Embed
Email

KNU_President_speech_on_64th_Karen_National_Day__Burmese_lan_

Document Sample

Shared by: Thawthikho
Categories
Tags
Stats
views:
7673
posted:
2/9/2012
language:
pages:
3
OFFICE OF THE SUPREME HEADQUARTERS

KAREN NATIONAL UNION

KAWTHOOLEI

www.karennationalunion.net







(၆၄) နှစ်မြောက် ကျရောက်သော ကရင်အမျိုးသားနေ့တွင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး

ဥက္ကဌ ဗိုလ်ချုပ်ကြီးစောတာမလာဘောမှ ပြောကြားသောမိန့်ခွန်း







ကရင်အမျိုးသားအပေါင်းတို့---

ကရင်အမျိုးသားအစည်းအရုံးအဖွဲ့ဝင်များ---

ကရင်အမျိုးသားတပ်မတော်မှ တပ်မှူး၊တပ်ဗိုလ်၊ တပ်သားအပေါင်းတို့---





ဒီကနေ့ ၂၀၁၂ခုနှစ်၊ ဖေဖော်ဝါရီလ(၁၁)ရက်နေ့သည် ကရင်အမျိုးသားတို့၏ (၆၄)နှစ်မြောက် သမိုင်း

ဝင်နေ့တနေ့ဖြစ်တဲ့ “ကရင်အမျိုးသားနေ့” ဖြစ်ပါတယ်။ ဤသို့သော နေ့ထူးနေမြတ်နေ့တွင် ပြည်တွင်း

ပြည်ပမှ ရှိသော ကရင်အမျိုးသားအားလုံးကို လိုအင်ဆန္ဒများ ပြည့်ဝပါစေကြောင်း ဆုတောင်းမေတ္တာ

ပို့သလိုက်ပါတယ်။





ကျွန်တော်တို့ရဲ့ သမိုင်းဝင်နေ့တနေ့ဖြစ်တဲ့ ကရင်အမျိုးသားနေ့ ဘာကြောင့်ဖြစ်ပေါ်ရသလဲဆိုရင်-

ကရင်အမျိုးသား (၄၀၀,၀၀၀)ကျော်သည် မိမိတို့ရဲ့ ဆုံးရှူံးနေသောအခွင့်အရေးများဖြစ်သည့် တန်းတူ

ရေး၊ ကိုယ်ပိုငြ် ပဌာန်းခွင့်နှင့် ငြိမ်းချမ်းရေးတို့အတွက် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ပြီး အုပ်စိုးသူ

အစိုးရထံမှ ဆန္ဒပြတောင်းဆိုခဲ့သည့်နေ့ကို ဂုဏ်ပြုသောအားဖြင့် ”ကရင်အမျိုးသားနေ့” အဖြစ်

သတ်မှတ်ခဲ့ခြင်း ဖြစ်တယ်။





မြန်မာပြည်အရပ်ရပ်၌ ရှိသော ကရင်အမျိုးသား (၄၀၀,၀၀၀)ကျော်သည် ငြိမ်းချမ်းစွာ စီတန်းလှည့်

လည်ပြီး ၎င်းတို့ လို့လားချက်များဖြစ်သည့် -





(၁) ကရင်ပြည် ချက်ချင်းပေး

(၂) ကရင်တစ်ကျပ် ဗမာတစ်ကျပ်ချက်ခြင်းပြ

(၃) လူမျိုးရေး အဓိကရုဏ်းအလိုမရှိ

(၄) ပြည်တွင်းစစ်အလိုမရှိ စသည်တို့ကို ကြွေးကျော် ဆန္ဒပြ တောင်းဆိုခဲ့ပါတယ်။

ဤသို့ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ပြီး မိမိတို့၏ ရသင့်ရထိုက်သော အခွင့်အရေးများကို တောင်းဆို

သည်မှာ ကရင်အမျိုးသားများသည် ငြိမ်ချမ်းရေးကို ခုံမင်နှစ်သက် မြတ်နိုးသူများဖြစ်ကြောင်း၊ ပဋိပက္ခ

ကို မလိုလားသူများဖြစ်ကြောင်း၊ အမှန်တရားနှင့် တန်းတူရေးကို လေးစားသူဖြစ်ကြောင်း စသည့်

ကရင်တို့၏ ပင်ကိုစရိုက်များကို ကမ္ဘာသိအောင် ထုတ်ဖော်ပြသသွားခြင်းလည်း ဖြစ်တယ်။





ထိုသို့ကရင်အမျိုးသားများ ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုသော်လည်း အုပ်စိုးသူများသည် ကရင်အမျိုး

သားတို့၏ တောင်းဆိုချက်များကို ဘာတစ်ခုမှ လိုက်လျောခဲ့ခြင်းမရှိသည့်အပြင် အကြမ်းဖက်သော

နည်းများဖြင့် ဖိနှိပ်အုပ်ချုပ်သောကြောင့် ကရင်အမျိုးသားတို့သည် နှစ်ပေါင်း (၆၄)နှစ် အတွင်း

အကြောင်းအမျိုးမျိုးကြောင့် စုစည်းနိုင်ခြင်းမရှိဘဲ အနယ်နယ်အရပ်ရပ်သို့ပြန့်နှံ့ရောက်ရှိပြီး ဒုက္ခပေါင်း

များစွာနှင့် ရင်ဆိုင်နေရပါတယ်။





ဤသို့သော ဒုက္ခတွင်း၌ ကျရောက်နေသော ကရင်အမျိုးသားတို့ရဲ့ဘ၀ကို ပြန်လည်လွတ်မြောတ်

အောင်လုပ်ဖို့ ကရင်အမျိုးသားတိုင်း၌တာဝန်ရှိပါတယ်။ ကရင်အမျိုးသားအစည်းအရုံးတစ်ခုတည်းနဲ့

လုပ်ဆောင်လို့မရပါ။ တမျိုးသားလုံးရဲ့ကံကြမ္မာသည် တမျိုးသားလုံးနှင့်ဆိုင်သည့်အတွက် ကရင်အမျိုး

သားတိုင်း ပူးပေါင်းပါဝင်ပြီး အမျိုးသားရေးအတွက် လုပ်ဆောင်ရပါမည်။ တစ်ဦးကောင်း၊ တစ်ယောက်

ကောင်း၊ တစ်ဖွဲ့ကောင်းနှင့် လုပ်ဆောင်လို့မရပါ။ ကရင်အမျိုးသားအားလုံး စုစု စည်းစည်း ညီညီ

ညာညာဖြင့် ဒီမိုကရေစီ ကျင့်စဉ်များနှင့်အညီ အားလုံးပူးပေါင်းဆောင်ရွက်မှ မိမိတို့၏ ပန်းတိုင်းသို့

ရောက်ရှိမည် ဖြစ်ပါတယ်။





ဤသို့ တမျိုးသားလုံး ဒုက္ခရောက်နေသည့်အချိန်တွင် စုစည်းညီညွတ်မှုမရှိဘဲ မိမိတစ်ဦး၏ ကောင်း

စားရေး၊ မိမိတစ်မိသားစု၏ ကောင်းစားရေးအတွက်သာ လုပ်ဆောင်နေမယ်ဆိုရင် မိမိကိုယ်ကို

ဤဒုက္ခပင်လယ်အတွင်းသို့ ဆွဲသွင်းခြင်းပင်ဖြစ်တယ် မိမိကိုယ်ကိုမိမိ ပြန်လည်အကျဉ်းချခြင်းပင်ဖြစ်

တယ်။ မိမိတို့၏အခွင့်အရေးများကို တောင်းဆိုရာတွင် တစ်မျိုးသားလုံး၏အခွင့်အရေးမှ တစ်ဦးချင်းစီ

၏ အခွင့်အရေးကို ရယူရမည်ဖြစ်သည်။ တစ်ဦးချင်းစီ၏ အခွင့်အရေး၊ တစ်ဦးချင်းစီ၏လွတ်လပ်မှု၊

တစ်ဦးချင်းစီ၏ကိုယ်ကျိုးစီးပွားအတွက်သာလုပ်ဆောင်မယ်ဆိုရင် အတွေးအခေါ်၊ အယူအဆများ ကွဲ



ပြားပြီး စုစည်းညီညတ်မှုမရှိဘဲ အောင်မြင်မှု ပန်းတိုင်နှင့် အလှမ်းဝေးသွားမည်သာဖြစ်မည်။





ယနေ့အချိန်သည် ကျွန်တော်တို့တိုင်းရင်းသားများအတွက် သေရေးရှင်ရေးတမျှအရေးကြီးသောအချိန်

ဖြစ်တယ်။ တိုင်းပြည်ကို အုပ်ချုပ်နေသော လက်ရှိအစိုးရသည် စစ်အစိုးရအဆက်ဆက်မှ နာမည်

ပြောင်းပြီး နောက်ဆုံး ယူနီဖောင်း ချွတ်- အရပ်ဝတ်လဲကာ ၎င်းတို့ စိတ်တိုင်းကျရေးဆွဲထားသော

ဖွဲ့စည်းအုပ်ချုပ်ပုံဖြင့် တိုင်းပြည်ကိုအုပ်ချုပ်နေပါတယ်။ ၎င်းတို့လက်ထက်တွင် တိုင်းပြည်ငြိမ်းချမ်းရေး၊



၎င်းတို့ခေါ် ထာဝရ ငြိမ်းချမ်းရေး၊ ပြုပြင်ပြောင်းလဲရေးများ ကြိုးစားဆောင်ရက်နေပါသည်ဟု ပြောဆို

နေသောလည်းဘဲ မိမိတို့ တိုင်းရင်းသားလူမျိုးအချင်းချင်းကြားတွင်သော်လည်းကောင်း၊ အဖွဲ့အစည်း

အတွင်း၌သော်လည်းကောင်း သွေးစည်းညီညွတ်မှုကွဲပြားစေရန် ဖဲ့ထုတ်စည်းရုံးမှု၊ ဖြားယောင်းမှုများ

ပြုလုပ်နေသည့်ကို တွေ့မြင်နေစဲဖြစ်ပါတယ်။ ၎င်းတို့အနေနဲ့ တိုင်းပြည်ပြုပြင်ပြောင်းလဲရေး၊ အမျိုးသား

ပြန်လည်သင့်မြတ်ရေး၊ တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးကိုတည်ဆောက်ချင်တယ်ဆိုရင် တိုင်းရင်း

သားအားလုံးယုံကြည်လက်ခံနိုင် လောက်သည့် ထင်သာမြင် သာရှိသော အပြုအမှု၊ အပြောအဆို၊

လုပ်ကိုင်ဆောင်ရွက်မှုများကို လက်တွေ့ပြသရပါမယ်။ တိုင်းပြည်၏ပြဿနာများကို ညီအစ်ကို စိတ်

ထားဖြင့် တန်းတူရေးအခြေခံပေါ်တွင် တွေ့ဆုံဆွေးနွေးဖြေရှငးရပါမည်။ ဤသို့ ခံယူယုံကြည်သော



ကြောင့်လည်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးသည် တိုင်းပြည်၏ နိုင်ငံရေးပြဿနာများကို

နိုင်ငံရေးအရအဖြေရှာနိုင်ရန်နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး အမှန်တကယ်ရရှိရန် ဦးသိန်စိန်

အစိုးရနှင့် တွေ့ဆုံဆွေးနွေးနေရခြင်းဖြစ်သည်။ သဘောထားကွလွဲမှုအများ အပြားနှင့် နားလည်ညှယူ

ဲိ

ရမည့်ကိစ္စ အခက်အခဲများစွာ ရှိမည်ဖြစ်သော်လည်း ပြည်တွင်းပြည်ပ အရပ်ရပ်မှ အမျိုးသားအင်အား



စုအားလုံး တရားမျှတမှုနှင့် အမှန်တရားပေါ်ထွန်းရေး၊ စစ်မှန်သောစည်းလုံး ညီညတ်ရေးအတွက်

ကိုယ်စီကိုယ်ငှ ကျရာထောင့်အသီးသီးမှ ပါဝင်လှုပ်ရှားတွန်းအားပေးနိုင်ကြမည်ဆိုလျှင် ကောင်းမွန်

သောအပြောင်းအလဲများစီသို့ ဦးတည်နိုင်မည်ဖြစ်သည်။ သို့မဟုတ်ပါက နှစ်ကာလများစွာ ရုန်းမထွက်

နိုင်ခဲ့သည့် နိုင်ငံရေး၊ စစ်မက်ရေး ဆိုးသွမ်းသံသရာထဲမှ လွတ်မြောက်နိုင်ကြဦးမည်မဟုတ်ဟု အလေး

အနက်သတိပေးလိုပါသည်။





ကျွန်တော်တို့ကရင်အမျိုးသားများသည် အမျိုးသားရေးအတွက် လှုပ်ရှားဆောင်ရွက်ရာတွင် ကျယ်ပြန့်

သောအမြင်၊ မြင့်မားသောခံယူချက်၊ မလျော့သောဇွဲလုံလဖြင့် လုပ်ဆောင်ရမည်ဖြစ်တယ်။ ထိုသို့သော

အတွေးအခေါ် ခံယူချက်များဖြင့် မိမိတို့၏ ရည်မှန်းချက်ပန်းတိုင်သို့ လျှောက်လှမ်းရာတွင် ဘ၀တူ

တိုင်းရင်းသားများနှင့် ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင်လှုပ်ရှားနေသူများနှင့်အတူ ပူးတွဲလုပ်

ဆောင်သွားရမည်ဖြစ်ပါတယ်။ သို့မှသာ ကျွန်တော်တို့ မျှော်မှန်းနေသည့် ဒီမိုကရက်တစ် ဖက်ဒရယ်

ပြည်ထောင်စုကို လျှောက်လှမ်းနိုင်မည်ဖြစ်ပါတယ်။





နောက်ဆုံးအနေဖြင့် ကရင်တမျိုးသားလုံးကို မှာကြားချင်တာကတော့ “ကရင်တမျိုးသားလုံး၏ စည်း

လုံးညီညွတ်မှုသည် ကရင်အမျိုးသားတို့၏ အောင်မြင်မှုပန်းတိုင်အတွက် အဓိက မောင်းနှင်အား” ဖြစ်

တယ်။ ကရင်အမျိုးသားတို့၏ အမျိုးသားရေးအတွက် လှုပ်ရှားဆောင်ရွက်နေမှုများသည် မှန်ကန်

သည့် အမျိုးသားရေးလှုပ်ရှားမှုဖြစ်သောကြောင့် အောင်မြင်မှုပန်းတိုင်ကို မလွဲမသွေ ရောက်ရှိ မည်ဖြစ်



တယ်။ ထိုကြောင့် ကရင်အမျိုးသားတို့၏ စုစည်းညီညတ်မှု ပြသသောနေ့ကို အောင်းမေ့သတိရပြီး

ကရင်တမျိုးသားလုံး စည်းစည်းလုံးလုံးညီညီညွတ်ညွတ်ဖြင့် ကရင်အမျိုးသားအလံတော်အောက်တွင်

ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံးမှ ချမှတ်ထားသော နိုင်ငံရေးလမ်းစဉ်အောက်တွင် အတူ

တကွ လှုပ်ရှားဆောင်ရွက်ရင်း အောင်မြင်မှုပန်းတိုင်ကို ဆွတ်ခူးသွားကြပါလို့ပြောကြားရင်း နိဂုံးချုပ်

လိုက်ပါတယ်။









*********


Other docs by Thawthikho
Suu Kyi pledges to help refugees
Views: 5613  |  Downloads: 31
long burmese kachin state analysis
Views: 10914  |  Downloads: 413
Statement
Views: 13841  |  Downloads: 24
MA - burmese
Views: 13614  |  Downloads: 104
Statement 26 May 2012
Views: 15589  |  Downloads: 37
Health warning to avoid Burmese traditional powders
Views: 14829  |  Downloads: 35
Agreement between CNF
Views: 14067  |  Downloads: 97
KKO_Letterhead-1-1-_Anti-drug_
Views: 6465  |  Downloads: 44
Press_Release_of_US_President_on_Burma
Views: 8720  |  Downloads: 82
Press_release_by_KWAT_-_18_May_2012
Views: 7060  |  Downloads: 27