Mawlamyaing Statement final - PDF - PDF
Document Sample


တတိယအကြိမ်မြောက် ကရင်အမျိုးသား လူ့အဖွဲ့အစည်း
ငြိမ်းချမ်းရေးအထောက်အကူပြုစကားဝိုင်း၏
သဘောထားထုတ်ပြန်ချက်
ှုံ
ပြည်ထောင်စုမြန်မာနိုင်ငအတွင်း မှီတင်း နေထိုင်သက်ဝင်လှုပ်ရှားကြသော ကရင်အမျိုးသားလူမအဖွဲ့အစည်း
များ၏ တတိယအကြိမ်မြောက် ငြိမ်းချမ်းရေးအထောက်အကူပြုစကားဝိုင်းကို ကရင်အမျိုးသားများအတွင်း
စည်း လုံးညီညွတ်မှုပိုမိုခိုင်မာစေရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးဖော်ဆောင်မှု ဖြစ်စဉ်ကို
ဝိုင်းဝန်းပံ့ပိုးပေးနိုင်ရေးအတွက်ွ
ရည်ရယ်လျက် ၂၀၁၂ခုနှစ် အောက်တိုဘာလ (၁၃)ရက်နေ့တွင်
ဲ့
မော်လမြိုင်မြို့၌ ကျင်း ပပြုလုပ်ခရာ ယင်း အစည်းအဝေးသို့ တက်ရောက်ဆွေး နွေးခဲ့ကြသော ဧရာဝတီတိုင်း ၊
ရန်ကုန်တိုင်း ၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့မှ ငြိမ်းချမ်းရေး အထောက်
အကူပြုလုပ်ငန်းများတွင်
စိတပါဝင်စားသည့ှ်ု
ကရင်အမျိုးသားလူမအဖွဲ့အစည်း ကိုယ်စားလှယ်များ၊
ဆရာတော်များ၊ လူပုဂ္ဂိုလ်များမှ အောက်ပါသဘောထားများနှင့် အကြံပြုတင်ပြချက်များကို ထုတ်ဖော်အပ်
ပါသည်။
ကရင်အမျိုးသားအစည်းအရုံး၏ လတ်တလောအခြေအနေအပေါ် သဘောထားအမြင်
ကျွန်ုပ်တို့သည်
၁။ ကရင်အမျိုးသားရေးအတွက်လုပ်ဆောင်ရာတွင် အယူအဆကွဲပြားမှုရှိသော်လည်း ဦးတည်ချက်
ု
တစ်ခုတည်းကိသာ အဓိကထားလုပ်ဆောင်ခြင်းဖြစ်သည်ဟု ယူဆရသောကြောင့ှ်ု
ညီညွတ်မကို
်
တည်ဆောက်နိုငမည်ဟု ယုံကြည်ပါသည်။
၂။ နိုင်ငံရေးအမြင်မတူသော်လည်း လုပ်ငန်းများကို အတူတကွ ဆောင်ရွက်ရာတွင် အချင်း ချင်းကြား၌
ပွင့်လင်းမြင်သာစွာဖြင့် သူတော်ကောင်းတို့၏ ကျင့်စဉ်အရ တစ်ဦးကိုတစ်ဦး ဆင်ခြင်တုံတရားဖြင့်
ံ
ခွင့်လွှတ်သည်းခံနိုင်သည့် စိတ်နေသဘောထားမျိုးထားရှိခြင်းကို ထောက်ခအားပေးသည်။
၃။်
နိုင်ငံရေးမူဝါဒများချမှတအကောင်အထည်ဖော်ရာတွင် ပြောင်းလွယ်ပြင်လွယ်သည့် နည်းဗျူဟာ
များကို တိုးတက်ပြောင်း လဲနေသော နိုင်ငံရေးအခင်းအကျင်း နှင့် လိုက်လျောညီထွေစွာ ကျင့်သုံးနိုင်
မည်ဆိုပါက အောင်မြင်မှုပန်း တိုင်သို့ လျှင်မြန်စွာရောက်ရှိနိုင်မည်ဟု သုံး သပ်ပါသည်။
၎။ အဖွဲ့အစည်းကိုယ်စားဖြင့် လုပ်ငန်းများလုပ်ဆောင်ရာတွင် အဖွဲ့အစည်းမူဝါဒလမ်းစဉ်ကို တိတိကျကျ
လိုက်နာဆောင်ရွက်ခြင်းသည် အလွန်အရေးကြီးသည်ဟု ယူဆသည်။
၅။ စုပေါင်းခေါင်းဆောင်မှုပုံစံကို ကျင့်သုံးရာတွင် ပူးပေါင်းဆောင်ရွက်မှုရှိသော၊ ဒီမိုကရေစီနည်း လမ်း
ကျသော ဆုံးဖြတ်ချက်ချသည့်ဖြစ်စဉ်များကို ကျင့်သုံးခြင်းသည် လုပ်ငန်းပိုမိုထိရောက်
အောင်မြင်သည်ဟု
သုံးသပ်ခံယပါသည်။ တစ်နည်းအားဖြင့် တာဝန်ဝတ္တရားများကို မျှတစွာ
ခွဲဝေယူရန်၊ အများစုဆန္ဒကို လိုက်နာပြီး အနည်းစုဆန္ဒကို လေးစားရန်နှင့် အထက်အောက်
ဆက်ဆံရေးကို ပြေပြစ်အောင်ဆောင်ရွက်ရန် စသည်တို့ကို ဆိုလိုပါသည်။
၆။ ငြိမ်း ချမ်းရေးပျက်စီး စေမည့်ဘေးအန္တရာယ်များကို သတိထားပြီး ကရင်တစ်မျိုးသားလုံး၏ဘဝ
အေးချမ်းသာယာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သာယာဝပြောရေးအတွက် ရည်မှန်းထားသော
ို
ပန်းတိုင်ကမျက်ခြေမပြတ် သတိထား ဆောင်ရွက်သွားရန် လိုအပ်သည်ဟု သုံး သပ်ပါသည်။
၇။ှ
ကရင်ပြည်သူလူထုမတမ်း တသော စစ်မှန်သောငြိမ်း ချမ်းရေးကို ဦး စားပေးပြီး တစ်ဦးတစ်ဖွဲ့ အကျိုး
စီး ပွားအတွက် အမြတ်ထုတ်ခြင်းကို သတိထားရှောင်ကြဉ်ရမည်ဟု ယူဆပါသည်။
၈။ို
တစ်ပြည်လုံး ရှိကရင်ပြည်သူလူထုအသံများကို နားစွငြ့် ပီး မိမိတ့အဖွဲ့အစည်း၏ အခြေအနေမှနကို
ပြန်လည်သုံး သပ်မှု ပြုလုပ်ကာ ပြည်သူလူထု၏ဆန္ဒကို ဖြည့်ဆည်းပေးနိုင်အောင် ဆောင်ရွက်ရန်
တိုက်တွန်း အားပေးသည်။
၉။ အမြင်မတူညီသော၊ သဘောထားမတိုက်ဆိုင်သော ကိစ္စတစ်ရပ်ရပ်ဖြစ်ပေါ်လာပါက တွေ့ဆုံ
ှု့
ညှိနှိုင်းခြင်း ဖြင်သာလျှင် ပြေလည်မရရှိသောနည်း လမ်းဖြစ်သည်ဟု သုံးသပ်ပါသည်။
ှု
ငြိမ်း ချမ်းရေးချဉ်းကပ်မအပေါ် သုံးသပ်အကြံပြုချက်
ပြည်ထောင်စုအစိုးရနှင့် ကရင်အမျိုးသားအစည်းအရုံး
၁။ ငြိမ်း ချမ်းရေးဖြစ်စဉ်သည် ပြည်ထောင်စုအစိုးရနှင့်ဲ့
လက်နက်ကိုင်တိုင်းရင်းသားအဖွအတွက်သာ
မဟုတ်ဘဲ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးပါဝင်ရမည့်ဖြစ်စဉ်ဖြစ်သည့်အလျောက် ကရင်
အမျိုးသားအစည်းအရုံး အနေဖြင့် ကရင်အမျိုးသားထုတစ်ရပ်လုံး ပါဝင်သော ငြိမ်းချမ်းရေးကို
ဖော်ဆောင်နိုင်ရန်အတွက် အဓိကဦး တည်သင့်သည်။
၂။ ငြိမ်း ချမ်းရေးဖြစ်စဉ်နှင့်ပတ်သက်၍ ဆောင်ရွက်ရာတွင် ဆန္ဒမစောဘဲ့ 
အောက်ခြေအဆင်ထိ
ညှိနှိုင်းခြင်း ၊ ပွင့်လင်း မြင်သာမှုရှိစွာ ဆောင်ရွက်ခြင်းဖြင့် သတိပြုလုပ်ဆောင်ရမည်ဖြစ်သော်လည်း
အချိန်ကာလသတ်မှတ်ချက်တစ်ခုအပေါ် ရည်မှန်း ချက်၊ လုပ်ငန်းစီမံချက်နှင့်အညီ တိကျမှန်ကန်
်
ပြတ်သားစွာ ဆောင်ရွကရမည် ဖြစ်သည်။
၃။ ငြိမ်း ချမ်းရေးဖော်ဆောင်ရာတွင် တတ်သိနားလည်သော ရှေ့မှီနောက်မှီပုဂ္ဂိုလ်များ၊ ပညာရှင်များနှင့်
တိုင်ပင်ကာ မိမိအဖွဲ့အတွင်း ပြန်လည်ညှိနှိုင်းပြီး ကျစ်လစ်ခိုင်မာသော ငြိမ်း ချမ်းရေးဖော်ဆောင်မှု
အဖွဲ့ကို စနစ်တကျအဆင့်ဆင့် ပြန်လည်ဖွဲ့စည်းလုပ်ဆောင်ခြင်းဖြင့် ရှေ့ ဆက်လျှောက်လှမ်းမည်
ဆိုပါက ပိုမို၍ထိရောက်အောင်မြင်မည် ဖြစ်သည်။
၎။ ကရင်အမျိုးသားအစည်းအရုံးသည် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရာတွင် သံခင်း တမန်ခင်း
်
(diplomacy)ကြွယ၀သော ပုဂ္ဂိုလ်များကိုအစဉ်တစိုက် ရွေးချယ်စေလွှတ်ခြင်းသည် ငြိမ်းချမ်းရေး
ဖော်ဆောင်မှုလုပ်ငန်းကို ပိုမိုထိရောက်အောင်မြင်စေမည် ဖြစ်သည်။
၅။ နိုင်ငံတော်အဆင့်ဆွေးနွေးရာတွင် ကရင်အမျိုးသားအစည်းအရုံးသည် အချင်းချင်းညှိနှိုင်းမှု
ိ
ပြုလုပ်ပြီး သဘောတူညီမှုရရှသည့်အတိုင်း မှန်ကန်တိကျစွာ တွေ့ဆုံဆွေးနွေးခြင်းသည် အလွန်
အရေးကြီးကြောင်း သုံး သပ်ပါသည်။
၆။ အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုကို အခြေပြုပြီး လုပ်ငန်း များနှင့် ပတ်သက်သော စည်း မျဉ်း
ဥပဒေသတ်မှတ်ချက် မပြီး မြောက်မီ စီးပွားရေးလုပ်ငန်းများ အကွက်ချလုပ်ဆောင်ခြင်းကို
ု
ကရင်လူထမှ လက်ခံမည်မဟုတ်ကြောင်း တင်ပြအသိပေးအပ်ပါသည်။
၇။ ငြိမ်း ချမ်းရေးဖြစ်စဉ်တွင် ပါဝင်လှုပ်ရှားသော ကရင်လူမှုအဖွဲ့အစည်းများအတွက် လည်းကောင်း၊
်
ကရင်အမျိုးသား အကျိုးစီး ပွားကို စိတ၀င်စားသော ရဟန်း ရှင်လူပုဂ္ဂိုလ်များအတွက်လည်းကောင်း၊
ု့
ဥပဒေအရ လုံခြုံမှုရှိအောင် ကရင်အမျိုးသား အစည်း အရုံးနှင့် ပြည်ထောင်စုအစိုးရတိမှ အာမခံ
ရမည် ဖြစ်သည်။
ကရင်အမျိုးသား လူ့အဖွဲ့အစည်းများ
၁။ ငြိမ်း ချမ်းရေးသည် ကရင်ပြည်နယ်ငြိမ်းချမ်းရေးသာမက ကရင်တစ်မျိုးသားလုံး၏ ငြိမ်းချမ်း ရေးနှင့်
သက်ဆိုင်သောကြောင့် ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှု၊ နိုင်ငံရေး၊ စီး ပွားရေး၊ တရားမျှတရေး
ံ
ဆိုင်ရာကရင့်ရေးရာကိစ္စများပါဝင်နိုင်အောင် ကရင်အမျိုးသားလူမှုအဖွဲ့အစည်းများ၏ ကူညီပ့ပိုးမှု
သည် အဓိကအခန်းကဏ္ဍတစ်ခုဖြစ်သည်ဟု ယူဆပါသည်။
၂။ ငြိမ်း ချမ်းရေးဖြစ်စဉ်တွင် ပြည်တွင်းကရင်လူထုကိုယ်စားပြုအဖွဲ့များ၊ ကရင်အမျိုးသား အစည်းအရုံး
ကိုယ်စားပြုပုဂ္ဂိုလ်များနှင့် အခြားဒေသမှကရင်လူမှုအဖွဲ့အစည်း ကိုယ်စားပြုပုဂ္ဂိုလ်များ တွေ့ဆုံ
ညှိနှိုင်းအမြင်ဖလှယ်ခြင်းသည် အဓိကဦး စားပေးရမည့်အရာတစ်ခုဖြစ်သည်ဟု ယူဆပါသည်။
၃။ှု
ကရင်အမျိုးသားလူမအဖွဲ့အစည်းများသည် မိမိတို့သက်ဆိုင်ရာအဖွဲ့အစည်း ၏ အစီအစဉ်နှင့်
ပြည်တွင်း ပြည်ပကရင်အမျိုးသားအားလုံး၏ ဘုံသဘောထားတို့ကိုပေါင်း စပ်ညှိနှိုင်းပြီး ငြိမ်းချမ်းရေး
ဖော်ဆောင်မှုလုပ်ငန်းများကို ဆက်လက်အကောင်ထည်ဖော်ဆောင်ရွက်ခြင်းသည်သာလျှင် ကရင်
တစ်မျိုးသားလုံး၏ အကျိုးစီးပွားအတွက် ရှေးရှုရာရောက်မည်ဟု ယူဆပါသည်။
အထက်ဖော်ပြပါ သဘောထားအမြင်နှင့် အကြံပြုချက်များကို ငြိမ်းချမ်းရေးဖော်ဆောင်နေသော
ကရင်အမျိုးသားအစည်းအရုံးနှင့် ပြည်ထောင်စြု ငိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ အပါအ၀င်
်
ငြိမ်း ချမ်းရေးဖော်ဆောင်မှုလုပ်ငန်းများဆောင်ရွကသော ကရင်အမျိုးသာှးု
လူမအဖွဲ့အစည်းအသီးသီးတို့
အတွက် အထောက်အကူပြုနိုင်ရန် ရည်ရွယ်၍ ဤသဘောထားကို အလေးအနက် အကြံပြုတင်ပြအပ်
ပါသည်။
မော်လမြိုင်မြို့
၂၀၁၂ခုနှစ်၊ အောက်တိုဘာလ (၁၃)ရက်။
Related docs
Other docs by kawthoolei7
NCUB and UNFC Statement on joining effort - Peace and National Reconciliation in Burma - Bur - Nov 1 2012
Views: 552 | Downloads: 10
Get documents about "