ပါတယ်။
        အစီအစဉ်အရ ပါပါတို့ ပထမ မန္တလေးအမြောက်တပ်မှ ဗိုလ်မှူးကြီး ဗထူးဆီ သွားရမယ်၊ ဗိုလ်မှူးကြီး ဗထူးမှတဆင့် အထက်ကို
ဆက်လက်သွားရန် ဖြစ်တယ်။ မန္တလေးသွားရန် အာ(ရ်)အီတီ (?)မှ ဦးကျော်ငြိမ်းက စလွန်းကားတစင်း စီစဉ်ပေးပါတယ်။ အဲဒီ
စလွန်းကားကို မသွားမီ တရက် သခင်ဗိုလ်အိမ်ကို ပို့ထားတယ်။ ပါပါက ဘီဒီအေယူနီဖောင်း အပြယ့်အစုံနဲ့ ဆိုတော့ ရိုင်ဖယ်သေနတ်နဲ့
ွ်
လှံစွပ်ပါပါတယ်။ လှံစွပ်ကိုတော့ ခါးမှာ ချိတ်ထားရပေမယ့် ညကျတော့ လှံစပကို ခါးမှာ ချိတ်ကာ၊ ကားနောက်ဘက်ဝင်ထိုင်ပြီး
ွ
ရုတ်တရက် တံခါးဖွင့် ဆင်းကြည့်တယ်။ ဆင်းတိုင်း ဆင်းတိုင်း လှံစပ်ဟာ တံခါးနဲ့ ညှိနေတယ်။ အဲဒီလိုဆင်းကြည့်ရခြင်းဟာ လမ်းမှာ
ွဲ
အင်္ဂလိပ်လေယာဉ်ပျံနဲ့ ဆုံရင် ရုတ်တရက် ဆင်းပြေးရမှာဖြစ်လို့ လှံစပ်ဟာ ကားတံခါးပေါက်နဲ့ ညှိမညှိ သိချင်တ့အတွက် ဖြစ်တယ်။
        ၁၉၄၄    ခု၊    စက်တင်ဘာလ          (၁၈)    ရက်နေ့နံနက်ပိုင်းမှာ    ပါပါတို့     သခင်ဗိုလ်အိမ်မှ       နေ၍        စတင်   ခရီးထွက်တယ်။
ွ
လိုက်ပါသွားတဲ့လူများမှာ ပါပါနဲ့တကွ သခင်ဗိုလ် (ကွယ်လန်)၊ ဦးကျော်ရင် (မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် - ကွယ်လွန်)၊
ွ
ဗိုလ်မှူးချစ်ကောင်း (ကွယ်လန်)၊ ဦးအုန်းမောင် (လေထီး)၊ ဦးတက်ဥခေါ် ဦးသန်း (ယခုတရုတ်ပြည်ရောက်)နဲ့ ကားမောင်းတဲ့လူ
ကိုမြကြည်တို့   ဖြစ်ပါတယ်။ွဲ
                                  (ရက်စကို     ဗိုလ်မှူးချစ်ကောင်းရေး     အနှစ်နှစ်ဆယ်ကို             မှီငြမ်းပါတယ်။)      ကားပေါ်ရောက်တော့
ွ
လှံစွပ်ချိတ်ထားတဲ့ ခါးပတ်ကို ဖြုတ်ထားပါတယ်။ ရန်ကုန်မြို့မှ ထွက်ပြီး မင်္ဂလာဒုံလန်တော့ မိုးရာသီဖြစ်သည့်အားလျော်စွာ လမ်းဘေး
နှစ်ဖက်နှစ်ချက်မှာ စပါးပင်များ စိမ်းလန်း စိုပြေနေပါတယ်။ မြကတ္တီပါ ခင်းထားသည့်အလား ဖြစ်နေပါတယ်။ နေ့လယ် (၁) နာရီခန့်
ဲ
အချိန် ပဲနွယ်ကုန်းအထွက်မှာ (ကျွ) ခေါ်တဲ့ အင်္ဂလိပ်လေယာဉ်ပျံ နှစ်စင်းဟာ ပါပါတို့စီးတဲ့ကားကို ဘေးတဖက်တစင်း စီယှဉ်ပြီး
ဲ
လိုက်လာတယ်။ (ရွှေလောင်းနယ်တိုက်တဗားရွာမှာ ပါပါကြုံတွေ့ခ့တဲ့ လေယာဉ်ပျံမျိုး ဖြစ်တယ်) လေယာဉ်ပျံကို တွေ့တော့ ပါပါတို့
ွဲ
ဆင်းပြေးပါတယ်။ ရန်ကုန်မှ အထွက်မှာ လှံစပ်တ့ခါးပတ်ကို တွေ့တော့ ပါပါဖြုတ်ထားမိလို့ ခုလိုအရေးကြုံတော့ လျောရှုစွာ
ဆင်းနိုင်ခြင်းဖြစ်တယ်။ ပါပါတို့ ဆင်းပြေးတဲ့ နေရာဟာ ကမ်းတဖက် တဖက်မှာ အပင်ကြီးများရှိပြီး ညာဘက်ကားလမ်းဘေးမှာ
လည်ပင်းအထိ နက်သော ရေမြောင်းရှိပါတယ်။ ရေမြောင်းထဲမှာ ပိန်းပင်များ ပေါက်နေပါတယ်။ ပါပါတို့ အဖော်တွေအားလုံး
ွ
အဲဒီရေမြောင်းထဲကို ဆင်းပြေးကြပါတယ်။ လေယာဉ်ပျံနှစ်စင်းက ပါပါတို့ကားကို ကျော်သားပြီးမှ တပတ်ကျော့လာတော့ ပါပါတို့
ရေငုပ်လိုက်ပါတယ်။ဲ
                         ရေငုပ်လိုက်တ့အချိန်မှာ        စက်သေနတ်သံ         ထွက်ပေါ်လာတာကို                  ကြားရပါတယ်။          လေယာဉ်ပျံသံနဲ့
ွ
စက်သေနတ်သံတွေ ပျောက်သားတော့ ပါပါတို့ ခေါင်းဖော်ကြည့်ရာ ကားမီးလောင်နေတာကို တွေ့ရပါတယ်။ ကားမီးလောင်နေတာကို
ဲ
ကြည့်ရင်း လေယာဉ်ပျံ နောက်တကျော့ ထပ်မံပြန်လာတော့ ပါပါတို့တဖန် ရေငုပ်ရပါတယ်။ နောက်တဖန် ပါပါရေငုပ်မှာ ကျွမျှော့ကြီး
သုံးလေးကောင် ပါပါ့ဆီ ကူးလာတာကို တွေ့ရပါတယ်။ ဒီတကြိမ် လေယာဉ်ပျံ ပြန်ကျော့လာတော့ ပါပါတို့ကိုပဲ ပစ်မှာပဲလို့
တွက်ဆထားပါတယ်။           ဒါပေမယ့်      ပါပါတို့အပေါ်     လေယာဉ်ပျံ       ရောက်တော့          ပစ်ခတ်သံ        မကြားရပါ။       သူတို့ပစ်ထားတဲ့ကား
မီးလောင်မလောင်        ပြန်ကြည့်ခြင်း   ဖြစ်တယ်လို့ပဲ    ယူဆရပါတယ်။       လေယာဉ်ပျံနှစ်စင်းဟာ              ပါပါတို့ကားကို    တွေ့တွေ့ချင်းပစ်ရင်
ပါပါတို့အားလုံး သေမှာ သေချာပါတယ်။ ခုတော့ ခရီးသည်ဆင်းနိုင်ရန် ကိုယ်ရောင်ပြပြီးမှ တပတ်ကျော့ပြီး ပြန်လာပစ်တယ်လို့
ယူဆရပါတယ်။
ွ
        လေယာဉ်ပျံပျောက်သားတော့ ပါပါတို့လူစုတွေ ကားလမ်းပေါ်သို့ ပြန်တက်ကြပါတယ်။ လူတိုင်း ကိုယ်ပေါ်မှာ ကိုယ်စီ မျှော့တွေ
တွယ်ကပ်နေပါတယ်။           ပါပါ့ကိုယ်ပေါ်မှာတော့     ခေါင်းမှာရော     လက်မှာပါ          မျှော့တွေ       တွယ်ထားတော့          လက်နဲ့သပ်ချရတယ်။
သေနတ်သံကြားရစဉ်          မျှော့ကြောက်ရမှန်း    မသိပါ။    သေနတ်သံပျောက်မှ             မျှော့များများ    အတွယ်ခံရတော့         အသည်းယားသလို
ဖြစ်ပါတယ်။
ွ
       များမကြာမီ ပဲနယ်ကုန်းမှ ကူညီရန် ရောက်လာသူများ ကားမီးကို ဝိုင်း၍ သတ်ကြပါတယ်။ ဌာနအုပ် (စခန်းမှူး)လည်း
ဲ
ရောက်လာပါတယ်။ ပါပါတို့ကို ဘီဒီအေ ယူနီဖောင်းနဲ့ တွေ့တော့ တပ်မတော်သားတွေပလို့ ယူဆကြပါတယ်။ မီးလောင်နေတဲ့ကားကို
ွ
ဌာနအုပ်လက်သို့ အပ်ပြီး ဖြူးမြို့သို့ မြင်းလှည်းနဲ့ ခရီးဆက်ထက်ကြပါတယ်။ ဖြူးမြို့ ရာဇဝတ် ဝန်ထောက် ဦးထွန်းရွှေဆီသွားရန်
ဖြစ်တယ်။ ဖြူးမြို့ကို ညဉ့်နက်မှ ရောက်တယ်။ သခင်ဗိုလ်က ရာဇဝတ်ဝန်ထောက်အိမ်မှာ အိပ်ပြီး ပါပါက သခင်ဗိုလ်စီစဉ်ပေးတဲ့
အိမ်တအိမ်မှာ အိပ်ပါတယ်။ နောက်တနေ့ညနေ ဖြူးမှ ရန်ကုန်သို့ ပါပါတို့လူစု မီးရထားနဲ့ ပြန်လာကြပါတယ်။ မိုးလင်းတော့ မီးရထား
သင်္ကန်းကျွန်းဘူတာသို့ ရောက်လာတယ်။ သင်္ကန်းကျွန်းဘူတာမှာ ပါပါတို့ ဆင်းပြီး ရန်ကုန်ကို မြင်းလှည်းနဲ့ ပြန်လာကြပါတယ်။
သခင်ဗိုလ်အိမ်အသွား မြေနီကုန်းရောက်တော့ သခင်တင်မြနဲ့ တွေ့တယ်။ သခင်တင်မြက အံ့သြစွာဖြင့် 'ဘယ်လို ဖြစ်လာကြတာလဲလို့'
မေးပါတယ်။
ွ
       ရန်ကုန်ပြန်ရောက်ပြီးနောက် ထပ်သားရန် အစီအစဉ် လုပ်ရပြန်တယ်။ ဒီတခါ လူခြွဲ ပီး သွားရန် စီစဉ်ချက်အရ စက်တင်ဘာလ
ွ
(၂၂) ရက်နေ့မှာ တပ်မတော်မှ ဗိုလ်ကြီးတင်ထန်း (ထားဝယ်) ရဲ့ ကားနဲ့ ပါပါ၊ ကိုအုန်းမောင် (လေထီးအုန်းမောင်)နဲ့ တက်ခေါ်
ကိုသန်းတို့ လိုက်ပါသွားပါတယ်။ (၁၉၇ဝ - ၇၁ ခုလောက်မှာ မန္တလေးမှ ရန်ကုန်မြို့သို့ အမြန်မီးရထားဖြင့် ပထမတန်းတွဲမှာ
ွ
ပါပါစီးနင်းလာစဉ် ဗိုလ်ကြီးတင်ထန်းနဲ့ ဆုံကြတယ်။ အဲဒီအချိန်မှာ ဗိုလ်ကြီး မဟုတ်တော့ဘဲ ဦးတင်ထန်းဖြစ်ပြီး ပလကမှာ တာဝန်
ထမ်းဆောင်နေကြောင်း ပါပါ့ကို ပြောပါတယ်။)
       ဒီတကြိမ်    ပထမတကြိမ်လို          နေ့ဘက်       မသွားဘဲ      ညဘက်မှာ    သွားပါတယ်။        မော်တော်ကား    တညလုံး     မောင်းပြီး
သန်းခေါင်ကျော်သုံးနာရီ   အချိန်ခန့်မှာ    မြို့လှ    ရေနီသို့   ရောက်ရှိသားပါတယ်။
ွ             အဲဒီအချိန်မှာ   အထက်ဘက်မှ    ဆင်းလာသော
ကုန်ကားတစင်း      လမ်းဘေးရပ်ပြီး     ဓာတ်ဆီထယ့်နေပါတယ်။              တယောက်က           ဓာတ်ဆီထည့်ပြီး    တယောက်      မီးတိုင်ကိုင်ပြီး
ွ
မီးပြနေပါတယ်။ အဲဒီ ဓာတ်ဆီထည့်နေတဲ့ ကားကို ကိုက်နှစ်ဆယ်ခန့် ကျော်လန်သားတဲ့အခါ ပါပါတို့ကားကို မောင်းတဲ့ ရဲဘော်က
သူ့သဘောနဲ့သူ       ကားရပ်ပြီး      ပါပါတို့         ရောက်တ့နေရာကို
ဲ             သိလိုသဖြင့်ဲ
                                                                                           ဓာတ်ဆီထည့်တ့လူကို       သွားမေးပါတယ်။
ဓာတ်ဆီထည့်နေတဲ့လူက         ရဲဘော်ကို          ပြန်လှည့်ကြည့်တောဲ့
                                                                     ဓာတ်ဆီထည့်တ့လက်ပါ           လှည့်မိသား   ဖြစ်တော့    မီးတိုင်က
မီးနဲ့တိုက်မိတယ်။ မီးထတောက်တော့ လန့်ဖြန့်ပြီး ဓာတ်ဆီပုံးကို အပေါ် မြှောက်တင်လိုက်တယ်။ ပုံးမြှောက်တင်ခါမှ ဓာတ်ဆီတွေဟာ
ွ
သူ့ကိုယ်ပေါ်မှာ ကျဆင်းလာပြီး သူ့တကိုယ်လုံးကို မီးလောင်တယ်။ သူ့ကိုယ်မှ မီးတောက်မီးလျှံထက်လာတော့ သူ့အနား ဘယ်သူမှ
မကပ်ရဲပါ။ သွေးရူးသွေးတမ်း ဖြစ်ပြီး လက်အပ်ချီကာ ပါးစပ်က ကယ်တော်မူပါ ဘုရား ကယ်တော်မူပါဘုရား ရွတ်ဆိုပြီး တလှမ်းချင်း
လျှောက်နေတယ်။ ခဏနေ လဲကျသွားပါတယ်။ ပါပါတို့ သွားကြည့်တော့ တကိုယ်လုံးမ ည်းနေပြီး နှုတ်ခမ်းနား တဝိုက်မှာတော့
ဲ
ဖြူနေတယ်။ ရေသောက်ချင်တယ်၊ ရေသောက်ချင်တယ်လို့ အသံသ့သ့နဲ့ ပြောနေတယ်။ ပါပါတို့ ခဏနေ ခရီး ဆက်ထွက်ပြီး
ွ
မိုးလင်းတော့ ပျဉ်းမနားရောက်သားတယ်။ (မင်းလောင်ခံရတဲ့ လူလည်းအဲဒီမနက် (၉)နာရီ အချိန်မှာပဲ သေဆုံးကြောင်း သတင်း
မန္တလေး ရောက်ပြီးနောက် ကြားသိရပါတယ်)
ွ
       ပျဉ်းမနားမှာ သခင်တင်ထန်း (ကွန်မြူနစ်ပါတီဗဟိုကော်မတီဝင် ကျဆုံး) နဲ့ သခင်ဖေတင့်တို့ဆီမှာ သွားပြီး အနားယူပါတယ်။
ွဲ
အဲဒီအချိန်မှာ သခင်တင်ထန်းနဲ့ သခင်ဖေတင့်တို့ဟာ မြို့နဲ့ နှစ်မိုင်ခန့် ဝေးတ့အရပ်မှာ နေထိုင်ကြပါတယ်။ ပါပါတို့ရောက်သွားတဲ့
အချိန်မှာ သူတို့ တောင်သူလယ်သမား အစည်းအဝေး လုပ်နေကြပါတယ်။                      ။
        “ - - - - ဗိုလ်မှူးချစ်ကောင်းနဲ့ လေထီးဦးအုန်းမောင်တို့ မီးမွှေးပြီး လက်ဖက်ရည်ကြမ်းအိုး စတယ်ကြပါတယ်။ - - - -
   အတွင်းစောင်ခြုံရင်း တချက်တချက် ဗိုလ်လှဖေကို လှမ်းကြည့်ရတယ်။ ဗိုလ်လှဖေရဲ့ ချောင်းဆိုးသံ တချက်တချက် ကြားရတော့
                                         ဗိုလ်လှဖေ မသေသေးဘူးဆိုတာ သိရတယ်။ - - -”
ွ
       ပျဉ်းမနားမြို့နှင့် မန္တလေးကားလမ်းပေါ်တွင် အင်္ဂလိပ် လေယာဉ်ပျံများက နေ့တင်မကဘဲ ညဘက်မှာလည်း လိုက်လံ
ပစ်ခတ်ကြောင်း ပျဉ်းမနားမှာ နေစဉ် ကြားသိရပါတယ်။ ညဘက် သွားသောအခါ မီးထိုးပြီး သွားရပါသဖြင့် မီးထိုးထားသော ကားကို
လိုက်လံပစ်ခတ်ခြင်း ဖြစ်တယ်။ ဤကဲ့သို့ ပစ်ခတ်ခြင်းကြောင့် သေကြေ ပျက်စီးကြကြောင်းလည်း သိရှိရပါတယ်။
       ဒီသတင်းကို ကြားသိထားရသဖြင့် ညနေဘက် ပါပါတို့ ဆက်လက် ခရီးထွက်တော့ သတိ ဝီရိယ ထားပြီး သွားရပါတယ်။
ဖြည်းဖြည်းသွားပြီး မီး ထိုးတလှည့်၊ မထိုးတလှည့် သွားရပါတယ်။ မိတ္ထီလာ ရောက်တော့ ဗိုလ်ကြီး တင်ထွန်းဟာ တွေ့စရာရှိတဲ့
လူတွေနဲ့ ဝင်တွေ့ပြီး ဓာတ်ဆီရှာရတာနဲ့ နည်းနည်း ကြာသွားပါတယ်။
ွ
       နောက် ခရီးဆက်လက်ထက်ခာသွားရာ ကျောက်ဆည် မရောက်မီ မိုးလင်း၍ ဒေါ်ကျင်ဆိုင် ဆန်စက်မှာ ဝင်ရောက်
ရပ်နားပါတယ်။ ပါပါတို့ ရန်ကုန်မှ ထွက်လာစဉ် ခရီးကြုံသဖြင့် ကျောက်ဆည်အထိ လိုက်ရန် ဂျပန်တော်လှန်ရေး ရဲမေတယောက်
ပါလာပါတယ်။ သူ့ အကြံပေးချက်အရ ဒေါ်ကျင်ဆိုင် ဆန်စက်မှာ ဝင်ရောက် ရပ်နားခြင်း ဖြစ်တယ်။ ညနေဘက်မှာ ပါပါတို့ ဆက်လက်
ွ
ခရီးထွက်ခွာသွားရာ မန္တလေးသို့ ချောမောစွာ ရောက်ရှိသားပါတယ်။
မန္တလေးမှ မြစ်ကြီးနား
ွ
        မန္တလေးရောက်သောအခါ ဗိုလ်ကြီးတင်ထန်းက ပါပါတို့ကို အိမ်တအိမ်မှာ သွားရောက်ပို့ထားပါတယ်။ ပါပါမှတ်မိသလောက်
ရုံးတော်ကြီး ရပ်ကွက်ရှိ အိမ်တအိမ်မှာ ဖြစ်တယ်။ အဲဒီအိမ်မှာ အစောင့်တယောက်ထဲ ရှိပါတယ်။ ရုံတော်ကြီးရပ်ကွက်အိမ်မှာ
နေစဉ်ညတိုင်း      ဗိုလ်ကြီွး
                                တင်ထန်းလာပြီး       ရှေ့ဆက်လက်သားမည့်
ွ                      ခရီးစဉ်ကို      ဆွေးနွေးပါတယ်။          တပေခွဲပတ်လည်ရှိ
ပိုးဖျင်အဝါရောင်ပေါ်မှာ ပုံနှိပ်ရိုက်ထားတဲ့ အထက် ဗမာပြည် မြေပုံကိုပါ ယူလာတယ်။ ကသာဘက် အင်္ဂလိပ် တပ်မဟာမှ
ွဲ
ဝင်းဂိတ်တပ်သားများ ဂျပန်နောက်ကြောင်း လေထီးဖြင့် ဆင်းလာစဉ် တိုက်ပတခုမှ ရထားသော မြေပုံလို့ ပြောပါတယ်။ မြေပုံဟာ
ွ
အသေးစိတ်ဖြစ်ပြီး ရေစိုသော်လည်း ပျက်စီးခြင်း မရှိလို့ သိရပါတယ်။ ရုံတော်ကြီးရပ်ကက် အိမ်မှာ လေးငါးရက်ကြာ နေပြီး ဗိုလ်မှူးဗထူး
အမြောက်တပ်သို့ ပြောင်းရွှေ့ နေထိုင်ကြတယ်။
        ဗိုလ်မှူးဗထူးတပ်သို့ ရောက်သောအခါ ဗိုလ်မှူးကိုယ်တိုင် နေရာထိုင်ခင်း စီစဉ်ပေးတယ်။ ပါပါတို့ကို တဲတန်းလျား သပ်သပ်
တလုံး ပေးထားတယ်။ စားချိန်မှာ ရဲဘော်တယောက် စားစရာတွေ လာပို့ပေးတယ်။ ရှေ့ဆက်ရမယ့်ခရီးကို စီစဉ်နေဆဲဖြစ်၍ ဗိုလ်မှူး
ဗထူးတပ်မှာပဲ     နေထိုင်ရမှာ      ဖြစ်ပါတယ်။     ပါပါတို့က     ဘီဒီအေ          ယူနီဖောင်းဝတ်ထားသော်လည်း              ဂျပန်စစ်ရေးပြနည်း    မသိ
ဲ့
နားမလည်တအတွက် ဗိုလ်မှူးချစ်ကောင်းက သင်ကြား ပြသပေးတယ်။ ချီတက် လမ်းလျှောက်နည်း၊ သေနတ်ကိုင်တွယ်နည်း၊
အလေးပြုနည်း၊ အစရှိသည်တို့ ဖြစ်ပါတယ်။ ဗိုလ်မှူးဗထူးတပ်မှာ နေစဉ် တနင်္ဂနွေနေ့ ပါပါနှင့် ဦးကျော်ရင်အောင် ပင်လယ်ရွာကို
အလည်သွားတယ်။ ပါပါ မြင်းမွေးမြူရေးဌာနမှာ အလုပ်လုပ်စဉ် သိကျွမ်းခဲ့သော ဦးကင်းထံ သွားရန် ဖြစ်တယ်။
ွ
  အိမ်ရှင်မက ကြိမ်းမောင်း ဆဲဆိုရင်း ယောင်းမနဲ့ ဂျပန်ကို ရိုက်နေတာ တွေ့ရတယ်။ ဒီမြင်ကင်းကို တွေ့ရခြင်းအားဖြင့် ဂျပန်တွေဟာ
                                        ဘုန်းကံ နိမ့်နေပြီ လို့ ပါပါတို့ ကောက်ချက် ချလိုက်တယ်။
        ဦးကင်းဟာ       မြင်းမွေးမြူရေးနဲ့   သားစပ်ရေး       စခန်းသုံးခုအနက်         မန္တလေး        စခန်းကို   အုပ်ချုပ်တဲ့    အရာရှိဖြစ်ပါတယ်။
သူ့မြင်းမွေးမြူရေး စခန်းဟာ အောင်ပင်လယ်မှာ ရှိပါတယ်။ ဦးကင်းဟာ ပါပါ့ကို တွေ့တော့ အံ့အားသင့်တယ်။ ပါပါလည်း စစ်ထဲဝင်တဲ့
ွဲ့
အကြောင်း ဗိုလ်ဗထူး တပ်မှာ ရောက်နေတဲ့ အကြောင်း ပြောပြတယ်။ ပါပါတို့သားတာ အရပ်ဝတ် အရပ်စားနဲ့ ဖြစ်တအတွက်
မန္တလေးရောက်လာတဲ့အကြောင်း ဦးကင်း မမေးမီ ပါပါ ကြိုတင် ပြောခြင်းဖြစ်ပါတယ်။ ပါပါတို့ သွားတာ မနက်ပိုင်းဖြစ်တော့
ထမင်းစားပြီးမှ ပြန်ဖို့ ဦးကင်းက ပြောပါတယ်။
        သူ့ မြင်းမွေးမြူရေးခြံ သွားကြည့်တော့ မြင်းတွေဟာ နာမကျန်းဖြစ်ပြီး နှစ်ကောင် သုံးကောင် သေသွားတဲ့ အကြောင်း
သူပြောပြတယ်။ ရန်ကုန် မြင်းမွေးမြူရေးစခန်းမှာလို မြင်းသား စားချင်တာနဲ့ မြင်း နာမကျန်းဖြစ်ပြီး သေတာလား လို့ ပါပါက သူ့ကို
ဲ
ရယ်စရာအဖြစ် ပြောသေးတယ်။ သူ့ဆီမှာ ထမင်းစားပြီး မွန်းလွပိုင်းမှာ ပါပါတို့ ပြန်လာတယ်။ ပါပါတို့ ပြန်လာတော့ လမ်းပေါ်
ခပ်လှမ်းလှမ်းမှာ ဂျပန်စစ်သားတစု မန္တလေးဘက် လမ်းလျှောက် ပြန်တာ တွေ့ရတယ်။ ခဏနေ ဂျပန်တွေက 'ရှီကောကူ၊ ရှီကောကူ' လို့
အော်ရင်း လမ်းဘေး ဆင်းပြေးပြီး ဝပ်နေကြတယ်။ ပါပါတို့လည်း အံ့အားသင့်ပြီး ကြောင်တောင်တောင် ဖြစ်နေတယ်။ ဒါနဲ့ ပါပါတို့က
ဟိုကြည့်   ဒီကြည့်နဲ့   ကောင်းကင်မှာ         ကိုယ်ထည်    နှစ်ခုရှိတဲ့    မဟာမိတ်      စစ်လေယာဉ်ပျံ        သုံးစင်း   တွေ့တော့     ဂျပန်တွေဟာ
လေယာဉ်ပျံတွေ့လို့ ထွက်ပြေးတယ် ဆိုတာ သိရတယ်။ (လေယာဉ်ပျံဟာ ဂျပန်လို ရှီကောကူလို့ ခေါ်ပါတယ်။)
        မန္တလေးမှ နေ၍ ဆက်ရန်ခရီးမှာ နှစ်လမ်းရှိပါတယ်။ တလမ်းက ကလေးဝဘက်ဖြစ်ပြီး တလမ်းက မြစ်ကြီးနားဘက် ဖြစ်တယ်။
မြစ်ကြီးနားဘက်လမ်းဟာ           အဆင်ပိုပြေမှဲာ
                                                 ဖြစ်တ့အတွက်            ဗိုလ်မှူး   ဗထူးတို့က       မြစ်ကြီးနားလမ်းကို       ရွေးချယ်လိုက်တယ်။
ဲ
မြစ်ကြီးနားဘက် သွားမှာဖြစ်တ့အတွက် ကသာ၊ မြစ်ကြီးနား ဒေသကို ကျွမ်းကျင်တ့လူ လိုလာပါတယ်။
ဲ
        အဲဒီအချိန်မှာ ပါပါ မြစ်ကြီးနား စစ်ပြေးဘဝမှာ သိရှိခ့တဲ့ ကိုလှဖေဟာ ဗိုလ်မှူး ဗထူးတပ်မှာ ဗိုလ်ဖြစ်နေပါတယ်။ ကိုလှဖေဟာ
ဲ
ပါပါ စစ်ပြေးအဖြစ် မြစ်ကြီးနားမှာအတူ နေခဲ့တဲ့ ဦးစက်ဝမ်ရ့ ညီ ဖြစ်ပါတယ်။ ပါပါ မြစ်ကြီးနားဘက်ကို သွားမှာ ဖြစ်တော့ ဗိုလ်လှဖေကို
ဲ
ခေါ်သွားဘို့ ဗိုလ်မှူးဗထူးက သဘောတူ ခွင့်ပြုတယ်။ ၎င်းပြင် ကသာဒေသကို ကျွမ်းကျင်တဲ့ စစ်သား ရဲဘော်မောင်ကျောက်ကိုပါ
လိုက်ဖို့ တာဝန် ပေးပါတယ်။
        ၁၉၄၄ ခု၊ အောက်တိုဘာလ (၉) ရက်နေ့ နံနက်မှာ ပါပါတို့ လူစု မန္တလေးမှ စတင် ခရီးထွက်ပါတယ်။ ရန်ကုန်မှ မူလလူစုအပြင်
ွ
နောက်တိုးအဖြစ် ဖြူးမှ ကိုစောဟန် (ထောင်တင်းကွယ်လန်)၊ ဗိုလ်လှဖေ၊ မောင်ကျောက်တို့ ဖြစ်ပါတယ်။ (ဗိုလ်လှဖေဟာ ယခု လူထု
ဦးလှနဲ့ မယား ညီအစ်ကို တော်ပါတယ်။)
ဲ
        ပါပါတို့ လူစုဟာ ကိုယ်စီ နာမည်ဝှက် ရှိပါတယ်။ ပါပါ့နာမည်ဝှက်ဟာ 'မောင်တင်' ဖြစ်တ့အတွက် တလမ်းလုံး ပါပါကို 'ကိုတင်'
လို့ ခေါ်ကြပါတယ်။ မန္တလေးမှ ထွက်စဉ် ဗိုလ်မှူး ဗထူးက ပါပါတို့ကို လက်နက် ခဲယမ်း မီးကျောက် အပြည့်အစုံ ပေးပါတယ်။ ပါပါက
ဒဿမ ၃၂ ပစ်စတို သေနတ်၊ ယမ်းတောင့် ခြောက်တောင့် ရပါတယ်။ စစ်ကိုင်းဘက်ကို သမ္ဗာန်ဖြင့် ကူးကြတယ်။ ညဘက်မှာ
ွ
ရွာထောင်မှ နေ၍ မီးရထား စီးကြတယ်။ သန်းခေါင်ယံ အချိန်မှာ ရွှေဘိုကို ရောက်သားတယ်။ မိုးလင်းတော့ ဖျားနာနေတဲ့ ဂျပန်တွေ
မီးရထားလမ်း ဘေးနားမှာ တုံးလုံး ပက်လက်နဲ့ တော်တော်များများ တွေ့ရတယ်။ တချို့လည်း တောင်ဝှေးနဲ့ လှုပ်လီလှုပ်လဲ့
ွဲ
လျှောက်နေတာကို တွေ့ရတယ်။ ထူးဆန်းတဲ့ မြင်ကင်းဟာ ကျန်းမာ သန်စမ်းတဲ့ ဂျပန်တွေက ဖျားနာ ချိန့နေတဲ့ ဂျပန်တွေကို ကူညီ
စောင့်ရှောက်ခြင်း မပြုတာဘဲ ဖြစ်တယ်။ နေ့လယ်မှာ ပါပါတို့ အနားယူတဲ့ နေရာနဲ့ သိပ်မဝေးတဲ့ အိမ်တအိမ်မှာ ဆူဆူညံညံ ကြားတော့
ပါပါတို့ သွားကြည့်တယ်။ ဂျပန်တယောက် မီးဖိုချောင်မှာ ခူးခပ်စားမယ် အလုပ်မှာ အိမ်ရှင်မက ကြိမ်းမောင်း ဆဲဆိုရင်း ယောင်းမနဲ့
ွ
ဂျပန်ကို ရိုက်နေတာ တွေ့ရတယ်။ ဒီမြင်ကင်းကို တွေ့ရခြင်းအားဖြင့် ဂျပန်တွေဟာ ဘုန်းကံ နိမ့်နေပြီ လို့ ပါပါတို့ ကောက်ချက်
ချလိုက်တယ်။
         ဂျပန်ခေတ် ညဘက်မှာ ယာဉ်ရထားများ သွားလာခုတ်မောင်းလို့ ညဘက်ကျ ပါပါတို့ မီးရထားနဲ့ ရွှေဘိုမှ ဆက်လက်
ွ
ခရီးသွားကြတယ်။ ကန့်ဘလူသို့ မိုးလင်းခါနီးမှာ ရောက်သားပါတယ်။ ကန့်ဘလူမှာလည်း ရွှေဘိုနည်းတူ ဂျပန်အနိဌာရုံများကို
တွေ့ရှိရပါတယ်။ ကန့်ဘလူမှာ ခရီးသွား ခရီးလာများကို ဒကြောင်းပြုပြီး အိမ်တချို့မှာ ထမင်းဟင်း အစရှိသော စားသောက်ဖွယ်များကို
ရောင်းချပါတယ်။ ပါပါတို့လည်း ထမင်းဟင်း ရောင်းတဲ့ အိမ်တအိမ်မှာ ဝင်ရောက် စားသောက်ပြီး အနားယူပါတယ်။
  မြစ်ကြီးနားတဝိုက်မှာ ငှက်ဖျား အလွန် ပေါပါတယ်။ ငှက်ဖျားရောဂါ ကာကွယ်တဲ့ နည်းဟာ အရက်နဲ့ ငရုတ်သီးစိမ်းကို မှီဝဲပါ' ဆိုတဲ့
                                                            စကားပဲ ဖြစ်တယ်။
         ညဘက်ကျ မီးရထားဖြင့် ဆက်လက်ခရီးထွက်ရာ တောလမ်းသို့ သန်ခေါင်ယံအချိန်မှာ ရောက်ရှိသွားပြီး မီးရထားသည်
ဆက်လက်ခရီးမထွက်တော့ပါ။ အကြောင်းမှာ ကောလင်းနှင့် ဝန်းသိုကြားမှာ မီးရထားတံတားပျက်နေသောကြောင့် ဖြစ်ပါတယ်။
ွ
ပါပါတို့လည်း မီးရထား ပေါ်က ဆင်းကာ မီးရထားလမ်းအတိုင်း ဝန်းသိုသို့ လမ်းလျှောက်သားပါတယ်။ ပျက်နေတဲ့ မီးရထားတံတား
ကျတော့         လမ်းလျှောက်နိုင်ရန်       ကုန်းဘောင်ပဲ       ထိုးထားတဲ့အတွက်               လိမ့်မကျရန်           လေးဖက်တွား         သွားရပါတယ်။
ဝန်းသိုဘူတာရောက်တော့ မိုးမလင်းသေးတဲ့အတွက် မီးရထားလမ်းဘေးမှာရှိ တောင်ကုန်းကလေးအောက် ကားလမ်းဘေးနားမှာ
                                                                                                                 ရောက်ရှိတအခါ       အဲဒီနေရာကို
သွားကြည့်ပါသေးတယ်။)
ဲ့
         နံနက်လင်းတ့အခါ ရဲဘော်မောင်ကျောက် အသိရှိတဲ့ ကင်းရွာသို့ ဆက်လက် ခရီးထွက်ပါတယ်။ ကင်းရွာရောက်တအခါ
ွ
မောင်ကျောက်အသိအိမ်မှာပဲ တည်းခိုပါတယ်။ တပ်မတော်သားများ ရောက်ရှိလာတဲ့အတွက် ရပ်ရာလူကြီးများ လာရောက်ကြတဲ့ အပြင်
အထူးအဆန်း အဖြစ် လာရောက်ကြည့်ရှုသူများလည်း ရှိပါတယ်။
ွ
         ကင်းရွာမှာ သိရှိရသော သတင်းများမှာ အမေရိကန်တပ်များဟာ ပထမ မြစ်ကြီးနား လေယာဉ်ပျံကင်းကို သိမ်းပိုက်ပြီး၊
မြစ်ကြီးနားမြို့ကို   ရက်ပေါင်းများစွာ   နေ့ရောညပါ      ဗုံးကျဲ   တိုက်ခိုက်ပြီးမှ     သိမ်းယူနိုင်ကြောင်း       အင်္ဂလိပ်တပ်ဟာ       မြစ်ကြီးနားမှ
မီးရထားလမ်းအတိုင်း၊ အောက်ဘက်သို့ ထိုးစစ်ဆင်ရာ မိုးကောင်းမှာ အကြီးအကျယ် တိုက်ပြွဲ ဖစ်နေကြောင်း၊ အမေရိကန်တပ်က
ချန်ကေရှိတ် တရုတ်တပ်များနဲ့ အတူ ဗန်းမော်ဘက်သို့ တပ်ဖြန့် စုံဆင်းသွားကြောင်း အစရှိသော သတင်းများ ဖြစ်ပါတယ်။
         ဤသတင်းများကို         ကြားသိရလို့   မူလက       မီးရထားလမ်းအတိုင်း             မြစ်ကြီးနားသို့   သွားမယ့်     ခရီးစဉ်ကို    ဖျက်သိမ်းပြီး
တောလမ်းအတိုင်း ကသာဘက်သို့ သွားရန် အစီအစဉ် ထပ်မံလုပ်ရပါတယ်။ ကင်းရွာမှ ကသာသို့ တောလမ်းအတိုင်း သွားဖူးသူ
ကိုချစ်မောင်ရှိကြောင်း သိရှိရ၍ လမ်းပြအဖြစ်လိုက်ရန် သူ့ကို ငှားရမ်းရာ သူက သဘောတူလက်ခံပါတယ်။
         ပါပါ မန္တလေး ဗိုလ်မှူးဗထူးတပ်မှာ နေစဉ် ဗိုလ်တယောက် ပြောတဲ့စကား ပါပါသွား သတိရတယ်။ 'ကိုတင် ကသာ၊ ဗန်းမော်၊
မြစ်ကြီးနားတဝိုက်မှာ ငှက်ဖျား အလွန် ပေါပါတယ်။ ငှက်ဖျားရောဂါ ကာကွယ်တဲ့ နည်းဟာ အရက်နဲ့ ငရုတ်သီးစိမ်းကို မှီဝဲပါ' ဆိုတဲ့
ွ
စကားပဲ ဖြစ်တယ်။ ဒီစကားကို ပါပါ မြေ၀ယ်မကျ တလမ်းလုံး နာခံသားပါတယ်။ ပါပါတို့ အောက်ပြည် အောက်ရွာမှာတော့ စပ်တဲ့
ငရုတ်သီး တမျိုးကို 'ကုလားအော်' လို့ ခေါ်ပါတယ်။ ကသာဘက်မှာတော့ ကုလားအော် ငရုတ်သီး မရှိပါ။ စပ်တဲ့ ငရုတ်သီးဟာ
'ကရင်အော်' ပဲ ရှိတယ်လို့ ဒေသခံတွေက ပြောတော့ ပါပါ ရယ်ရပါတယ်။
ွဲ
         ပါပါတို့ လိုအပ်တဲ့ အစီအစဉ်တွေ အားလုံး လုပ်ပြီးသွားတ့အတွက် နောက်တနေ့ ကင်ရာမှာ ခရီး ဆက်ထွက်ကြပါတယ်။
ွ
သွားရမယ့် တောလမ်း ခရီး တလျှောက်မှာ ဆန်ရှားပါးသဖြင့် ဆန် တယောက် တပြည်စီ ကင်းရွာမှာ ဝယ်သားကြပါတယ်။
         ဂျပန်ခေတ် စနစ်အရ တရွာမှ တရွာသို့ ဂျပန်များ၊ တပ်မတော်သားများ၊ မင်းမှုထမ်း၊ ရာထမ်းများ ခရီး သွားလာသောအခါ
ရွာသူရွာသားများဟာ အထုပ် အပိုးတွေ ဝိုင်းကူ ထမ်းပေးရတယ်။ ပါပါတို့ကင်းရွာမှ စထွက်တဲ့ မနက် ပါပါတို့ အထုပ်အပိုးတွေကို
ဲ
နောက်တရွာအထိ လိုက်ပို့မယ့် လူတွေ ရောက်လာတယ်။ ချောဆင့်တ့စနစ် ဖြစ်လို့ ချောထမ်းတယ်လို့ ခေါ်တယ်။ ချောထမ်းမယ့်
လူတွေ မိန်းမချည်းဖြစ်နေတာ တွေ့ရတော့ ပါပါတို့ အံ့အားသင့်ပြီး အားတောင့်အားနား ဖြစ်နေတယ်။ ရွာသူကြီးဟာ ပါပါတို့
ွ
အားနာနေမှန်း ရိပ်မိတော့ သူတို့ရပ်ရာမှာ ယောက်ျားရော၊ မိန်းမပါ ဒီလိုပဲ ချောထမ်းရတဲ့အကြောင်း ပြောပြပါတယ်။ တော်ပါသေးတယ်။
ိ
ကင်းရွာမှာ မီးရထားလမ်း အရှေ့ဘက် တမုင်ခန့်ပဲ ဝေးတဲ့ နောက်တရွာ အရောက်မှာ တာဝန် ပြီးဆုံးပါတယ်။
       ဒီလိုနဲ့ တရွာဝင် တရွာထွက် သွားပြီး မဲဇာမြစ် အရှေ့ဘက်ကမ်း ဂျုံးဂျုံးကျရွာသို့ ရောက်ရှိပါတယ်။ ဂျုံးဂျုံးကျရွာဟာ
ရွာကြီးတရွာ ဖြစ်ပါတယ်။ ရွာကို ရောက်တဲ့ အချိန်မှာ ဗိုလ်လှဖေ နေထိုင်မကောင်း ဖြစ်လာတယ်။ ဒီလိုေ နထိုင်မကောင်းတဲ့အတွက်
သူ့အနီးဆုံး ဆွေမျိုး ဘယ်မှာ ရှိသလဲလို့ မေးတော့ တကောင်းမှာ ရှိပြီး နာမည်က ဦးအေး - ဒေါ်ဧမိ ဖြစ်ကြောင်း သူ ပြောပြပါတယ်။
ဤကဲ့သို့ မေးထားခြင်းမှာ သူ့ရောဂါ မသက်သာလျှင် သူ့ဆွေမျိုးထံ ပို့ထားရန် ဖြစ်ပါတယ်။ 'တကောင်း ဦးအေး၊ ဒေါ်ဧမိ' ဒီ
ဲ
စကားသုံးလုံးကို ပါပါ အသေနှုတ်ကျက်ထားတ့အတွက် အနှစ်သုံးဆယ် ကျော်လာသော်လည်း မမေ့ပါ။
ွ
       ဂျုံးဂျုံးကျကနေပြီး ပါပါတို့ ခရီးဆက်ထက်ရာ ဂဟဲရာသို့ ရောက်သားပါတယ်။ ဂဟဲရာဟာ ကသာမြို့ အနောက်တောင်ဘက်
ွ
(၁၅) မိုင်အကွာမှာ ရှိပါတယ်။ ဂဟဲရာ ပါပါတို့ ရောက်သားတဲ့ အချိန်မှာ ရွာသူရာသားတွေ သိပ်မရှိတော့ပါ။ ကသာမှာ ရှိတဲ့ ဂျပန်တွေ
ွ
မကြာမကြာ လာပြီး အနှောင့်အယှက် ပေးလို့ နီးစပ်ရာ ရွာမှာ တိမ်းရှောင် ထွက်ပြေး နေကြတယ်။ ဂဟဲရာသူကြီးတော့ ရှိတယ်။ ပါပါတို့
ွ
ရောက်တဲ့အချိန်မှာ သူကြီးဟာ မိန်းရခါစဖြစ်လို့ ပါပါတို့ ထမင်း ပါပါတို့ဖာသာ ချက်စားရပါတယ်။ ဂဟဲရာမှာ ကြားသိရတဲ့သတင်းဟာ
ကသာမြို့မှာ ဂျပန်စစ်တပ်ပဲ ရှိတယ်၊ ခရိုင်အပါအဝင် အစိုးရရုံးအားလုံး ထီးချိုင့် အရှေ့ဘက်ကမ်း မြအောင်တောရမှာ ပြောင်းရွှေ့
ရုံးစိုက်ကြောင်း ကြားသိရတယ်။
ွ
       ဗိုလ်လှဖေရောဂါဟာ ဂဟဲရာရောက်ပြီး နောက်တနေ့မှာ ပိုဆိုးဝါးလာပြီး ငန်းဖမ်းလာတယ်။ တလမ်းလုံး ပါပါလျှို့ဝှက်နာမည်
ွ
'ကိုတင်' လို့ပဲ ပါပါ့ကို ခေါ်ပြီး ငန်းဖမ်းတော့ ပါပါ့ကို 'ကိုဝင်းမောင်' လို့ ခေါ်ပါတော့တယ်။ ရွာသူရာသားများရှေ့မှာ ပါပါက 'ကိုတင်'
ဖြစ်ပြီး ဗိုလ်လှဖေက ပါပါကို 'ကိုဝင်းမောင်' လို့ ခေါ်တော့ တော်တော် အနေခက်ပါတယ်။
       ဗိုလ်လှဖေ     ငန်းဖမ်းတော့           ပါပါတို့နောက်   ဆက်လက်လိုက်မှာ      မဟုတ်တော့ပါ။         ပါပါတို့ကတော့        သွားရမယ့်ခရီးကို
ဆက်လက်သွားမည်သာ ဖြစ်ပါတယ်။ ဒီတော့ ဗိုလ်လှဖေကို ဘယ်လိုလုပ်မလဲ ဆိုတဲ့ ပြဿနာဟာ ပေါ်လာပါတယ်။ ဂဟဲရွာပြင်မှာ
ွ
စမ်းချောင်းတချောင်း ရှိပါတယ်။ ပါပါတို့ ရေသွားချိုးတဲ့ စမ်းချောင်းဖြစ်ပါတယ်။ ဗိုလ်လှဖေကိစ္စ လွတ်လတ်လပ်လပ် ဆွေးနွေးနိုင်ရန်
ပါပါတို့ အားလုံး စမ်းချောင်းကို သွားကြတယ်။ သခင်ဗိုလ်က သူ ခေါင်းဆောင်ဖြစ်တဲ့ အလျောက် သူစတင်ပြောပါတယ်။
       သူ့သဘောကတော့              ဗိုလ်လှဖေကို      ဂဟဲသူကြီးထံမှာ   အပ်နှံထားပြီး   ပါပါတို့   ဆက်လက်            ခရီးထွက်ရန်   ဖြစ်ပါတယ်။
သူ့အကြောင်းပြချက်က ပါပါတို့ ခုခရီးထွက်နေတာ စစ်မြေပြင်နဲ့ တူတယ်။ စစ်မြေပြင်မှာ ဒဏ်ရာ ရထားတဲ့ စစ်သားတွေဟာ သူ့ထိုက်နဲ့
သူ့ကံ စစ်မြေပြင်မှာပဲ ထားခဲ့ရတဲ့အကြောင်း သူပြောတယ်။ သခင်ဗိုလ် ပြောပြီး ပါပါပြောပါတယ်။ စစ်မြေပြင်မှာ ဒဏ်ရာရတဲ့
စစ်သားတွေကို ထားခဲ့တယ် ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် တိုက်ပွဲ မပြင်းထန်ရင် သယ်ယူကြတဲ့အကြောင်း၊ ဗိုလ်လှဖေကို
ွ
ဂဟဲရွာသူကြီး လက်ထဲ အပ်ထားရင် ဗိုလ်လှဖေသေမှာ သေချာတဲ့ အကြောင်း၊ ဂဟဲရာသူကြီးဟာ မိန်းမရခါစဖြစ်လို့ ပါပါတို့
ရောက်လာတာတောင် ဧည့်ဝတ် မကျေတဲ့အကြောင်း ဗိုလ်လှဖေ ငန်းမဖမ်းမီ သူ့ဆွေမျိုးများ တကောင်းမှာရှိကြောင်း ပါပါ့ကို
ပြောထားတဲ့အတွက် ပါပါသူ့ကို တကောင်းပို့ပြီးမှ ဆက်လက် ခရီးထွက်မယ့် အကြောင်း ပါပါနောက် လိုက်ချင်တဲ့လူ ရှိရင်
လိုက်နိုင်ကြောင်း ပါပါက ပြောတယ်။ ဒါနဲ့ ဗိုလ်မှူး ချစ်ကောင်း၊ ဦးအုန်းမောင် (လေထီး) တို့က ပါပါ့နောက် လိုက်မယ် လို့
ပြောကြတယ်။
                                                 သူ့အတွက် 'အတွင်းစောင်' လိုက်ရှာ ပါတယ်။
                                            'အတွင်းစောင်' ဆိုတာ အရက်သမားစကား ဖြစ်ပါတယ်။
ဲ
       သခင်ဗိုလ်နဲ့ ပါပါတို့ လူစုချင်း ခြွဲ ကတော့မယ် ဖြစ်တ့အတွက် ရန်ကုန်မှ ထွက်လာစဉ် လမ်းမှာ သုံးစွဲဖို့ ငွေနဲ့ ရွှေစများ
သခင်သန်းထွန်းက ပေးလိုက်ပါတယ်။ ရွှေစထဲမှာ လက်ကောက်များ၊ ရွှေဒဂါးများ ပါရှိပါတယ်။ သခင်ဗိုလ်က ပါပါ့ကို တဝက်ခွဲ
ပေးပါတယ်။ နောက် ဗိုလ်မှူး တပ်မှ ယူလာခဲ့တဲ့ ပိုးဖျင် ရွှေဝါရောင်ပေါ်မှာ ပုံနှိပ်ရိုက်ထားတဲ့ အထက်ဗမာပြည် မြေပုံကိုလည်း ပါပါ
ွ
တောင်းယူတယ်။ ဂဟဲရာပြင် စမ်းချောင်းမှာ စည်းဝေး ဆုံးဖြတ်တဲ့ အချိန်မှာ ညနေဘက် ဖြစ်ပါတယ်။
       နောက်တနေ့နံနက်            ပါပါတို့    အားလုံး    နောက်ကြောင်း   ပြန်လာကြပါတယ်။          ဂျုံးဂျုံးကျကို    ညနေမှ     ရောက်ပါတယ်။
ဲ့
ဗိုလ်လှဖေကိုတော့ လူငှားပြီး ထမ်းစင်နဲ့ ခေါ်လာရပါတယ်။ ဗိုလ်လှဖေကို လိုက်ပို့ရန် ပါပါရဲ့ တာဝန် ဖြစ်တအလျောက် လိုအပ်တဲ့
ွ
ကိစ္စတွေကို ပါပါ လိုက်ဆောင်ရက်ခြင်း ဖြစ်ပါတယ်။ မြစ်ဆိပ်မှာ ဗိုလ်လှဖေ အိပ်ပြီး လိုက်ပါသွားနိုင်အောင် ကြီးတဲ့ လှေ မတွေ့ပါ။
လူဆယ်ယောက်         တင်နိုင်တွဲွ့
                                   ခပ်ရယ်ရယ်        ငါးဖောင်တဖောင်တော့     တွေ့တယ်။      ဖောင်ရှင်ကို      တွေ့တော့       ငါးတွေ   ဘယ်မှာ
သွားရောင်းမလဲလို့ မေးပါတယ်။ ဖောင်ရှင်က တကောင်းလို့ ပြောပါတယ်။ တကောင်း ရောက်ရင် ဘယ်လောက်ရမလဲလို့ မေးတော့
ကျပ်ငွေ တရာ့ငါးဆယ်ခန့် ရမယ်လို့ ပြောတယ်။ ဒါနဲ့ ပါပါက ငါးဖောင်ကို သူ့တောင်းဈေးပေးပြီး ဝယ်ပါတယ်။
        အဲဒီအချိန်က တကောင်းဟာ အထက်ကုန်၊ အောက်ကုန် အရောင်းအဝယ် လုပ်နေတဲ့ နေရာ ဖြစ်ပါတယ်။
        ဖောင်ဝယ်ပြီးနောက် ဗိုလ်လှဖေ တနေရာစာ အိပ်နိုင်ဖို့ အင်ဖက်အမိုး လုပ်ပေးရတယ်။ လမ်းမှာ မီးလှုံဘို့ သံပြား တပြားနဲ့
ထင်းတုံးများ       စုဆောင်းရပါတယ်။           နောက်    လက်ဖက်ရည်ကြမ်းအိုွး
                                                                               လက်ဖက်ခြောက်ခက်             အစရှိသည်တို့ကို     ဝယ်ခြမ်း
စုဆောင်းရပါတယ်။
        နောက် ပါပါက သူ့အတွက် 'အတွင်းစောင်' လိုက်ရှာ ပါတယ်။ 'အတွင်းစောင်' ဆိုတာ အရက်သမားစကား ဖြစ်ပါတယ်။
ွ
အရက်သောက်ပြီး ကိုယ်ခန္ဓာထဲ ရောက်သားတော့ ပူနွေးသွားတဲ့အတွက် အရက်သမားများဟာ အရက်ကို 'အတွင်းစောင်' လို့ ခေါ်ခြင်း
ဲ
ဖြစ်ပါတယ်။ လိုအပ်တ့ပစ္စည်းတွေ လိုက်လံ စုဆောင်းပြီး ဖောင်ထိုးရန် လူနှစ်ယောက် လိုက်ရှာ ရပါတယ်။ မဲဇာချောင်းအတိုင်း
စုံဆင်းရန်     ဖြစ်ပြီး     မဲဇာချောင်းဟာ    ရေစီးသန်တအပြင်
ဲ့         ငုတ်လည်း     ပေါများတယ်။      ဖောင်ထိုးသမားနှစ်ယောက်         ငှားရမ်းပြီး
ဗိုလ်မှူးချစ်ကောင်း၊ လေထီးဦးအုန်းမောင်၊ ဗိုလ်လှဖေနဲ့ ပါပါတို့ ခရီးစတင် ထွက်ကြပါတယ်။ အချိန်က မိုးချုပ်ခါစ ဖြစ်ပါတယ်။
ွဲ
သခင်ဗိုလ်တို့ လူစုဟာ မြစ်ဆိပ်မှာ ပါပါတို့ကို လာရောက် နှုတ်ဆက်ကြပါတယ်။ နေ့ဘက်သားရင် အင်္ဂလိပ် လေယာဉ်ပျံရ့ရန်
ွ
ရှိတဲ့အတွက် ညဘက်သားရခြင်း ဖြစ်ပါတယ်။
ွ
        ဖောင် စထွက်ထက်ခြင်း ဗိုလ်မှူးချစ်ကောင်းနဲ့ လေထီးဦးအုန်းမောင်တို့ မီးမွှေးပြီး လက်ဖက်ရည်ကြမ်းအိုး စတယ်ကြပါတယ်။
မီးဖိုဟာ ဗိုလ်လှဖေနဲ့ အလှမ်းဝေးပြီး လေအောက်မှာ ရှိပါတယ်။ ဗိုလ်လှဖေ အခြေအနေမှာ စိုးရိမ်စရာ အဆင့် ရှိနေပါတယ်။
ဖောင်စထွက်ပြီး တနာရီခန့်အကြာမှာ ဗိုလ်မှူးချစ်ကောင်း၊ လေထီးဦးအုန်းမောင်တို့က လက်ဖက်ရည်ကြမ်း စတင် သောက်ကြပါတယ်။
ဲ
ဂျုံးဂျုံးကျမှာ ဆတ်သားခြောက် တပိဿာ ဝယ်ယူရရှိတ့အတွက် ဆတ်သားခြောက်ကို မီးဖုတ်၊ ကင် အမြီး အဖြစ် စားကြတယ်။
ပါပါလည်း အဲဒီ အချိန်မှာအတွင်း စောင်စခြုံပါတယ်။ အမြည်းကတော့ ဆတ်သားခြောက်ပင် ဖြစ်ပါတယ်။ အတွင်းစောင်ခြုံရင်း
တချက်တချက်            ဗိုလ်လှဖေကို    လှမ်းကြည့်ရတယ်။      ဗိုလ်လှဖေရဲ့   ချောင်းဆိုးသံ   တချက်တချက်          ကြားရတော့       ဗိုလ်လှဖေ
မသေသေးဘူးဆိုတာ               သိရတယ်။ွ
                                            ဖောင်ထက်ခါစ   ထွေရာလေးပါး       စကားပြောကြသော်လည်း             တစတစ        ညဥ့်နက်လာတော့
ကိုယ့်စိတ်ကူးနဲ့ကိုယ် နေကာ အတွေးရေယာဉ်ကြော မြောလျက် နေကြပါတယ်။
        တိတ်ဆိတ် ငြိမ်သက်နေတြဲ့ ကားမှ တဖြောက်ဖြောက်နဲ့ ကျဆင်းနေတဲ့ ဆီးနှင်းများဟာ မိုးသီး မိုးပေါက်များ ကျသကဲ့သို့
ပြင်းထန်လှပါတယ်။ တချက်တချက် ဂျီဟောက်သံကြားရပြီး ငှက်အော်သံလည်း ကြားရပါတယ်။ 'မဲဇာတောင်ခြေ၊ စီးထွေထွေတည့်၊
ဲ
မြစ်ရေဝန်းလည်း၊ မြိုင်တောဆီက၊ ရွှေပြည်ကိုသာ တရှာမိတော့' အစရှိတဲ့ လက်ဝသုန္ဒရအမတ်ကြီးရဲ့ ရတုကို ပြေး၍ သတိရပါတယ်။
ပါပါတို့ အဖော်သားသုံးယောက်ဟာ ကိုယ်ပေါ်မှာရှိတဲ့ အဝတ်ပဲ ရှိကြပါတယ်။ စောင်ကို ဗိုလ်လှဖေအား ပေးခြုံရပါတယ်။ ပါပါက
အတွင်းစောင် ရှိလို့ ခံသာသော်လည်း ဗိုလ်မှူးချစ်ကောင်းနဲ့ လေထီး ဦးအုန်းမောင်တို့က တော်တော်လေး ခိုက်ပုံရပါတယ်။
ွ
        ဒီလိုနဲ့ ငုတ်တုတ်ထိုင်ကာ ကြက်အိပ်ကြက်နိုး အိပ်ရင်း မိုးလင်းတော့ ဇီးသောင်ရာကို ရောက်ရှိပါတယ်။ ဇီးသောင်ရွာဟာ
ွ
မဲဇာမြစ် ဘယ်ဘက်ကမ်းမှာ ရှိပါတယ်။ ဇီးသောင်ရာ ဘုန်းကြီးကျောင်းမှာ ပါပါတို့ တည်းခိုပါတယ်။ ရပ်ရာလူကြီးတွေ သတင်းမေး
လာကြပါတယ်။ ဗိန္ဓောဆရာတယောက်က ဗိုလ်လှဖေကို လာရောက် ကုသပေးပါတယ်။ ဗိုလ်လှဖေဟာ ဇီးသောင်အရောက်မှာ
နည်းနည်း သက်သာလာပုံ ရပြီး ဗိန္ဓောဆရာရဲ့ ကုသချက်ကြောင့်၊ ညနေဘက်မှာ တော်တော်ကလေး နေကောင်းလာပါတယ်။
ွ
        ညဘက်တင် ဖီးသောင်ရာမှ စုံဆင်းရာ နံနက်မလင်းမီ ဧရာဝတီမြစ်နဲ့ မဲဇာမြစ်ဆုံရာ ညောင်ပင်သာသို့ ရောက်ရှိပါတယ်။
ဖီးသောင်ရွာမှာ ရပ်နားစဉ် ပါပါတို့ မြစ်ကြီးနားသို့ သွားရန် ခရီးလမ်းစဉ်အတွက် အဖော် သုံးယောက်သား တိုင်ပင်ကြပါတယ်။ ဤကဲ့သို့
တိုင်ပင်ရာတွင်        ပါပါ     ကသာမြို့မှ    မြတော    တောရသို့     ပြောင်းရွှေ့သွားသော       အရာရှိများအနက်         သစ်တောဝန်ထောက်
ွဲ
ဦးစောအောင်ခင်လှကို ပါပါသိရှိတ့အကြောင်း၊ သူ့ဆီသားပြီး ကသာ မြစ်ကြီးနား တောလမ်းအကြောင်း စုံစမ်းရန် သိရှိနိုင်တဲ့အကြောင်း
ွ
ပြောပြတော့ ဦးစောအောင်ခင်လှဆီသားရန် အားလုံး သဘောတူကြပါတယ်။
        ဗိုလ်လှဖေကို တကောင်းသို့ လိုက်ပို့ရဦးမှာ ဖြစ်တော့ ညောင်ပင်သာမှာ လူစုခြွဲ ပီး ပါပါနဲ့ ဗိုလ်မှူးချစ်ကောင်းဟာ မြတောင်
တောရသို့ သွားပြီး လေထီးဦးအုန်းအောင်က ဗိုလ်လှဖေကို တကောင်းသို့ လိုက်ပို့ရန် ဖြစ်တယ်။ ၎င်းနောက် ဦးစောအောင်ခင်လှနဲ့
ဲ
တွေ့ဆုံ မေးမြန်းပြီးသောအခါ ပါပါတို့ တကောင်း စုံဆင်းလာမှာဖြစ်တ့အတွက် လေထီး ဦးအုန်းမောင်က ပါပါတို့ကို တကောင်းမှာပဲ
စောင့်ရမှာ ဖြစ်ပါတယ်။
        ညောင်ပင်သာရွာမှာရောက်ပြီး နံနက်လင်းသောအခါ ပါပါနဲ့ ဗိုလ်မှူးချစ်ကောင်းတို့ မြောက်ဘက်အရပ် မြတောင် တောရသို့
သွားကြပါတယ်။              လေထီးဦးအုန်းမောင်က     ဗိုလ်လှဖေကို   ညကျမှ      တကောင်းသို့     စုန်ဆင်းပြီး   လိုက်ပို့ရမှာ   ဖြစ်တဲ့အတွက်
ဲ
ညောင်ပင်သာမှာပဲ ကျန်ရစ်ခ့ပါတယ်။
         မြတောင် - တောရရွာသည် ဧရာဝတီမြစ်ညာဘက်ကမ်းမှာ ရှိပါတယ်။ မွန်းမတည့်မီ မြတောင်- တောရ
ွ
တစ်ဖက်ကမ်းနေရာသို့ ရောက်ရှိသားပါတယ်။ အောက်တိုဘာလ နောက်ဆုံးပတ် ဖြစ်သဖြင့် ဧရာဝတီမြစ်ရေ ကျဆင်း စပြုပြီး
ဲ
မြစ်လယ်မှာ သောင်ထွန်း နေပါတယ်။ သောင်ကိုပတ်ပြီး သွားရမည်ဖြစ်တ့အတွက် တစ်နာရီခန့်ကြာမည့်အပြင် နေ့ခင်းနေ့လယ်
အချိန်မှာ လိုက်မပို့လိုကြောင်း ကူးတို့သမားက ပါပါတို့ကို ပြောပြပါတယ်။ အကြောင်းမှာ နေ့ခင်း နေ့လယ်အချိန်မှာ
အင်္ဂလိပ်လေယာဉ်ပျံ လာရောက်ပစ်ခတ်တတ်ကြောင်းနှင့် မကြာမီကပင် ဂျပန်လေးငါးယောက် ကူးအပို့မှာ အင်္ဂလိပ်လေယာဉ်ပျံ
လက်ချက်ကြောင့် ကူးတို့သမားများ အပါအဝင် အားလုံးသေခြင်း ကြောင့် ဖြစ်ပါတယ်။ နောက်ဆုံး ပါပါတို့တောင်းပန်
မေတ္တာရပ်ခံချက်ကြောင့် ကူးတို့သမားဟာ လိုက်ပို့ပါတယ်။ ပါပါတို့လဲ သတိဝီရိယထားပြီး ကူးသွားရပါတယ်။ မြစ်လယ်ခေါင်
ဲ
သောင်ပြင်နား ရောက်တ့အခါ ငှက်ကြီးစံပုံ ဒုံးငှက်များကို တွေ့ရပါတယ်။ သူတို့ကို ရန်မမူမှန်း သိသည့်အလား သူတို့အနား
ကပ်သွားသော်လည်း ထမပြန်ပါ။
       မြတောင် - တောရ ဘက်ကမ်းရောက်တော့ ဦးစောအောင်ခင်လှ နေအိမ်လိုက်ရှာရန် ရွာလမ်းအတိုင်း လျှောက်သွားပါတယ်။
အိမ်တစ်အိမ်မှာ အမျိုးသမီး လေးယောက်ကို တွေ့ရပြီး တစ်ယောက်မှာ ပါပါစစ်ပြေးအဖြစ် မြစ်ကြီးနားမြို့၊ မိုင်းနား ရွာမှာ နေစဉ်
ပါပါတို့နဲ့အတူ လာနေတဲ့ 'အကလောင်း' ခေါ် ဆရာမဒေါ်သဲနု ဖြစ်ပါတယ်။ (ယခု စစ္စတာ ဒေါ်သဲနု၊ မြောက်ဥက္ဗလာပ ဆေးရုံ) ဆရာမ
ဒေါ်သဲနုကို မမြော်လင့်ဘဲ တွေ့ရသဖြင့် ပါပါအလွန်မှ ဝမ်းသာပါတယ်။ အကြောင်းမှာ ဆရာမဒေါ်သဲနုဟာ ပါပါလိုက်ရှာနေတဲ့
ဲ
သစ်တောဝန်ထောက်ဦး စောအောင်ခင်လှရ့ ညီမအရင်း ဖြစ်ခြင်း ကြောင့်ပင် ဖြစ်တယ်။ ဆရာမ ဒေါ်သဲနုဟာ သူ့အစ်ကိုနှင့်အတူ
နေပြီး ရွာထဲအိမ်တစ်အိမ်သို့ သွားရင်း ပါပါသူ့ကို တွေ့ရှိခြင်း ဖြစ်ပါတယ်။ ပါပါသူ့ကို ခေါ်ပြီး သူ့အစ်ကို အိမ်ကိုသွားပါတယ်။
       ဦးစောအောင်ခင်လှ အိမ်မှာ ပါပါတို့နှစ်ရက်ကြာပါတယ်။ ဦးစောအောင်ခင်လှဟာ ပါပါတို့ကို ကောင်းမွန်စွာ ဧည့်ခံပြုစုပါတယ်။
ဲ
အဲဒီ အချိန်မှာ ပါပါတို့လက်ထမှာ ငွေလက်ကျန်နည်းနေသည့် အတွက် လက်ကောက်တစ်ဖက်ရောင်းပေးရန် ဦးစောအောင်ခင်လှ အား
ခိုင်းရာ ငွေကျပ်နှစ်ထောင် ရရှိပါတယ်။ ကသာ နယ်မြေ အခြေအနေနှင့် ပတ်သက်၍ ဦးစောအောင်ခင်လှ ထံမှ သိရှိရသည်မှာ
ွဲ
ကသာမြို့မှာ ဂျပန်တပ်များ အခိုင်အမာတပ်စထားကြောင်း မြစ်ကြီးနား၊ ဗန်းမော်တဝိုက်မှာ ကချင်အမျိုးသား၏များ လူမျိုးရေးဆန်ဆန်
ဆူပူထကျွနေကြောင်း၊ ဘီဒီအေယူနီဖောင်းနှင့် သွားလာနေသဖြင့် သတိဝီရိယနှင့် သွားလာရန်လိုကြောင်း၊ ဗန်းမော်ဘက်မှ
ွ
ဂျပန်များဆုတ်ခွာလာသောအခါ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆုတ်ခာလာကြောင်း အစရှိသည်တို့ ဖြစ်ပါတယ်။ ပါပါတို့မြစ်ကြီးနား
ဘက်ကို တောလမ်းအတိုင်း သွားရမည်ဖြစ်တဲ့ အတွက် လမ်းပြအဖြစ် ဦးစောအောင်ခင်လှက ကချင်အမျိုးသားတစ်ယောက်ကို
စီစဉ်ပေးပါတယ်။ ကချင်အမျိုးသားဟာ ပါပါတို့နဲ့ နိုဝင်ဘာလ (၁ဝ) ရက် (၁၁) ရက်နေ့မှာ မြတောင်- တောရ အရှေ့ဘက်ရှိ
ကမ်းသာရွာမှာ ဆုံရန်ဖြစ်တယ်။ ၎င်းရွာမှ နေ၍ ကချင်အမျိုးသားဟာ ပါပါတို့နဲ့အတူ မြစ်ကြီးနားဘက်ကို တောလမ်းအတိုင်း
လိုက်သွားရန် ဖြစ်တယ်။
ွ
       လိုအပ်သော အစီအစဉ်များအားလုံးဆောင်ရက်ပြီးဖြစ်၍ မြတောင်- တောရ အုပ်ချုပ်ရေး အရာရှိ၏ အကူအညီဖြင့်
လှေတစ်စင်းငှားကာ တကောင်းသို့ ညဘက်မှာ စုံဆင်းသွားပါတယ်။ ဧရာဝတီမြစ်ပြင်သည် မြောက်မှ တောင်သို့ တငြိမ့်ငြိမ့်
ွ
တသွင်သင် စီးဆင်းလျက် ရှိနေပါတယ်။ လသာ နေတဲ့ညမို့ လရောင်မှာ ဝင်းဝင်းပနေပြီး မြစ်ပြင်တစ်ခုလုံးမှာ လရောင်ကြောင့်
ဖွေးဖွေးဖြူနေတယ်။ ဂယက်ကလေးများ ထသွားသည့်အခါတွင် ရေပြင်သည် လရောင်အောက်၌ တဖျပ်ဖျပ်လက်နေပါတယ်။
ွဲ
ခပ်ဝေးဝေးကမှုတ်နေတဲ့ ပလွေသံလလင့်နေပါတယ်။ လှေလှော်သမားနှစ်ယောက်လဲ ခပ်မှန်မှန်ပင် လှော်သားပါတယ်။
ွဲ
ဗိုလ်မှူးချစ်ကောင်းနှင့် ပါပါလဲ ငြိမ်သက်စာ စီးနင်းလိုက်ပါရာ ကိုယ့်အတွေး နဲ့ကိုယ် နေကြပါတယ်။ ဒီလိုန့တကောင်းကို ရောက်မှန်း
မသိ ရောက်သွားပါတယ်။ နာရီကို ကြည့်တော့ ည (၁ဝ) နာရီထိုးပြီး ဖြစ်တယ်။
       တကောင်းဟာ မြို့ခေါ်ရမလား၊ ရွာခေါ်ရမလား မပြောတတ်ပါ။ အစိုးရ ရုံးစိုက်တဲ့ မြို့တော့ မဟုတ်ပါ။ တစ်ချိန်တစ်ခါက
ဲ
ရာဇဝင်အရ ကျော်ဇော ထင်ရှားသော မြို့ဖြစ်ခ့ပါတယ်။ ပြိုကျပျက်စီးနေသော မြို့ရိုးဟောင်းရှိပြီး 'ရွှေစည်းခုံ' 'ရွှေဆံ့တော်'
ဲ
အမည်ရှိသော စေတီတော်ကြီးလဲ ရှိပါတယ်။ 'မြန်မာအစ တကောင်းက' ဆိုတ့စကားလဲ လူတိုင်း ကြားဖူးပါတယ်။
ပါပါတို့ရောက်ရှိတဲ့အချိန်မှာတော့ အထက်ကုန်၊ အောက်ကုန် ရောင်းဝယ်ဖလှယ်နေတဲ့ နေရာအဖြစ် တွေ့ရှိရပါတယ်။ ည (၁ဝ)
ွဲ
နာရီထိုးပြီး ဖြစ်သော်လည်း ကမ်းနားမှာ ကုန်သည်ပစားများ အလုပ်ရှုပ်နေတုံး ဖြစ်ပါတယ်။ ဦးအေး - ဒေါ်ဧမီအိမ်ကို မေးပြီး ပါပါတို့
တက်သွားပါတယ်။ ဦးအေး - ဒေါ်ဧမိ အိမ်အရောက်မှာ ဗိုလ်လှတစ်ယောက် တော်တော်ကလေး နေကောင်းလာကြောင်း အိမ်ထဲမှာ
ဟိုအနား၊ ဒီအနား လမ်းလျှောက်နိုင်ကြောင်း၊ ဆန်ပြုတ်ပင် သောက်နိုင်ကြောင်း ကြားသိရတော့ ပါပါ့အနေနဲ့ ဝမ်းသာမဆုံး
ဲ
ဖြစ်ပါတယ်။ ဂဟဲမှာ အားလုံးက သေမယ်လို့ တွက်ထားတဲ့ ဗိုလ်လှဖေ၊ ဂျုံးဂျုံးဂျမှ နေ၍ ငါးဖောင်န့စုန်အဆင်း ပါပါက ဖောင်ပေါ်မှာ
ဲ
သေမယ်လို့ ထင်တဲ့ ဗိုလ်လှဖေ၊ ခုတော့ ဗိုလ်လှဖေ ကျန်းမာလာပြီဖြစ်တ့အတွက် ပါပါဝမ်းသာ မဆုံး ဖြစ်သလို ပါပါနဲ့အတူ
ဗိုလ်လှဖေကို တကူးတက တကောင်းကို အရောက်ပို့ဆောင်ပေးရတဲ့ ဗိုလ်မှူးချစ်ကောင်းနှင့် လေထီးဦးအုန်းမောင်တို့လဲ
ဲ
လိုက်ပို့ရကျိုးနပ်ပြီ အသိန့ ဝမ်းသာကြပါတယ်။ ပါပါတို့ ဦးအေး-ဒေါ်ဧမိအိမ်မှာ အိပ်ပြီး မနက်မိုးမလင်းတလင်း အချိန်မှာ
လေထီးဦးအုန်းမောင်က ထပြီး မီးဖိုချောင်ကို သွားတာ မြင်ရပါတယ်။ ဗိုလ်လှဖေညီမ မတင်လှနှင့်အတူ ဗိုလ်လှဖေအတွက်
ွ
ဆန်ပြုတ်ထတည်ခြင်း ဖြစ်ပါတယ်။ ဒီမြင်ကင်းကို တွေ့တော့ ပါပါက ဗိုလ်မှူး ချစ်ကောင်းကို တိုးတိုးကလေး 'တို့လူတော့
နေရာကျပြီထင်တယ်' လို့ပြောမိပါတယ်။
       ဟင်္သာရွာမှာလမ်းပြ ကချင်အမျိုးသားနဲ့ နိုဝင်ဘာလ (၁ဝ)ရက်၊ (၁၁) ရက်နေ့မှာ တွေ့ဆုံရန်ချိန်းဆိုထားချက် အရ
ွ
တကောင်းမှာ တစ်ပတ်ခန့်နေပြီး မှသားရမယ်ဖြစ်ပါတယ်။ ပါပါတို့ မရောက်မီ တကောင်းမှာ ဆင်ရိုင်း ဝင်လာတဲ့အတွက်
ဲ
လာဘ်တိတ်တယ်လို့ အယူရှိတ့ပလူတွေ တခြားသို့ပြောင်းရွှေ့သွားကြောင်း သိရတယ်။ တကောင်းရောက်ပြီးတဲ့နောက်တစ်နေ့မှာပဲ
ဦးအေးစီစဉ်ပေးချက်အရ တကောင်းနှင့် နှစ်မိုင်ခန့်ဝေးတဲ့ ယာခင်းမှာ တောဝက် ပစ်ရန် ပါပါသွားပါတယ်။ ညဘက်မြေပဲစိုက်ထားတဲ့
ယာခင်းမှာ လာရောက်ဖျက်စီးတဲ့ တောဝက်ကို ပစ်ရန် ဖြစ်ပါတယ်။ ပါပါတို့အဖော် သုံးယောက် ကိုယ်စီ ဂျပန်ရိုင်ဖယ်ရှိတော့
ပါပါရိုင်ဖယ် ပါပါယူသွား ရပါတယ်။ ယာခင်းထဲမှာ ပါပါတို့နေပြီး ညဘက်တောဝက်အလာကို စောင့်ဆိုင်းနေပါတယ်။ ညဘက်မှာ
ပစ်ရမယ်ဖြစ်တဲ့အတွက် ရိုင်ဖယ်ရှေ့ချိန်နှင့် နောက်ချိန်သီးမှာ ဝါဂွမ်းအဖြူကပ်ထားရပါတယ်။ ပထမညမှာ တောဝက်မလာသဖြင့်
နောက်တစ်ညမှာ ဆက်စောင့်ရပါတယ်။ နောက်တစ်ညမှာ ပါပါအိပ်ချင်တာနဲ့ ယာတဲမှာ ပဲအိပ်ပြီး သေနတ်ကို မုဆိုးလက်သို့
အပ်ပါတယ်။
       သန်းကောင်ကျော် အချိန်မှာ သေနတ်သံကြားရပြီး မကြာမီမုဆိုးက သူ့အဖော်များနှင့် ဝက်ကြီးတစ်ကောင်ထမ်းလာပါတယ်။
ွ
ဖျက်ပြီး ချိန်တွယ်ကြည့်သောအခါ အချိန်ပိဿာ ငါးဆယ်ကျော်ပါတယ်။ ရပ်ရာဓလေ့ထုံးစံအရ မုဆိုးနဲ့ သေနတ်ရှင်ဟာ အသားကို
တစ်ယောက်တစ်ဝက်ရပြီး ခြေ၊ လက်၊ ခေါင်း၊ ဝမ်းတွင်းသားများကို မုဆိုးက ရပါတယ်။ ဓလေ့ထုံးစံအရ ပါပါက ဝက်သား (၂၅)
ပိဿာရပါတယ်။ အဲဒီအချိန် တကောင်းမှာ ဝက်သား ဈေးကျပါတယ်။ တစ်ပိဿာ (၂၅) ကျပ်ဖြစ်ပြီး ချက်အရက်ကလဲ တစ်ပုလင်း
(၂၅) ကျပ်ဖြစ်ပါတယ်။ ဝက်သား ငါးပိဿာကို ဦးအေးအိမ်ပို့ပြီး ကျန်တာကို အရက်နှင့် လဲလိုက်ပါတယ်။ တကောင်းမှာ အုန်းပင်
တွေတော်တော်များများ ရှိပါတယ်။ ချက်အရက်နှင့် အုန်းရည်စပ်ပြီး သောက်တာ တော်တော်ကလေး အရသာ ထူးခြားပါတယ်။
လိုက်ဖက်ဖြစ်တယ်လို့ ဆိုရတယ်။ (ပါပါဝန်ကြီးနှင့် သမ္မတဖြစ်တော့ ပါပါ့မိတ်ဆွေတွေက ဝီစကီနှင့်အုန်းရည်ဟာလည်း
လိုက်ဖက်ဖြစ်တယ်လို့ ပြောပါတယ်။)
တကောင်းမှ မထွက်ခွာမီတစ်ရက်အလိုမှာ ပါပါတို့အဖော်သုံးယောက်သား ရွှေစည်းခုံ၊ ရွှေဆံတော်စေတီတော်ကို သွားကြပါတယ်။
ဗိုလ်လှဖေကို ကယ်ခဲ့သော ကုသိုလ်ကောင်းမှုကြောင့် ခရီးလမ်းတလျှောက်လုံး ဘေးမသီရန်မခဘဲ တပည့်တော်တို့ ကုလားပြည်သို့
ချောမောစွာ ရောက်ရှိလိုပါ၏ အရှင်ဘုရားဟူ၍ ဆုထူးပန်ကြပါတယ်။ နောက်တစ်နေ့နံနက် ဦးအေး - ဒေါ်ဧမိ၊ ဗိုလ်လှဖေတို့ကို
နှုတ်ဆက်ပြီး တကောင်းမှ ပါပါတို့ စတင်ခရီးထွက်ကြပါတယ်။ (ဦးအေးသည် တကောင်းမှာပဲ ဆုံးသွားပါတယ်။ ဒေါ်ဧမိကတော့
မြစ်ကြီးနားသို့ ပြောင်းရွှေ့နေထိုင်ပါတယ်။ ပါပါသမ္မတအဖြစ် မြစ်ကြီးနား ရောက်စဉ် ဒေါ်ဧမိကို သွားရောက်နှုတ်ဆက်ပါတယ်။
မတင်လှ တစ်ယောက်လဲ မြစ်ကြီးနားမှာ အိမ်ထောင်ကျသွားပါတယ်။) ညနေပိုင်းမှာ အုတ်ရှစ်ကုန်းရွာသို့ ရောက်သွားပါတယ်။
ရွာခေါင်းအိမ်မှာ တည်းခိုပြီး ပါပါတို့ကို ထမင်းကျွေးတဲ့အခါ ဆင်သားဟင်း ပါထည့်ကျွေးပါတယ်။ အခြေထောက်သားလို့ ပြောပါတယ်။
အဆီဝင်းတယ်လို့ ပြောရမှာအခက်၊ မကောင်းဘူးလို့ ပြောရမှာလဲအခက် ဖြစ်ပါတယ်။ အုတ်ရှစ်ကုန်းရွာနားတဝိုက် မြေပြန့်မှာ
တိုင်ခွန်များ စိုက်ထားတာကို တွေ့ရပါတယ်။ အင်္ဂလိပ်လေထီးစစ်သားများ မဆင်းနိုင်အောင် ဂျပန်စိုက်ခိုင်းသည့်အတွက်
စိုက်ရခြင်းဖြစ်ကြောင်း သိရှိရပါတယ်။ နောက်ည ရွာထဲမှာ ရှေ့မှာ သံဘီးတစ်လုံးထဲရှိပြီး သံကိုယ်ထည်နှင့် လက်ကိုင်နှစ်ဖက်ရှိသော
ဲ
တွန်းလှည်းတစ်စင်းကို တွေ့ရပါတယ်။ ဂျပန်နောက်ပိုင်း 'ဝင်းဂိတ်' စစ်သားများ လေထီးဖြင့် ဆင်းစဉ် ကျန်ရစ်ခ့သော တွန်းလှည်း
ဖြစ်ကြောင်း သိရှိရပါတယ်။ ပါပါတို့ရောက်ရှိ နေတဲ့နေရာဟာလပိုင်းမျှသာ မကြာသေးမီက ဝင်းဂိတ်စစ်သားများ
သွားလာကျက်စားသည့် နေရာဖြစ်ကြောင်း သိရှိရပါတယ်။
       အုန်းရှစ်ကုန်းရွာမှ ပါပါတို့နောက်တစ်နေ့ နံနက်စတင်ခရီးထွက် ကြပါတယ်။ နိုဝင်ဘာလ (၁ဝ)ရက် ဖြစ်ပါတယ်။ ဟင်္သာရွာမှ
လမ်းပြအဖြစ် လိုက်မယ့် ကချင်အမျိုးသားနှင့် ချိန်းဆိုထားသောရက် ဖြစ်ပါတယ်။ ဟင်္သာရွာကို ညနေဘက်မှာ ရောက်ပြီး ဦးစံဒွန်း -
ဒေါ်စကာတို့အိမ်မှာ တည်းခိုပါတယ်။ တစ်ချိန်ကဟင်္သာရွာမှာ ဝင်းဂိတ် စစ်တပ်နှင့် ဂျပန်စစ်တပ်များ ပြင်းထန်စွာ တိုက်ပွဲဖြစ်ခဲ့တဲ့နေရာ
ဲ
ဖြစ်ပါတယ်။ အပြန်အလှန် ပစ်ခတ်တ့အတွက် ရွာသားတွေဟာ သုံးရက်သုံးညအိမ်ပေါ်မှာပဲ ပိတ်မိနေတဲ့အကြောင်း ကြားသိရတယ်။
ွ
အင်္ဂလိပ်စစ်သား တွေဆုတ်ခာပြီးနောက် ဂျပန်စစ်သားတွေက အင်္ဂလိပ်စစ်ဗိုလ်တစ်ယောက်ကို မြင်းနဲ့ တရွတ်တိုက်ဆွဲတယ်လို့
ရွာသားများက ပြောပြပါတယ်။
ဲ
       ဆွဲတဲ့နေရာမှာလည်း တသမတ်တည်းမဟုတ် ဆွလိုက်၊ ရပ်လိုက် လုပ်တော့ ခံရတဲ့လူဟာ တအော်တည်းအော်နေရပြီး
ွ
ညနေကြမှ အသံပျောက်သားပါတယ်လို့ ထပ်မံ သိရှိရတယ်။ ရွာထဲရှိအိမ်တချို့မှာလည်း သေနတ်ဒဏ်ကြောင့် ပေါက်ပြဲနေတာ
တွေ့ရသလို ရွာနီးစပ် သစ်ပင် တွေမှာလည်း ကျိုးပဲ့နေတာ တွေ့ရပါတယ်။
       ဟင်္သာရွာကိုဲ
                      ပါပါတို့ရောက်တ့နေ့ဟာ     ကချင်အမျိုးသား    နဲ့
                                                                       ချိန်းဆိုထားတ့နေ့   ဖြစ်ပါတယ်။   ညမိုးချုပ်သော်လည်း
ပေါ်လာသည်ကို မတွေ့ရပါ။ နောက်တနေ့ ထပ်မံ စောင့်ပါတယ်။ သို့သော် အရိပ်အရောင်မျှ မတွေ့။
       နိုဝင်ဘာလ (၁ဝ) ရက်သို့မဟုတ် (၁၁) ရက်မှာ ဟင်္သာရွာသို့ သူအရောက်လာမယ့်အကြောင်း မြတောင် တောရမှာ
ဦးစောအောင်ခင်လှ ရှေ့မှာ ပါပါကို သူ ပြောတယ်။ သူလာနိုင်အောင်လည်း သူ့ကို ရွှေဒဂါးတပြား ပေးထားတယ်။ ချိန်းဆိုထားတဲ့
ရက်ကုန်ဆုံးသွားသော်လည်း ပေါ်လာနိုးနဲ့ ပါပါတို့ နောက်ထပ်တရက် စောင့်ရန် ဆုံးဖြတ်တယ်။
       ဟင်္သာရွာမှာ ကချင်အမျိုးသားကို စောင့်စောင့်မျှော်ရင်း ပါပါတို့နဲ့ ပါလာတဲ့ ပိုးဖျင် အဝါရောင်မြေပုံကို ထပ်မံလေ့လာကြတယ်။
ဲ
တကောင်းမှာ ရှိစဉ် လေ့လာပြီးသား ဖြစ်တ့အတွက် ထပ်မံလေ့လာခြင်း ဖြစ်တယ်။ လမ်းပြ အဖြစ် ကချင်အမျိုးသား လာသည်ဖြစ်စေ၊
မလာသည်ဖြစ်စေ ပါပါတို့ ရွှေဂူဘက်သို့ ဦးတည်ပြီး သွားရန် ဆုံးဖြတ်ကြတယ်။ ၎င်းမှ တဆင့် မြစ်ကြီးနားကို သွားရန် ဖြစ်တယ်။
မသွားဘူး မလာဘူးတဲ့ နေရာဖြစ်သော်လည်း ပိုးဖျင်အဝါရောင်မြေပုံဟာ ပါပါတို့အတွက် လမ်းပြသဖွယ် ဖြစ်နေပါတယ်။
       နောက်ထပ်တရက်ပိုစောင့်သော်လည်း၊ ကချင်အမျိုးသားဟာ ပေါ်မလာပါ။ (ပါပါ ဝန်ကြီးအဖြစ် ကချင်ပြည်နယ် ရောက်စဉ်
ဲ
ဟင်္သာမှာ ပါပါတို့နဲ့ ချိန်းဆိုထားတဲ့ ကချင်အမျိုးသားကို ပြန်လည် တွေ့ဆုံပါတယ်။ ပါပါသူ့ကို တွေ့တ့အချိန်မှာ သူ့ရ့အဖွဲ့မှာ အမှုထမ်း
ဲ
နေပါတယ်။ ဟင်္သာရွာသို့ သူမလာနိုင်တ့အကြောင်းက သူ့ဇနီးမျက်နှာ မြင်နေသောကြောင့် ဖြစ်တယ်လို့ သူပြောပြပါတယ်။
ွ
       ပါပါတို့လည်း မူလ အစီအစဉ်အတိုင်း ဦးစံဒန်းနှင့် ဒေါ်စကာ တို့ကို နှုတ်ဆက်ပြီး ဟင်္သာရွာမှ ထွက်ခွာသွားပါတယ်။ (ပါပါ
ွ
ဝန်ကြီးအဖြစ် ကသာကို နယ်လှည့်ထက်ရာ ဦးစံဒန်းနှင့် ဒေါ်စကာတို့ အကြောင်းကို စုံစမ်းမေးမြန်းတယ်။ ဦးစံဒန်းတော့ သေဆုံးသွားပြီး
သိရှိရတယ်။ ဒေါ်စကာကို ရန်ကုန် အလည်လိုက်ဘို့ ပါပါ ခေါ်လာပါတယ်။ ပါပါ သမ္မတဖြစ်တော့လည်း ဒေါ်စကာကို အလည်
ခေါ်ပါသေးတယ်)       ဟင်္သာရွာမှ     ပါပါတိွု့
                                             လှေဘိုရာကို    သွားကြပါတယ်။      ၎င်းမှတဆင့်         ရွှေလီမြစ်ကမ်းမှာ    ရှိတဲ့   အင်းရွာသို့
ရောက်ရှိသွားပါတယ်။ အင်းရွာသူကြီးအိမ်မှာ တည်းခိုပါတယ်။
       သူကြီးအိမ်ဟာ သစ်သားနှစ်ထပ် အိမ်ကြီးဖြစ်ပါတယ်။ အိမ်ကြီး ဖြစ်သော်လည်း စစ်ပြေးများ လာရောက်ခိုလှုံ နေပါသဖြင့်
တအိမ်လုံး လူပြည့်နေပါတယ်။ ရောက်စမှာ သူကြီး အိမ်အလှူများ ရှိနေသလားလို့ ထင်ရပါတယ်။ လူပင်များသော်လည်း ပါပါတို့ကို
ဧည့်ဝတ်ကျေပွန်စွာ ဧည့်ခံ ကျွေးမွေးပါတယ်။
ွ
       ရွှေလီမြစ်သည် တရုတ်ပြည်တင် မြစ်ဖျားခံ၍ မြန်မာပြည်တင်းသို့ နယ်စပ်ရာ စီနူးမှ ဖြတ်၍ မကိန်းတောင် ကုန်းရွာအတိုင်း
စီးဆင်းသောမြစ် ဖြစ်သည်။ ၎င်းရွာတွင် ဧရာဝတီမြစ်နှင့် ဆုံသည်။ ၎င်းရွာမှ ရွှေချောင်း (ရွှေလီမြစ်လက်တက်ချောင်း) အရောက်
ဆန်တက်ခဲ့ရသည်။ အစုံခရီးမဟုတ်ပါ။
ဲ
       နောက်တနေ့ အင်းရွာမှ မိုးမိတ်နယ် ပြချောင်းရွာသို့ မြေပုံအရ ပါပါတို့ ရေးဆွထားသော ခရီးစဉ်အတိုင်း ဆက်လက်
ဲ
ခရီးထွက်ခွာပါတယ်။ ပြချောင်းသို့ ရွှေလီမြစ်အတိုင်း လှေဖြင့် စုန်ဆင်း ရမယ်ဖြစ်တ့အတွက် ညနေကြမှ ခရီးစတင် ထွက်ပါတယ်။
အင်းရွာမှ ထွက်ခွာပြီး မကြာမီ ကျောက်တောင်နှစ်ခုကြားသို့ အရောက်မှာ ညနေ ဆည်းဆာချိန် ဖြစ်သည့်အားလျော်စွာ လေကလေး
တဖြူးဖြူး   တိုက်ခတ်လာသဖြင့်     အလွန်မှ       ချမ်းစိမ့်လာပါတယ်။    တောင်ကမ်းပါးမှာလည်း        စံပယ်ကုံးများ     ဆွဲထားသည့်အလား
ရေတံခွန်များ   ဖွေးခနဲ   ဖြာဆင်းလာပြီး      သစ်ပင်ပေါ်ရှိ   မျောက်များမှာ   တပင်မှ   တပင်သို့     ကူးလူး   သွားလာ       နေကြပါတယ်။
လှေသမားလည်း လှေခပ်မှန်မှန် လှော်ရင်း ည (၁ဝ) နာရီ အချိန်ခန့်မှာ ပြချောင်းရွာသို့ ချောမောစွာ ရောက် ရှိသွားပါတယ်။
       ပြချောင်းရွာရောက်ပြီး နောက်တနေ့ မန်းကလေးရွာသို့ ဆက်လက် ခရီးထွက်ရန် ဖြစ်သော်လဲ အခြေအနေ လေ့လာရန်
ဲ
အတွက် ပြချောင်းရွာမှာပဲ နေပါတယ်။ ပါပါတို့ပြချောင်းရွာ ရောက်ရှိတ့အချိန်မှာ ရှေ့တန်း စစ်မြေမျက်နှာပြင် ဖြစ်နေကြောင်း
သိရှိရပါတယ်။
       ရှေ့တန်း စစ်မြေမျက်နှာပြင်မှာ အဖော်က သုံးယောက်တည်း၊ ဘီဒီအေ ယူနီဖောင်း ကားကား ဝတ်ပြီး ဘာများ လာလုပ်သလဲ
ွ
အကြည့်မျိုးနဲ့ သူကြီးက ပါပါတို့ကို ကြည့်နေပါတယ်။ နောက် ပါပါတို့ ပြချောင်းကနေ ဘယ်ဆက်သားမလဲလို့ မေးပါတယ်။ ပါပါတို့က
ွ
မန်းကလေးရွာသို့ ဆက်သားရန် အစီအစဉ် ရှိကြောင်း ပြောပြရင်း သူကြီး သံသယ ကင်းရှင်းရန် တပ်မတော်အတွက် ရှေ့တန်း
စစ်မျက်နှာ အခြေအနေကို သတင်းရယူရန် လာရောက်ခြင်း ဖြစ်ကြောင်း ဆက်လက် ပြောပြပါတယ်။
       ပြချောင်းရွာမှာ ပါပါတို့ နှစ်ည အိပ်ပါတယ်။ ပထမညအိပ်ပြီး မိုးလင်းသောအခါ ဗိုလ်မှူးချစ်ကောင်းက ညက အိပ်မက်တဲ့
အကြောင်း ပြောပြပါတယ်။ အနားမှာလဲ လေထီး ဦးအုန်းမောင်က ရှိပါတယ်။ ဗိုလ်မှူးချစ်ကောင်းက သူ့အိပ်မက်အကြောင်း
အံ့သြစွာဖြင့် ပြောပါတယ်။
ွ
       အိပ်မက်ပုံက ဒီလိုပါ။ ပါပါကို ဂျပန်ဖမ်းသွားတယ်။ နောက်လှံစပ်နဲ့ ထိုးသတ်တယ်။ သုံးခါတိတိ ထိုးတယ်။ ထိုးတိုင်း ထိုးတိုင်း
လှံစွပ် ကောက်သွားတယ်။ ဒီအိပ်မက်ကို ကြားရတော့ အောင်မြေနင်းရန် နီးပြီ ဖြစ်ကြောင်း ပါပါ သူတို့ကို ပြန်ပြောတယ်။
       ပြချောင်းရွာမှာ နှစ်ရက်နေပြီး ပါပါတို့ ခရီးစဉ်အရ မန်းကလေးရွာသို့ ကုန်းလမ်းအတိုင်း သွားပါတယ်။ မန်းကလေးရွာသို့
ညနေရောက်သောအခါ ရွာဟာ သုသာန်တစပြင်လို ဆိတ်ငြိမ်ပြီး အိမ်တိုင်း လိုလို တံခါး ပိတ်ထားတာကို တွေ့ရတယ်။ အိမ်တအိမ်မှာ
လူတယောက်ကို လှမ်းမြင်တော့ သူ့အိမ်ကို သွားရာ ရွာခေါင်းဖြစ်မှန်း သိရပါတယ်။ ရွာခေါင်း ပြောပြချက်အရ သိရှိရသည်မှာ ရွှေဂူမြို့ကို
ဲ
အမေရိကန်နှင့် တရုတ်တပ်များ သိမ်းပိုက်ထားပြီး ဖြစ်ကြောင်း၊ လွန်ခ့တဲ့ နှစ်ရက်တုန်းက အမေရိကန် သြဇာခံ ချန်ကေရှိက်
တရုတ်တပ်များ၊         မန်းကလေးရွာကိုလာပြီွး
                                                     ညအိပ်သားကြောင်း၊        ရွာသူရာသားများ
ွ                 ကြောက်ရွှံ့သည့်အတွက်             ရွာမှာ     မနေရဲဘဲ
တောထဲသို့ ထွက်ပြေးတိမ်းရှောင်နေကြောင်း အစရှိသည်တို့ ဖြစ်ပါတယ်။
            ရွာခေါင်းအိမ်မှာ ပါပါတို့ စခန်းချပြီး ပါပါတို့ဟာ တပ်မတော်ထောက်လှမ်းရေးမှ ဖြစ်ကြောင်း၊ ရှေ့တန်း စစ်မြေမျက်နှာပြင်
အခြေအနေနဲ့ ပတ်သက်၍ လာရောက် စုံစမ်း ထောက်လှမ်းကြောင်း ယခု အမေရိကန်နှင့် တရုတ်တပ်များ ရွှေဂူသို့ ရောက်ရှိနေကြောင်း
ကြားသိရ၍၊ ရွှေဂူသို့ သွားရောက် စုံစမ်းလိုကြောင်းကို ရွာခေါင်းအား ပါပါ ပြောပြပါတယ်။ ပါပါ ပြောပြချက်ကို ရွာခေါင်းက
ယုံကြည်သဖြင့် သူကိုယ်တိုင် ရွှေဂူသို့ လိုက်ပို့မယ့် အကြောင်း ပြောပါတယ်။ လမ်းခရီးမှာ တောတောင် ထူထပ်ပြီး ဆင်၊ ကျား၊
ကျားသစ်များ တွေ့တတ်ကြောင်းလည်း သူပြောပြပါတယ်။
            အစီအစဉ်အရ            နောက်တနေ့     ရွှေဂူကို    ပါပါနှင့်     ရွာခေါင်းသွားပြီး     မဟာမိတ်တပ်နှင့်         အဆက်အသွယ်ရသောအခါ
ဗိုလ်မှူးချစ်ကောင်း နှင့် လေထီး ဦးအုန်းမောင်တို့ကို ပြန်လာခေါ်ရန် ဖြစ်တယ်။ ရွှေဂူကို အရပ်သားအဖြစ် လားဝယ်သွားရန်သဘော
ွ
ခရီးသွားရန် ဖြစ်တယ်။ နွားဝယ်သားရန် လက်မှတ်ကို ရွာသူကြီးက ထုတ်ပေးပါတယ်။ အရပ်သားအဖြစ် ဝတ်ဆင်ရန် တပတ်နွမ်း
အဝတ်အထည်များကို ရှာဖွေ ဝယ်ယူရပါတယ်။
ဲ
            သားရဲတိရိစ္ဆာန်ထူပြော၍ လျှိုမြောင် ပေါသော တောကြီး ဖြစ်စေကာမူ လူတို့၏ ဇွ၊ သတ္တိ၊ လုံ့လဖြင့် အောင်မြင်စွာ
ကျော်ဖြတ်နိုင်မည်ဟူသော စိတ်ဓာတ်ဖြင့် နံနက် (၂) နာရီ အချိန်မှာ ပါပါနှင့် ရွာခေါင်းတို့ စတင် ခရီး ထွက်ကြပါတယ်။ လမ်းမှာ စားရန်
ွ
ကောက်ညှင်းပေါင်း ယူသားပါတယ်။ ဓားမ တချောင်းလည်း ပါတယ်။ ရွာခေါင်းနည်းတူ ပါပါလည်း ဖိနပ်မစီး ရပါ။ ရွာအလွန်မှာ
တောကြီးထွဲ
                  ရောက်သားပါတယ်။          တတောလုံး        ဆိတ်ငြိမ်ပြီး     နေပြောက်များ        မကျရောက်နိုင်သည့်            မြိုင်တောမျိုး    ဖြစ်တယ်။
လူသွားလမ်းရယ်လို့           အတည်အကျ        မရှိပါ။    တချို့နေရာမှာ       လှည်းသွားနိုင်လောက်အောင်             ကျယ်ဝန်းပြီး       တချို့နေရာကျတော့
ကိုင်းပင်များ၊ ကြိမ်ပင်များ ရောယှက်ပေါက်နေသော လမ်းကျဉ်းလေး ဖြစ်ပါတယ်။
            လမ်းပေါ်တချို့နေရာများမှာ       စီးကရက်        အတိုအစ၊         မီးခြစ်ခံ၊
ွ    စစ်ဖိနပ်၊    ခြေရာများ     တွေ့ရှိရသဖြင့်          မန်းကလေးကို
လာရောက်သွားသော တရုတ်စစ်တပ်၏ ခြေရာလက်ရာဖြစ်ကြောင်း သိရှိရပါတယ်။ နေ့လယ်အချိန်မှာ ပါပါတို့နဲ့ သိပ်မဝေးတဲ့လမ်းဘေး
တနေရာမှာ ဗုံးခနဲ အသံမြည်ကာ လမ်းပေါ်သို့ ရုတ်တရက် တောတိရစ္ဆာန်သား အမိနှစ်ကောင် ပေါ်လာပါတယ်။ ပါပါတို့လည်း
လန့်ဖြတ်ပြီး ကြည့်လိုက်တော့ ဆတ် သားအမိနှစ်ကောင် ဖြစ်နေတာ တွေ့ရလို့ စိတ်အေးသွားပါတယ်။ ပါပါလည်း ဖိနပ် မစီးရလို့
ဲ
ခြေဖဝါးတွေ ကြိမ်းပြီး နာကျင်စဖြစ်လာတယ်။ မလျှော့သော ဇွလုံ့လဖြင့် ခရီးပြင်း ဆက်လက် သွားရာ ရွှေဂူမြို့ပြင်ဘက်မှာ
ွ
တပ်စွဲထားသော တရုတ်တပ်သို့ ညနေ (၄)နာရီမှာ ရောက်ရှိသားပါတယ်။
ွ
            တရုတ်စစ်သား တယောက်က တရုတ်စစ်ဗိုလ်ဆီ ခေါ်ဆောင်သားပါတယ်။ ဗမာစကား မတတ်တတတ် စကားပြန်နဲ့ ပါပါတို့ကို
စစ်ဆေး မေးမြန်းပါတယ်။ ပါပါတို့လည်း လားလာဝယ်တဲ့ အကြောင်းပြောပြီး သူကြီးပေးတဲ့ လက်မှတ်ကို ထုတ်ပြတော့ ပါပါတို့ကို
သွားခွင့်     ပြုပါတယ်။      စစ်ဗိုလ်ဟာ      သဘောကောင်းပါတယ်။                ပါပါ      ရေသောက်ချင်တယ်            ပြောတော့        သူ့ဓာတ်ဘူး        ထဲက
လက်ဖက်ရည်ကြမ်းကို ထုတ်ပေးပါတယ်။
ွ
            ရွှေဂူမြို့ထဲသို့ ပါပါ (၂) နာရီအချိန်မှာ ရောက်သားပါတယ်။ အုပ်ချုပ်သော အမေရိကန်စစ်ဗိုလ်ထံ သွားရောက်တွေ့ဆုံကာ
ပါပါတို့     လာရတဲ့အကြောင်းကို        ရှင်းလင်းပြောပြပါတယ်။            အမေရိကန်စစ်ဗိုလ်က            ပါပါကို   အင်္ဂလိပ်စစ်ဗိုလ်လက်သိုဲ့
                                                                                                                                               လွှပြောင်း
ပေးလိုက်ပါတယ်။ အင်္ဂလိပ်စစ်ဗိုလ်ဟာ ကတ်(စ်)ဘီ ခေါ် မြို့ပြအုပ်ချုပ်ရေး အရာရှိအဖြစ် လိုက်လာသော စစ်ဗိုလ် ဖြစ်တယ်။ ပါပါတို့
ဲ
လာရတဲ့အကြောင်းရင်း အင်္ဂလိပ်စစ်ဗိုလ်က သိရှိတ့အခါ “မင်းတို့ ဂျပန်တော်လှန်ရေးသမားတွေဟာ တို့မဟာမိတ် နိုင်မယ် သိတော့
တို့နဲ့လာပေါင်းတယ်၊ မဟုတ်လား” လို့ ပါပါ့ကို ခနဲ့စကား ပြောပါတယ်။ နောက် ပါပါ နေထိုင် စားသောက်ဘို့ စီစဉ်ပေးတယ်။
ပါပါ့ခြေဖဝါးတွေ ပေါက်ပြီး အနာဖြစ်နေတဲ့အတွက် လိုအပ်သလို ကုသပေးရန် ဆေးမှူးအား တာဝန်ပေးပါတယ်။ ဖန်ရည်ဆေးရန်
ခွက်မရှိသဖြင့် စစ်သားဆောင်း သံဦးထုပ်ကိုပဲ အသုံးပြုပါတယ်။ ဆေးထည့်ပြီး ခြေဖဝါးနှစ်ဖက်စလုံးကို ပတ်တီး စီးထားပါတယ်။
            ဆောင်းဝင်ပြီး    ဖြစ်သဖြင့်   ရွှေဂူမြို့ဟာ    အလွန်မှ       အေးပါတယ်။          မန်းကလေးကို        ရွာခေါင်းနဲ့    ပါပါကို      တအိမ်ထဲမှာပဲ
နေရာပေးပါတယ်။ ပါပါနဲ့အတူ ဗိုလ်မှူးချစ်ကောင်းနှင့် လေထီး ဦးအုန်းမောင်တို့ ပါလာပြီး သူတို့ကို မန်းကလေးရွာမှာ ထားခဲ့ကြောင်း
လက်နက်ခဲယမ်း           မီးကျောက်များပါ     ပါလာကြောင်း        အင်္ဂလိပ်       စစ်ဗိုလ်အား       ပြောသွားပြီး     ဖြစ်သဖြင့်      သူတို့ကို      သွားခေါ်ရန်
အင်္ဂလိပ်စစ်ဗိုလ်က အစီအစဉ် လုပ်ပါတယ်။
            ကချင်စစ်ဗိုလ်နှင့်    စစ်သားလေးယောက်ဟာ            မန်းကလေးရွာမှဲာ
                                                                                        ကျန်ရစ်ခ့တဲ့      ဗိုလ်မှူးချစ်ကောင်းတို့ကို        နောက်တနေ့
ွ
သွားရောက် ခေါ်ရန်နှင့် ရွာခေါင်းက လမ်းပြအဖြစ် ပြန်လိုက်သားရန် ဖြစ်ပါတယ်။ မန်းကလေးသို့ ရွာခေါင်းပဲ ပြန်သွားရမယ် ဖြစ်တော့
ပါပါ ရွှေဂူမှာ အဖမ်းခံတယ်လို့ သူထင်တယ်။ သူ စိတ်မကောင်းကြောင်း ပါပါ့ကို ပြောတယ်။ ပါပါလဲ မသိလိုက်ဘာသာ နေပြီး
သူပြောတာကိုပဲ နားထောင်တယ်။
        နောက်တနေ့ နံနက်လင်းသောအခါ ရွာခေါင်းဟာ လမ်းပြအဖြစ် ကချင်စစ်ဗိုလ်နောက်သို့ မန်းကလေးကို ပြန်လိုက်သွားရတယ်။
နံနက် (၉) နာရီအချိန်မှာ မြစ်ကြီးနားမှ လေယာဉ်ပျံငယ်ကလေး ရွှေဂူသို့ ရောက်လာပြီး ပါပါ့ကို မြစ်ကြီးနားသို့ ခေါ်ဆောင်သွားပါတယ်။
ပါပါ့အနေနဲ့ ပထမဆုံး လေယာဉ်ပျံ စီးရခြင်းဖြစ်တယ်။ လေယာဉ်ပျံပေါ်မှ အောက်သို့ ငုံ့ကြည့်သောအခါ ရွှေဂူနှင့် မြစ်ကြီးနားကြားမှာ
တောအထပ်ထပ် တောင်အထပ်ထပ် တွေ့ရပါတယ်။ အကယ်၍သာ ရွှေဂူမြို့သို့ အမေရိကန်တပ်၊ တရုတ်တပ်တွေ မသိမ်းပိုက်သေးလျှင်
ပါပါတို့ ဒီတောဒီတောင်တွေကို ဖြတ်သန်းသွားလာရမှာပဲလို့ တွေးမိရင်း၊ ရင်လေးမိပါတယ်။ ရွှေဂူမှ ထွက်ပြီး တနာရီကြာသောအခါ
ွ
ပါပါတို့ မြစ်ကြီးနားကို ချောမောစွာ ရောက်ရှိသားပါတယ်။
        (ပါပါကို လေယာဉ်ဖြင့် လာခေါ်သော လေယာဉ်မောင်း အရာရှိကို ပါပါ ဝန်ကြီး ဖြစ်ပြီးနောက် ရန်ကုန်မှာ ပြန်လည်
ွဲ
တွေ့ဆုံကြပါသေးတယ်။ ဧည့်ခံပတနေရာမှာ တွေ့ဆုံခြင်း ဖြစ်တယ်။)
မြစ်ကြီးနားမှ ဘီဟားလား
ွ
        မြစ်ကြီးနားလေဆိပ်မှ ပါပါကို အမေရိကန် ထောက်လှမ်းရေးတပ် အမှတ် (၁ဝ၁) သို့ ခေါ်ဆောင်သားပါတယ်။ အမှတ် (၁ဝ၁)
ွဲ
တပ်သည် မြစ်ကြီးနား မြောက်ဘက် စီတာပိုသင်္ချိုင်းဟောင်း နေရာနားမှာ တပ်စထား ပါတယ်။ ပါပါစစ်ပြေးအဖြစ် မြစ်ကြီးနားမှာ ရှိစဉ်
စီတာပိုသင်္ချိုင်းဟာ ပကတိ အကောင်းပင် ရှိသေးသော်လည်း ယခု ဗုံးဒဏ်ကြောင့် ပျက်စီး နေပါတယ်။ မြစ်ကြီးနား တမြို့လုံးလဲ
ွ
ပျက်စီးနေပါတယ်။ လေယာဉ်ပျံပေါ်မှ တွေ့ရသော မြင်ကင်းမှာ တမြို့လုံး စစ်သားများ နေထိုင်တဲ့ ဖြူဖွေးသော ရွက်ထည်တဲများသာ
ဖြစ်တယ်။
        အမေရိကန်ထောက်လှမ်းရေးတပ်အမှတ် (၁ဝ၁) သို့ ရောက်ရှိသောအခါ တပ်ရင်းမှူးထံသို့ ပါပါကို ခေါ်သွားပါတယ်။
တပ်ရင်းမှူးဟာ ဒုဗိုလ်မှူးကြီး ပီးယား (စ) (?) ဖြစ်ပါတယ်။ (ယခု အမေရိကန် 'ပင်တဂွန်' စစ်ဌာနချုပ်မှာ ဒုဗိုလ်ချုပ်ကြီး)
ွ
တပ်ရင်းမှူးဟာ ပါပါ့ကို ကောင်းမွန်စာ လက်ခံ စကားပြောပါတယ်။ “ချက်စကာဖဲ” အမေရိကန် စီးကရက် ထုတ်တည်သည့်ပြင် ပါပါကို
တကာတွန်း ပေးပါတယ်။ ချက်စတာဖီး စီးကရက်ကို ဖွာရှိုက်ရင်း မဲဇာ မြစ်တလျှောက်မှာ ဆေးရွက်ကြီး လိပ်သောက်ရတာကို ပြေးပြီး
သတိရမိတယ်။ လျှို့ဝှက်ဂျပန်တော်လှန်ရေး လုပ်ငန်းနှင့် ပတ်သက်၍ ပါပါသိသမျှ တပ်ရင်းမှူးအား ပြောပြတယ်။ ပါပါတို့ ရန်ကုန်မှ
ထွက်လာမီ မဟာမိတ်တပ်နဲ့ တွေ့သောအခါ ပြောပြရန်၊ သခင် သန်းထွန်းပေးလိုက်သော အမှတ်အသား စကားဝှက်ကိုလည်း
ပြောပြတယ်။
ဲ
        စကားဝှက်ဟာ မြေအောက်ဂျပန်တော်လှန်ရေး အဖွ့မှ ဦးသိန်းဖေထံ ပို့သောလူများ ဖြစ်ကြောင်း သိရှိရန် စကားဝှက်ဖြစ်ပြီး၊
ဲ
အင်္ဂလိပ် စစ်အာဏာပိုင်ရ့ ခွင့်ပြုချက်နဲ့ သခင်သန်းထွန်း၊ ဦးသိန်းဖေတို့ ကြိုတင် သင်ကြားသော စကားဝှက် ဖြစ်ပါတယ်။ နောက်
တပ်ရင်းမှူးက သူသိချင်သော အကြောင်းအရာများကို မေးမြန်းပြီး သူ့ဒုတပ်ရင်းမှူးဆီကို ခေါ်ကာ ပါပါနှင့် မိတ်ဆက်ပေးပါတယ်။
ဒုတပ်ရင်းမှူးဟာ ဗိုလ်မှူးအမိန့် ဖြစ်ပါတယ်။ ဒုရင်းဗိုလ်မှူး “အမိန့်”ဟာ အင်္ဂလိပ်လက်ထက်က ဆရာကြီး “တမ်မိန်”သား ဖြစ်သည်။
ွ
မြန်မာပြည်ဖွား ဖြစ်သောကြောင့် မြန်မာစကားကို ကောင်းမွန်စာ တတ်ကျွမ်း ပြောတတ်ပါတယ်။ စစ်ပြီးနောက်ပိုင်းတွင် ဗိုလ်မှူး
ဲ
(အမိန့်?) ကမ်မိန်သည် ကုလသမဂ္ဂ လက်အောက်ရှိ စားနပ်ရိက္ခာ အဖွ့တွင် အမှုထမ်းဆောင်ရင်း ရန်ကုန်သို့ ရောက်လာကာ
ရန်ကုန်မှာပင်   ရုံးထိုင်ပါတယ်။   ပါပါဝန်ကြီး   အဖြစ်နှင့်   သော်လည်းကောင်း၊     သမ္မတအဖြစ်နှင့်      သော်လည်းကောင်း      သူနှင့်
ပြန်လည်တွေ့ဆုံကြပါတယ်။
ဲ
        တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးတို့နှင့် တွေ့ဆုံပြီး ပါပါနေထိုင်ရန် ရွက်ဖျင်တသို့ စစ်ဗိုလ် တယောက်က လိုက်ပို့ပါတယ်။ အိပ်ရန်
ဲ
သံခုတင် သုံးလုံး ရှိပြီး ပါပါတို့သုံးယောက် အတွက် သီးသန့် ရွက်ဖျင်တဲ ဖြစ်ပါတယ်။ နောက် အဝတ်အထည်ပေးသည့် စတိုထသို့
ခေါ်သွားပြီး ပါပါကို စတ်ဝတ်စစ်ထည်များ ထုတ်ယူပြီး နောက်ထမင်းစားသော တဲကို ခေါ်ဆောင် နေရာပြထားပါတယ်။
        စစ်ဗိုလ်ပြောပြချက်အရ နံနက် (၇း၃ဝ) အချိန်မှာ နံနက်စာ (၁ဝ) နာရီ အချိန် လက်ဖက်ရည်နှင့် ဘီစကွတ်မုန့်၊ နေ့လယ် (၁၂)
နာရီအချိန်မှာ နေ့လယ်စာ၊ မွန်းလွဲ (၄) နာရီအချိန်မှာ လက်ဖက်ရည်နှင့် ဘီစကွတ်မုန့်၊ ည (၇) နာရီ အချိန်မှာ ညစာ ဖြစ်ပါတယ်။
ဲ့
အစားအစာကို ကောင်တာ စားပွမှာ သွားယူပြီး ထမင်းစားခန်းမှာ ရှိသော စားပွပေါ်မှာ ပြန်စားရပါတယ်။ အစားအစာ ယူတအခါ
ဲ
တန်းစီယူရပြီး ရာထူးကြီးငယ်မရွေး နောက်လာတ့လူ နောက်မှာ တန်းစီယူရပါတယ်။ တပ်ရင်းမှူး တယောက်အတွက်သာ သူနေတဲ့
တဲကို စားစရာများ ပို့ပေးပြီး ကျန်လူများအားလုံး ထမင်းစားတဲမှာ စားရပါတယ်။
        ပါပါရောက်သည့်နေ့မှာ နောက်ထပ် စစ်ဆေး မေးမြန်းခြင်း မပြုတော့ပါ။ ညနေဘက် ရေချိုးရန် မြစ်ဆိပ်သို့ သွားရာ ကမ်းပါးမှာ
ယူနီဖောင်းဝတ်လျက် ပြားပြီး ခြောက်ကပ်နေသော ဂျပန်အလောင်း နှစ်လောင်းကို တွေ့ရပါတယ်။ တချိန်က ဂျပန်များ ကြီးစိုးစဉ်
ဲ
ဤမြစ်ကမ်းပါးမှာ အင်္ဂလိပ်စစ်သား တယောက်ကို လည်ပင်းဖြတ်ပြီး သတ်ဖြတ်ခ့သည် မဟုတ်ပါလော။ ဤ ဂျပန်အလောင်းများကို
တွေ့ရသောအခါ       လူတို့၏ဘဝ       ပတ်ဝန်းကျင်သည်      နေပူ၍ချည်း   မနေပါ။   မိုးရွာ၍ချည်း   မနေပါ။   ဆီးနှင်းကျ၍ချည်း   မနေပါ။
နေပူသည့်အခါ ပူ၍ မိုးရွာသည့်အခါ ရွာပြီးလျှင် ဆီးနှင်းကျသည့်အခါ ကျပေသည် ဟူသော လောကဓံများကို ပြေး၍ သတိရမိပါတယ်။
ပါပါရေ ချိုးစဉ် မြစ်ကမ်းဖက်ကမ်း ဓားလွယ်ခုတ်ဆီမှာ စစ်ပြေးဘဝ ဦးစက်တင် - ဒေါ်ရီဘယ်ခါတို့နှင့် အတူ တိမ်းရှောင် နေထိုင်ခဲ့သော
မိုင်းနားရွာကို လှမ်းမြင်ရပါတယ်။
        နောက်တနေ့       နံနက်စာ       စားပြီးချိန်မှာ   ဗိုလ်ကြီးတယောက်   ပါပါကို   လာခေါ်ပြီး     ကတည်းက            အသေးစိတ်   စစ်ဆေး
မေးမြန်းပါတယ်။ နေ့လယ်စာ စားချိန်မှာ ခဏရပ်ပြီး တနေကုန် မေးမြန်းရာ ညနေ (၄) နာရီမှ ပြီးဆုံးပါတယ်။ မေးမြန်းသမျှကို
ပါပါသိသမျှ ဖြေကြားပါတယ်။ ညနေ (၅) နာရီအချိန် မြစ်ဆိပ်သို့ ရေသွားချိုးရာ မြစ်ဆိပ်ရောက်ပြီး မကြာမီ တိုက်လေယာဉ်
ပျံတစင်းသည် အရှိန်ပြင်းစွာဖြင့် မြစ်ကြောင်းအတိုင်း တောင်မှ မြောက်သို့ မောင်းလာပြီး ပါပါ ရေချိုးသည့် နေရာနှင့် ကိုက်နှစ်ရာ ခန့်
ွဲ
အကွာမှာ ရေထဲသို့ ထိုးကျသွားကာ ပေါက်ကသံများ ထွက်ပေါ်လာပြီး တခဏချင်း နှစ်မြုပ်သားပါတယ်။ လေယာဉ်မောင်းသမားလည်း
ွ
သေဆုံးသွားပါတယ်။ ဤမြင်ကင်းကို တွေ့ရသောအခါ မြို့လှ ရေနံမှာ အရှင်လတ်လတ် မီးလောင်ခံရသောလူကို ပြေးသတိရ မိပါတယ်။
        ပါပါ မြစ်ကြီးနားရောက်ပြီး သုံးရက်အကြာမှာ ဗိုလ်မှူး ချစ်ကောင်းနှင့် လေထီးဦးအုန်းမောင်တို့ ရောက်ရှိလာကြပါတယ်။
မန်းကလေးမှ ရွှေဂူသို့ ပါပါ တရက်နှင့်လာခဲ့သော ခရီးကို သူတို့ တညအိပ်လာခဲ့ရကြောင်း ပြောပြပါတယ်။ သူတို့ရောက်လာခြင်းဖြင့်
ပါပါ ညအိပ်အဖော် ရပါတယ်။ နောက်တနေ့ သူတို့ကို ဗိုလ်ကြီးက ခေါ်ယူစစ်ဆေး မေးမြန်းရာ ပါပါကဲ့သို့ပင် တနေကုန်သွားပါတယ်။
ွ
သူတို့ကို စစ်ဆေး မေးမြန်း ပြီးဆုံးသောအခါ ပါပါတို့ မြို့ထဲကို လွတ်လပ်စာ လည်ပတ်နိုင်ကြောင်း ခွင့်ပြုပါတယ်။
ဲ
        ပါပါ မြစ်ကြီးနား ရောက်စကပင် စစ်ပြေးဘဝမှာ အတူနေထိုင်ခ့သော ဦးစက်တင်၊ ဒေါ်ရီဘယ်ခါတို့ အကြောင်းကို စုံစမ်း
ွဲ
မေးမြန်းလိုသော်လည်း အပြင်သို့ ထွက်ခင့်မရသည့်အပြင် တပ်ထမှာလည်း အသိမရှိသောကြောင့် စုံစမ်း မေးမြန်းခြင်း မပြုနိုင်ပါ။
ဘေအိဘမ် ကချင်ကျောင်းမှာ အရပ်သားများအတွက် ကယ်ဆယ်ရေး ပစ္စည်းများ ထုတ်ပေးပြီး အမှုထမ်းများသည် ယခင် အင်္ဂလိပ်
ွ
လက်ထက် အမှုထမ်း၊ ရာထမ်း တချို့ရှိကြောင်း ကြားသိရပါသဖြင့် တပ်မှ ထွက်လည်ခင့်ရသောနေ့မှာ ပါပါ ကချင်ကျောင်းသို့
သွားပါတယ်။
        ကချင်ကျောင်းမှာ ပါပါနှင့်အတူ စစ်ပြေးဘဝအဖြစ် မိုင်းနားရွာမှာ နေခဲ့သော ဦးမောင်မောင်တင်၏ ဇနီးဒေါ်ကိုင်ကို တွေ့ရာ
ဦးစက်တင်၊ ဒေါ်ရီဘယ်ခါ တို့ အကြောင်းကို မေးမြန်းပါတယ်။ ဒေါ်ကိုင်ပြောပြ၍ သိရသောအခါ ပါပါ ဝမ်းနည်းမဆုံး ဖြစ်သွားပါတယ်။
ဗိုလ်လှဖေ နှင့် တွေ့သည့်အခါမှာ သော်လည်းကောင်း၊ တကောင်း ဦးအေး၊ ဒေါ်ဧမိတို့နှင့် တွေ့သည့်အခါမှာ သော်လည်းကောင်း
ွဲ
ဦးစက်တင်တို့ အကြောင်း ဘာမျှ မသိခ့ရပါ။ ဒေါ်ကိုင်ထံမှ ကြားသိရသည်မှာ ပါပါ မြစ်ကြီးနားမှ ထွက်ခာသွားပြီး တနှစ်ခန့် အကြာမှာ
ဦးစက်တင်သည် အူရောင်ရောဂါဖြင့် သေဆုံးသွားပြီးနောက် များမကြာမီ ကာလအတွင်းမှာ ဒေါ်ရီဘယ်ခါသည်လည်း သူနေသည့်
အိမ်တည့်တည့်မှာ ဗုံးကျသဖြင့် သေဆုံးသွားကြောင်းပင် ဖြစ်ပါတယ်။
        အမှတ် (၁ဝ၁) အမေရိကန် ထောက်လှမ်းရေးတပ်မှာ အမှုထမ်းဆေင်နေသူများသည် အမေရိကန်များ အပြင် တရုတ်၊ ဗမာ၊
ရှမ်း၊ ကချင်၊ ကရင်၊ အင်္ဂလိပ် မြန်မာ ကပြားများကို တွေ့ရှိရပါတယ်။ တိုင်းရင်းသား လူမျိုးများကို ဂျပန်နောက်ကြောင်းမှာ သတင်း
ထောက်လှမ်းရန်အတွက် အသုံးပြုသည်ဟု ယူဆရပါတယ်။ ပါပါတို့လည်း သူတို့နှင့် ကူးလူး ဆက်ဆံမှုမရှိသဖြင့် သူတို့၏ အလုပ်
ွ
ဝတ္တရားများကို မသိရှိပါ။ ကူးလူး ဆက်ဆံရန်လည်း မသင့်လျော်ပါသဖြင့် ပါပါတို့ဘာသာ ပါပါတို့ နေထိုင်သားပါတယ်။
ွ
          အမှတ် (၁ဝ၁) တပ်သို့ရောက်ရှိပြီး လေးငါးရက်အကြာမှာ တနေ့ညနေ (၆) နာရီအချိန်တင် တပ်ရင်းမှူးက ပါပါကို
တွေ့လိုပါသဖြင့် သူ့ဆီကို သွားပါတယ်။ သူ့ဆီ ရောက်သောအခါ ပါပါကို သံဘူးဘီယာဖြင့် ဧည့်ခံပါတယ်။ (သံဘူး ဘီယာ ဆိုသည်မှာ
ပုလင်းအစား သံဘူးထဲမှာ ထည့်ထားသော ဘီယာဖြစ်ပါတယ်) ဂျပန် ခေတ်တခေတ်လုံး ဘီယာအစား ထန်းရည်၊ ဓနိရည်နှင့်သာ
စခန်းသွားရသည့်အတွက် ဘီယာအရသာသည် ပိုထူးခြားသလို ဖြစ်နေပါတယ်။ ဘီယာသောက်ရင်း တပ်ရင်းမှူးနှင့် စကားပြောရာ
တပ်ရင်းမှူးက သူပြောလိုသော ကိစ္စကို ပါပါ့အား ဖွင့်ပြောပါတယ်။ ပါပါ သူတို့တပ်မှာ အမှုထမ်းရန်ပင် ဖြစ်ပါတယ်။ တနည်းအားဖြင့်
ဆိုသော် အမှတ် (၁ဝ၁) အမေရိကန် ထောက်လှမ်းရေးတပ်အတွက် သတင်းထောက်လှမ်းပေးရန် ဖြစ်ပါတယ်။ တပ်ရင်းမှူးပြောသော
စကားကို     ကြားရသောအခါ         သခင်သန်းထွန်းမျက်နှာကို          မြင်ယောင်မိပါတယ်။     ရန်ကုန်လျှို့ဝှက်    ဂျပန်ဲ
                                                                                                                     တော်လှန်ရေးအဖွ့မှ
ွဲ
ကာလကတ္တားမြို့ရှိ ဦးသိန်းဖေဆီ သွားရန် ပါပါကို စေလွှတ်ပါသဖြင့် သူ့တပ်ဖ့မှာ အမှုထမ်းရန် မဖြစ်နိုင်ကြောင်း ပါပါ ပြန်ပြောပြတယ်။
ွ
ပြန်စဉ်းစားပါဦး၊ အမှုထမ်းနိုင်ရင် ထမ်းပါဟု ပြောပြီး ပါပါကို ပြန်ခင့်ပြုပါတယ်။
        တပ်ရင်းမှူးနှင့် တွေ့ပြီး နှစ်ရက်သုံးရက်အကြာမှာ တနေ့ည၊ ညစာစားရင်း စစ်ဗိုလ်တယောက် ညလေယာဉ်ပျံ လိုက်စီးမလားလို့
ပါပါ့ကို မေးတယ်။ ပါပါ့အနေနှင့် ရွှေဂူမှ မြစ်ကြီးနားအလာ နေ့ဘက်မှာ စီးဖူးပြီး ညဘက်စီးသည့် အတွေ့အကြုံကို ခံစားလိုပါသဖြင့်
လိုက်မယ်လို့   ပြန်ပြောတယ်။          ညစာ     စားပြီး    လေဆိပ်သို့   သွားကြတယ်။      လေဆိပ်ရောက်ပြီး       မကြာမီ     အချက်ပေးဥသြသံ
ထွက်ပေါ်လာသဖြင့်        မီးပန်းများ     ပစ်လွှတ်သည့်         ပမာ   ကောင်းကင်တခွင်မှာ      ရောင်စုံမီးများ    ပြည့်နှက်လျက်    နေပါတယ်။
နာရီဝက်ကျော်ကျော် ပစ်ခတ်ပြီး ရန်သူလေယာဉ်ပျံ လာသောကြောင့် ပစ်ခတ်ရသည်ဟု သိရှိရပါတယ်။ ပါပါတို့ လိုက်ပါစီးနင်းမည့်
လေယာဉ်ပျံလည်း မထွက်သဖြင့် ပါပါတို့ ပြန်လာကြတယ်။ ၎င်းးလေယာဉ်ပျံသည် ရန်ကုန်ဘက်သို့ ဗုံးကြဲသွားမည့် လေယာဉ်ပျံ
ဖြစ်ကြောင်း နောက်တနေ့မှ သိရပါတယ်။
         ပါပါတို့တဲနှင့် သုံးတဲအကွာမှာ ထောက်လှမ်းရေးအတွက် မွေးမြူထားသော ခိုတအုပ်ရှိပါတယ်။ ထိန်းကျောင်းသောလူက
အမေရိကန်လူမျိုးတယောက် ဖြစ်ပါတယ်။ ပါပါတို့က နေရင်း၊ နားရင်း ခိုအုပ်ကို သွားကြည့်သည့်အတွက် ခိုထိန်းကျောင်းသော
ွ
အမေရိကန်နှင့် အပေါင်းအသင်း ဖြစ်သားတယ်။ ပါပါလည်း ခိုအကြောင်း သိကောင်းစရာတွေ မေးသောအခါ အမေရိကန်က
ဖြေကြားပါတယ်။ ခိုများကို အသွားရော အပြန်ပါ လိုရာအရပ်သို့ သတင်းပို့ခိုင်းနိုင်သည်ဟု ပါပါ ပထမ ထင်မိပါတယ်။ ထိုအမေရိကန်
ပြောပြမှ ခိုဆိုသည်မှာ အပြန် အတွက်သာ သတင်း ယူဆောင်နိုင်ကြောင်း သိရှိရတယ်။ စာရွက်ထည့်ထားသော သံဘူးကို
ခိုခြေထောက်မှာ ချည်ပုံ ချည်နည်း ပါပါတို့ကို ပြသတယ်။ ခိုကို ကြွေးသော ပြောင်းဖူးစေ့များကို ပါပါတို့ကို ပြပြီး စားကြည့်ရန်
ပြောသည့်အတွက်            စားကြည့်ရာ     အပျင်းပြေ   ဝါးစားရန်   အလွန်မှ ကောင်းကြောင်း သိရှိရပါတယ်။ အမေရိကန်မှ လာသော
ွ
ပြောင်းဖူးစေ့များ ဖြစ်ကြောင်း ထိုအမေရိကန်က ပြောပြပါတယ်။ ထိုအမေရိကန်ထံတင် ကျောက်စိမ်းတုံး သုံး လေးတုံး ရှိပါတယ်။
ပါပါတို့သွားတိုင်း သူ့ကျောက်စိမ်းတုံးများကို ထုတ်ပြပြီး ကျောက်စိမ်းနှင့် ပတ်သက်သော အကြောင်းအရာများကို မေးမြန်းပါတယ်။
ပါပါတို့လည်း နောက်ပိုင်း သူ့ကို မစ္စတာကျောက်စိမ်းလို့ နာမည်ပေးလိုက်ပါတယ်။
         အမှတ် (၁ဝ၁) တပ်မှာ နှစ်ပတ်ခန့် ကြာသောအခါ ပါပါတို့ လျှို့ဝှက်ဂျပန်တော်လှန်ရေးလုပ်ငန်းသည် အင်္ဂလိပ်စစ်တပ်နှင့်
ဲ
သက်ဆိုင်ပါသဖြင့် ပါပါတို့ကို အင်္ဂလိပ်စစ်တပ်သို့ လွှပြောင်း ပေးလိုက်ပါတယ်။ ပါပါတို့ကို ကုလားပြည်ပို့ရန် အင်္ဂလိပ်စစ်တပ်မှ
ဗိုလ်မှူးဗွိုက် စီစဉ်နေစဉ် သခင်ဗိုလ် ရောက်လာပါတယ်။ သခင်ဗိုလ်ကို အင်္ဂလိပ်စစ်တပ်မှာ ထားပါတယ်။ သခင်ဗိုလ်ရှိသော နေရာသို့
ပါပါတို့ လိုက်သွားရာ သူနေရသောတဲသည် ပါပါတို့ တဲနှင့် စာလျှင် အလွန်မှ စုတ်ချာပါတယ်။ ပါပါတို့မှာ သံခုတင်ပေါ် အိပ်ရပြီး
သခင်ဗိုလ်မှာ ခုတင်မရှိပါ။ အင်္ဂလိပ်စစ်တပ်မှ ထုတ်ပေးသော 'ငုတ်ဘိုင်း' စီးကရက်ကို ခဲနေရသဖြင့် ပါပါ သူ့ကို 'ချက်စကာဖီး'
ဲ
စီးကရက် ထုတ်ပေးလိုက်တယ်။ သခင်ဗိုလ်သည် တယောက်တည်း ရောက်လာပြီး သူ့အဖွ့ဝင်များသည် စီကော တရုတ်တပ်မှာ
ဲ
ကျန်ရစ်ခဲ့ကြောင်း သိရှိရပါတယ်။ သခင်ဗိုလ်နှင့် အဖွ့ဝင်များသည် ဘီဒီအေ ယူနီဖောင်းဝတ်လျက် တရုတ်နှင့် တွေ့ဆုံသဖြင့်
တရုတ်တပ်က သူတို့ကို ရန်သူထင်ကာ ချုပ်နှောင်ထားပါတယ်။ အမေရိကန် စစ်ဗိုလ်တယောက် ဝင်ရောက်ဖြေရှင်းပေးသဖြင့် ပြဿနာ
ပြေလည်သွားသောကြောင့် သခင်ဗိုလ်ကို ပထမဆုံး မြစ်ကြီးနားသို့ ပို့လိုက်ခြင်း ဖြစ်ပါတယ်။
ွ
         ဒီဇင်ဘာလ (၇) ရက် နံနက်တင် ကုလားပြည်သားရန်၊ ဗိုလ်မှူးဗွိုက်က ပါပါတို့ကို လာခေါ်ပါတယ်။ အမှတ် (၁ဝ၁) တပ်မှ
မထွက်ခွာမီ တပ်ရင်းမှူးကို ပါပါ ဝင်ရောက် နှုတ်ဆက်ပြီး ကျေးဇူးတင်ကြောင်း ပြောပါတယ်။ မြစ်ကြီးနားမြို့မှ လေယာဉ်ပျံထွက်ခွာပြီး
မကြာမီ 'လီဒို' လမ်းမကြီးကို အပေါ်မှ နေမြင်ရပါတယ်။ မော်တော်ကားများ၏ သွားလာနေသည်မှာ အဆက်မပြတ်ပါ။ တနာရီခွဲ
အကြာမှာ      'ဒီမာပို'   မြို့ကွို
                                    ရောက်ရှိသားပါတယ်။     ပါပါတို့   စီးလာသည့်   လေယာဉ်ပျံသည်   ဒီမာပိုမြို့အထိသာ   သွားပါသဖြင့်
ကာလကတ္တားမြို့ကို သွားမည့် နောက်ထပ် လေယာဉ်ပျံကို စောင့်နေရပါတယ်။ လေယာဉ်ပျံရောက်ရှိပြီး ဆက်လက် ခရီးထွက်ခွာရာ
ွ
ကာလကတ္တားသို့ ညနေမှာ ရောက်ရှိသားပါတယ်။ ပါပါတို့ စီးလာရသည့် လေယာဉ်ပျံနှစ်စင်း စလုံးသည် ကုန်တင်လေယာဉ်ပျံများ
ဖြစ်ပါတယ်။
         လေဆိပ်မှာ ဗိုလ်မှူး တက်တက်စဘီ လာရောက် ကြိုဆိုပါတယ်။ ဗိုလ်မှူးတက်တက်စဘီသည် အင်္ဂလိပ်လက်ထက် ဘုရင်ခံ
ဆာဒေါ်မန်စမစ်၏ ကိုယ်ရံတော် အဖြစ် အမှုထမ်းခဲ့သူ ဖြစ်ပါတယ်။ လေဆိပ်မှ နေ၍ 'လမ်းစဒေါင်း' လမ်းရှိ အိမ်တအိမ်သို့ ပါပါတို့ကို
ခေါ်သွားပြီး၊ နေရန် အခန်းတခန်း ပေးထားပါတယ်။ လိုလေသေးမရှိ ကျွေးမွေးပြုစုရန် အိမ်တာဝန်ခံအား ပြောကြားပြီး ပါပါ ဘာများ
အလိုရှိသေးသလဲဟု မေးရာ ပါပါက စကော့ဝီစကီတလုံး ရနိုင်လျှင် လိုချင်ကြောင်း ပြန်ပြောပါတယ်။ ဗိုလ်မှူး ပြန်သွားပြီး မကြာမီ
ဂျော်နီဝါကား စကော့ဝီစကီ တလုံး ရောက်လာပါတယ်။ ဂျော်နီဝါကာဝီစကီ အရသာကို ခံစားရင်း တကောင်းချက်အရက်နှင့်
အုန်းရည်ကို ပြေးသတိရမိပါတယ်။
         လင်းစဒေါင်းအိမ်သည်ွ
                                     အင်္ဂလိပ်ထောက်လှမ်းရေးတပ်တင် အမှုထမ်းဆောင်သော ဗမာ တိုင်းရင်းသားများကိုထားသော
အိမ်ဖြစ်ပါတယ်။ တိုင်းရင်းသားလူမျိုး ပေါင်းစုံကို တွေ့ရပြီး အစား အစာမှာလည်း ဗမာဆန်ဆန် ကျွေးမွေးပါတယ်။ ပါပါတို့ကို
ယင်းအိမ်မှာပင် ထားပြီး သူတို့ သိလိုသော အကြောင်းအရာများကို စစ်ဆေး မေးမြန်းပါတယ်။ အမေရိကန် ထောက်လှမ်းရေးတပ်
အမှတ် (၁ဝ၁) မှာ နေစဉ် အစစ်ဆေးခံပြီးကြောင်း အင်္ဂလိပ်စစ်ဗိုလ်များကို ပြောပြရာ သူတို့နှင့် ဆက်သွယ်ထားသောလူများကို
အမေရိကန်က ကြားဖြတ် စစ်ဆေး သတင်း ယူသဖြင့် အင်္ဂလိပ်စစ်ဗိုလ်များက အမေရိကန်ကို တော်တော် မကျေနပ်ဖြစ်ကြတယ်။
ပါပါတို့ကိုလည်း မီးရထားလမ်းအတိုင်း လာလျှင် အင်္ဂလိပ်စစ်တပ်နှင့် တွေ့မည်ဖြစ်၍ မီးရထားလမ်းအတိုင်း မလာရကောင်းလားဟု
ပါပါတို့ကိုတောင် အပြစ်တင်ချင်တယ်။
ွ
         လင်းစဒေါင်းအိမ်မှာ သုံးလေးရက် နေပြီးနောက်၊ ကာလကတ္တားမြို့စွန် ဘီလားဟား ရပ်ကက်မှာ နေထိုင်သော ဦးသိန်းဖေထံသို့
ပါပါတို့ကို ပို့ပါတယ်။
ကုလားပြည်နှင့် သီဟို(သီိရိလင်္ကာ)
ွ
        ဦးသိန်းဖေဆီကို မနက်ပိုင်းမှာ ရောက်ရှိသားပါတယ်။ အင်္ဂလိပ်ခေတ်မှာ သိက္ခာပျက်ပြားသော ဘုန်းကြီးများ အကြောင်းကို
'တက်ဘုန်းကြီး' အမည်ဖြင့် ဝတ္ထု ရေးသား ထုတ်ဝေသောကြောင့် ဦးသိန်းဖေသည် နာမည်ကြီး လူသိများပြီး သူ့ကို 'တက်ဘုန်းကြီး'
သိန်းဖေလို့ ခေါ်ဝေါ်ကြပါတယ်။ ဂျပန်ဝင်စ အချိန်မှာ ဂျပန်ကို မကျေနပ်သော နိုင်ငံရေးသမားများက အင်္ဂလိပ်နှင့် အဆက်အသွယ်
ွ
ရရန် ဦးသိန်းဖေကို ကုလားပြည်သားရန် တာဝန်ပေးချက်အရ ဦးသိန်းဖေ ကုလားပြည်သို့ ရောက်သားခြင်း ဖြစ်ပါတယ်။ ကုလားပြည်သို့
ဦးသိန်းဖေ ရောက်စ အချိန်မှာ အင်္ဂလိပ်က ဦးသိန်းဖေကို မယုံသဖြင့် အသိအမှတ်မပြုပါ။ ပါပါတို့ ရောက်ရှိသွားသောအချိန်မှာ
ဦးသိန်းဖေအား အသိအမှတ်ပြုပြီးဖြစ်၍ သူ့ကို အိမ်တဆောင်မီးတပြောင်နှင့် ထားပါတယ်။
           ဦးသိန်းဖေကို    ထားသော      အိမ်သည်       ကာလကတ္တားမြို့စွန်       ဘီဟားလာွး
                                                                                              ရပ်ကက်မှာ          ဖြစ်ပါတယ်။     မြေဧက
ဝက်ပေါ်တည်ဆောက်ထားသော နှစ်ထပ်တိုက် အိမ်ဖြစ်ပြီး အစေခံတန်းလျား ပါရှိပါတယ်။ ဗမာပြည်မှ ဂျပန်တော်လှန်ရေးသမား
ကုလားပြည်ရောက်စဉ်က           တယောက်တည်းခိုသော          စခန်း   ဖြစ်ပါတယ်။     ပါပါတို့   ရောက်ရှိသော         အချိန်မှာ   ဦးသိန်းဖေသည်
ကျောက်ကပ်ရောဂါကြောင့် သရွတ်ကိုင်အင်္ကျီကို ဝတ်ထားရပြီး အိပ်ရာပေါ်တွင် လဲနေပါတယ်။ အိမ်ပေါ်ထပ်အခန်းကျယ်တခန်းမှာ
သူနေပါတယ်။ွ
                       ပါပါရောက်သားသောအခါ         သူနှင့်အတူ     တခန်းထဲမှာ        ထားပါတယ်။        ပါပါတိွု့
                                                                                                                   ဘီဟားလားအိမ်တင်
လုံချည်ဝတ်နိုင်သော်လည်ွး
                              မြို့ထဲသားသောအခါ      ဗမာမှန်းမသိအောင်    ဘောင်းဘွီ
                                                                                         ဝတ်သားရပါတယ်။           ကာလကတ္တားမြို့သည်
ွ
ရန်ကုန်နည်းတူ တရုတ်တန်းရှိပြီး တရုတ်စာများကို ရောင်းရပါတယ်။ မြို့ထဲသားသောအခါ ပါပါတို့ ရထားစီးသွားပြီး တရုတ်တန်း
သွားလိုပါက လန်ချားစီးရုံဖြင့် လန်ချားကုလားက ပါပါကို တရုတ်စင်တာ တရုတ်တန်းသို့ တချိုးတည်း ခေါ်ဆောင်သွားပါတယ်။
ွ
        စစ်သင်တန်းကျောင်းသို့ လိုအပ်သောစစ်ပညာများ သွားရောက် သင်ကြားခြင်း မပြုမီ ဘီဟားလား အိမ်တင် နေထိုင်ရပါတယ်။
ွ
ဗမာပြည်မှ တော်လှန်ရေး ရဲဘော်များ အပြင် ရခိုင်ပြည်မှ ရဲဘော်များလဲ ရှိကြပါတယ်။ ဦးညိုထန်း (ယခုသံအမတ်ကြီး) အစရှိသော
ဲ
ရခိုင်ရဘော်များနှင့်     ပါပါသည်   အကြိုက်ချင်း     တူကြသဖြင့်     ခင်မင်ရင်းနှီးကြပါတယ်။      သူတို့နှင့်      မကြာခဏ        ဝိုင်းဖြစ်ပြီး
အရှိန်ရလာသောအခါ ဆူပူအော်ဟစ်သည့် အခါလည်း ရှိပါတယ်။
ွဲ
        ဦးသိန်းဖေသည် ညစဉ် သူ့အခန်းမှာ စနေနှင့် တနင်္ဂနွေနေ့များမှလ၍ ရဲဘော်များအား နိုင်ငံရေး သင်တန်း ပေးပါတယ်။
ပါပါလည်း သူနှင့် တခန်းထဲ နေသည့်အတွက် သူ ဟောပြောသည်များကို ကြားရပါတယ်။ အမေရိကန် ကွန်မြူနစ်စာရေးဆရာ
“အဲ(လ်)ဘရောင်ဒါ” ရေးသော စာအုပ်ကို အခြေခံပြီး သင်တန်းပေးပါတယ်။ အဲ(လ်)ဘရောင်ဒါ ရေးသောစာအုပ်ကို ပါပါ အစ အဆုံး
ွဲ
ဖတ်ပါတယ်။ သူ၏ ယူဆချက်အရ လွတ်လပ်ရေးသည် လက်နက်စကိုင် တော်လှန်ရန် မလို။ လူထုအုံကြွမှုဖြင့် ရရှိနိုင်ကြောင်း
ဖြစ်ပါတယ်။ ကွန်မြူနစ်ပါတီဝင်များသည် အစပိုင်းကို “ဘရောင်ဒါဝါဒ”ကို လက်ခံပြီး နောက်ပိုင်း၌ ယင်းဝါဒသည် ဒူးမထောက်ရေးဝါဒ
ဖြစ်ကြောင်း ပြောဆို ရှုတ်ချကြပါတယ်။
        နေ့ခင်းနေ့လယ် အချိန်များတွင် အင်္ဂလိပ်စာ ဖတ်တတ်သော ရဲဘော်များက အင်္ဂလိပ်ဖြင့် ရေးသားသော နိုင်ငံရေးစာအုပ်များကို
ဖတ်ကြား ဘာသာပြန်ကာ အင်္ဂလိပ်စာ မတတ်သော ရဲဘော်များအား ပို့ချသင်ကြားပေးပါတယ်။ သခင်ဗိုလ်နှင့် ဦးကျော်ရင်တို့လည်း
ရောက်ရှိလာပြီးဖြစ်၍ သူတို့လည်း ဆရာလုပ်နေရပါတယ်။
ွ
        ဘီဟားလားအိမ်တင် နှစ်ပတ်ခန့်နေပြီး ဒီဇင်ဘာလ (၂၆) ရက်နေ့မှ သခင်ဗိုလ်၊ ဗိုလ်မှူးချစ်ကောင်း၊ လေထီးဦးအုန်းမောင်၊
ကိုစောဟန် (ဖြူးကို စောဟန်၊ ထောင်ထဲ သေဆုံး) ကိုသန်း၊ ကိုဘသောင်းနှင့် ပါပါတို့သည် စစ်ပညာသင်ကြားရန် အတွက်
စစ်သင်တန်းကျောင်းသို့ သွားရပါတယ်။ စစ်သင်တန်းကျောင်းများ အဖြစ် ဖွင့်လှစ်ထားသော အိမ်သည် ခမ်းနားပြီး ဟူကလီ မြစ်ကမ်းမှာ
တည်ရှိပါတယ်။ မဟာရာဂျာတဦးပိုင် အိမ်ဖြစ်ပြီး အင်္ဂလိပ်စစ်တပ် သုံးရန် ပေးထားခြင်းဖြစ်သည်ဟု သိရှိရပါတယ်။ ခြံဝင်းထဲမှ
အိမ်ကြီးတအိမ်အပြင် အိမ်ငယ်နှစ်အိမ်၊ သုံးအိမ်ရှိပါတယ်။ အိမ်ကြီးမှာ မဟာရာဂျာ နေထိုင်ပြီး အိမ်ငယ်များမှာ သူ့မယားများ
ထားသည်ဟု သိရှိရပါတယ်။ အိမ်ကြီးမှာ သင်တန်းကျောင်းဖွင့်ပြီး အိမ်ငယ်တအိမ်မှာ ပါပါတို့ နေထိုင်ရပါတယ်။ အိမ်ငယ်မှာ
ဲ
နှစ်ထပ်တိုက်အိမ်ဖြစ်ပြီး တထပ်မှာ အိမ်သာ တွလျက် အခန်းတခန်း ရှိပါတယ်။ ပါပါတို့ကို အပေါ်ထပ်မှာ တခန်း နှစ်ယောက်
ထားပါတယ်။ ပါပါတို့အချင်းချင်း “တို့တော့ မဟာရာဂျာမယားဖြစ်နေပြီ” လို့ ရယ်စရာ ပြောကြပါတယ်။ သင်တန်းကျောင်းနှင့်
ခပ်လှမ်းလှမ်းမှာ ဟူဂလီမြစ်ကို ဖြတ်ကျော်ပြီး ဆောက်လုပ်ထားသော မီးရထားတံတား ရှိပါတယ်။ ယင်း မီးရထားတံတားနှင့်
မဝေးသော နေရာမှာ ဗြိတိသျှ ဘီအိုအေစီ ရေယာဉ်ပျံ ဆင်းသက်သော နေရာ ရှိပါတယ်။ (၁၉၄၇ ခုနှစ် ပါပါဝန်ကြီးဖြစ်ပြီး နောက်
ွဲ
စက်တင်ဘာလတွင် ဘဏ္ဍာရေးဝန်ကြီး အဖြစ် ဆောင်ရက်သော ဦးတင်ထတ်ပြီးနောက် ဘဏ္ဍာရေးမစ်ရှင် အဖွ့ဝင်အဖြစ် ဘိလပ်သို့
ွဲ
လိုက်သွားရာ ပါပါတို့ စီးနင်းလိုက်သားသော ဘီအိုအေစီရေယာဉ်ပျံသည် ကာလကတ္တား အရောက်မှာ ဟူဂလီမြစ်ထသို့ ဆင်းသက်စဉ်
ပါပါနေခဲ့သော ကျောင်းကို လှမ်းမြင်ရပါတယ်။)
        စစ်သင်တန်းကျောင်းနှင့် ဆရာအဖြစ် အင်္ဂလိပ်စစ်ဗိုလ် လေးယောက်နှင့် ကုလား စစ်ဗိုလ် တယောက်ရှိ ပါတယ်။ (ကုလား
စစ်ဗိုလ်ကို ပါပါ ဝန်ကြီး အဖြစ် ကုလားပြည်ရောက်ရှိ သောအခါ ထပ်မံတွေ့ဆုံကြပါတယ်။ ပါပါ ကုလားပြည်ရောက်ကြောင်း
သတင်းစာထဲမှာ ဓာတ်ပုံပါရှိသဖြင့် ပါပါ တည်းခိုသော နေရာသို့ ပါပါကို လာရောက် တွေ့ဆုံခြင်း ဖြစ်ပါတယ်) ယင်းကျောင်းတွင်
သင်ရသောဘာသာရပ်များမှာ              ရုပ်ဖျက်နည်း၊       သတင်း          ထောက်လှမ်းနည်း၊         ဖောက်ခွဲ   ဖျက်ဆီးနည်း၊      မြေပုံဖတ်နည်း၊
ွ
လက်နက်အသေးစား ကိုင်တယ်နည်း အစရှိသည်တို့ ဖြစ်ပါတယ်။ ဘာသာရပ်များကို သင်ကြားစဉ် တနေ့ ဗြိတိသျှ လေတပ်မှူးအရာရှိ
တယောက်လာပြီွး
                     လေယာဉ်ကင်း          ဆောက်လုပ်နည်းကို            သင်ကြား      ပြသပါတယ်။      လေယာဉ်ပျံသည်         အရွယ်အစားလိုက်ပြီး
ဆောက်လုပ်ရမည့်        လေယာဉ်        အတက်           အဆင်း         လမ်းအရွယ်ကို     ဖော်ပြကာ     လေတိုက်ခတ်သော          လမ်းကြောင်းအတိုင်း
ဆောက်လုပ်နိုင်လျှင် ကောင်းကြောင်း ပြောပြပါတယ်။ လေယာဉ်လမ်းကြောင်း အဆုံးတဖက် တချက်မှာ သစ်ပင်ဝါးပင် မရှိရန်
ွ
လိုအပ်ကြောင်းကိုလည်း ထည့်သင်း ပြောသွားပါတယ်။
          စစ်သင်တန်းကျောင်းမှာ         နေ့စဉ်ရုပ်ဖျက်နည်းနှင့်        သတင်းထောက်နည်းကို          ကွင်းဆင်းလုပ်ကိုင်    ရပါတယ်။        တနေ့
နေ့လယ်စာစားပြီးမှာ      ပါပါတို့    လူစုခြွဲ ပီး   မြို့ထဲသို့     သတင်းထောက်လှမ်းရန်          သွားရပါတယ်။      ဗိုလ်မှူးချစ်ကောင်း    နှင့်
ပါပါတို့နှစ်ယောက်သည် တတြွဲ ဖစ်ပြီး ကာလကတ္တား ဆိပ်ကမ်းမှာ ဆိုက်ကပ်ထားသော ပင်လယ်ကူးသင်္ဘောကြီးနှင့် ကုန်တင်ကုန်ချ
လုပ်ငန်းများကို သတင်းထောက်လှမ်းရန် ဖြစ်ပါတယ်။ သတင်းထောက်လှမ်းရင်း မသင်္ကာ၍ ဖမ်းဆီးခြင်း ခံရပါက စစ်တပ်ကို
အကြောင်းကြားနိုင်ရန် တယ်လီဖုန်းနံပါတ်ပါ ပေးထားပါတယ်။ ညနေ (၉) နာရီအချိန် စတိတ်မင်း (State Man) သတင်းစာတိုက်ရှေ့
အရောက် ပြန်လာရန် မှာကြားပါတယ်။                ။
အင်္ဂလိပ်ခေတ်က ဝါအကောက်ခန်ဌာနမှာ ကာကွယ်ရေးအရာရှိအဖြစ်
ွ
တစ်လကြာမျှ အမှုထမ်းဆောင်စဉ် သင်္ဘောကုန်တင်ကုန်ချ အလုပ်သမားများ၊ ဆိပ်ကမ်း အလုပ်သမားများသည် လုပ်ငန်း ပြီးဆုံးပါက၊
ကမ်းနားရှိ အရက်ဆိုင်၊ သို့မဟုတ် လက်ဖက်ရည်ဆိုင်သို့ သွားရောက် စားသောက်တတ်ကြောင်း သိရှိ နားလည် ထားပါတယ်။
ဤအကျင့်ဓလေ့သည် ဆိပ်ကမ်းမြို့တိုင်းလိုပင် ရှိကြောင်းလည်း သိရှိ နားလည်ထားပါတယ်။ ကာလကတ္တား ဆိပ်ကမ်းလည်း
ွ
ဤအတိုင်းပင် ဖြစ်မည်ဟု ယုံကြည်သည့် အားလျော်စာ ဆိပ်ကမ်းရှိ အရက်ဆိုင်တစ်ဆိုင်သို့ ပါပါတို့ ဝင်သားပါတယ်။
ွ
        ဗိုလ်မှူးချစ်ကောင်းက အရက်မသောက်တတ်ပါသဖြင့် ပါပါတစ်ယောက်အတွက်ပဲ မှာပါတယ်။ အရက်ဆိုင်တင် ဆိပ်ကမ်းမှာ
ဆိုက်ကပ်သော သင်္ဘော အရေအတွက်နှင့် ပါလာသော ကုန်များကို သိရပါတယ်။ စစ်ပစ္စည်း တင်ဆောင်လာသော သင်္ဘောမပါရှိပါ။
ွ
ချိန်းဆိုထားသည့်အတိုင်း ညနေ (၆)နာရီမှာ စတိတ်(စ)မင်း သတင်းစာတိုက်သို့ ပါပါတို့ အရောက်ပြန်သားကြပါတယ်။
        ဟူကလီမြစ်ကမ်းပါး စစ်သင်တန်းကျောင်းမှာ လိုအပ်သော စစ်ပညာများကို သင်ကြားပြီးသောအခါ လက်တွေ့ ဆက်လက်
ွ
သင်ကြားရန် ၁၉၄၅ ခု၊ ဇန်နဝါရီလ (၁၄) ရက်တင် သခန်ဗိုလ်၊ ဗိုလ်မှူးချစ်ကောင်း၊ လေထီး ဦးအုန်းမောင်တို့ အပါအဝင် ပါပါတို့ကို
လေယာဉ်ပျံဖြင့် သီဟိုကျွန်း (သီရိလင်္ကာ) သို့ ပို့ပါတယ်။ လေယာဉ်ပျံသည် ကာလကတ္တားမြို့မှ နံနက်ပိုင်းတွင် ထွက်ပြီး မဒရပ်မြို့မှာ
ွ
တထောက်နားကာ ကိုလံဘိုမြို့သို့ ညနေပိုင်းတွင် ရောက်ရှိသားပါတယ်။ ကိုလံဘိုလေဆိပ်မှ ပါပါတို့ကို နှစ်ဆယ့်ငါးမိုင် ဝေးသော
ဟိုရိုးနာ စစ်စခန်းကို ပို့ပါတယ်။
        ဟိုရိုးနာ စစ်စခန်း၏ တပ်ရင်းမှူးသည် ဒုတိယဗိုလ်မှူးကြီး မာ့(စ်)ဂရွှေ ဖြစ်ပြီး၊ ဒုတိယတပ်ရင်းမှူးမှာ ဗိုလ်မှူး ဘရောင်း
ဲ
ဖြစ်ပါတယ်။ တပ်ရင်းမှူး မာ့(စ်)ဂရွှေသည် ဘုံဘေဘားမား ကုမ္ပဏီမှာ အမှုထမ်းဆောင်ခ့သော လူတစ်ယောက် ဖြစ်ပါတယ်။
နောက်တစ်နေ့       ပါပါတို့   တပ်ရင်းမှူးနှင့်      သွားရောက်        တွေ့ဆုံပြီး   ပါပါတို့    သင်ကြားလေ့ကျင့်ရမည့်      စစ်ပညာရပ်များကို
ဒုတပ်ရင်းမှူးအား ပြောကြား တာဝန်ပေးလိုက်ပါတယ်။
        ပါပါတို့သင်ကြားရမည့်       ဘာသာရပ်များမွှာ
                                                             အချက်ပြဆက်သယ်နည်ွး
                                                                                             လက်နက်ကိုင်တယ်     ပစ်ခတ်နည်း၊      ဖောက်ခွဲ
ဖျက်ဆီးနည်း မြေပုံဖတ်နည်း၊ ဆေးပညာ၊ တောထဲ သွားလာနေထိုင်နည်း၊ မြေပြင်မှနေ လေယာဉ်ပျံနှင့် ချက်ပြ ဆက်သွယ်နည်း
စသည်တို့ ဖြစ်ပါတယ်။
        ပါပါတို့ကို ပထမ မော့(စ်)ကုတ် ကို သင်ကြားပြီး မော့(စ်)ကုတ်ဖြင့် သတင်းပို့နည်းကိုပါ သင်ကြား ပေးပါတယ်။ ဤဘာသာရပ်
ွ
သင်ကြားရသည်မှာ အလွန်မှ ပျင်းစရာ ကောင်းပါတယ်။ ၎င်းနောက် လက်နက်ကိုင်တယ် ပစ်ခတ်နည်းပါ သင်ကြား ပေးပါတယ်။
ကိုင်တွယ် ပစ်ခတ်ရသော လက်နက်များမှာ ရိုင်ဖယ်နှင့် ဘရင်းစက်သေနတ်အပြင် တင့်ကားပစ်သော သေနတ်နှင့် ဘဇူကာတို့ပါ
ပါဝင်ပါတယ်။ ခြောက်လုံးပြုးနှင့် ပစ္စတိုသေနတ် ပစ်နည်းကို ခပ်များများ လေ့ကျင့်ပေးပါတယ်။ ရုတ်တရက် ပေါ်ထွက်လာသော
ပစ်မှတ်ကို မျက်စိတမှိတ် လျှပ်တပြက် အတွင်း ပစ်ခတ်နိုင်ရန် လေ့ကျင့်ပေးတယ်။ လေ့ကျင့်ပုံက ပါပါတို့ကို တစ်လှည့်စီ လမ်းကြားထဲ
ဲ
သွားခိုင်းပြီး လမ်းဘေးနားမှာ ပစ်နေရာမှ ဆွလိုက်သဖြင့် သေနတ်ကိုင်ထားသော လူအရွယ်ရှိ ဂျပန်စစ်သားရုပ် ရုတ်တရက်
ထွက်ပေါ်လာပါတယ်။ ပါပါ့အနေနှင့် အံ့အားသင့်ပြီး ငေးကြည့်နေမိသဖြင့် နောက်နား အင်္ဂလိပ် ကျောင်းဆရာက ပစ်ပါ၊ ပစ်ပါ၊ ပြောမှ
ပစ်ပါတယ်။ လမ်းကြားအတိုင်း ဆက်လက် လျှောက်ရာ ဂျပန်စစ်သားအရုပ်ပုံစံ အမျိုးမျိုးဖြင့် လမ်းဘယ်ဘက်မှာရော ညာဘက်ပါ
ပေါ်လာပါတယ်။ အရုပ်ပေါင်း အားလုံး ခြောက်ခု ပါရှိတယ်။
        ဖောက်ခွဲဖျက်ဆီးနည်း သင်ကြားပြသပေးသူမှာ ဗိုလ်ကြီး ဂေး(လ)မိုး ဖြစ်ပါတယ် ဗိုလ်ကြီးဂေး(လ) မိုးသည် ပါပါတို့ကို
ွ
သင်ကြားပေးသောအခါ အင်္ကျီ မဝတ်ပါသဖြင့် လက်နက်ကိုင်တယ် နည်းသင်ကြားပေးသော အင်္ဂလိပ်ဆာဂျင် တပ်ကြပ်ကဲ့သို့ပင်
ွဲ
အဆင့်အတန်း ရှိမည်ထင်၍ သူ့ကို ပါပါက ဆာဂျင်လို့ ပဲခေါ်ပါတယ်။ ယမ်းဘီလူးနှင့် စနက်တံကို ဖောက်ခမည့်နေရာ၌ မည်သို့ မည်ပုံ
ထားရှိရန်နည်း၊   မီးရထား    သွားလာခုတ်မောင်းစဉ်     ဖောက်ခရန်နည်း၊
ွဲ            တံတားများကွိုဲ
                                                                                           ဖောက်ခရန်နည်း၊     ရေယာဉ်သင်္ဘောများ
ွဲ
ဖောက်ခရန်နည်း၊ အစရှိသည်များ ဖြစ်ပါတယ်။ ရေယာဉ် သင်္ဘောများ ဖောက်ခရန်နည်းသည် ရေထဲ မိုင်းဗုံးထောင်နည်း ဖြစ်ပါတယ်။
        ဤကဲ့သို့    သင်ကြားပြသပြီး    နောက်လက်တွေ့အဖြစ်          တစ်နေ့    ပါပါတို့ကို     တောထဲ     ခေါ်သွားပါတယ်။     ပါပါတို့ကို
ဲ
ခေါ်သွားသည့်နေရာမှာ တကယ့်မီးရထားလမ်းနှင့် မီးရထားတွများ ရှိပါတယ်။ မီးရထားခုတ်မောင်းနေစဉ် ဖောက်ခွဲဖျက်ဆီးနည်း နှစ်မျိုး
ရှိပါတယ်။    တစ်နည်းမွှဲာ
                            ဖောက်ခမည့်      သံလမ်းအောက်တင်
ွ          ယမ်းဘီလူးမြှုပ်ထားပြီး      စနက်တံကို     ထောင်ထားရပါတယ်။
မီးရထားအလေးချိန်ဖြင့်      သံလမ်းပိကျသောအခါအ         စနက်တံကို     နှိပ်ပြီးသားဖြစ်၍ွဲ
                                                                                          ဗုံးပေါက်ကသော     နည်းပင်   ဖြစ်ပါတယ်။
ွဲ
တခြားနည်းတစ်နည်းမှာ ဝိုင်ယာကြိုးဖြင့် ဆက်သယ်ထားပြီး ဘက်ထရီအားဖြင့် ဖောက်ခသောနည်းပင် ဖြစ်ပါတယ်။ တောင်ပေါ်သွား
ွဲ
မီးရထားလမ်းကို ဖောက်ခဖျက်ဆီးသောအခါ တောင်ကမ်း မီးရထားလမ်း အကွေ့မှာ အပြင်သံလမ်းကို ဖောက်ခွဲဖျက်ဆီးခြင်းအားဖြင့်
ဲ
မီးရထားတစ်စင်းလုံး ချောက်ထသို့ ကျဆင်းသွားမည် ဖြစ်ပါတယ်။ မီးရထားတံတား ဖျက်ဆီးရာ၌ တံတားပေါ် မီးရထားသွားစဉ်
ဖောက်ခွဲပစ်နည်းသည် အထိရောက်ဆုံး ဖြစ်ပါတယ်။ အကြောင်းမှာ တံတားပျက်စီးသွားသည့်အပြင် မီးရထားတွဲများ တံတားပေါ်တွင်
ဲ
တင်ရှိနေသဖြင့် တွဲဖယ်ရှားပြီးမှ ပြင်ဆင်ရမည်ဖြစ်၍ နှောင့်နှေး ကြန့်ကြာမည် ဖြစ်ပါတယ်။ မီးရထားတွနှင့် သံလမ်းရှိသော နေရာမှာ
လက်တွေ့ဖောက်ခွဲဖျက်ဆီးသောအခါ ယမ်းဘီလူးသုံးတဲ့ စနက်တံသာ အသုံးပြုရပါတယ်။ စနက်တံ အထားမှန်လျှင် ဗုံးသည်
ပေါက်ကွဲမည်သာ ဖြစ်ပါတယ်။
        မြေပုံဖတ်နည်း သင်ကြားသောအခါ မေမြို့ဗိုလ်လောင်း သင်တန်းကျောင်းမှာ သင်ကြားခြင်းနှင့် ကွာခြားခြင်း မရှိပါ။ ဆေးပညာ
သင်ကြားရာ၌ ရှေးဦးသူနာပြုနည်း အပြင် ထပ်ဆင့်ဆေးထိုးနည်းပါ သင်ကြား ပြသပါတယ်။ မြေပြင်မှနေ၍ လေယာဉ်ပျံနှင့် အချက်ပြ
အဆက်အသွယ်ပြုလုပ်နည်း သင်ကြားသောအခါ လေယာဉ်ပျံမှ ပစ္စည်းဖြစ်စေ၊ လူဖြစ်စေ ချလိုသောနေရာတွင် ဖြစ်စေ အင်္ဂလိပ်စာတီ
ွ
အမှတ်အသား ပြရမည် ဖြစ်ပါတယ်။ ညအချိန်တင် 'တီ' ပုံသဏ္ဍာန်လူတန်းစီပြီး လက်နှိပ်ဓာတ်မီးထိုး ပြရန် ဖြစ်ပါတယ်။
        ဟိုရိုးနားတပ်စခန်းမှာ   နေစဉ်စနေ၊      တနင်္ဂနွေနေ့များမှာ      ကိုလံဘိုမြို့သိွု့
                                                                                            သွားလည်ခင့်     ရပါတယ်။     စနေနေ့
နေ့လယ်စာစားပြီးချိန်မှာ 'ဘိုင်တိုးတာ' ပင်လယ်ကမ်းခြေ ရေကူးစခန်းသို့ သွားလိုသူများအတွက် ကားတစ်စင်းထွက်ပေးပါသဖြင့်
ွ
ဗိုလ်မှူးချစ်ကောင်း၊ လေထီးဦးအုန်းမောင်နှင့် ပါပါတို့ လိုက်သားပါတယ်။ ဘိုင်တိုးတာရေကူးစခန်းသို့ ရောက်သောအခါ ရေချိုး
ရေကူးလာသူ အမျိုးသား၊ အမျိုးသမီးတို့မှာ ရေကူးဝတ်စုံ ကိုယ်စီဖြင့် ကမ်းခြေသို့ ဆင်းသွားကြပါတယ်။ အင်္ဂလိပ်လူမျိုးများဖြစ်ပြီး
တချို့လဲ အတွဲနှင့် လာကြပါတယ်။ ပါပါတို့ဖြင့် ရေကူးဝတ်စုံအစား ဘောင်းဘီတိုနှင့် ပဲဆင်းသွားကြပါတယ်။ ကမ်းခြေမှာ ရေကူးပြီး
အမောဖြေ အပန်းဖြေရန် ရောင်စုံထီးများ စိုက်ထူထားပါတယ်။ ပါပါတို့လဲ ထီးတစ်လက်အောက်မှာ ရေကူးပြီးတိုင်း ပြန်လာပြီး
အပန်းဖြေပါတယ်။      ထီးအောက်မှာ      အပန်းဖြေရင်း    ပင်လယ်ပြင်သို့     လှမ်းမျှော်ကြည့်ရာ     မိုးရိပ်လေရိပ်လင်း   စင်ကြည်လင်၍
တိုက်ခတ်လာသည့် လေညှင်းမှာ ပင်လယ်ပြင်ကို နိုးဆွသည့်အလား ပင်လယ်ကြီးမှာ လှိုင်းလုံးတစ်များ တဖျပ်ဖျပ် ရိုက်ခတ်လျက်
နေပါတယ်။
ွ
        တောနက်ထဲမှာ ဖြစ်သလို နေထိုင်သားလာနိုင်ရေးကို လေ့ကျင့်ရန် လိုပါသဖြင့် တောထဲသားရန် အစီအစဉ် လုပ်ရပါတယ်။
ွဲ
တပ်စခန်းမှ လူများသည် လေးယောက်တစ်တ၊ ငါးယောက်တစ်တွဲ လူစုခြွဲ ပီးတွကာ၊ အတွဆယ်တွဲ တောထဲ သွားလာ နေထိုင်ပြီး
ွ
သွားလာရမည် ဖြစ်ပါတယ်။ တောထဲသားသောအခါ လူတစ်ယောက်ကို စားစရာ ဆယ်ရက်စာပဲ ပေးပြီး ဆယ်ရက်ကျော်လွန်သောအခါ
တောထဲမှာ ဖြစ်သလို ရှာဖွေ စားသောက်ရမည် ဖြစ်တယ်။
        ဂျပန်တော်လှန်ရေးအတွက် ဗမာပြည်သို့ လေထီးဖြင့် ပြန်လည် ခုန်ဆင်းသောအခါ ပါပါတို့နှင့် အတူလိုက်ပါသွားရမည့်
ဲ
အင်္ဂလိပ်စစ်ဗိုလ်များကို ပါပါတို့နှင့် တွပေးထားပါတယ်။ ပါပါနှင့် တွပေးသော စစ်ဗိုလ်များသည် ဗိုလ်ကြီး ဝီ(လ်)ဆင် နှင့် ဗိုလ်ကြီး စကီး
တို့ဖြစ်ပြီး အင်္ဂလိပ်ဝိုင်ယာလက် ခေါ် အော်ပရေတာ တစ်ယောက် ပါပါတယ်။ တောထဲမှာ တောက်ကို မယ်ရခိုင်းစေရန် ဂဒူးလူမျိုး
နှစ်ယောက်ပါ ထည့်ပေးတယ်။ ဂဒူးလူမျိုးနှစ်ယောက်သည် ဝင်းဂိတ်စစ်ဝယ် ကသာခရိုင် ဂျပန်နောက်ကြောင်း လေထီးဖြင့် ဆင်းပြီး
ကုလားပြည်သို့ ပြန်အဆုတ်မှာ ခေါ်ဆောင်လာသောသူများ ဖြစ်ပါတယ်။
        အစီအစဉ်အားလုံးပြီးစီးသောအခါ          နံနက်ပိုင်းအချိန်     ကိုလံဘိုမှ      ကန်ဒီမြို့သွား      မော်တော်ကားလမ်းအတိုင်း
ထွက်ခွာသွားကြတယ်။ စစ်စခန်းရှိသော လမ်းခုလတ်တစ်နေရာမှာ အားလုံးဆင်းပြီး တောနက်ထဲ မသွားမီ စစ်တပ်မှ ဖွင့်လှစ်သော
ွ
စားသောက်ဆိုင်တင် စားစရာများ သွားစားကြတယ်။ စားစရာများကို သင်ပုန်းပေါ်မှာ နံပတ်နှင့် ယှဉ်ရေးထားပြီး လူအများ မြင်နိုင်ရန်
နံရံမှာ ချိတ်ဆွဲ ထားပါတယ်။ စားစရာများကို နံပါတ်ပြောပြီး မှာစားရပါတယ်။ စားစရာ ပေါင်းအားလုံး (၁၂) မျိုး ရှိပြီး ပါပါ သုံးလေးမျိုး
မှာစားပါတယ်။
ွဲ
        စားသောက်ကြပြီး ကားလမ်းဘေးနားရှိ တောနက်ထသို့ ကိုယ့်ကျောပိုးအိတ် ကိုယ်ထမ်းကာ ဝင်သားကြပါတယ်။ ဌာနချုပ်မှ
ဲ
ကြိုတင်စီစဉ်ထားချက်အရ အတွငါးတွသည် ဘယ်ဘက်တောထဲ ဝင်ပြီး ကျန်ငါးတွသည် ညာဘက်တောထဲသို့ ဝင်သွားပါတယ်။
ွဲ
ပါပါတို့အတွသည် ဘယ်ဘက်ဝင်သားသောအတွဲ ဖြစ်ပါတယ်။ အတွတိုင်းသည် ၎င်းညနေတွင် မိမိအတွက် ခြွဲ ခား သတ်မှတ်ထားသော
နေရာသို့ အရောက်သွားရမည်ဖြစ်ပြီး ရောက်ခြင်း ရောက်ဌာနချုပ်သို့ အကြောင်းကြားရမည် ဖြစ်ပါတယ်။ အမှန်မှာ ပါပါတို့တောထဲ
ဲ
နေထိုင်စဉ် ပါပါတို့ အတွသည် ဌာနချုပ်သို့ တစ်နေ့နှစ်ကြိမ် နံနက် (၈)နာရီနှင့် ညနေ (၈) နာရီ နှင့် ညရောက်သောအနေရာမှာ
မြေပုံအမှတ်အသားဖြင့် ဌာနချုပ်သို့ သတင်းပို့ရန် မထွက်လာမီ ညွှန်ကြားချက် ရရှိထားပါတယ်။ ၎င်းပြင် နေ့စဉ် ညနေ (၆
ဲ
နာရီအချိန်မှာ ဌာနချုပ်မှ ညွှန်ကြားချက်များ ပို့မည် ဖြစ်၍ ဖမ်းယူ နားထောင်ရန်လည်း ညွှန်ကြားထားပါတယ်။ ပါပါတို့ အတွသည်
သတ်မှတ်ထားသော နေရာသို့ ညနေ နေမဝင်မီ ရောက်ရှိပြီး ည(၈) နာရီအချိန် ဌာနချုပ်သို့ သတင်းပြန်ပို့ ပါတယ်။ ရောက်ရာ
နေရာမှာ ဖြစ်သလိုနေ၊ ဖြစ်သလိုစား၊ ဖြစ်သလို အိပ်ရမည်ဖြစ်သဖြင့် ၎င်းညအတွက် ပါပါ သစ်ပင်အောက်မှာပင် အိပ်ပါတယ်။)
        နောက်တစ်နေ့           ပါပါတို့    စတင်ခရီးထွက်ကြပါတယ်။                  နံနက်       (၈)နာရီ        အချိန်မှာ     ခရီးတထောက်နားပြီး
သတ်မှတ်ထားသည့်အတိုင်း ဌာနချုပ်သို့ အဆက်အသွယ် ပြုလုပ်ပါတယ်။ ၎င်းနောက် ဆက်လက်ခရီးထွက်ပါတယ်။ (၁၁)နာရီ
အချိန်မှာ ရပ်နားပြီး ဆယ်ရက်စာ အတွက် ပါလာသော ဘီစကွက်မုန့်ခြောက်နှင့် အသားဘူးကို ဖောက်စားပါတယ်။ ထရေးပင်
မောနေပြီး      ဆက်လက်         ခရီးထွက်ပါတယ်။        ဤကဲ့သို့          တစ်နေရာမှ         တစ်နေရာသို့       ခရီးသွားရာ၌     မျက်ကန်းတောတိုး
သဘောမျိုးမဟုတ်ဘဲ မြေပုံကြည့်ပြီး တစ်နေ့တာသွားမည့် ခရီးနှင့် စခန်းချမည့် နေရာကို ဌာနချုပ်သို့ ကြိုတင်အကြောင်းကြား
ထားပါတယ်။
        ဤကဲ့သို့နေ့စဉ်       ခရီးသွားရာ    သုံးရက်မြောက်သောနေ့မှာ              ဗိုလ်ကြီး    စတီးသည်        သမင်တစ်ကောင်            ပစ်၍ရပါသဖြင့်
ွ
၎င်းးနေ့အဘို့ ပါပါတို့ ဟင်းကောင်းစားရပါတယ်။ ပိုသော အသားများကို အတုံးခပ် ရွယ်ရယ် တုံးပြီး ကျပ်ကင်လိုက်ပါတယ်။
        တစ်ပတ်ကြာသောအခါ             ခရီးသွားရင်း    မွန်းလွဲ     အချိန်တင်
ွ       တောင်သုံးတောင်ကြားမှိာ
                                                                                                                ရှသော      ရေကန်တစ်ကန်သို့
ရောက်ရှိသွားပါတယ်။ ရေကန်ထြဲ ကည့်ရာ ငါးများ ပြည့်နှက်နေပြီး စား၍အလွန်ကောင်းသော 'ထရော့' ငါးမျိုး ဖြစ်ကြောင်း ဗိုလ်ကြီး
ဝီ(လ)ဆင်က ပြောပါတယ်။ ငါးများကို ဖမ်းရန် ဗုံးဖောက်ခြွဲ ပီး ဖမ်းရန်သာ ရှိသဖြင့် ဌာနချုပ်မှာ နေ့စဉ်သင်ကြားထားသော
ွဲ
ရေထဲဗုံးဖောက်ခွဲနည်း ပညာကို အသုံးပြုကာ ရေကန်ထသို့ ဗုံးဖောက်ခလိုက်ပါတယ်။ ခဏချင်း ငါးများပေါ်လာပြီး တချို့မှာ
သေသော်လည်း တချို့မှာ မသေတသေ ဖြစ်နေပါတယ်။ ငါးများကို ဆယ်ယူရန် ပါပါတို့နှင့် ပါလာသော ဂဒူးလူမျိုးနှစ်ယောက်သည်
ွ
ရေမကူးတတ်သဖြင့် ပါပါပဲ ရေကန်ထဲ ဆင်းပြီး ဆယ်ယူရပါတယ်။ ပါပါ ရေကန်ထဲ ခုန်ဆင်းပြီး နောက်ဖတ်ကြီးတစ်ကောင်သည်
ကုန်းပေါ်သို့   ထွက်ပြေးသွားသည်ကို         တွေ့ရသဖြင့်          ပါပါ့ကို    မိမွေးဖမွေးအတိုင်း       တွေ့ရ၍    ထွက်များပြေး         လေသလားဟု
ပါပါထင်မိပါတယ်။ ၎င်းနေ့အဖို့ ပါပါတို့ ငါးဟင်း မစားချင် အဆုံး ဖြစ်ပါတယ်။
ဲ
        သီဟိုကျွန်း (သီရိလင်္ကာ) တောနက်ထမှာ လိပ်နှင့် မျောက် အလွန်မှ ပေါများပါတယ်။ လိပ်များသည် အကောင်ကြီးပြီး
ွ
ကျောမှာ အဝါရောင်မျဉ်းလေးကွက်ကြား ရှိပါတယ်။ မျောက်မှာ မျောက်ကင်းဖြူ ဖြစ်ပြီး ပါပါ အလွန်ကြိုက်သော မျောက်မျိုး ဖြစ်ပါတယ်။
ပါပါ ပစ်စားချင်သော်လည်း မချက်တတ်သဖြင့် မပစ်တော့ပါ။ ဗိုလ်ကြီး သမင် တစ်ကောင်ရစဉ်ကလည်း ခြေနှစ်ဖက်နှင့် လက်နှစ်ဖက်ပဲ
ွ
ဖျက်ပြီး ယူပါတယ်။ သွားရင်းလာရင်း တောဝက် ခပ်ရယ်ရယ်တွေ့သော်လည်း မဖျက်တတ်သဖြင့် မပစ်ဘဲ နေပါတယ်။
ွ
        တောထဲမှာ ဆယ်ရက်မြောက်သောအခါ ဌာနချုပ်မှ ပေးလိုက်သော စားစရာ များလည်း ကုန်သားပါတယ်။ ဆယ်ရက်အတွင်း
စားသောက်ရသည်မှာလည်း              ဟန်ကျပန်ကျ        မရှိလှပါ။       ဒါနဲ့    ပါပါက       ဗိုလ်ကြီး     ဝီ(လ)ဆင်နှင့်    ဗိုလ်ကြီး      စတီးတို့ကို
ဘယ်လိုပြောသလဲဆိုရင် အပြန်ကျရင် မော်တော်ကားလမ်းဘေး စစ်တပ်စားသောက်ဆိုင်မှာ စားစရာများ (၁) မှ (၁၂) အထိ
အားလုံးမှာစား မယ်လို့ ပြောသောအခါ သူတို့က ရယ်ကြပါတယ်။
        ရိက္ခာကုန်ဆုံးသောနေ့မှာ ဌာနချုပ်မှ ညွှန်ကြားချက်လာပါတယ်။ ပါပါတို့အတွက် နောက်တစ်နေ့ ည (၁၂) နာရီအချိန်မှာ
ရိက္ခာ လာချပေးမယ်၊ နေရာရှာပြီး သတင်းပြန်ပို့ရန် ဖြစ်တယ်။ နေရာရှာပြီး မြေပုံ အမှတ်အသားဖြင့် သတင်းပြန်ပို့ပါတယ်။
နောက်တစ်နေ့ည             လေယာဉ်ပျံအလာကို       ပါပါတို့        သတ်မှတ်ထားသောနေရာမှာ                 စောင့်မျှော်နေကြပါတယ်။         ပါပါတို့အဖော်
ငါးယောက်ရှိသဖြင့် 'တီ' ပုံသဏ္ဍာန်အနေအထားအတွက် အတော်ပင် ဖြစ်ပါတယ်။ လေယာဉ်ပျံ သံကြားရသဖြင့် ပါပါတို့ကို
ကိုယ်စီလက်နှိပ်ဓာတ်မီးကို အပေါ်ထောင်ပြီး မီးပြပါတယ်။ ချိန်းဆိုထားသော အချိန်မှာ လေယာဉ်ပျံသည် ပါပါတို့ခေါင်း ပေါ်တည့်တည့်
ရောက်ရှိပြီး   ဗိုလ်မှ     တံခါးဖွင့်ကာ   ရိက္ခာများကို         လေထီးဖြင့်       ချပေးပါတယ်။          ပါပါတို့အတွက်       လေ့ကျင့်ခန်းဖြစ်သလို
ွ
လေယာဉ်မောင်းသမားအတွက်လည်း လေ့ကျင့်ခန်း ဖြစ်သားပါတယ်။
ွဲ
       သီဟိုကျွန်း တောနက်ထမှာ တစ်လကြာမျှ နေထိုင်သားရန်ဖြစ်သော်လည်း ဖေဖော်ဝါရီလ (၁ဝ)ရက်နေ့မှာ ပါပါတို့အတွဲ
ဌာနချုပ်သို့ ပြန်ရန် ညွှန်ကြားချက် ရောက်ရှိလာပါတယ်။ ဟိုရိုးနားတပ်စခန်းသို့ ပြန်လည်ရောက်ရှိလာသောအခါ ကာလကတ္တားသို့
ွ
ဖေဖော်ဝါရီလ (၁၂) ရက်နေ့မှာ ပါပါပြန်သားရမည် ဖြစ်ကြောင်း သိရှိရပါတယ်။ သခင်ဗိုလ်နှင့် ပါပါကို လေယာဉ်ပျံဖြင့် ပို့မည် ဖြစ်၍
ွ
ကျန်လူများကို ကာလကတ္တားသို့ သွားရန် စစ်သင်္ဘော ကြုံပါသဖြင့် စစ်သင်္ဘောဖြင့် လိုက်သားရန် ဖြစ်တယ်။
       ကာလကတ္တားသိွု့
                             ပြန်သားရန်        သခင်ဗိုလ်နှင့်    ပါပါတို့   စီးနင်းလိုက်ပါ    သွားသော     လေယာဉ်ပျံသည်            ကိုလံဘိုမြို့မှ
နံနက်ပိုင်းတွင် ထွက်ပြီး အလာမှာ ကဲ့သို့ပင် မဒရပ်မြို့မှာ တစ်ထောက် ဝင်နားပါတယ်။ (မဒရပ်မြို့သို့ ပါပါနောက်ထပ် လူမမာအဖြစ်
စစ်တကောင်းမြို့မှ စကန်းဒရဘတ်စစ်ဆေးရုံသို့ အသွား ဖြတ်သန်းသွားရသည့်ပြင် ဝန်ကြီးအဖြစ် ကာလကတ္တားမှ မိုင်ဆိုသို့
ွ
လေယာဉ်ဖြင့် အသွားဖြတ်သန်းသွားခဲ့ ရပါသေးတယ်) မဒရပ်မြို့မှ ခရီးဆက်လက် ထွက်ခာသွားရာ ကာလကတ္တားသို့ ညနေတွင်
ချောမောစွာ ရောက်ရှိ သွားပါတယ်။
ဂျက်ဆို မှ တောင်ငူ
       ကာလကတ္တားရောက်ရှိပြီး သုံးလေးရက်အကြာမှာ ဗိုလ်မှူးချစ်ကောင်း၊ လေထီးဦးအုန်းမောင်နှင့် ပါပါတို့ သုံးယောက်ကို
လေထီး လေ့ကျင့်ခုန်ဆင်းရန် ကာလကတ္တား အရှေ့မြောက်ဘက်ရှိ ဂျက်ဆို (ယခု ဘင်္ဂလားဒေ့ရှ် ရှိ ပြည်မှာ) သို့ ပို့ပါတယ်။
ဂျက်ဆိုလေထီး         လေ့ကျင့်ရေး       ကျောင်းမှာ       ပထမ         မြေပြင်      လေ့ကျင့်နည်းကို      သင်ကြားပြသပါတယ်။               ခုန်ဆင်း၍
မြေပေါ်ရောက်ရှိသောအခါ           ခြေနှစ်ဖက်တားရှိရန်          အနေအထား၊           ကိုယ်လုံးထားရှိရန်     အနေအထားနှင့်           လှိမ့်ပတ်နည်းကို
သင်ကြားပြသတယ်။ လျောချခုန်ဆင်းပြီး အောက်အရောက်မှာ သင်ကြားပြသထားသည့်အတိုင်း လှိမ့်ပတ်ရတယ်။ ဆယ်ကြိမ် တက်
ဆင်း လှိမ့်ပတ်ရတယ်။ အကျမနာရန် အောက်မှာ ခြေသုတ်အုန်းဆံ အထူစား ခင်းထားတယ်။ ၎င်းနောက် ဒန်းပေါ်တက်ထိုင်ရပြီး
ဲ
ဆရာဖြစ်သူက ကြိုက်သလို လွှပါတယ်။
       ဆင်းပုံဆင်းနည်း လေ့ကျင့်ပြီးသောအခါ လေထီးထားသော အခန်းသို့ ခေါ်သွားပါတယ်။ လေထီးထားသော အခန်းသည်
အအေးဓာတ် သွင်းထားပြီး ကြွက်နှင့် ဖျက်ဆီးတတ်သော ပိုးမွှားများ မဝင်နိုင်ရန် အထူး ဂရုပြု စောင့်ကြပ်ရပါတယ်။ လေထီးဆရာက
လေထီးဝတ်ဆင်ရန် နှင့် ချွတ်ရန် နည်းတို့ကို ပြသသင်ကြားပေးတယ်။
       လေထီးဝတ်ဆင်ပြီးသောအခါ ရှေ့မှာ ပိတ်ထားသော ခလုတ် ငြိ၊ မငြိ စမ်းသပ်ကြည့်ရန် လိုကြောင်းကို ဆရာက အလေးထား
ွဲ
ပြောဆိုသွားပါတယ်။ အကယ်၍ ခုန်ဆင်းပြီး သစ်ပင်နှင့် ငြိတယ်သည်ဖြစ်စေ၊ တစ်ခုခုနှင့် ငြိတယ်ပြီး လေထဲမှာ တွလောင်း
ွဲ
တွလောင်းဖြစ်နေလျှင် ရှေ့မှာ ပိတ်ထားသော ခလုတ်ကို မဖြုတ်ရန် အရေးကြီးကြောင်းကိုလဲ ထည့်သင်း ပြောဆိုသွားပါတယ်။
       လေထီး ဝတ်ဆင်ပြီး ခလုတ်မငြိလျှင် ခုန်ဆင်းသောအခါ လေထီး ချွတ်ပြီးသား ဖြစ်၍ လေထီး မပါဘဲ အောက်သို့
ဲ
ရောက်သွားမည် ဖြစ်ပါတယ်။ တွလောင်းဖြစ်သောအခါ ခလုတ်ကိုဖြုတ်လျှင် ကြိုးများ လည်ပင်းကို ပတ်တတ်တယ်။ ခလုတ်လဲ
ဲ
မေးစေ့ခေါင်းကို ရိုက်တတ်သဖြင့် သေနိုင်တယ်။ တွလောင်း ဖြစ်ပြီး ခလုတ်ကို ဖြုတ်မိသောကြောင့် ဝင်းဂိတ်စစ်သား သုံးလေးယောက်
မသေသင့်ဘဲ သေတဲ့အကြောင်း ပါ ထည့်ပြောတယ်။
ွ
       လေယာဉ်ပျံပေါ်မှ လေ့ကျင့်မဆင့်မီ ကျန်းမာရေး စစ်ဆေးရန် အတွက် ဆရာဝန် ထံသားရပါတယ်။ ဆရာဝန်က နှလုံးကို
ဲ
အဓိကထား စစ်ဆေးပြီး ခန္ဓာကိုယ် အရိုးများ ကျိုးခဲ့ခြင်း ရှိမရှိ၊ အဆစ်များ လွခြဲ့ ခင်း ရှိမရှိ၊ စစ်ဆေးမေးမြန်း ပါတယ်။ အကယ်၍
နှစ်လုံးမကောင်းသော်       အရိုးကျိုးခဲ့ခြင်း     ရှိသော်၊ွဲ
                                                                အဆစ်လခြဲ့ ခင်း      ရှိခ့သော်
ဲ       လေထီးဖြင့်         ခုန်ဆင်းရန်      ခွင့်မပြုပါ။
ပါပါ့တို့အဖော်သုံးယောက် စလုံး ကျန်းမာရေး စစ်ဆေးခြင်းကို အောင်ကြပါတယ်။
       ကျန်းမာရေး       စစ်ဆေးခြင်း        အောက်ကြပါသဖြင့်            လေယာဉ်ပျံ       ပေါ်မှ     အစမ်း         ကျင့်ခုန်ဆင်းရန်     ညနေအချိန်
သတ်မှတ်ထားပါတယ်။ သတ်မှတ်ချိန်မရောက်မီ လေဆိပ်သို့ အရောက် သွားကြပါတယ်။ လေ့ကျင့်ရမည့် လေယာဉ် ပျံသည်
စက်ခေါင်းနှစ်လုံးတပ် 'ဒါကိုတာ' အမျိုးအစား လေယာဉ်ပျံဖြစ်သဖြင့် နောက်ဘက်တံခါးပေါက်မှ ဆင်းရမည် ဖြစ်၍ ဆင်းသောအခါ
ညာခြေထောက်ကို အရင်ထုတ်ပြီး ဆင်းရမည် ဖြစ်ကြောင်း လေထီး ကျောင်းဆရာက ညွှန်ကြားပါတယ်။ မဆင်းမီတံခါးပေါက်မှာ
မီးနီလင်းလာသောအခါ အသင့် အနေအထားမှာ နေပြီး မီးစိမ်းလင်းလာသောအခါ တစ်ယောက်စီ ဆင်းရန် ဖြစ်တယ်။ တစ်ယောက်စီ
ဆင်းသောအခါမှာ လေးယောက် တစ်အုတ်စီ ဆင်းရန် ဖြစ်တယ်။ ပါပါတို့အပါအဝင် အစမ်းကျင့်ခုန်ဆင်းရန် လေယာဉ်ပျံပေါ်မှာ လူ
(၂ဝ)     ပါရှိပါတယ်။      ခုန်ဆင်းရမည့်          နေရာ       ရောက်ခါနီး        အောက်သို့         ငုံ့ကြည့်ရာ       လူနာတင်မော်တော်ကားကို
ကောင်းကောင်းမြင်ရပါတယ်။
        လေထီးဖြင့်       ဆင်းသောအခါ          ကိုယ့်အလှည့်ရောက်လျှင်      ဆင်းသာဆင်း၊          ကြောက်ဆုတ်           ကြောက်ဆုတ်ဲ
                                                                                                                                       မလုပ်န့
လွန်ခဲ့တဲ့တစ်လခန့်တုံးက      လေထီးသမားတစ်ယောက်              ကြောက်ဆုတ်ကြောက်ဆုတ်                   လုပ်တောဲ့
                                                                                                               နောက်ဆင်းမယ့်လူန့          ပူးပြီး
ွ
ဆင်းမိသားဖြစ်သွားသည့်အတွက် လေထီး မဖွင့်ဘဲ အောက်ရောက်သားတယ် လို့ လေထီးဆရာ ပြောပြချက်ကို သတိရတယ်။
        ပါပါ    ပထမဆုံးဆင်းရမည့်         လူဖြစ်သည့်အတွက်        မီးနီလင်းပြီးနောက်          မီးစိမ်းလင်းလာသောအခါ               ခုန်ဆင်းပါတယ်။
ဲ
မကြာမီလေထီး ပွင့်လာသောအခါ အထက်သို့ ဆွတင်သည့် ခံစားချက်မျိုးခံစားရပြီး လေနတ်သားဟာ ဒါမျိုးပဲလား လို့ ထင်မိပါတယ်။
လေထီးဟာ တဖြည်းဖြည်း ဆင်းသက်ကာ အောက်အရောက်မှာ ဆရာသင်ထားပေးသည့်အတိုင်း လှိမ့်ပတ်သဖြင့် လေ့ကျင့်ခန်း
ချောမောစွာပြီးဆုံး   သွားပါတယ်။       နောက်နှစ်ရက်အကြာမှာ          နောက်တစ်ကြိမ်           ထပ်မံ     လေ့ကျင့်ရပါတယ်။           နောက်တစ်ကြိမ်
လေ့ကျင့်သောအခါ လေးယောက်တစ်သုတ်မှာ ပါပါက နောက်ဆုံးလူ ဖြစ်ပါတယ်။ လေယာဉ်ပျံပေါ် ပါပါ့ဘေးနားမှာ ထိုင်သော
ဗမာတိုင်းရင်းသား တစ်ယောက်က ရှင်သီဝလိ ရုပ်ကို သူ့နဖူးနှင့်ထပ်ခါထပ်ခါ တို့နေသည်ကို တွေ့ရသောအခါ၊ ဒါလဲ ရဲဆေးတစ်မျိုးပဲ
လို့ ထင်မိပါတယ်။ ခုန်ဆင်းရန် နေရာသို့ ရောက်ရှိ၍ ပါပါတို့ အသုတ် ဆင်းသောအခါ ပါပါနောက်ဆုံးမှ ဆင်းသော်လည်း
ွ
ပါပါကိုယ်အလေးချိန်ကြောင့် မြေပေါ်သို့ အရင် ရောက်သားပါတယ်။
ကာလကတ္တားမှ ရှေ့သို့
        လေထီးဖြင့်ခုန်ဆင်း    လေ့ကျင့်ခန်း        ပြီးဆုံးသောအခါ      ကာလကတ္တား              သိွု့
                                                                                                     ပြန်သားပါတယ်။ဲ
                                                                                                                             ဦးသိန်းဖေအဖွ့နှင့်
ဲ
ဆက်သွယ်ထားသော အင်္ဂလိပ်စစ်တပ်သည် အဖွ့ ၁၃၆ လို့ ခေါ်ပါတယ်။ ကာလကတ္တားသို့ ပြန်ရောက်ပြီး၊ နောက်တစ်နေ့မှာ ပါပါ
ဲ
'အဖွ့-၁၃၆' သို့ သွားပြီး ဗမာပြည်မှာ လေထီးဖြင့် ပြန်ဆင်းရန် အစီအစဉ်များကို ပြုလုပ်ရပါတယ်။ ပါပါ လေထီးဆင်း လေ့ကျင့်စဉ်
အသုံးပြုသော လေထီးသည် သာမန်အရွယ်ဖြစ်၍ ပါပါ့ ကိုယ် အလေးချိန်ကြောင့် အရွယ်ကြီးသော လေထီးရှိကြောင်း၊ အလိုရှိလျှင်မှာ
ဲ
ပေးမည်ဖြစ်ကြောင်း 'အဖွ့ - ၁၃၆' မှ တာဝန်ရှိ စစ်ဗိုလ်က ပြောသောအခါ ပါပါက လေထီးဆင်း လေ့ကျင့်စဉ် ချောချောမောမော
ပြီးသွားပါသဖြင့် သာမန်လေထီးပဲ သုံးမည်ဟု ပြန်ပြောပါတယ်။
        လေထီးဖြင့် ဆင်းပြီးပြောက်ကျား စစ်ဆင်ရေး အတွက် ပါပါကို တောင်ငူအရှေ့ပိုင်းမှာ တာဝန်ပေးပြီး ပါပါနှင့်အတူ ဆင်းရမည့်
ွဲ
အင်္ဂလိပ်စစ်ဗိုလ်များမှာ ပါပါ သီဟိုဠ်တောထဲတင် တွခ့သော ဗိုလ်ကြီး ဝီ(လ)ဆင်နှင့် ဗိုလ်ကြီး စတီးတို့ မဟုတ်တော့ဘဲ ဗိုလ်မှူး
ဟန်တာနှင့် ဗိုလ်မှူး ဝီလယံတို့ ဖြစ်ပါတယ်။ ဗိုလ်မှူး ဝီလယံသည် ဝေး(လ်)ရှ် လူမျိုးစုဖြစ်ပြီး ရယ်စရာ မောစရာ ပြောတတ်သော
ဗိုလ်မှူးတယောက် ဖြစ်ပါတယ်။
         လေထီးသမားကို ရွှေဒင်္ဂါးပြား၊ အင်္ဂလိပ်ငွေစက္ကူ၊ ဂျပန်ငွေစက္ကူနှင့် လက်ပတ်နာရီကို ပေးပြီး လက်နက်အဖြစ် ကာဘိုင်
ွ
သေနတ်၊ ခြောက်လုံးပြူးနှင့် နှစ်ဖက်သား ဓားမြောင်ပေးပါတယ်။ ပါပါတို့ အဆိုင်းမှာ အထက်ပါ ပစ္စည်းများအပြင် ဘောလုံး အရွယ်
ဘိန်းနှစ်လုံး ပါရှိပါတယ်။ ပါပါအနေနဲ့ တပ်မှ ပေးသော လက်နက်များအပြင် ဒသမ ၄၅ ပစ်စတို၊ ဒသမ ၃၈ ပစ်စတိုနှင့် ဒသမ ၃၂
ပစ်စတိုများကို ရှာဖွေရရှိပါတယ်။
         ကာလကတ္တားမှာ လိုအပ်သော အစီအစဉ်များပြုလုပ်ပြီး စီးသော အခါ လေထီးဖြင့် ဆင်းရန် ပါပါတို့အဆိုင်းကို မတ်လ
ွ
ဒုတိယအပတ်တင် ဂျက်ဆိုမြို့သို့ ပို့ပါတယ်။ ဂျက်ဆိုတပ်စခန်းသည် လေထီးဖြင့် ဆင်းမည့်လူများကိုထားသော စခန်း ဖြစ်သဖြင့်
လုံခြုံမှုအတွက် စခန်း ပတ်ပတ်လည်ကို သွတ်ပြားဖြင့် ကာရံထားသည့်ပြင် သံဆူးကြိုးလည်း ကာရံထားပါတယ်။ အဝင်အထွက်လည်း
ကြပ်မတ်ပါတယ်။ စခန်းတွင် အနည်းဆုံး လေးငါးရက် နေပြီးမှ လေထီးဖြင့် ဆင်းရပါတယ်။ စခန်းတွင် ဗမာပြည်မှာ စားလေ့
စားထရှိသော      အစားအစာများကို        စီမံ    ချက်ပြုတ်    ကျွေးပါတယ်။      မုန့်ဟင်းခါး     စားလိုလျှင်      မုန့်ဟင်းခါး    ချက်ပေးပါတယ်။
ငါးပိတို့စရာလဲရပါတယ်။ သေဒဏ်အပေးခံရသော အကျဉ်းသား တယောက် ကြိုးစင် မတင်မီ တရက် အလိုမှာ စားချင်သော
အစားအစာများ ပေးစားသလို ပါပါတို့လဲ လေထီးဖြင့် ဆင်းသောအခါ အသက်ကို ဖက်ဖြင့် ထုပ်ထားရသော လူများ ဖြစ်သဖြင့် မဆင်းမီ၊
စားချင်တာ သဘောမျိုး ဖြစ်နေသလားလို့ တွေးမိပါတယ်။
         လေထီးစစ်သားများကို ဂျပန်နောက်ကြောင်းမှာ ချပေးသောအခါ ဂျပန်များ မရိပ်မိ၊ မသိရှိရန် လေယာဉ်ပျံတစင်းတည်း
မသွားဘဲ လေယာဉ်ပျံအုပ်နှင့်        သွားပြီး    လေထီးစစ်သားများ      ချမည့်   နေရာတဝုက်တင်
ွိ
                                                                                                      စစ်မှတ်ကင်း ပစ်သည့် သဘောဖြင့်
ကျန်လေယာဉ်ပျံများကွ
                          စစ်မှတ်ကင်းပစ်သောအခါ            လေထီးစစ်သား       ချမည့်   လေယာဉ်ပျံက            လေထီးစစ်သားများ           ချပါတယ်။
ွ
စစ်မှတ်ကင်းဟု ဆိုရာမှာ လေထီးစစ်သားများ ချမည့် နေရာတဝိုက်မှာ ရှိသော မီးရထားတံတား၊ ကားလမ်းတံတား၊ စစ်နှင့်
ပတ်သက်သော အဆောက်အအုံ အသီးသီး အစရှိသည်တို့ ဖြစ်ပါတယ်။ ဤနည်းပရိယာယ်ကို အသုံးပြုခြင်းအားဖြင့် လေထီးစစ်သား
ွ
လာချသည်ဟု ဂျပန်က ယူဆမည် မဟုတ်ဘဲ စစ်မှတ်ကင်း လာပစ်သည်ဟု ယူဆမည် ဖြစ်ပါတယ်။ တခါက လေမျက်စိလှည့်သည့်
သဘောဖြင့် လေယာဉ်ပျံ တစင်းတည်း သွားပြီး တနေရာမှာ လေထီးချသလိုဝြဲ ပီး ပြန်လာပါတယ်။ ဂျပန်က လေထီးချသည်ဟု
ယူဆကာ အနီးအနားတဝိုက်ကို မွှေနှောက် ရှာဖွေပါတော့တယ်။ ဤနည်း ပရိယာယ်ကို ဂျက်ဆိုစခန်းမှူး ပြောပြသည့်အတွက်
သိရှိရခြင်း ဖြစ်ပါတယ်။
ွ
            ဂျပန် တော်လှန်ရေးနေ့ ဖြစ်သော ၁၉၄၅ ခု၊ မတ်လ ၂၇ ရက်နေ့တင် ပါပါတို့အဆိုင်း လေထီးဖြင့် တောင်ငူအရှေ့ပိုင်း၊
ွ
ထန်းတပင်မြို့နယ်တင် ဆင်းရန် သတ်မှတ်ထားပါတယ်။ မဆင်းမီ ပါပါတို့ အဆိုင်း အတွက် ရရှိထားသော ရွှေ၊ ငွေ၊ ဘိန်းများ ကို
ဗိုလ်မှူး     နှစ်ယောက်နှင့်     ပါပါအချိုးးကျ   ခွဝေယူထားပါတယ်။
ဲ                   သတ်မှတ်ထားသွော
                                                                                             နေ့ညနေချိန်တင်       စက်ခေါင်းလေးလုံးရှိ
ွ
'လစ်ပရေးတာ' အမျိုးအစား လေယာဉ်ပျံဖြင့် ပါပါတို့ ထွက်ခာသွားပါတယ်။
            ဗမာပြည်ထဲ ဝင်ရောက်သောအခါ ချိန်းဆိုထားသော လေယာဉ်အုပ်နှင့် အတူ သွားပါတယ်။ ဆင်းရန် သတ်မှတ်ထားသော
နေရာသို့ ရောက်ရှိသောအခါ အောက်မှာ 'တီ' ပုံစံ အမှတ်အသားဖြင့် ပြသည်ကို တွေ့ရပါတယ်။ အောက်ကို ငုံ့ကြည့်သောအခါ
ွ
နွေရာသီဖြစ်သည့်အားလျော်စာ             တောမီး     လောင်နေသည်ကို        တွေ့ရပါတယ်။   'တီ'   ပုံစံစည်း   အမှတ်အသား         မတွေ့ရသဖြင့်
ွ
မဆင်းဖြစ်တော့ဘဲ ပါပါတို့နှင့်အတူ ပါလာသော လေယာဉ်ပျံအုပ်နောက် ရန်ကုန်သို့ ဗုံးကြဲရန် လိုက်သားရပါတယ်။
ဲ
            ရန်ကုန်အသွားမှာ လေယာဉ်ပျံ အမြီးပိုင်းသို့ သွားကြည့်ရာ အင်္ဂလိပ်စစ်သား နှစ်ယောက် မှန်အိမ်ထမှာ နေပြီး၊ အပြင်ဘက်ကို
ထုတ်ထားသော စက်သေနတ်နောက်မှာ ထိုင်နေသည်ကို တွေ့ရပါတယ်။ ရန်သူ လေယာဉ်ပျံ နောက်မှ လာရောက် တိုက်ပါက
ပြန်ပစ်ရန်ဖြစ်ကြောင်း သူ ပြောပြပါတယ်။ ပါပါတို့ ရန်ကုန် မရောက်မီ လေယာဉ်ပျံပေါ်မှာ ရှိသော မီးများ အားလုံး ပိတ်ထားပါတယ်။
            ရန်ကုန်မြို့ပေါ်အရောက်မှာ ဂုံနီအိတ်များဖြင့် ထည့်လာသော 'လေနတ်သား' သတင်းစဉ်ကို လေယောဉ်ပျံ ဗိုက်တံခါးကို ဖွင့်ပြီး
ကြဲချပါတယ်။ ဗမာပြည် ဂျပန်အုပ်ချုပ်စဉ် မဟာမိတ်တပ်က ဗမာ ပြည်သူ ပြည်သား ဖတ်ရှုရန် ကော်ပီစာအုပ်အရွယ် စာရွက်
နှစ်ရွက်ပါသော လေနတ်သား အမည်ရှိ သတင်းစဉ်ကို အပတ်စဉ် ထုတ်ဝေပြီး လေယာဉ်ပျံဖြင့် ဗမာပြည်သို့ လာရောက်ကြဲချပါတယ်။
လေနတ်သား စာစောင်ကို တချို့က 'ပေဖူးလွှာ' လို့ ခေါ်ကြပါတယ်။ ပါပါ ကုလားပြည် မသွားမီ ဗမာပြည်မှာ နေစဉ် လေနတ်သား
စာစောင်ကို ဖတ်ဖူးပါတယ်။ ပါပါတို့ လေနတ်သား စာစောင်များ ချအပြီးမှာ လေယာဉ်ပျံအနားမှာ လဲ့ခနဲ၊ လဲ့ခနဲ အလင်းရောင်
တွေ့ရသဖြင့်       ဂျပန်    အမြောက်ပစ်ကျည်ဆံမျာွးဲ
                                                       ပေါက်ကကြောင်း      သိရှိရပါတယ်။     ကျည်ဆံ      ပေါက်ကွဲပြီး   လဲ့ခနဲ့၊   လဲ့ခနဲ့
ွဲ
အလင်းရောင်ကိုပဲ မီးပန်း ပေါက်ကသလို ဖြစ်နေသဖြင့် ကြည့်ကောင်းသလို ဖြစ်နေတယ်။ တခါတလေလဲ ကျည်ဆံ အစအနများ
ွ
လေယာဉ်ပျံကိုပဲ လာများ ထိနေသလားလို့ ထင်မိပါတယ်။ ဗုံးကြဲသော လေယာဉ်ပျံအုပ် ပြန်သားသောအခါ ပါပါတို့ လေယာဉ်ပျံလဲ
ွ
ပြန်လိုက်သွားရာ ဂျက်ဆိုသို့ မိုးလင်းခါနီး ပြန်ရောက်သားပါတယ်။
            ဂျက်ဆိုလေဆိပ်သို့ ရောက်သောအခါ လေယာဉ်ပျံအမြီးပိုင်းမှာ နေသော စစ်သားက ပါပါ သူ့ဆီလာပြီး ထစကားပြောသော
နေရာမှာ       ဂျပန်အမြောက်ကျည်ဆံအစအန              လာရောက်ထိမှန်ပြီး    သူ့ဘေးနာွး
                                                                                    ရှပ်သားတဲ့အကြောင်း၊      ပါပါသာ     လေယာဉ်ပျံထဲ
ပြန်မသွားဘဲ ရှိနေလျှင် ပါပါ့ကို ထိမှန်မှာ သေချာကြောင်း၊ ပါပါ သိပ် ကံကောင်းတဲ့အကြောင်း လာရောက် ပြောကြားပါတယ်။
လေယာဉ် အမြီးပိုင်းကို ပါပါတို့ သွားကြည့်သောအခါ သူပြောသည့်အတိုင်း ပင် တွေ့ရပါတယ်။ ပါပါစိတ်ထဲမှာ လာဘ်ကျော်ပြီလို့
ထင်မိပါတယ်။
             ဂျက်ဆိုစခန်းမှာနားပြီး မတ်လ (၃ဝ) ရက်နေ့ညနေမှာ လေထီးဖြင့် ဆင်းရန် အတွက် ထပ်မံ ထွက်ခွာသွားရပါတယ်။
ပထမတကြိမ်မှာ          ကဲ့သို့   ပင်   စက်ခေါင်းလေးလုံးရှိ   'လစ်ဘရေးတာ'      အမျိုးအစား    လေယာဉ်ပျံနှင့်     သွားရပါတယ်။        ချိန်းဆို
သတ်မှတ်ထားသော နေရာသို့ သန်းခေါင်ယံ အချိန်မှာ ရောက်ရှိပြီး အချက်ပြ 'တီ' ပုံစံ မီးပြထားသည်ကို တွေ့ရှိရသဖြင့် ပါပါတို့
လေထီးဖြင့် ဆင်းရန် လေယာဉ်ပျံ ဗိုက်တံခါးကို ဖွင့်ပြီး ဇယားထဲမှ ခြေထောက်ကာထားကာ အသင့်အနေအထားမှာ နေရပါတယ်။
အဝမှာ မီးနီ လင်းလာပြီး မီးစိမ်း လင်းလာသောအခါ၊ ကာထားသော ခြေထောက်ကို စုလိုက်ရုံဖြင့် တယောက်ပြီး တယောက်
အောက်သို့ လျှောကာ သွားပါတယ်။ လဆုပ် (၃) ရက်ဖြစ်သဖြင့် လရောင်ကြောင့် အောက်ကို ကောင်းမွန်စွာဖြင့် မြင်ရပါတယ်။
မြေပေါ်အရောက်မှာ လေ့ကျင့်ထားသည့်အတိုင်း လှိမ့်ပတ်ပြီး ပြန်ထရာ မထနိုင်တော့ပါ။
            ခဏနေ ပြောက်ကျားရဲဘော်တယောက် ရောက်လာပြီး မရှေးမနှောင်းပင် တခြားရဲဘော်များ ရောက်လာကြပါတယ်။ ပါပါ လုံးဝ
မထနိုင်ခြင်းမှာ ပေါင်ကျိုးသွားခြင်းကြောင့် ဖြစ်ပါတယ်။ မြေပေါ်အရောက် အလှိမ့်မှာ ညာဘက်ပေါင် ကန်ဆင်းပေါ် လှိမ့်မိသဖြင့်
ကျိုးသွားခြင်း ဖြစ်ပါတယ်။
            မြေပေါ်မှာ စောင့်နေသော ပြောက်ကျား ခေါင်းဆောင် သခင်သန်းဖေက ပါပါ့ကို လုံခြုံသော နေရာသို့ ပို့ရန် အစီအစဉ်
လုပ်ပါတယ်။ လေထီးဖျင်ကို ၀ါးနှစ်လုံးကြားမှာ ချည်နှောင်ပြီး ထမ်းစင်အဖြစ် လုပ်ပါတယ်။ ထမ်းစင်ကို ဘေးနားမှာ လာချပြီး
ွ
ထမ်းစင်ပေါ်သို့ ပါပါ့ကို မတင်ကြသောအခါ နာကျင်လန်းသဖြင့် အမိန့် မခံနိုင်ပါ။ နှစ်ခါ သုံးခါ ထပ်မံ မ သော်လည်း အကြောင်း မထူးပါ။
ွ
အချိန်ကလည်း တဖြည်းဖြည်း ကုန်သားသဖြင့် မိုးလင်းလျှင် ဂျပန်တွေ သိရှိပါလျှင် အားလုံးအတွက် ဒုက္ခဖြစ်မည် ဖြစ်သောကြောင့်
နံနက် (၄) နာရီအချိန်မှာ ပါပါ့ကို ဇွတ် မ တင်ကြပါတယ်။ ထမ်းစင်ပေါ် ရောက်သည်နှင့် တပြိုင်နက် ပါပါ့ကို ထမ်းသွားကြပါတယ်။
ရရှိသော ဒဏ်ရာကြောင့်ဖြစ် ပေါ်လာသော နာကျင်မှုကို ကျိတ်မှိတ် အောင့်အည်း သည်းခံလျက် နေရပါတယ်။ ပါပါ့ကို ထမ်းသွားစဉ်
ကျိုးသော နေရာမှာ အရိုးပွတ်တိုက်မှုကြောင့် ခံစားရသော နာကျင်မှုသည် ပါပါ့တသက်တာမှာ အနာကျင်ဆုံး ဖြစ်ပါတယ်။ နံနက်
မိုးမလင်းမီ ကြိုပင်သာရွာကို ရောက်ပြီး စာသင်ကျောင်းမှာ ပါပါ့ကို ထားပါတယ်။
        ကြိုပင်သာရွာ စာသင်ကျောင်းကို ပြောက်ကျားဌာနချုပ် အဖြစ် အသုံးပြုထားသောကြောင့် တော်လှန်ရေး ရဲဘော်၊ ရဲမေများ
အလုပ်များလျက် နေကြပါတယ်။ ဂျပန်တော်လှန်ရေးအတွက် အားလုံး စိတ်ထက်သန်လျက် နေကြပါတယ်။ ပါပါလဲ ဒဏ်ရာကြောင့်
ဘာမျှ မစားနိုင်ပါ။ ဒုတိယနေ့မှာ အနည်းငယ် စားနိုင်ပါတယ်။ ဒုတိယနေ့ည (၉) နာရီ အချိန် ပြောက်ကျား ခေါင်းဆောင်များ
သွားရောက် ခေါ်လာသဖြင့် တောင်ငူ ဆေးရုံမှ လက်ထောက် ဆရာဝန် ဦးဖေကျင် ရောက်လာပါတယ်။ (ကျန်းမာရေး ဌာန
ညွှန်ကြားရေးဝန် အငြိမ်းစား) ဆရာဝန် ဦးဖေကျင်က ကြိုးတချောင်း ယူခိုင်းပြီး ပါပါခါးဆစ်က နေဒူးအထိ ခြေနှစ်ဖက်စလုံးကို
တိုင်းထွာပြီး ပါပါ ပေါင်ရိုး မကျိုးကြောင်း၊ ပါပါရှေ့မှာ မှတ်ချက်ချပါတယ်။ ကွယ်ရာမှာ မည်သို့ မှတ်ချက်ချသည်ကို ပါပါ မသိပါ။ လူနာကို
အမှန်အတိုင်း မပြောရန်မှာ ဆရာဝန်၏ တာဝန် တရပ်ဖြစ်ကြောင်း၊ ပါပါ နားလည်ထားပါတယ်။
        (ပါပါဝန်ကြီးအဖြစ် ပြည်မြို့သို့ နယ်လှည့် ခရီးထွက်စဉ် ဦးဖေကျင်နှင့် ပထမဆုံး ပြန်လည် တွေ့ဆုံကြပြီး နောက်ပိုင်းမှာလည်း
ဲ
တွေ့ဆုံကြပါသေးနယ်။ ပါပါ ဝန်ကြီးဖြစ်စဉ် နိုင်ငံခြား ပညာတော်သင် လွှတ်သော အဖွ့မှာ အဖွ့ဝင် တယောက် ဖြစ်သဖြင့် လေယာဉ်ပျံ၊
ပျံသန်း သွားလာမှု ထိန်းသိမ်းရေး ဆိုင်ရာ ပညာရပ်ကို ပညာတော်သင်အဖြစ် လျှောက်ထားသော လူများကို ခေါ်ယူ စစ်ဆေးရာ
ဒေါက်တာ ဦးဖေကျင် ညီတယောက် ပါလာပါတယ်။ ဒေါက်တာ ဦးဖေကျင်ညီ ဖြစ်သဖြင့် ဂျပန်ခေတ် ဘယ်မှာနေသလဲလို့ ပါပါက
မေးသဖြင့် သူ့အစ်ကိုနှင့် တောင်ငူမှာ အတူ နေကြောင်း ပါပါ လေထီးဖြင့် ဆင်းပြီးနောက်၊ ဒဏ်ရာရ၍ သူ့အစ်ကို သွားကြည့်သောအခါ
ဲ
သူပါ လိုက်သွားကြောင်း ဖြေကြားပါတယ်။ အဖွ့ဝင်လူကြီးများက သူ လျှောက်ထားသော ဘာသာရပ်မှာ ပညာတော်သင် အဖြစ် သူ့ကို
ရွေးချယ်လိုက်ပါတယ်။)
ဒေါက်တာဦးဖေကျင်ွ
                       ပြန်သားပြီး   မကြာမီ     စာသင်ကျောင်းမှ      ရွာထဲ    အိမ်တအိမ်သို့     ပါပါကို   ပြောင်းရွှေ့ထားပါတယ်။
ပြောင်းရွှေ့သောအခါ နာကျင်ခြင်း မရှိရန် ပါပါ့အတွက်က အထူး ပြုလုပ်ထားသော ဝါးကပ်ထမ်းစင်ဖြင့် ထမ်းဆောင်သွားကြပါတယ်။
သခင်သန်းဖေ၏ စီမံ ညွှန်ကြားချက်အရ ပါပါကို စောင့်ရန် တာဝန်ကျသော ရဲဘော်များသည် ဒေါက်တာ ဦးဖေကျင်က ပေါင်မကျိုးဟု
မှတ်ချက်ချထားသဖြင့် နံနက်လင်းသောအခါ ကျပ်ပူထိုးရန် အသုံးပြုသော သက်ရင်းကြီးရွက် အစရှိသော ဆေးရွက်များကို ထုတ်ကာ
ကျပ်ပူထိုး ပေးကြပါတယ်။ ဧပြီလ (၂) ရက် နေ့လယ် အချိန်မှာ ပါပါ ခြေထောက်ကို ကျောက်ပတ်တီး စည်းရန် အတွက်
ကျောက်ပတ်တီး ဘူးများကို ရဲဘော် တယောက်လာပို့ ပါတယ်။
        (ပါပါ့ ခြေထောက် ကျိုးကြောင်း ကာလကတ္တား စစ်ဌာနချုပ်သို့ သတင်းပို့သဖြင့် နောက်တနေ့ညမှာ ကျောက်ပတ်တီးကို
ဲ
လေယာဉ်ဖြင့် လာရောက်ချပေးခြင်း ဖြစ်တယ်၊ ကျောက်ပတ်တီးကို သွားရောက် စောင့်ယူသော အဖွ့မှ လူတယောက်သည်
ကံမကောင်းသဖြင့် မြွေဆိုး ကိုက်ခံရသောကြောင့် သေဆုံးပါတယ်)
ဲ
       ကျောက်ပတ်တီးများ ရရှိပြီး ညနေအချိန်မှာ ရဲဘော်တယောက် ရောက်လာပြီး သခင်သန်းဖေထံမှ ကြေကွဘွယ်ရာ သတင်းကို
လာရောက် ပြောကြားပါတယ်။ သတင်းမှာ မနေ့ည၊ နေဂျက်ဆိုမှ တောင်ငူသို့ လေထီးချရန် ထွက်လာသော လေယာဉ်ပျံသည်
လေဆိပ်မှ တက်ပြီး ငါးမိနစ် အကြာတွင် မီးလောင် ပေါက်ကြွဲ ပီး ပျက်ကျသဖြင့် သခင်ဗိုလ် အပါအဝင် လေယာဉ်ပျံပေါ်တွင် ပါလာသော
လူများ အားလုံး သေဆုံးကြောင်းပင် ဖြစ်ပါတယ်။ ယင်းသတင်းကို ကြားရသော အခါ မယုံနိုင်လောက်အောင် ဖြစ်ပြီး ဗိုလ်လှဖေကို
ွဲ
တကောင်းပို့ရန် ကိစ္စနှင့် သဘော ကွလခ့သော်လည်း၊ သခင်ဗိုလ် သေဆုံးကြောင်း ကြားသိရသော အခါ ပါပါအလွန်မှ စိတ်မကောင်း
ဖြစ်မိပါတယ်။
       ပါပါ သခင်သန်းထွန်းရုံးမှာ အမှုထမ်းစဉ် သခင်ဗိုလ်နှင့် သိကျွမ်း ရင်းနှီးပြီး သခင်ဗိုလ်မှ တဆင့် သခင်သန်းထွန်း ကို သိရှိရခြင်း
ဖြစ်ပါတယ်။ သခင်ဗိုလ်နှင့် သခင်သန်းထွန်း တို့ကို အကြောင်းပြုပြီး ပါပါ နိုင်ငံရေး နယ်ပယ်ထဲ ရောက်ရှိသွားပါသဖြင့် သူတို့သည်
ပါပါ၏ နိုင်ငံရေးဆရာများ ဖြစ်ကြပါတယ်။
ွ
         သခင်ဗိုလ်သတင်းကို ကြားရပြီး ရွာထဲရှိ နောက်တအိမ်သို့ ညဘက်တင် ပါပါ ထပ်မံ ပြောင်းရွှေ့သွားရ ပြန်တယ်။
ွ
နောက်တအိမ်တင် နေစဉ် ပြောက်ကျားတပ်သားများ ထန်းတပင်မြို့ကို ညဘက် ဝင်ရောက် တိုက်ခိုက်ကြပါတယ်။ ဂျပန်များ
ွဲ
အငိုက်မိသဖြင့် အထိနာကြောင်း၊ တိုက်ပတင် ပါဝင်သော ရဲဘော် တယောက်က ပါပါကို ပြန်လည် ပြောပြပါတယ်။ နောက်အိမ်တင်
ွဲ
နှစ်ရက်ကြာပြီး လယ်ကင်းထဲရှိ လယ်တဲ တတဲသို့ ပြောင်းရွှေ့သွားရပြန်တယ်။ ယင်းလယ်တသို့ ရောက်ပြီး နှစ်ရက်အကြာ တညနေ
ွ
အချိန်တင် ပါပါဆီသို့ သခင်သန်းထွန်းနှင့် သခင်သန်းဖေတို့ ရောက်လာကြပါတယ်။ ပါပါ့ကို လာရောက်အားပေး စကားပြောခြင်း
ဖြစ်ပါတယ်။ တနာရီကြာမျှ နေသွားပြီး မပြန်မီ ပါပါ နေထိုင် စားသောက်ရေးနှင့် လုံခြုံမှုအတွက် အစီအစဉ်များ ပြုလုပ်ပေးသွားပါတယ်။
ွ
       လယ်ကင်းထဲမှာ ပိုင်ရှင် လင်မယားနှစ်ယောက် အပြင် ကလေးငယ် သုံးလေးယောက် ရှိပါတယ်။ လယ်သမား ပီပီလယ်လုပ်ရန်
ဲ
ကျွ၊ နွား၊ လှည်း၊ ထွန်တုံး၊ ထွန်တံ အစရှိသည်တို့ အစုံအလင် ရှိပါတယ်။ သခင်သန်းထွန်းနှင့် သခင်သန်းဖေတို့ ပြန်သွားပြီး
ဲ
နောက်တနေ့ နေ့လယ် လယ်ထမှာရှိသော လူများ လှုပ်လှုပ် ရွရွ ဖြစ်ကာ လှည်းသံ၊ ခြူသံလဲ ကြားရပါတယ်။ လူတွေလဲ မျက်စိမျက်နှာ
ပျက်ကြတယ်။ ပါပါက အခန်းထဲမှာ နေရသဖြင့် အပြင်မှာ ဘာဖြစ်နေမှန်း အတိအကျ မသိသော်လည်း ဂျပန်လာနေမှန်းတော့
သိရပါတယ်။ ဂျပန်လာရင် ပစ်ရန် ပါပါ ကိုင်ဆောင်ထားသော ဒသမ ၄၅ ပစ်စတို သေနတ်ကို မောင်းတင်ထားပြီး အခန်း တံခါးဝကို
ချိန်ရွယ်ထားပါတယ်။        တချိန်တည်းမှာ     ပါပါနှင့်     ပါလာသော        ဖန်ပြွန်ထမှာ
ဲ        ထည့်ထားသည့်        အဆိပ်နှစ်လုံးကို       လိုရမည်ရ
ငုံထားလိုက်ပါတယ်။ ဂျပန်လာရင် ယမ်းတောင့် ရှိသလောက် ပစ်ပြီး အဆိပ်မြိုချရန် သန္နိဋ္ဌာန် ချထားပါတယ်။
          တဲရှေ့မှာ ဂျပန် စကားပြောသံ ကြားရပြီး မကြာမီလှည်းသံ၊ ခြူသံနှင့် အတူ ဂျပန် အသံလည်း ပျောက်ကွယ်သွားပါတယ်။
ွ
ဂျပန်များ လှည်း လေးငါးစီးဖြင့် တဲရှေ့ ဖြတ်သားစဉ် ရေ ဝင် တောင်းသောက်ပြီး ပြန်လည် ထွက်ခာသွားကြောင်း နောက်မှ
သိရှိရပါတယ်။ ဤလိုအဖြစ်မျိုး နှင့် နောက်ထပ် တနေရာမှာ တွေ့ကြုံရပါသေးတယ်။ ရွာထဲသို့ ဂျပန်များ ဝင်ရောက်ရှာဖွေပြီး ပါပါ
ဲ
နေသော ရွာပြင်တသို့ မရောက်ပါ။
           ပါပါ လေထီးဖြင့် ဆင်းပြီး နှစ်ပတ်အကြာမှာ ရရှိသော ဒဏ်ရာသည် ပျောက်ကင်းခြင်း မရှိသည့်ပြင် တချက်တချက်
ကိုက်လာသဖြင့် ပြောက်ကျား တပ်သားများ၏ စီစဉ်ပေးချက်အရ ရှမ်းဘုန်းကြီးတပါး ပါပါကို လာရောက် ကုသပေးပါတယ်။ ကုသပုံ
ဲ
ကုသနည်းမှာ ကျိုးသော ခြေထောက်ကို ခါးမှနေ၍ ခြေဖျားထိ စုတ်တံကို ဆေးရည်ထမှာ နှစ်မြုပ်ပြီး အပြန်ပြန် အလှန်လှန် ထိုးပါတယ်။
၎င်းနောက် ခြေထောက်ကို စောင်ဖြင့် ဖုံးထားပါသဖြင့် ပူရှိန်ရှိန် ဖြစ်လာပါတယ်။ နာရီဝက်ခန့် ကြာသောအခါ စောင်ကို ဖယ်ရှားပြီး
ွဲ
ခြေထောက်ပေါ် ဝါးတန်းဖြင့် ကြိုတင် ချိတ်ဆထားသော ဝါးဘူးသုံးဘူးမှ ရေများ၊ ခြေထောက်ပေါ်သို့ တစက်ချင်းကျဆင်း စေရန်
ွဲ
ဘူးစွပ်ကို လိုသလောက် ဆွဖင့်ပါတယ်။ ရေတစက်မှာ ပေါင်ရင်းတစက်မှာ ဒူးနှင့် ကျန်တစက်မှာ ခြေမျက်စိတင် ကျလာပါတယ်။
ွ
ဓာတ်စာအဖြစ် ကြက်သားနှင့် ဂွေးတောက်ရက်ကို ဆန်နည်းနည်း ထည့်ပြီး ပြုတ်သောက်ရန် ပေးပါတယ်။ ဤကုသနည်း အတိုင်း
တရက်ခြား သုံးကြိမ်တိုင် ဘုန်းကြီးက လာရောက် ကုသပေးပါတယ်။
          ဘုန်းကြီး ကုသပြီး တပတ်ခန့် အကြာမှာ ပါပါ့ ဒဏ်ရာသည် သိသိ သာသာ သက်သာလာသဖြင့် အိပ်ရာပေါ်မှာ ထိုင်နိုင်ပြီး
ကိုက်ခဲ    နာကျင်ခြင်း    မရှိတော့ပါ။    ပါပါလဲ    တနေရာမှာ          တပတ်အပြင်       မနေရဘဲ        စစ်တောင်းမြစ်   မြို့ဆိုးရွာ     တဖက်ကမ်း
အရှေ့ပိုင်းအရပ်ဒေသ တဝိုက်မှာ တနေရာမှ တနေရာသို့ ပြောင်းရွှေ့ နေထိုင်ရပါတယ်။ ဤကဲ့သို့ ပြောင်းရွှေ့နေထိုင်ရန် အသွားတွင်
ဲ
တနေရာမှာ ဂျပန်က အထွက် ပါပါက အဝင် တေ့ကာ လွသောအခါလည်း ကြုံရပါတယ်။ ပါပါ့ကို ပြောင်းရွှေ့သော အချိန်သည်
ဲ
ညဘက်ဖြစ်ပြီး နေထိုင်ရသော နေရာများမှာ ရွာပြင်ခြံတ၊ ယာတဲများမှာ ဖြစ်သဖြင့် ဘယ်နေရာ ဘယ်အရပ် ဖြစ်သည်ကို ပါပါ
အတိအကျ မပြောနိုင်တော့ပါ။
           ပါပါ   တနေရာမှ      တနေရာသို့     လုံခြုံမှုအတွက်        ပြောင်းရွှေ့   နေထိုင်ရသော်လည်း         နယ်တာဝန်ခံ       သခင်သန်းဖေနှင့်
အဆက်အသွယ် အမြဲ ရှိပါတယ်။ အရေးကြီးသော သတင်းများကို သခင်သန်းဖေထံမှ မှန်မှန် ရရှိပါတယ်။ ပါပါ ကိုယ်တိုင်
ထွက်မတိုက်နိုင်သော်လည်ဲး
                                လက်နက်ခယမ်း             မီးကျောက်    အလိုရှိသော      သူများ      ပါပါ့ဆီ   လာရောက်     တောင်းခံသောအခါ၊
ွ
သခင်သန်းဖေမှ တဆင့် စီစဉ် ဆောင်ရက်ပေးပါတယ်။ နေ့စဉ်နှင့် အမျှ ပြောက်ကျား တပ်သားများ၏ လှုပ်ရှားမှု သတင်းများကို
ွ
ကြားသိရပြီး ညစဉ် သေနတ်သံ ကြားရပါတယ်။ စစ်တောင်းမြစ်အတိုင်း ညဘက်တင် ဖောင်ဖြင့် စုန်ဆင်းလာသော ဂျပန်တပ်များကို
ွ
ကမ်းဘေးမှ သွားရောက် ပစ်ခတ်သော သေနတ်သံသည် ညစဉ်လို ကြားရပြီး တကြိမ်တင် ကြိမ်တော မြောင်ရွာဘက်ဆီမှ
ထွက်ပေါ်လာသော သေနတ်သံများသည် အတော်ပင် ပြင်းထန်လှပါတယ်။
            ဇွန်လဆန်းတွင်     မဟာမိတ်တပ်များ        တောင်ငူမြို့ကို      သိမ်းပိုက်ပြီးကြောင်း    သတင်းရရှိပြီး    မကြာမီ         ရက်အတွင်းမှာ
အင်္ဂလိပ်စစ်တပ်မှ        တိုက်ကင်းတစုသည်         ပါပါကို      ပြန်ခေါ်ရန်အတွက်         ပါပါ    နောက်ဆုံး       ပုန်းအောင်းနေသော          နေရာသို့
ရောက်ရှိလာပါတယ်။
ကုလားပြည်မှတဆင့် တောင်ငူမှ ရန်ကုန်
ွဲ
          မြို့ဆိုးရွာနှင့် မြို့ဆိုးရွာတဖက်ကမ်းမှာ အင်္ဂလိပ်စစ်တပ်များ တပ်စထားပြီး ဖြစ်၍ မြို့ဆိုးမှ တဆင့် တောင်ငူသို့ သွားရန် ပါပါ့ကို
လာရောက်ခေါ်သော တပ်စိတ်မှူး၏ ညွှန်ကြားချက်အရ ပါပါ နောက်ဆုံး ပုန်းအောင်းနေရာမှ မြို့ဆိုးရွာ တဖက်ကမ်းသို့ လှည်းဖြင့်
သွားပါတယ်။ မိုး တဖြိုက် နှစ်ဖြိုက် ရွာထားခြင်းကြောင့် လှည်းလမ်း သိပ်မကောင်းသဖြင့် တချို့နေရာများတွင် နွား မရုန်းနိုင်သောအခါ
ပါပါကို လိုက်ပို့သော ပြောက်ကျား ရဲဘော်များက လှည်းကို တွန်းပေးရပါတယ်။ မြို့ဆိုးရွာ တဖက်ကမ်း စစ်တောင်း မြစ်ကမ်းခြေသို့
ွ
ရောက်ရှိသောအချိန်မှာ နေလုံးပင် ကွယ်သားပြီး ဝန်းကျင် တခုလုံးမှာလည်း မှောင်စ ပြုလာပြီမို့ ပါပါ ပုန်းအောင်း တိမ်းရှောင်ခဲ့သော
အရှေ့ဘက်တလွှား တောင်တန်းကြီးများလည်း မှုန်ဝါးလျက် ရှိနေလေပြီ။
          ကမ်းနားမှာ အဆင်သင့် စောင့်နေသော စက်တပ်ထားသည့် ကူးတို့ လှေကြီးပေါ်သို့ ပါပါ ရောက်ရှိပြီးနောက် ကူးတို့လှေကြီး
စတင် ထွက်ခွာသွားသောအခါ ပါပါကို လိုက်ပို့သော ပြောက်ကျား ရဲဘော်များနှင့် ပါပါ အပြန်ပြန် အလှန်လှန် လက်ဝှေ့ယမ်း
နှုတ်ဆက်ကြပါတယ်။ မုတ်သုန်ရာသီ ရောက်ပြီး ဖြစ်သော်လည်း မိုးတဖြိုင်ဖြိုင် မရွာသေး။ နဆုန်မိုးသေး မြက်သားမွေး ဆိုသည်ထက်
ွ
ပိုရုံမျှသာ ရှိပါသေးတယ်။ မိုးတိမ် မိုးသားများ ကင်းစင်၍ သာယာလျက်ရှိသော အချိန် သမယ၌ စစ်တောင်းမြစ်ရေသည် တသွင်သင်
စီးဆင်းကာ လေကလေး တဖြူးဖြူး တိုက်ခတ်လျက် နေပါတယ်။ မကြာမီ ကူးတို့လှေကြီး သည် မြို့ဆိုးဘက်ကမ်းသို့ ရောက်ရှိပြီး
အဆင်သင့် စောင့်ဆိုင်း နေသော လူနာတင် မော်တော်ကားပေါ်သို့ မတက်မီ ပုန်းအောင် တိမ်းရှောင်စဉ် အသုံးပြုခဲ့သော ဝါးတပ်
ွဲ
ထမ်းစင် ပေါ်မှ ဆေးရုံသုံး ထမ်းစင်ပေါ်သို့ ပြောင်းရွှေ့ နေရာယူပြီးနောက် ပါပါ့ကို ကျဲပမှ တဆင့် တောင်ငူသို့ ခေါ်ဆောင်သွားပါတယ်။
ဲ
       တောင်ငူမြို့ ရှေ့တန်း လူနာစခန်းသည် ရွက်ထည်တပင် ဖြစ်ပြီး လူနာများကို ထမ်းစင်ပေါ်တွင် ထားပါတယ်။ ပါပါ ရောက်ရှိပြီး
ွ
မကြာမီ လှံစွပ် အထိုး ခံရသော လူနာတယောက် ထမ်းစင်ဖြင့် ရောက်ရှိလာပါတယ်။ ဂျပန်က လှံစပ်ဖြင့် ထိုးပြီး သေသည်ဟု
ထင်မှတ်ကာ ထားခဲ့သော လူနာ ဖြစ်ပါတယ်။ ယင်းလူနာသည် ရရှိသော ဒဏ်ရာကြောင့် တညလုံး ညည်းတွားသည်က တကြောင်း
အနောက်ရိုးမတောင်မှ ပိတ်ဆို့ခံနေရသော ဂျပန် စစ်တပ်က တောင်ငူကို ဖြတ်ပြီး အရှေ့ရိုးမတောင်သို့ သွားနိုင်ရန် တောင်ငူမြို့ကို
ွဲ
မော်တော်ဗုံးဖြင့် တညလုံး ထုနေသဖြင့် ပေါက်ကသံများ အပြင် ဗုံးနှစ်လုံး သုံးလုံး လူနာတဲစခန်း အနီး ကိုက်တရာခန့် အကွာမှာ
လာရောက် ကျသည်က တကြောင်း၊ ဤအကြောင်းများကြောင့် ပါပါ ကောင်းကောင်း အိပ်လို့ မရပါ။
        မိုးလင်း၍ နံနက် (၉)နာရီ အချိန်မှာ လူနာတင် လေယာဉ်ပျံငယ် တစင်းသည် မိတ္ထိလာသို့                         ပို့ရန် ပါပါ့ကို လာရောက်
ဲ
ခေါ်ယူပါတယ်။ မိတ္ထီလာတွင် ဖွင့်လှစ်ထားသော ရှေ့တန်း စစ်ဆေးရုံသည် ရွက်ထည်တပင် ဖြစ်လင့်ကစား တတဲလျှင် သံခုတင်ဖြင့်
လူနာ ခြောက်ယောက် ချောင်ချောင် ချိချိ ထားနိုင်သော တဲများ ဖြစ်ပါတယ်။ ဆရာဝန်နှင့် သူနာပြုဆရာမများ စုံစုံလင်လင် ရှိသည့်ပြင်
ဆေးရုံ အင်္ဂါရပ်များနှင့်လည်း ပြည့်စုံပါတယ်။ ပါပါကို ထားသော လူနာတဲမှာ ပါပါက လြွဲ ပီး ကျန်လူနာများမှာ အင်္ဂလိပ်လူမျိုးများ
ဖြစ်ကြပါတယ်။ ညနေတွင် ပါပါ ခြေရင်းမှာ ရှိသော လူနာတယောက် အူရောင်ရောဂါဖြင့် ကောမီလာ စစ်ဆေးရုံသည် ရှေ့တန်း
လူနာများကို တထောက်နား သဘောမျိုး လက်ခံကုသပေးသော ဆေးရုံဖြစ်ပါတယ်။ စစ်အတွင်း အသုံးပြုရန်ဖြစ်သည့် အားလျော်စွာ
အဆောက်အအုံကို သစ်နှင့် ဝါး ကိုသာ အသုံးပြုပြီး ဆောက်လုပ်ထားပါတယ်။ နာတာရှည် လူနာများကို စခန်းအိမ်မှ မဒရာဇ်ဘတ်
ွ
အခြေချ စစ်ဆေးရုံသို့ ပို့မည်ဖြစ်ကြောင်း ကောမီလာ စစ်ဆေးရုံတင် သိရှိရပါတယ်။
            ကောမီလာစစ်ဆေးရုံမှာ    သုံးလေးရက်နေရပြီး         တခြားလူနာများနှင့်   အတူ     စစ်တကောင်း        စစ်ဆေးရုံသို့   ပို့ပြန်တယ်။
စစ်တကောင်းမှာ တထောက်ရပ်နားပြီး ၎င်းမှ နေ၍ မဒရပ်မှ တဆင့် စခန်းဒရပ်ဘတ် အခြေချ စစ်ဆေးရုံသို့ ပို့ရန် ဖြစ်ပါတယ်။
       စစ်တကောင်းစစ် ဆေးရုံသည် ကောမီလာ စစ်ဆေးရုံထက် ကြီးပြီး လူနာများကို ရောဂါ ဝေဒနာ အလိုက် ခွဲခြားပါသဖြင့် ပါပါ့ကို
အရိုးကုသသော အဆောင်သို့ ပို့ပါတယ်။ ပါပါ နေရသော အခန်းမှာ လူနာ နှစ်ဆယ်ခန့် ရှိပြီး ဘေးနား လူနာတယောက်မှာ
ခြေနှစ်ဖက်စလုံးနှင့် လက်တဖက် ကျိုးပါတယ်။ ခြေရင်းလူနာကို ခြေနှစ်ဖက်နှင့် လက်တဖက်ကို ကြိုးဖြင့် ဆိုင်းထားရပါသဖြင့် ရုပ်သေး
မင်းသားလို ဖြစ်နေပါတယ်။ နှစ်နာရီတကြိမ် (ပင်နီစလင်) ဆေးထိုးနေသဖြင့် ထိုးစရာနေရာ မရှိသလောက် ဖြစ်ပြီး ဝေဒနာကြောင့်
တခါတခါ ညည်းတွား ပါတယ်။
ွဲ
မိုးလရာသီဖြစ်၍ စစ်တကောင်းမြို့တွင် မိုးသည် အခါမသင့် ရွာပြီး စွေ၍ မိုးဖွဖကလေး ရွာတတ်သလို တစ်ခါတလေ သဲကြီးမဲကြီးလည်း
ရွာသည့်ပြင် လေပြင်းပါ တိုက်ခတ်တတ်ပါတယ်။ မိုးကောင်းကင်သည် မိုးသားများ ကင်းစင်ပြီး လင်းလာသည်ဟူ၍ မရှိ။ မိုးမရွာသော
ွိ
အခါများ၌ အမြဲပင် အုံ့မှိုင်းမှုင်းရှိပြီး စွတ်စတ် စိုစို ဖြစ်နေပါသဖြင့် စစ်တကောင်းမြို့တွင် နေရစဉ် စိတ်ကြည်လင် သာယာခြင်း
မရှိလှပေ။
ွ
         စစ်တကောင်း စစ်ဆေးရုံမှာ နှစ်ပတ်ခန့် နေပြီးနောက်၊ မွန်းလဲပိုင်း အချိန်တင် တခြားလူနာများနှင့် အတူ ပါပါကို
ပင်လယ်ကူးသင်္ဘောဖြင့် မဒရပ်မြို့သို့ ပို့ပါတယ်။ လူနာတင်သင်္ဘောသည် 'ဗစ်တာ'ဖြစ်ပြီး စစ်မဖြစ်မီ ရန်ကုန်နှင့် ကာလကတ္တား
ခုတ်မောင်းသော ဘီအိုင်အက်(စ)အိုင်(န) ကုမ္ပဏီပိုင် သင်္ဘော ဖြစ်ပါတယ်။ ခရီးသည် တင်ဆောင်သော သင်္ဘောမှ လူနာတင်သင်္ဘော
ဲ
ဖြစ်သည့်အားလျော်စွာ ဘေး နှစ်ဖက်နှစ်ချက်နှင့် ခေါင်းတိုင်မှာ ကြက်ခြေနီ အမှတ်အသားများ ရေးဆွထားပါတယ်။
        ပါပါကို ထားသော အခန်းတွင် လူနာများ ခြောက်ယောက်ရှိပြီး ပါပါ့လို လမ်း မလျှောက်နိုင်၍ အိပ်ရာပေါ်မှာ နေရသော
ွ
လူနာများ ဖြစ်ပါတယ်။ မိုးတွင်းဖြစ်သည့်အားလျော်စာ ညဘက်တင် လေလှိုင်း ထန်သောကြောင့် သင်္ဘော လူးလှိမ့်နေသဖြင့်
ကောင်းမွန်စွာ အိပ်၍ မရပါ။ နံနက် မိုးလင်း၍ နေထွက်လာသောအခါ လေပြင်း လှိုင်းငြိမ် ဖြစ်သဖြင့် လမ်းလျှောက်နိုင်သော
လူနာများအား      ပင်လယ်ပြင်    ရှုမြှော်ခင်းကို   ကြည့်ရင်း    လေကောင်း       လေသန့်များ     ရှူရှိုက်နိုင်ရန်အတွက်     ကုန်းပတ်ပေါ်သို့
ွ
တက်ခင့်ပြုပါတယ်။      အိပ်ရာပေါ်မှာ      နေရသော        လူနာများအဖို့မှာ     ပင်လယ်ပြင်     ရှုမျှော်ခင်းကို    ပြတင်းပေါက်မှ      တဆင့်
လှမ်းမျှော်ကြည့်ရပါတယ်။
        စစ်တကောင်းနှင့် မဒရပ် ပင်လယ်ခရီးသည် သုံးည နှင့် သုံးရက် ခုတ်မောင်းရသော ခရီးဖြစ်ပြီး မဒရပ်သို့ ရောက်သွားမည့်
ဲ
နေ့နံနက် (၁ဝ) နာရီအချိန်မှာ သင်္ဘော ဥသြ ဆွသံကို ကြားရပြီး မကြာမီ ပါပါတို့ ခုတင်ဘေးနားမှာ ဆေးရုံသုံး လက်ကိုင် ထမ်းစင်များ၊
အလုပ်သမားများက လာရောက် ချထားပါတယ်။ အရေးအကြောင်းရှိပါက လူနာများ သယ်ဆောင်ရန် လေ့ကျင့်ခန်း ပြုလုပ်ကြောင်း
ပြောပြီး တခုတင်မှာ လူနှစ်ယောက် အဆင်သင့် ရပ် စောင့်နေပါတယ်။ နေ့လယ် (၁၂) နာရီ ထိုးသော်လည်း ခါတိုင်းလို နေ့လယ်စာ
လာမပို့သဖြင့်   လူနာများ   ဆာကြပါတယ်။     (၁၂)   နာရီကျော်သောအခါ       အနောက်ထပ်     သင်္ဘေဲာ
                                                                                               ဥသြဆွသံကို    ကြားပြီးမှ
ဲ
အလုပ်သမားများသည် ပြုံးနိုင်ပြီး ရေငုပ် သင်္ဘော တွေ့သဖြင့် အချက်ပေး ပထမ ဥသြ ဆွရကြောင်းနှင့် ရန်သူ ကင်းရှင်းသောကြောင့်
ဲ
နောက်ထပ်ဥသြ ဆွကြောင်း အလုပ်သမားများက ပြောပြပါတယ်။ အလုပ်သမားများ ပြောပြသည်ကို နားထောင်ရင်း 'မျက်စိကန်း
တစ္ဆေမကြောက်' ဆိုတာ ဒါများပဲလား လို့ ထင်မိပါတယ်။
        ညနေ (၅)နာရီအချိန်မှာ 'ဗစ်တာ' သင်္ဘောသည် ဘေးမထိ ရန်မခဘဲ မဒရပ်ဆိပ်ကမ်းသို့ ချောမောစွာ ရောက်ရှိသွားပါတယ်။
စခန်း မဒရပ်ဘက်သို့ သွားရန် လူနာများကို မီးရထားပေါ်သို့ ပြောင်းရွှေ့ပေးရန် အချိန် မရှိပါသဖြင့် သင်္ဘောသည် ဆိပ်ခံတံတားမှာ
ဆိုက်ကပ်ခြင်း မပြုဘဲ ခပ်လှမ်းလှမ်းမှာ ကျောက်ချ ဆိုက်ထားပါတယ်။ မိုးတွင်းပင် ဖြစ်သော်လည်း မဒရပ်ဆိပ်ကမ်းသို့ ရောက်ရှိသော
အချိန်မှာ တိမ်မိုးသားများ ကင်းစင်ပြီး၊ နေရောင်ခြည်ပင် အခန်းထဲသို့ ဝင်ရောက်နေပါတယ်။ ခုတင်ပေါ်မှနေ၍ ပြတင်းပေါက်ဘက်
ပင်လယ်ပြင်သို့ လှမ်းမျှော်ကြည့်ရာ ပြာလဲ့သော ပင်လယ်ပြင်ကြီးမှာ လှိုင်းလုံးငယ်များ တဖျပ်ဖျပ် ရိုက်ခတ်လျက် ရှိနေသည့်ကြား၌
တံငါလှေဟု ယူဆရသော လှေကြီး လှေငယ်များ သွားလာ လှုပ်ရှားနေသည်ကို တွေ့မြင်ရပါတယ်။ မိုးရိပ်လေရိပ် ကင်းစင် ကြည်လင်၍
သာယာလှပနေသော ပင်လယ်ရေပြင်မှ အခန်းထဲသို့ တချက် တချက် ခတ်လာသော လေကို ရှူရှိုက်ရသည်မှာ ထူးခြားလှပါတယ်။
        နောက်တနေ့ နံနက် (ရ)နာရီအချိန်မှာ အထူးမီးရထားပေါ်သို့ လူနာများ အားလုံး တင်ပြီးသောအခါ မီးရထား မဒရပ်မှ
ဲ
ထွက်ခွာသွားပါတယ်။ မီးရထားတွများသည် ကုလားပြည် ဘုရင်ခံချုပ် ဗိုလ်ချုပ်ကြီးဝေဗယ် က စစ်လူနာများ တင်ဆောင်ရာတွင်
ွဲ
အသုံးပြုရန် ပေးထားသော ၎င်း၏ တွများ ဖြစ်သည့်အားလျော်စာ အအေးစက် တပ်ဆင်ထားပါသဖြင့် အေးမြ ကြည်လင်ပြီး
အိပ်ရာထိုင်ခင်းမှာလည်း နူးညံ့ သိမ်မွေ့လှပါသောကြောင့် စီးနင်းရသည်မှာ သာယာ ငြိမ့်ညောင်းပြီး အရသာ ထူးခြားပါတယ်။
လူနာများတင်ဆောင် သော မီးရထား ဖြစ်ခြင်းကြောင့် ခပ်မှန်မှန်ပင် မောင်းနှင်ရသဖြင့် နောက်တနေ့ နေ့လယ် အချိန်ကျမှ စခန်း
ွ
ဒရပ်ဘတ် သို့ ချောမောစွာ ရောက်ရှိသားပါတယ်။
        စခန်း ဒရပ်ဘတ်အခြေချ စစ်ဆေးရုံသို့ ရောက်ရှိလာသော လူနာများအား တာဝန်ကျသော စစ္စတာ သူနာပြု ဆရာမကြီး က
'မင်္ဂလာရှိသော မွန်းလွဲပိုင်းပါ' ဟု အပြုံးလေးဖြင့် ဆီးကြို၍ ပဋိသန္ဓေရ ပြုပါတယ်။ ပါပါ့ကို ထားသော အခန်းသည် လူနာပေါင်း
ဲ
နှစ်ဆယ်ရှိပြီး အရိုးနှင့် ပတ်သက်သော ဝေဒနာရှင်များ ဖြစ်ကြပါတယ်။ တရုတ် အမျိုးသား နှင့် တူသော လူနာတယောက်မှ လွ၍
ကျန်လူနာများသည် အင်္ဂလိပ်လူမျိုးများ ဖြစ်ကြပါတယ်။ စစ်ဆေးရုံသို့ ရောက်ရှိလာသော လူနာ အသီးသီးသည် မိမိတို့ ကိုယ်ပိုင်နံပါတ်၊
ရာထူး အဆင့် အတန်း၊ စစ်တပ်အမည် အစရှိသည်တို့နှင့် ပတ်သက်သော စာရွက် စာတမ်းများ ကိုယ်စီပါလာကြသော်လည်း
ပါပါအတွက် ပါမလာသဖြင့် ဆေးရုံသို့ ရောက်ပြီး မကြာမီ စစ္စတာ သူနာပြုဆရာမကြီးက ပါပါ့ဆီလာပြီး သူသိလိုသော အကြောင်း
အရာများကို မေးမြန်းစဉ် ဆေးရုံ အဝတ်အစားဖြင့် အင်္ဂလိပ် လူနာတယောက် ပါပါ့ဆီ လာနေသည်ကို သတိထားမိပါတယ်။ အနားသို့
ရောက်ရှိလာသောအခါ မမျှော်လင့် မထင်မှတ်သော ဗိုလ်ကြီး ဂေး(လ်)မိုး ဖြစ်နေသည်ကို တွေ့ရှိရပါတယ်။ သီဟိုကျွန်းမှာ စစ်ပညာ
ွဲ
သင်ကြားစဉ် ပါပါတို့ကို ဗုံးဖောက်ခနည်း သင်ပေးသော ဆရာဖြစ်ပြီး ခရစ်ကတ် ဘော ကစားစဉ် ဘောထိ၍ မေးရိုးကျိုးသဖြင့်
လာရောက် ကုသကြောင်း သိရှိရပါတယ်။
ွ
        ဗိုလ်ကြီး ဂေး(လ်)မိုး နှင့် စစ်ဆေးရုံတင် လာရောက် တွေ့ဆုံခြင်းသည် ပါပါ့အတွက် ဘုရားမသည်ဟု ဆိုရမည် ဖြစ်ပါတယ်။
စစ္စတာ ဆရာမကြီး မေးမြန်းသမျှ ပါပါ့ ကိုယ်စား ဗိုလ်ကြီး ဂေး(လ်)မိုးကပင် ဖြေကြားပြီး ၎င်း၏ ထောက်ခံ ပြောဆိုချက်အရ
ဲ
ပါပါဆေးရုံမှာ နေစဉ် အတွင်း သုံးစွရန် တပတ်လျှင် ငွေကျပ်တရာ ရရှိပါတယ်။
         စခန်းဒရပ်ဘတ် အခြေချ စစ်ဆေးရုံသည် အုတ်ဖြင့် အခိုင်အမာ ဆောက်လုပ်ထားပြီး ဆေးရုံဝန်းထဲမှ ရာသီအလိုက်
ပန်းမျိုးစုံဖြင့် အလှ ချယ်ထားသလို ဆေးရုံခန်းများမှာလည်း သပ်သပ် ယပ်ယပ် သန့်သန့်ရှင်းရှင်း ရှိပါတယ်။ တာဝန် ထမ်းဆောင်သော
ဆရာဝန်များ၊ သူနာပြု ဆရာမများနှင့် ကာယ လုပ်သားများသည် မခိုမကပ်၊ မညည်းမညူ စေတနာဖြူစင်စွာဖြင့် လုပ်ကိုင်
ဆောင်ရွက်ပေးနေသည်ကို တွေ့ရသည့်ပြင် ပါပါ ခုတင်ပေါ်မှာ နေရသော လူနာများကို စေတနာ အပြည့်အဝဖြင့် ပြုစုပေးပါတယ်။
        နံနက် (ရ)နာရီ အချိန်မှာ နံနက်စာ နေ့လယ် (၁၁) နာရီအချိန်မှာ နေ့လယ်စာ၊ မွန်းလွဲ (၂) နာရီအချိန်မှာ လက်ဖက်ရည်၊
ဘီစကွတ်မုန့်နှင့် ညနေ (၆)နာရီ အချိန်မှာ ညစာဟူ၍ သတ်မှတ်ပြီး ခုတင်ပေါ်မှာ နေရသော လူနာများအတွက် လာရောက် ပို့ပေးပြီး
လမ်းလျှောက်နိုင်သော လူနာများမှာ ထမင်းစားခန်းသို့ သွားစားရပါတယ်။ အစားအစာများသည် အဟာရ ပြည့်စုံသော အင်္ဂလိပ်
အစားအစာ ဖြစ်ပြီး ထမင်းနှင့် ဟင်းကို တပတ်တခါ တနင်္ဂနွေနေ့များမှာ ကျွေးပါတယ်။
ွ
         ဆေးရုံသို့ ရောက်သော နေ့တင် နေရာသစ်၊ ခုတင်သစ် ဖြစ်သဖြင့် ညဘက်တင် မျက်စိကြောင်ပြီး တော်တော်နှင့်
ဲ
အိပ်လို့မရသောကြောင့် လေထီးဖြင့် ဆင်းသက်ခ့သည်များကို ပြန်လည် တွေးတော မိပါတယ်။ ကသာမြို့နယ် ဂဟဲရွာတွင် ဗိုလ်လှဖေ
အပြင်းဖျားနာစဉ် တကောင်းသို့ ပြန်ပို့သော ကောင်းမှုစေတနာကြောင့် ပါပါလည်း လေထီးဖြင့် ဆင်းခဲ့ပြီး ပေါင်ကျိုးသောအခါ ပါပါကို
စောင့်ရှောက် ကယ်မ မည့် လူများ ပေါ်လာခြင်း ဖြစ်သည်ဟု တွေးမိပါတယ်။ တနည်းအားဖြင့် ဆိုရသော် စေတနာအကျိုးပေးခြင်း
ဖြစ်ပါတယ်။
        နောက်တနေ့ နံနက် (၉) နာရီ အချိန်မှာ ကျိုးသော ပေါင်ကို ဓာတ်မှန် သွားရိုက်ရပါတယ်။ မွန်းလွဲပိုင်းတွင် ပါပါ့ဆီသို့
ွ
အရိုးအထူးကု ဆရာဝန် လာပြီး ကျိုးသော အရိုးများသည် ကျေနပ်စာ ပြန်ဆက်နေပါသဖြင့် ဆက်လက် ကုသရန် မလိုသော်လည်း
ကျောက်ပတ်တီးအသစ် ပြန်စည်းပေးမည့် အကြောင်း ပြောပြီးနောက် မိတ္ထီလာ စစ်ဆေးရုံမှ စည်းပေးသော ကျောက်ပတ်တီးကို
ဖြုတ်ခွာကာ အသစ် ထပ်မံ စည်းပေးပါတယ်။
        စခန်းဒရပ်ဘတ် အခြေချ စစ်ဆေးရုံသို့ ပါပါ ရောက်ရှိသော အချိန်မှာ ဇူလိုင်လ၊ ဒုတိယပတ်မှာ ဖြစ်ပါတယ်။ ပေါင်ကျိုး၍
ွ
အိပ်ရာပေါ်မှာ တုံးလုံး ပက်လက် နေရသည်မှာ သုံးလကျော်၊ လေးလနီးပါး ရှိသားပါသဖြင့် အလွန်မှ ညည်းငွေ့လာပြီး အစစ အရာရာမှာ
ွ
တယောက်ယောက်က လုပ်ကိုင် ဆောင်ရက်ပေးရသောကြောင့် ဒုက္ခိတလို ဖြစ်နေပါတယ်။ ဆေးရုံရောက်စ အချိန်မှာ ဗိုလ်ကြီး
ဂေး(လ်)မိုး လာရောက် စကားပြောသဖြင့် စကားပြောဖော် ရသော်လည်း နှစ်ပတ်ကြာသောအခါ သူ ဆေးရုံမှ ဆင်းသွားပါသဖြင့်
စကားပြောဖော် မရှိတော့ပါ။ တနင်္ဂနွေနေ့ ညနေတိုင်းမှာ အမျိုးသမီး ခရစ်ယာန်အသင်း မှ အမျိုးသမီးများ၊ လူနာများကို လာရောက်
အားပေး စကား ပြောသောအခါ စကားပြောဖော် ခဏတဖြုတ်ရပါတယ်။
        ပါပါနေရသော အခန်းမှာ တရုတ် အမျိုးသား နှင့် တူသော လူနာသည် တရုတ် အမျိုးသားဖြစ်၍ ချန်ကေရှိတ် စစ်တပ်မှ
စစ်ဗိုလ်ဖြစ်ပြီး လေထီးဖြင့် ဆင်းစဉ် ပေါင်ကျိုးသဖြင့် စစ်ဆေးရုံသို့ လာရောက် ကုသခြင်း ဖြစ်ပါတယ်။ ပါပါ ဆေးရုံ ရောက်ပြီး
ွ
သုံးပတ်အကြာမှာ ၎င်းစစ်ဗိုလ်သည် ကျောက်ပတ်တီး ခွာပြီးသည့်နောက် ချိုင်းထောက်ဖြင့် လမ်းလျှောက်ခင့် ရသောကြောင့် ပါပါ့ဆီကို
လာသဖြင့် စကားပြောဖော် အသစ် ထပ်မံ ရရှိပါတယ်။ လမ်းလျှောက်နိုင်သော လူနာများ တနင်္ဂနွေနေ့မှာ အပြင်သို့ နေ့ချင်းပြန်
ွ
ထွက်လည်ခင့် ပြုသဖြင့် တရုတ်စစ်ဗိုလ်သည် ချိုင်းထောက်ဖြင့် ဟိုင်ဒရပ်ဘတ်မြို့တွင် ရှိသော သူ့အသိ တရုတ်အမျိုးသား အိမ်သို့
ဲ
အလည်အပတ် သွားပြီး ပြန်လာသောအခါ သူစားသောက်ခ့ရသော တရုတ် အစား အစာများကို ပြောပြသောကြောင့် ကြားရသူမှာ
သွားရည် ယိုလျက်နေပါတယ်။
ဲ
       တနင်္ဂနွေနေ့မှ လွ၍ နေ့စဉ်နံနက် (၉)နာရီအချိန်မှာ ဆေးရုံအုပ်သည် လူနာများကို လှည့်လည် ကြည့်ရှု စစ်ဆေးပြီး၊ ဗိုလ်မှူးကြီး
အဆင့် ရှိ ညွှန်ကြားရေးဝန်သည် တနင်္လာနေ့၊ နံနက်တိုင်း လာရောက် စစ်ဆေး ကြည့်ရှုပါတယ်။ ညွှန်ကြားရေးဝန်သည် ပါပါနှင့်
ပထမဆုံးတွေ့သော နေ့မှာ ဆေးရုံအုပ်ထံမှ ဘုန်းကြီးကု၍ ကျိုးသော အရိုး ပြန်ဆက်ကြောင်း ကြိုတင်သိထားသဖြင့် ဘုန်းကြီး ကုသပုံ
ကုသနည်း ပါပါ့ကို အသေးစိပ် မေးမြန်းပါတယ်။ ပါပါ ပြန်လည် ဖြေကြားပြီးသောအခါ စုတ်ထိုးတာ မနာဘူးလားလို့ မေးသဖြင့် မျက်ရည်
ွဲ
ထွက်ပါတယ်လို့ ပြန်ဖြေသောအခါ ညွှန်ကြားရေးဝန်က ရယ်မောပါတယ်။ ခုတင်ခြေရင်းမှာ ချိတ်ဆထားသော ဓာတ်မှန်ကို ကြည့်ပြီး
ဆရာဝန် မှတ်ချက်များ ဖတ်ရှုပြီးသောအခါ ဘုန်းကြီးဆေးသည် အလွန်မှ အစွမ်းထက်ကြောင်း ပြောဆို ချီးမွမ်းသွားပါတယ်။
        ဆေးရုံမှာ တလကြာသောအခါ ကျိုးသော ပေါင်ကို ထပ်မံ၍ ဓာတ်မှန်ရိုက်ကြည့်ရာ အရိုးများ ကောင်းမွန်စွာဖြင့် ပြန်လည်
ဆက်နေကြောင်း တွေ့ရှိရသဖြင့် ဆရာဝန်က နောက်တနေ့မှာ ကျောက်ပတ်တီး ခွာပေးပြီး ချိုင်းထောက်ဖြင့် အနီးအနား သွားလာခွင့်
ပြုသောကြောင့် အချုပ်ခံရပြီး လွတ်လာသော အကျဉ်းသား၏ ခံစားချက်အတိုင်း ခံစားခဲ့ရပါတယ်။
ွ
        (ပါပါ ချိုင်းထောက်ဖြင့် လမ်းလျှောက်ခင့်ရသော ခံစားချက်နှင့် အချုပ်ခံရပြီး လွတ်မြောက်လာသော ခံစားချက် နှစ်မျိုးကို
ပြန်လည် နှိုင်းယှဉ်ကြည့်ရာ အတူတူပင် ဖြစ်ပါတယ်။)
        ဆေးရုံမှာ တက်ရောက် ကုသရသော လူနာသည် ဆရာဝန် သူနာပြု ဆရာမ၏ စေတနာ အပြည့်အဝဖြင့် ပြုစုမှု၊ ယုယမှု၊
ဖော်ရွေမှုများကို ခံစားရလျှင် ရောဂါ တဝက်မက ပျောက်ကင်းသွားကြောင်း လက်တွေ့အားဖြင့် ပါပါ တွေ့ကြုံ ခံစားခဲ့ ရပါတယ်။
ွဲ
        ပါပါ ဆေးရုံရောက်သည့်နေ့မှ စ၍ နေ့စဉ်မန်းလွပိုင်း (၂)နာရီ လက်ဖက်ရည်သောက်ပြီး ချိန်မှာ သူနာပြု ဆရာမကြီးသည်
ပါပါ့ကျောပြင် အနာ မဖြစ်ရန် ဆေးရည် လာလူးပေးပါတယ်။ ကျောက်ပတ်တီး ခွာပြီးသည့်နောက် သူနာပြုဆရာမကြီး မလာတော့ဘဲ
ကာယဆေးပညာဌာန မှ အင်္ဂလိပ် ဆရာမ တယောက် လာပြီး ကျိုးသော ခြေထောက် လှုပ်ရှားရန် လေ့ကျင့်ခန်း လာပေးပါတယ်။
ခြေထောက်ကို     ပေါင်ဒါ   လိမ်းပေးပြီး   မြှောက်လိုက်ချလိုက်၊   ကွေးလိုက်၊   ဆန့်လိုက် သူပြောဆို   လေ့ကျင့်ပေးသည့်    အတိုင်း
ဲ
လိုက်လုပ်ရပါတယ်။ ဤနည်းအတိုင်း နေ့စဉ် မွန်းလွပိုင်းမှာ နာရီဝက်ခန့် လာရောက် လေ့ကျင့် ပေးပါတယ်။
        ချိုင်းထောက်ဖြင့် သွားလာနိုင်ပြီဖြစ်၍ တရုတ်စစ်ဗိုလ်နှင့် အဖော်ညှိကာ နှစ်ယောက်သား တနင်္ဂနွေ ဟိုက်ဒရပ်ဘတ် မြို့ကို
ွ
မော်တော်ကားဖြင့် အလည်သားကြပါတယ်။ ဟိုက်ဒရပ်ဘတ်မြို့သည် ဟိုက်ဒရပ်ဘတ် ပြည်နယ်၏ မြို့တော်ဖြစ်ပြီး 'နီဇမ်' ခေါ်
မဟာဂျာဂျာ က အုပ်စိုးပါတယ်။ မဟာရာဂျာက မူဆလင်ဖြစ်ပြီး ပြည်နယ်သူ၊ နယ်သားများသည် အများစု ဟိန္ဒူ ဖြစ်ပါတယ်။
ဟိုက်ဒရပ်ဘတ်       မဟာရာဂျာသည်           ကမ္ဘာပေါ်တွင်      အချမ်းသာဆုံး       လူများထဲ   တယောက်        အပါအဝင်      ဖြစ်ပါတယ်။
အခန်းဒရပ်ဘတ်မြို့နှင့်    ဟိုင်ဒရပ်   ဘတ်မြို့သည်      အလှမ်း    သိပ်မဝေးလှပါသဖြင့်     မော်တော်ကား    တနာရီခန့်   မောင်းရပြီး
ွ
ဟိုက်ဒရပ်ဘတ်မြို့ထဲ ရောက်သားသောအခါ 'နီဇမ်' ခေါ် 'မဟာရာဂျာ' ၏ နန်းတော် ရှိရာသို့ သွားကြပါတယ်။ နန်းတော်ကို
အုတ်နံရံဖြင့် ကာရံထားပြီး အဝင်ဝ တံခါးမှာ အစောင့် စစ်သားများ ချထားသည်ကို တွေ့ရှိရပါတယ်။ နန်းတော်ဝန်းကို တပတ်ပတ်ပြီး
မြို့ထဲ သွားကြပါတယ်။
ဲ
        ဟိုက်ဒရပ်ဘတ်ပြည်နယ်သည် သီးခြား ပြည်နယ် ဖြစ်သည့် အလျောက် သီးခြား ငွေစက္ကူ သုံးစွသော်လည်း ကုလည်းပြည်မှ
ဲ
ငွေစက္ကူကို ၎င်းတို့၏ ငွေစက္ကူနှင့် တန်ဖိုး တန်းတူထားပြီး လက်ခံ သုံးစွပါတယ်။ ဈေးထဲမှာ ဝယ်စရာ ခြမ်းစရာ ဟူ၍ ပစ္စည်း ပစ္စယ
များများ စားစား မတွေ့ပါ။ တွေ့သောအခါမှာလည်း အဖိုးခေါင်ခိုက်၍ မဝယ်နိုင်ပါ။
        ဈေးထဲ လှည့်လည်ကြည့်သောအခါ တရုတ်စစ်ဗိုလ်နှင့် ပါပါသည် ချိုင်းထောက်ဖြင့် သွားလာနေပါသဖြင့် ဈေးဝယ် ဈေးလာများ
ပါပါတို့ကို ဝိုင်းကြည့်ကြပါတယ်။ ဈေးထဲ လှည့်လည် ကြည့်ရှုပြီး တရုတ်စစ်ဗိုလ် အသိ တရုတ်စားသောက်ဆိုင်သို့ သွားကြပါတယ်။
စစ်အတွင်း ဖြစ်သည့် အတွက် တရုတ်စာများ စုံစုံ လင်လင် မရှိပါ။ တရုတ်ဆိုင်မှာ စားသောက်ပြီး ပါပါတို့ စခန်းဒရပ်ဘတ် စစ်ဆေးရုံသို့
ပြန်သွားပါတယ်။
          ချိုင်းထောက်ဖြင့်   သွားလာနိုင်သည့်အတွက်            ဟိုအခန်း၊   ဒီအခန်း   သွားသောအခါ   ဗမာပြည်    စစ်မြေမျက်နှာပြင်မှ
ဒဏ်ရာရရှိခဲ့သော လူနာခပ်များများ တွေ့ရပါတယ်။ ပါပါကို ဗမာပြည်ကမှန်း သိသည့်အတွက် သူတို့နှင့် စကား လက်ဆုံကြပြီး
မိတ်ဖြစ်ခဲ့ရပါတယ်။    သူနာပြုဆရာမတချို့နှင့်     လူနာတချို့       ချိတ်ဆက်ဖြစ်သည်ကို    သူတို့တွေ့ရသောအခါ   ဒီလိုမိန်းမမျိုး   တို့
့
အင်္ဂလန်ပြည်မှာ စာရင်းထဲတောင် မထည့်ဘူး လို့ စပျစ်သီး ချဉ်သည်သဘောမျိုး ပြောကြပါတယ်။
         လူနာများအတွက် စနေနေ့ ညနေတိုင်း ရုပ်ရှင်ပြသ သဖြင့် ပါပါ သွားကြည့်သောအခါ ရုပ်ရှင်ရုံမှာ အရာရှိနှင့် အရာရှိ
မဟုတ်သူများဟူ၍ နေရာ ခြွဲ ခားထားပါတယ်။ လက်မှတ်ယူရန် မလိုပါ။ ဆေးရုံ အဝတ်အစားမှာ အရာရှိနှင့် အရာရှိ မဟုတ်သူများ ဟူ၍
ခွဲခြားထားသဖြင့် အဝတ်အစားကြည့်ရုံမျှနှင့် တံခါးစောင့်က သိနိုင်ပါတယ်။
         ကျောက်ပတ်တီး ဖြုတ်ပြီး ချိုင်းထောက်ဖြင့် သွားလာနေသည်မှာ တပတ်ကျော် နှစ်ပတ်နီးပါးမျှ ရှိသွားသဖြင့် ဆေးရုံမှ
ဆင်းခွင့်ပြုရန် ဆေးရုံအုပ်ကြီးကို ပါပါ ပြောပါတယ်။ ဆေးရုံအုပ်က ရောဂါ မပျောက်မီ သူတို့ အနေနှင့် ဆင်းခွင့် မပြုနိုင်ကြောင်း၊
ဲ
သို့သော်လည်း ဆင်းလိုလျှင် ရောဂါနှင့် ပတ်သက်၍ နောက်ပိုင်း တစုံတရာဖြစ်ခ့သော် ဆေးရုံမှာ လုံးဝ တာဝန်မရှိဘဲ မိမိသာလျှင်
တာဝန်ရှိကြောင်း လက်မှတ်ရေးထိုးလျှင် ဆင်းနိုင်ကြောင်း ပြောပါတယ်။
         ဆေးရုံအုပ် အလိုရှိသော ခံဝန်ချက်ကို ပါပါ လက်မှတ်ရေးထိုးပြီးနောက် ပါပါ သွားလာရေးနှင့် ပတ်သက်၍ လိုအပ်သော
အစီအစဉ်များ ပြုလုပ်ရဦးမည် ဖြစ်သဖြင့် နောက်နှစ်ရက်နေ့ ဆင်းနိုင်မည် ဖြစ်ကြောင်း ဆေးရုံအုပ်က ပြောပြီး ပါပါ မည်သည့်အရပ်
ဒေသသို့ သွားလိုကြောင်း မေးမြန်းသောအခါ ကာလကတ္တားသို့ သွားလိုကြောင်း ပြန်ဖြေပါတယ်။
        ပါပါ ဆေးရုံမဆင်းမီ တပတ်ခန့်အလိုမှာ ဒဏ်ရာရရှိသော ဗမာ့ တပ်မတော်မှ အရာရှိ သုံးယောက် ရောက်လာကြပါတယ်။
ဲ
တယောက်မှာ ဗိုလ်ထွန်းအောင်ကျော် (တော်လှန်ရေး ကောင်စီ တက်လာသောအခါ၌ စစ်ရတပ်မှ ဗိုလ်မှူး ထွန်းအောင်ကျော်) နှင့်
နောက်တယောက်မှာ ဗိုလ်ငြိမ်းမောင် (ဖဆပလ ပါလီမန် အမတ်ဟောင်း) ဖြစ်ကြပြီး ကျန်တယောက်မှာ ဗိုလ်ညွှန့်ဝင်း ဟု ထင်ပါတယ်။
နောက်ပိုင်းသူနှင့် ဆုံစည်းခြင်း မရှိပါသဖြင့် မမှတ်မိတော့ပါ။
ွဲ
        ဆေးရုံမှ ထွက်ခာသွားရတော့မည့် ဖြစ်၍ ပါပါ့စိတ်ထမှာ ပျော်သလို လွမ်းသလိုရင်ထ၌ တမျိုးကြီး ခံစား နေရပါတယ်။ ဆေးရုံမှ
ထွက်ခွာသော နံနက် (၉)နာရီ အချိန် လမ်းလျှောက်နိုင်သော အပေါင်းအသင်း လူနာများ အပြင် အခန်း ဆရာဝန်နှင့် သူနာပြု စစ္စတာ
ဆရာမကြီးများ ပါပါ့ကို ဆင်ဝင်အထိ လိုက်ပို့ကြပါတယ်။ ပါပါ ဆေးရုံတက်စဉ် ပါပါ့ကို ဂရုစိုက် ပြုစုစောင့်ရှောက်သော ဆရာဝန်နှင့်
ွ
ဆရာမအား ဆင်ဝင်တင် နောက်ဆုံး တွေ့ခြင်း ဖြစ်ပါတယ်။ ဆေးရုံမှ ကားဖြင့် ဘူတာရုံသို့ ရောက်ရှိပြီးသည့်နောက် မကြာမီ
ွ
မီးရထားသည် ဘတ်(စ)ဝါး ဒါ လမ်းဆုံဘူတာသို့ ထွက်ခာသွားရာ ညနေဘက်တင် ရောက်ရှိသားပါတယ်။
        ဘတ်(စ) ဝါး ဒါဘူတာသည် မဒရပ်မှ ကာလတ္တားသို့ သွားသော မီးရထားလမ်းဆုံ ဖြစ်ပါတယ်။ မဒရပ်မှ ကာလကတ္တားသို့
သွားသော စာပို့မီးရထားသည် ည (ရ)နာရီမှ ဘူတာသို့ ဝင်မည်ဖြစ်သဖြင့် အချိန်ရှိစဉ် ဘူတာရုံ စားသောက်ဆိုင်မှာ ညနေစာ
သွားစားပါတယ်။ ခရီးသွားရသည်မှာ အဖော်မပါသည့်ပြင် ချိုင်းထောက်ဖြင့် သွားရပြီး ကျောပိုးအိတ်က ပါလာသဖြင့် အလွန်မှ
ကသိလင်တ ဖြစ်ပါတယ်။
ဲ
        ည (ရ) နာရီ အချိန် မီးရထား ဆိုက်ရောက်သဖြင့် အထက်တန်းတွသို့ သွားသောအခါ ပါပါအတွက် သတ်မှတ်ပေးသော
အိပ်ရာသည် အပေါ်မှာ ဖြစ်သောကြောင့် ပါပါ အလွန်မှ စိတ်ခိုက် မိပါတယ်။ သို့သော် အောက်အိပ်နေသော ခရီးသည်တယောက်က
ပါပါနှင့် နေရာ လဲပေးသောကြောင့် စိတ်သက်သာရာ ရပါတယ်။ မီးရထားသည် တညလုံး ခုတ်မောင်းပြီး မိုးလင်းသောအခါ ဘူတာ
ွဲ
တဘူတာတွင် ဆိုက်ရောက်စဉ် ပါပါတို့တမှ ခရီးသည် နှစ်ယောက် ဆင်းသွားပါသဖြင့် တွထမှာ ပါပါနှင့် နောက်ခရီးသည်တယောက်ပဲ
ကျန်ပါတော့တယ်။
       လမ်းခရီးတွင် နှစ်ဘူတာ၊ သုံးဘူတာမှာ မီးရထား ဆိုက်ထားနေစဉ် ပါပါကို ဗမာပြည်က မှန်းသိသော သူတောင်းစားက ဗမာလို
ပြောပြီး ပိုက်ဆံ တောင်းသောကြောင့် သူ့ကိုကြည့်ပြီး အံ့သြနေရပါတယ်။ သူပြောပြမှ ဗမာပြည်က စစ်ပြေး ဖြစ်ကြောင်း သိရှိရပါတယ်။
မီးရထား ခုတ်မောင်းစဉ် လမ်းဘေးနားရှိ ရွာများမှ ဝက်များ ပြေးလွှားနေသည်ကို တွေ့ရသဖြင့် ပါပါ့အတွက် အဆန်းဖြစ်ပြီး
ကုလားပြည်မှာလဲ ဝက်မွေးသည်ကို သိရှိရပါတယ်။
ွ
       မီးရထားသည် ကာလကတ္တား တဖက်ကမ်း 'ဟောရာ'မြို့သို့ ညနေဘက်တင် ရောက်ရှိသော အခါ ပါပါနှင့် အတူ ပါလာသော
ခရီးသည်က ပါပါ့အတွက် မော်တော်ကား လိုက်လံ ငှားပေးသောကြောင့် သူငှားပေးသော မော်တော်ကားဖြင့် ဦးသိန်းဖေနေသော
အိမ်ဘီဟာလာသို့ သွားပါတယ်။ ဦးသိန်းဖေအိမ် အရောက်မှ သခင်တင်ရွှေ၊ သူ့ဇနီး ဒေါ်ခင်စီတို့က ပါပါကို တွေ့သောအခါ အားရ
ဝမ်းသာစွာ ကြိုဆို နှုတ်ဆက်ပါတယ်။ သို့သော် ချိုင်းထောက်ဖြင့် ကားပေါ်မှ ဆင်းလာသည်ကို သူတို့ တွေ့ရသောအခါ ပါပါအပေါ်
ကရုဏာသက်ပြီး မျက်နှာ မကောင်းကြပါ။
       ကျောရိုး ဒဏ်ရာကြောင့် ကျောက်ပတ်တီး စည်းထားရပြီး ပက်လက်နေရသော ဦးသိန်းဖေမှာ ဒဏ်ရာ သက်သာလာပြီး ဖြစ်၍
ကျောက်ပတ်တီးကို ခွာပြီး ကျောရိုးကို ထိန်းရန် နောက်မှာ သံပြား တပ်ထားသော အထူးအင်္ကျီ ဝတ်ထားသည်ကို တွေ့ရှိရပါတယ်။
ဦးသိန်းဖေ အိမ်ကို ပထမတခေါက် ရောက်စဉ်က သိုက်သိုက်မြိုက်မြိုက် ဆူဆူညံညံ ရှိသော်လည်း ယခုတခေါက် ပြန်လည်
ရောက်ရှိလာသောအခါ ဦးသိန်းဖေ၊ သခင်တင်ရွှေတို့လင်မယားအပြင် တခြား ရဲဘော် နှစ်ယောက် သုံးယောက်သာ ရှိပါသဖြင့်
ငြိမ်သက်လျက် နေပါတယ်။
           ဦးသိန်းဖေအိမ်သို့ ပါပါ ပြန်လည်ရောက်ရှိလာသော အချိန်မှာ စက်တင်ဘာလဆန်းမှာ ဖြစ်ပြီး များမကြာမီ ရက်အတွင်း
ဲ
ဗိုလ်ချုပ်အောင်ဆန်းနှင့် သခင်သန်းထွန်း အမှူးပြုသော ဖဆပလ ကိုယ်စားလှယ်အဖွ့သည် သီဟိုကျွန်း၊ ကန္ဒီမြို့တွင် ရုံးစိုက်သော
အရှေ့တောင်       အာရှတိုက်    ဒေသ၊    စစ်သေနာပတိချုပ်         မောင့်ဘက်တန်နှင့်
                                                                                    တွေဆုံဆွေးနွေးရန်   အသွား         ကာလကတ္တားတွင်
ခရီးတထောက် နားနေစဉ် ဦးသိန်းဖေထံသို့ လာကြပါတယ်။ အပြန်ခရီးမှာလည်း ဦးသိန်းဖေဆီ ဝင်လာကြပြီး မောင့်ဘက်တန်နှင့်
ဆွေးနွေး     သဘောတူညီချက်များကို        ပြောပြပါတယ်။          ကျန်လူများသည်         တည်းခိုရာ   ဟိုတယ်သို့     ပြန်အိပ်ကြသော်လည်း
သခင်သန်းထွန်းမှာ ဦးသိန်းဖေဆီ ကျန်ရစ်ခြဲ့ ပီး ဗမာပြည်နိုင်ငံရေး အခြေအနေများကို ပြောပြပါတယ်။
           စခန်းဒရပ်ဘတ်      အခြေချ   စစ်ဆေးရုံမှ       ဆေးရုံအုပ်ကြီး   ညွှန်ကြား     ထားချက်အရ     ကာလကတ္တားမြို့သို့       ရောက်ပြီး
နှစ်ပတ်အကြာမှာ ကာလကတ္တား စစ်ဆေးရုံသို့ သွားပြီး ပေါင်ကို ဓာတ်မှန် ရိုက်ပါတယ်။ နောက်တနေ့ ဓာတ်မှန်ကို သွားယူသောအခါ
ွ
ဆရာဝန်က အရိုးများ ကောင်းမွန်စာ ဆက်နေပြီး၊ ဖြစ်၍ ချိုင်းထောက် မပါဘဲ လမ်းလျှောက်နိုင်ပြီ ဖြစ်ကြောင်း ပြောပါတယ်။ အရိုးများ
ွ
ကောင်းမွန်စွာ ဆက်နေပြီး ဖြစ်သော်လည်း ခြေထောက်မှာ တလက်မ တိုသားပါတယ်။
           ချိုင်းထောက်မပါဘဲ ပါပါ လမ်းလျှောက်နိုင်သော အချိန်မှာ ဦးသိန်းဖေလည်း ဗမာပြည်သို့ ပြန်ရန် အားလုံး အစီအစဉ်
လုပ်ပြီးသော     အချိန်   ဖြစ်ပါတယ်။   ၁၉၄၅     ခုနှစ်     အောက်တိုဘာလ        နောက်ဆုံးအပတ်မှာ       ဦးသိန်းဖေနှင့်    သခင်တင်ရွှေတို့
ွ
လင်မယားအပြင် ပါပါနှင့် တခြားရဲဘော်များ အထူးစစ်ဒါကိုတာ လေယာဉ်ပျံဖြင့် ကာလကတ္တားမှ ထွက်ခာပြီး ရန်ကုန်သို့ မွန်းလွဲပိုင်းတွင်
ချောမောစွာ ပြန်လည် ရောက်ရှိလာကြပါတယ်။
       ပါပါနှင့် အတူ စခန်းဒရပ်ဘတ် အခြေချ စစ်ဆေးရုံမှ ချိုင်းထောက်ကို အမှတ်တရ ယူလာခဲ့ပါတယ်။
ဝန်ကြီးနှင့် သမ္မတ
           ပါပါရန်ကုန်သို့ ပြန်လည်ရောက်ရှိလာသောအချိန်မှာ ဘကြီးထွန်းရှိန်နှင့် မိုမိုတို့ရန်ကုန်၊ အလုံဌာနလမ်း အမှတ် (၈၁) မှာ
ရောက်ရှိနေကြပြီ ဖြစ်ပါတယ်။ ရန်ကုန်ပြန်ရောက်ပြီး ဆယ်ရက်ခန့်အကြာမှာ မန်းပေါအေးငြိမ်းနှင့် တွေ့ရန် ပါပါ ပန်းတနော်မြို့နယ်၊
ွ
ကျောင်းတောကလေးရွာသို့ လိုက်သား ပါတယ်။ မန်းပေါအေးငြိမ်းကို တွေ့သောအခါ နေထိုင်မကောင်းသည်ကို တွေ့၍
ဲ
သည့်ပြင်နိုင်ငံရေး ဆက်လုပ်လိုသော စိတ်မရှိတော့ကြောင်း ပြောသဖြင့် ပါပါအလွန်မှ စိတ်အားငယ်ခ့ပါတယ်။ သူ့ဆီမှာ နှစ်ရက်နေပြီး
ပါပါရန်ကုန်ပြန်လာပါတယ်။
ဲ
       ရန်ကုန်မှာ စောထွန်းစိန်အမှူးပြုသော ဘီအိုင်အေ ဘီဒီအေ အမှုထမ်းဆောင်ခ့သည့် ကရင်လူငယ်များက၊ ကရင်လူငယ်များ
အစည်းအရုံးကွိုဲ
                    တည်ထောင်ဖ့စည်းထားပါတယ်။ွ
                                                         ရည်ရယ်ချက်မှာ      ကရင်-ဗမာ       သွေးစည်းရေးလုပ်ငန်းကို       ဆောင်ရွက်ပြီး
ွဲ
ဗိုလ်ချုပ်အောင်ဆန်း ကြီးမှူးသော ဖဆပလ အဖွ့ချုပ်နှင့် လက်တကာ လွတ်လပ်ရေးအတွက် ဆောင်ရက်သွားရန် ဖြစ်ပါတယ်။
ွဲ
အင်္ဂလိပ်ပြန်ဝင်လာပြီး ပြန်လည်ဖ့စည်းသော တပ်မတော်တင် စောထွန်းစိန် ဝင်ရောက်အမှုထမ်းဆောင်သဖြင့် အစည်းအရုံးတွင်
မန်းဘခိုင်ကို ဥက္ကဋ္ဌအဖြစ် တင်မြှောက်ပြီး ပါပါကို ဒုတိယဥက္ကဋ္ဌအဖြစ် တင်မြှောက်ပါတယ်။ မန်းဘခိုင်သည် ဗိုလ်ချုပ်အောင်ဆန်းတို့နှင့်
အတူကျဆုံးသော ကရင်အမျိုးသား ခေါင်းဆောင် ဖြစ်ပါတယ်။
ဲ
         ကရင်လူငယ်များ အစည်းအရုံးတွင် အတွင်းရေးမှူးအဖြစ် စောကျော်စိန် ဖြစ်ပြီး တွဖက်အတွင်းရေးမှူးမှာ စောမြင့်သိန်း
ဖြစ်ပါတယ်။        ကရင်လူငယ်များ                 အစည်းအရုံး၏         လုပ်ငန်းများတွင်         ကျယ်စေရန်         ကြွေးကြော်သံအဖြစ်           စာစောင်ထုတ်ဝေရန်
လိုအပ်ကြောင်း၊ အမှုဆောင်များက ယူဆပါသဖြင့် 'တိုင်းရင်းသား' အမည်ဖြင့် စာစောင်ထုတ်ဝေပြီး ပါပါကို အယ်ဒီတာအဖြစ်
'ဆောင်ရွက်ရန် တာဝန်ပေးဆုံးဖြတ်ကြပါတယ်။' တိုင်းရင်းသားဂျာနယ်ကို ပထမတွင် တစ်လ တစ်ကြိမ် ထုတ်ဝေပြီးနောက်ပိုင်းတွင်
ဆယ့်ငါးရက် တစ်ကြိမ်မှ တစ်ပတ် တစ်ကြိမ် ထုတ်ဝေသွားရန် ဖြစ်ပါတယ်။
ွ
         တိုင်းရင်းသားဂျာနယ်၊ တစ်လတစ်ကြိမ်မှန်မှန် ထွက်နိုင်ရန် ပါပါပဲတာဝန်ယူ ဆောင်ရက်ပြီး ကွန်မြူနစ်ပါတီပိုင် ပြည်သူ့အာထာ
စာပုံနှိပ်တိုက်မှာ      ပုံနှိပ်ပါတယ်။          တစ်ခါတလေ           ပုံနှိပ်ဖိုးပေးရန်     ငွေမရှိသဖြင့်     အကြွေးဖြင့်     ရိုက်ရသောအခါလဲ            ရှိပါတယ်။
ွ
တိုင်းရင်းသားဂျာနယ် ထုတ်ဝေခြင်းအားဖြင့် စားလုံး၏ ပုံစီနည်း၊ ဖောင်သင်းနည်း စာလုံးအကြီးအသေး ဖော်နည်း အစရှိသည်တို့ကို
နားလည်သွားပါတယ်။
         ၁၉၄၆         ခု၊     မတ်လတွင်           ဗမာနိုင်ငံလုံးဆိုင်ရာ     တောင်သူလယ်သမား                 သမဂ္ဂမှကြီးမှူး၍      မြောင်းမြခရိုင်၊    အိမ်မဲမြို့တွင်
ပြည်လုံးကျွတ်         တောင်သူလယ်သမားများ                     ညီလာခံအစည်းအဝေး                 ပြုလုပ်ကျင်းပပါတယ်။ွ
                                                                                                                           ဂျပန်ခေတ်တင်           အိမ်မဲမြို့နယ်၌
ကရင်ဗမာအဓိကရိုဏ်း ဖြစ်ခြဲ့ ခင်းကြောင့် အိမ်မြဲ မို့မီးလောင် ပြာကျသဖြင့် ကရင်ဗမာချစ်ကြည်ရေး၊ သွေးစည်းရေးကို တည်ဆောက်ရန်
ရည်ရွယ်ချက်ဖြင့်             အိမ်မြဲ မို့တွင်       ပြည်လုံးကျွတ်တောင်သူ                 လယ်သမားများ           အစည်းအဝေးကျင်းပရခြင်း                ဖြစ်ပါတယ်။
ယင်းအစည်းအဝေးသို့ ဥက္ကဋ္ဌကြီး သခင်သန်းထွန်း ဖိတ်ကြားချက်အရ မြောင်းမြမှ စောအောင်ဒင်နှင့် တက်ရောက်ပြီး ပါပါစကား
ပြောပါတယ်။ အစည်းအဝေးသို့ တက်ရောက်သော တောင်သူ လယ်သမားများမှာ ဗမာလူမျိုးနှင့် ကရင်လူမျိုးများ ဖြစ်ကြပြီး လူပေါင်း
တစ်သိန်းကျော် ပါတယ်။
         ညီလာခံပြီးဆုံးသောအခါ                    မြောင်းမြမြို့သို့သွားပြီး     စောအောင်ဒင်          ဦးကြီးဖြစ်သော        ကရင်အမျိုးသားခေါင်းဆောင်ကြီး
ဦးစန်းစောဘူနှင့်           တွေ့ဆုံရန်ွ
                                                ရည်ရယ်ချက်ရှိသော်လည်း                   ညီလာခံ     တက်ရောက်သေဲာ
                                                                                                                              အိမ်မနှင့်     မြောင်းမြမြို့နယ်မှ
ွ
ကရင်တောင်သူလယ်သမားများက ၎င်းတို့ရပ်ရာသို့ သွားရောက်ပြီး တရားဟောပြောရန် ဖိတ်ခေါ်သဖြင့် စောအောင်ဒင်နှင့်အတူ
ွ
၎င်းတို့ရပ်ရွာသို့ သွားရောက်ရသောကြောင့် ဆယ်ရက်ခန့်ကြာပြီးမှ မြောင်းမြမြို့သို့ ရောက်သားပါတယ်။
         ခေါင်းဆောင်ကြီး             ဦးမန်းစောဘူ         နေထိုင်ရွာ
                                                                          မြောင်းမြအနီးတုံးလဲရာသိွု့
                                                                                                              ရောက်သားသောအခါ               ခေါင်းဆောင်ကြီးက
ဲ
၎င်းအိမ်ဝင်းထဲမှ ပေါက်တူးဖြင့် မြက်ပေါက်နေသည်ကို တွေ့ရပါတယ်။ ခေါင်းဆောင်ကြီးသည် ရိုးသားပြီး ကိုယ်ကျိုးမဖက်ဘ၊ ကရင် -
ွ
ဗမာချစ်ကြည်ရေးကို တကယ်လိုလားသည့် အလျောက် စိတ်ရော ကိုယ်ပါ ဆောင်ရက်လုပ်ကိုင်သော ပုဂ္ဂိုလ်ကြီး တစ်ယောက်
ဖြစ်သဖြင့် ကရင်အမျိုးသားများသာမက ဗမာအမျိုးသားများ၏ ချစ်ခင်လေးစားခြင်းကိုပါ ခံယူရရှိပါတယ်။ ရပ်ရွာကိစ္စ။ လူမျိုးရေးကိစ္စ
ွ
ဆောင်ရွက်ရာ၌ စိတ်အေးလက်အေးထားပြီး သဘက်ကိုယ့်ဘက်ကြည့်ကာ မျှမျှတတ ဆောင်ရက်ကြောင်း၊ သူနှင့် နီးနီးကပ်ကပ်
ပေါင်းသင်းသောအခါ သိရှိရပါတယ်။
         (ခေါင်းဆောင်ကြီး              ဦးမန်းစောဘူသည်               စောဘဦးကြီး            ခေါင်းဆောင်သော             ကရင်အမျိုးသားများ           ၁၉၄၉        ခု၊
ဖေဖော်ဝါရီလဆန်းတွင်                     နိုင်ငံတော်အစိုးရကို               တော်လှန်ပုန်ကန်သောအခါ                       အားပေးထောက်ခံခြင်း                 မပြုဘဲ
ွ
အေးချမ်းသာယာသောနည်းဖြင့် ကရင်ပြည်နယ်ရရှိရန် ဆောင်ရက်သော ကရင်လူငယ်များ အစည်းအရုံးနှင့် လက်တွဲလုပ်ကိုင်ပါတယ်။
တိုင်းပြည်နှင့်      လူမျိုးအတွက်          တာဝန်ထမ်းဆောင်ရင်း၊                ဗိုက်နာသောရောဂါ             ဝေဒနာဖြင့်     ရန်ကုန်ဆေးရုံကြီးမှာ        ၁၉၅၄      ခု၊
စက်တင်ဘာလတွင်ွ
                                  ကွယ်လန်အနိစ္စရောက်သားပါတယ်။                     ဦးမန်းစောဘူ၏            ရုပ်ကလာပ်ကို       သင်္ဘောဖြင့်       ပါပါမြောင်းမြသို့
ွ
လိုက်ပို့ပါတယ်။ ၎င်း၏သင်္ချိုင်းဂူသည် မြောင်းမြရေတွင်း ရေကန်ရပ်ကက်မှာ ရှိပါတယ်။)
         ၁၉၄၆               ခု၊      ဇွန်လမွှာ
                                                       တက္ကသိုလ်ကျောင်းများဖွင့်သောအချိန်တင်                      ဘီအယ်(လ်)ခေါ်               ဥပဒေသင်တန်းသို့
ပါပါတက်ရောက်သင်ကြားပါတယ်။                          သင်တန်းကို        ဘီအိုစီကောလိပ်            အဆောက်အအုံမှာ              ဖွင့်ထားပြီး     ကျောင်းဆရာများမှာ
ွ
ဦးမြင့်(ကွယ်လွန်) နှင့် ဦးချန်ထန်းအောင် (တရားလွှတ်တော် တရားဝန်ကြီးချုပ်ဟောင်း) တို့ ဖြစ်ပါတယ်။ ဦးမြင့်သည် ရာဇဝတ်မှု
ဥပဒေနှင့် ဗုဒ္ဓဘာသာ မြန်မာလူမျိုးဓလေ့ထုံးစံနှင့် အမွေဆက်ခံနည်း ဥပဒေကို သင်ကြားပို့ချပြီး ဦးချန်ထွန်းအောင်မူ တရားမမှု
ဥပဒေများကို သင်ကြားပို့ချပါတယ်။ ဆရာနှစ်ယောက်စလုံးမှာ လူတော်များဖြစ်ကြပြီး စာပေပို့ချရာ၌ ဦးမြင့်သည် ရယ်စရာ၊ မောစရာ
ွ
ထည့်သင်း ပြောတတ်ပါတယ်။
         တစ်ခါက             ဗုဒ္ဓဘာသာ        မြန်မာလူမျိုး      ဓလေ့ထုံးစံသင်ကြားရာ၌              ရယ်စရာအဖြစ်ွ
                                                                                                                       ဦးမြင့်ထည့်သင်း     ပြောကြားသည်မှာ
ွ
စာမေးပွဲတစ်ခုတင်             ဗုဒ္ဓဘာသာ           မြန်မာယောက်ျား        တစ်ယောက်က              မည်သည့်အကြောင်းကြောင့်              နောက်မိန်းမတစ်ယောက်ကို
ယူနိုင်ကြောင်း မေးရာတွင် ကျောင်းသားတစ်ယောက်က၊ နောက်မိန်းမသည် ပထမမိန်းမထက် ချောသောအခါ ယူနိုင်ကြောင်း
ဖြေဆိုထားချက်ကို သင့်တင့်လျော်ကန် သောကြောင့် လည်းကောင်း၊ ကျောင်းသားကို အအောင်ပေးလိုက်ကြောင်း ပြောသောအခါ
တစ်တန်းလုံးက ရယ်မောကြပါတယ်။
       ဥပဒေသင်တန်းကျောင်းသို့       ပါပါတက်နေစဉ်အတွင်း      ဗမာပြည်အခြေအနေ          လေ့လာရန်    ဘိလပ်မှာ        ဗမာပြည်ဆိုင်ရာ
အတွင်းဝန်   လော့လစ်(စ)တိုင်    ရန်ကုန်ရောက်လာသောအခဲါ
                                                            တခြားအဖွ့အစည်းများ နှင့်     တွေ့ဆုံသည့်ပြင်        ကရင်အမျိုးသား
ဲ
အဖွ့အစည်းများနှင့်လည်း     တွေ့ဆုံပါတယ်။    ထိုစဉ်အခါ၌    စောဘဦးကြီး   ခေါင်းဆောင်သော         ကရင်အမျိုးသာဲး
                                                                                                                   အဖွ့ချုပ်နှင့်
ကရင်လူငယ်များ     အစည်းအရုံးအပြင်    ဘုန်းတော်ကြီး    ဦးပန္ဒာဝသကြီးမှူးသော   ဗမာပြည်လုံးဆိုင်ရဲာ
                                                                                                   ကရင်အမျိုးသားအဖွ့ဟူ၍
ဲ
ရှိပါတယ်။ အဖွ့သုံးဖွ့မှ ခေါင်းဆောင်များကို လောဒ်လစ်(စ)တိုပဲ က ဘုရင်ခံအိမ် (သမ္မတအိမ်) မှာ ခေါ်ယူတွေ့ဆုံသောအခါ
ဲ
ကရင်လူငယ်များ အစည်းအရုံး၏ ကိုယ်စားလှယ်တစ်ယောက် အနေဖြင့် ပါပါတက်ရောက်ခ့ပါတယ်။ ဗမာပြည်အပေါ် ဗြိတိသျှအစိုးရ၏
သဘောထားများကို အကျယ်တဝင့် ရှင်းလင်း ပြောပြပါတယ်။
       အစည်းအဝေးပြီးသောအခါ ဘုရင်ခံ ဆာဟူးဘရန့်(စ)က ပါပါကို ခဏနေခဲ့ရန် ပြောသဖြင့် ပါပါနေခဲ့ရာ၊ လေထီးဖြင့်ဆင်းစဉ်
ပေါင်ကျိုးသော အကြောင်းကို မေးမြန်းပြီး လမ်းလျှောက်ရန် ပြောသဖြင့် လမ်းလျှောက်သည်ကို တွေ့ရသောအခါ ကိုယ်အင်္ဂါရာခိုင်နှုန်း
မည်မျှချို့ယွင်းသည်ကို ဆရာဝန်ထံ လက်မှတ်ယူပြီး နယ်ခြားအုပ်ချုပ်ရေး ညွှန်ကြားရေးဝန်ထံ သွားရောက် တင်ပြရန် ပါပါကို
ပြောသည့်အတိုင်ွး
                  ကွယ်လန်သူ       ဒေါက်တာ   ဦးဘသန်းထံမှ    လိုအပ်သော     လက်မှတ်ကို     သွားယူပြီး    နယ်ခြား     အုပ်ချုပ်ရေး
ညွှန်ကြားရေးဝန်ထံ သွားရောက်တင်ပြပါတယ်။ နှစ်ပတ်ကြာပြီးနောက် ညွှန်ကြားဝန်က ပါပါနှင့် တွေ့လိုကြောင်း အကြောင်းကြားသဖြင့်
သူ့ဆီကို သွားသောအခါ ပါပါကို လျှော်ကြေးအဖြစ် ငွေကျပ်နှစ်ထောင် ထုတ်ပေးပါတယ်။
ွဲ
       ၁၉၄၆ ခု၊ စက်တင်ဘာလမှာ ဘုရင်ခံက သဘာပတိအဖြစ် ဆောင်ရက်မည့် အစိုးရအဖွ့တွင် ဖဆပလ အဖွ့ချုပ်က ပါဝင်ရန်
သဘောတူလက်ခံပြီး      ဖြစ်သဖြင့်   ဆဖပလအတွက်           ရှိထားသော   ဝန်ကြီးရာထူး   ခြောက်နေရာကို        မည်သိွုဲ့
                                                                                                                  မည်ပုံခဝေရန်
အမှုဆောင်လူကြီးများ စဉ်းစား၊ ဆွေးနွေးသောအခါ ကရင်ဗမာသွေးစည်းရေးကို ရှေ့ရှုပြီး ခြောက်နေရာအနက် တစ်နေရာကို
ကရင်အမျိုးသားအား      ပေးရန်      သဘောတူ      ဆုံးဖြတ်ကြတယ်။      ဘုရင်ခံအနေနှင့်     သူ့သဘောအတိုင်း            ကရင်အမျိုးသား
တစ်ယောက်ခန့်ဦးမည် ဖြစ်ကြောင်း ဖဆပလ က သိရှိထားသော်လည်း ကရင်အမျိုးသား အပေါ် ထားရှိသော စေတနာကို ပြလိုသော
ဆန္ဒဖြင့် ရရှိထားသော ခြောက်နေရာအနက် တစ်နေရာကို ကရင်အမျိုးသားအား ပေးရန် ဆုံးဖြတ်ခြင်း ဖြစ်ပါတယ်။
ွ
       တစ်နေ့ည (၉) နာရီ အချိန်ခန့်မှာ ဗိုလ်ချုပ်အောင်ဆန်း၏ အတွင်းရေး အတွင်းဝန် ဗိုလ်ထန်းလှက ပါပါ နေထိုင်သောအလုံ
(၈၁)ဌာနလမ်း၊ နေအိမ်သို့ လာရောက်ပြီး ဗိုလ်ချုပ် အောင်ဆန်းက တွေ့လိုကြောင်း ပြောပြသဖြင့် သူ့နောက်လိုက်သွားရတယ်။
တာဝါလိန်းလမ်း ရှိဗိုလ်ချုပ်အိမ် အပေါ်ထပ်လှေကား ထိပ်ညာဘက်အခန်းထဲသို့ လိုက်ပို့သောအခါ ဖဆပလ အမှုဆောင်လူကြီးများ
စည်းဝေးနေကြသည်ကို တွေ့ရှိရပါတယ်။
       ဗိုလ်ချုပ်အောင်ဆန်းက ပါပါ့ကို တွေ့ခြင်း တွေ ဖဆပလ ရမည့်ဝန်ကြီးရာထူး ခြောက်နေရာအနက် ကရင်အမျိုးသားအား
တစ်နေရာပေးရန် ဖဆပလ ဆုံးဖြတ်ချက်ကို ပြောပြပြီး 'ဤရာထူးတစ်နေရာအတွက် ကျွန်တော် ကိုဝင်းမောင်ကို အဆိုတင်ပါတယ်' လို့
ဗိုလ်ချုပ်အောင်ဆန်းက ပြောပြီး သောအခါ ဒုတိယဥက္ကဋ္ဌ ဖြစ်သော သခင်နု (ဦးနု)က 'ကျွန်တော် ထောက်ခံပါတယ်' ပြောပါတယ်။
ွ
ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌက တင်သင်းထောက်ခံသော အဆိုကို အမှုဆောင်လူကြီးများ တညီတညွတ်တည်း သဘောတူလက်ခံ
ကြပါတယ်။
ဲ
       ဘုရင်ခံကခန့်မည့် ကရင်အမျိုးသားဝန်ကြီးနေရာအတွက် ဘုရင်ခံက၊ ကရင်အမျိုးသားအဖွ့သုံးဖွ့ကို ခေါ်ယူတိုင်ပင်ပါတယ်။
ွဲ
ကရင်လူငယ်များ အစည်းအရုံးကိုယ်စားလှယ်အဖြစ် ပါပါ တက်ရောက်ခင့်ရသဖြင့် ဤကိစ္စကို ကရင်အမျိုးသားအဖွ့များ အချင်းချင်း
ွဲ
တိုင်ပင်ညှိနှိုင်းပြီး ဘုရင်ခံထံ နာမည်တင် သွင်းလျှင် ကောင်းမည်ဖြစ်ကြောင်း ပါပါပြောသောအခါ၊ အခြားကရင်အမျိုးသားနှစ်ဖ့က
ဲ
လက်မခံဘ၊     ဘုရင်ခံသဘောအတိုင်း ခန့်ရန် ပြောကြသဖြင့် ကရင်အမျိုးသားအရေးကို အင်္ဂလိပ်ဘုရင်ခံ လက်သို့ ၀ကွက်
အပ်လိုက်ခြင်း ဖြစ်ပါတယ်။
       လဆန်းမှာ     ထွက်လာသော         တိုင်းရင်းသား    ဂျာနယ်မှာသတင်းခေါင်းစဉ်အဖြစ်      စကားလုံးပဲဖြင့်    'ကရင်လူကြီးတွေ
ကရင်အရေးကို အင်္ဂလိပ်ဘုရင်ခံ လက်သို့ ၀ကွက်အပ်လိုက်ပြီ' ဟူ၍ ဖြစ်လာပါတယ်။
ဲ
       ဖဆပလ အဖွ့ချုပ်က ပါပါကို ဝန်ကြီးခန့်ရန် ဆုံးဖြတ်ပြီး နှစ်ရက်အကြာမှာ ပါပါ သခင်သန်းထွန်းဆီသို့ သွားသောအခါ
သခင်သန်းထွန်းက ပါပါ့ကို ကွန်မြူနစ်ထင်သည့်အတွက် ပါပါ့ကို ဝန်ကြီးရာထူး မပေးတော့ဘဲ မန်းဘခိုင်ကို ပေးရန် ဖဆပလ
အမှုဆောင်က ပြန်လည်ဆုံးဖြတ်ကြောင်း ပြောပြပါတယ်။ ကွန်မြူနစ်အထင် ခံရခြင်းသည် ပါပါ့အတွက် ကောင်းဖို့ဖြစ်သွားပါတယ်။
ဖြစ်သမျှအကြောင်း အကောင်းချည်းပဲဟူ၍ ပါပါပြောလေ့ပြောထရှိသော စကားနှင့်လဲ ကိုက်ညီပါတယ်။
ွ
       အဲဒီအချိန်တင်    ပါပါသာ        ဝန်ကြီးဖြစ်လျှင်   ဗိုလ်ချုပ်အောင်ဆန်းတို့နှင့်အတူ          ပါသွားမှာ     သေချာပါတယ်       (ဦးဘဆွေ-
ဦးကျော်ငြိမ်းတို့နှင့်အတူ အချုပ်ခံရစဉ် စကားစပ်သဖြင့် ပါပါက သူတို့ဤကိစ္စပြောပြသောအခါ ပါပါ့ကို ကွန်မြူနစ်ထင်သည့် အတွက်
ဲ
ဝန်ကြီးမခန့်ရန် သူတို့နှစ်ယောက်အများဆုံး ကန့်ကွက်ခ့ကြောင်း ပြောပါတယ်။ သူတို့အများဆုံး ကန့်ကွက်၍သာ ပါပါ အဲဒီအချိန်မှာ
ဝန်ကြီးမဖြစ်တဲ့အတွက် ဗိုလ်ချုပ်အောင်ဆန်းတို့နှင့် အတူ ပါမသွားသောကြောင့် သူတို့နှစ်ယောက်ကို များစွာ ကျေးဇူးတင်ပါကြောင်း
ပြန်ပြောပါတယ်။)
ဲ
       တနေ့ ပါပါ ဥပဒေသင်တန်းကျောင်းတက်ပြီး အိမ်သို့ ပြန်သောအခါ မိုမိုနှင့် အစ်ကို ဝမ်းကွတော်စပ်သော မအူပင်မြို့နယ်၊
လေးအိမ်စုရွာ   နေ    ဦးစောရွှေဗျိုင်းနှင့်   တွေ့ပါတယ်။         သူ့ရွာမှ        လူတစ်ယောက်      ဓားပြမှုနှင့်   မသင်္ကာသဖြင့်ွ
                                                                                                                                ရန်ကုန်တင်
ွ
အဖမ်းခံရသောကြောင့် လာရောက် ဆောင်ရက်နေကြောင်း ပြောပါတယ်။ မိုမိုနှင့်အမျိုး တော်စပ်သဖြင့် လာရောက်လည်ပတ်ခြင်းသာ
ဖြစ်ပြီး ပါပါ့ဆီအကူအညီ တောင်းရန်လာခြင်း မဟုတ်ပါ။ သို့သော် ရန်ကုန်သို့ လာရောက်သောကိစ္စကို သိရသဖြင့် ပါပါနှင့်
ကာလကတ္တားမြို့မှဲာ
                       သိခ့သော        ပုသိမ်မင်းကြီး     မစ္စတာဝင်း(မ)(စ)           အား    သွားရောက်ပြောပေးရာ          အဖမ်းခံရသောလူငယ်
လွတ်လာပါတယ်။
       ဤဆောင်ရွက်ပေးခြင်းကို          အကြောင်းပြု၍         ဦးစောရွှေဗျိုင်းနှင့်    ခင်မင်ရင်းနှီးသွားပြီး၊     သူမှတဆင့်     မအူပင်မြို့နယ်
ကာတပေါရွာနေ ဘုရားဒါယိကာ၊ ဒါယိကာမ ဦးဘိုးထေ ဒေါ်မယ်ရင်တို့နှင့် သိရှိပြီး မိဘသဘွယ် ခင်မင်ရင်းနှီးသွားပါတယ်။ ၁၉၅၂ - ခု
ဇွန်လတွင် တာတပေါရွာ ဘုန်းကြီးကျောင်းမှာ ပါပါဒုလ္လဘရဟန်း ခံသောအခါ အဘိုးဦးဘိုးထေနှင့် အဘွားဒေးမယ်ရင်သည် ပါပါရဲ့
ဒါယကာ ဖြစ်ပါတယ်။
       ပါပါဝန်ကြီးဘဝနှင့် သမ္မတဘဝမှာ အားလပ်သောအခါများ ၌ အိမ်သူအိမ်သားများအပြင် အပေါင်းအသင်းများပါခေါ်ပြီး
ု
ကာတပေါရွာသွိ့
                    အလည်သားသောအခါ                အဘိုးဦးဘိုး       ထေတို့မိသားစုသည်            ပါပါတို့ကို     လိုလေသေးမရှိ      ဧည့်ခံပြုစု
ကျွေးမွေးကြပါတယ်။
                                                                  (ပြီးပါပြီ)
To top