Docstoc

KNU Statement regarding negotiation peace talk

Document Sample
KNU Statement regarding negotiation peace talk Powered By Docstoc
					                       OFFICE OF THE SUPREME HEADQUARTERS
                              KAREN NATIONAL UNION
                                   KAWTHOOLEI
                                      www.karennationalunion.net


ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တတိယအကြိမ်အရေးပေါ် ဗဟို ကော်မတီအစည်းအဝေး
                                          ထုတ်ပြန်ကြေညာချက်


                                                                                  ၂၀၁၂ ခုနှစ်၊ ဇွန်လ (၈) ရက်။


         KNU ကရင်အမျိုးသားအစည်းအရုံး တတိယအကြိမ်အရေးပေါ် ဗဟိုကော်မတီ အစည်းအဝးကို ၂၀၁၂ ခုနှစ်
ဲ
ဇွန်လ (၄) ရက်မှ (၇) ရက်နေ့အထိ ကရင်ပြည်နယ် လွတ်မြောက်ဒေသတစ်နေရာတွင် ကျင်းပပြုလုပ်ခ့ပါသည်။
အစည်းအဝေးသို့ ဗဟိုကော်မတီအဖွဲ့ဝင် (၃၃) ဦးနှင့် အထူးဖိတ်ကြားထားသော ကိုယ်စားလှယ် (၂) ဦး၊ စုစုပေါင်း
၃၅ ဦးတို့ တက်ရောက်ခ့ပါသည်။ ဤအရေးပေါ်အစည်းအဝေးတွင် အပစ်အခတ်ရပ်စဲရန် ဆက်လက်တွေ့ဆုံဆွေးနွေး
ဲ
ဲ
ရေးနှင့် ပတ်သက်ပြီး ရှေ့  လုပ်ငန်းစဉ်များကို အကြေအလည်ဆွေးနွေးချမှတ်ခ့ပါသည်။

        လက်ရှိကရင်အမျိုးသားများ၏ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ပေါ်တွင် အခြေခံသည့် စစ်မှန်သော ပြည်
တွင်းငြိမ်းချမ်းရေးကို ဦးတည်လျက် လက်ရှိဆောင်ရွက်နေသောတွေ့ ဆုံဆွေးနွေးမှုလုပ်ငန်းစဉ်နှင့် တိုက်ပွဲဝင်ဆောင်
ဲ
ရွက်နေသောလုပ်ငန်းများကို ပြန်လည်သုံးသပ်ခ့သည်။

        စစ်မှန်သောပြည်တွင်းငြိမ်းချမ်းရေးဖေါ်ဆောင်နိုင်ရေးအတွက် အရေးကြီးသော လုပ်ငန်းအ၀၀ကို ကျစ်လစ်
ခိုင်မာစေရန်နှင့် ဦးဆောင်မှုပေးနိုင်ရန် ကေအဲန်ယူ၏ ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးကော်မတီအဖြစ် ကေအဲန်ယူဗဟို
အလုပ်အမှုဆောင်ကော်မတီမှ ဆောင်ရွက်သွားမည်ဖြစ်သည်။

ွ
        ပိုမိုထိရောက်မှုရှိပြီး ကောင်းမွန်သော ပူးပေါင်းဆောင်ရက်မှုနှင့် ဦးဆောင်မှုတို့ ဖြစ်ပေါ်စေရန် စစ်မှန်သော
ပြည်တွင်ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးနှင့်ပတ်သက်သည့် လုပ်ငန်းအ၀၀ကို အထောက်အကူပြုရန် စစ်ရေးရာကော်မတီ
(Military Affairs Committee) ၏ လုပ်ငန်းများ ဗဟိုစစ်ဦးစီးဌာနချုပ်သို့  တာဝန်လွှဲပြောင်းလိုက်သည်။

        နိဂုံးချုပ်အနေဖြင့် KNU ကရင်အမျိုးသားအစည်းအရုံးသည် မြန်မာအစိုးရနှင့် တွေ့ဆုံဆွေးနွေးရာတွင် ခိုင်မာ
ွ
သည့်အပစ်အခတ်ရပ်စဲရေးအဆင့် ဆောင်ရက်ပြီးနောက် အမျိုးသားတန်းတူရေးနှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပေါ် အခြေခံ
သော ခိုင်မာသည့်ငြိမ်ချမ်းရေးတည်ဆောက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာအပ်ပါ
သည်။




                                                                       ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး
                                                                                     ဗဟိုဌာနချုပ်
ဆက်သွယ်ရန်       - ပဒိုစောလှငွေ (0870616325)

				
DOCUMENT INFO
Shared By:
Categories:
Tags:
Stats:
views:8687
posted:6/9/2012
language:
pages:1