KNU_Statement_regarding_negotiation_peace_talk_with_Burmese_Gov.__Burmese_.doc
Shared by: Thawthikho
-
Stats
- views:
- 6150
- posted:
- 1/26/2012
- language:
- pages:
- 1
Document Sample


OFFICE OF THE SUPREME HEADQUARTERS
KAREN NATIONAL UNION
KAWTHOOLEI
www.karennationalunion.net
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒုတိယအကြိမ်အရေးပေါ် ဗဟို ကော်မတီအစည်းအဝေး
ထုတ်ပြန်ကြေညာချက်
၂၀၁၂ ဇန်န၀ါရီလ ၂၆ ရက်
KNU ကရင်အမျိုးသားအစည်းအရုံး ဒုတိယအကြိမ်အရေးပေါ် ဗဟိုကော်မတီ အစည်းအဝးကို ၂၀၁၂ ခုနှစ်
ဇန်နဝါရီလ (၂၃) ရက်မှ (၂၅) ရက်နေ့အထိ ကရင်ပြည်နယ် ဒေသတစ်နေရာတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်း
အဝေးသို့ ဗဟိုကော်မတီအဖွဲ့ဝင် (၃၅) ဦးနှင့် အထူးဖိတ်ကြားထားသော ကိုယ်စားလှယ် (၃) ဦး၊ စုစုပေါင်း ၃၈ ဦးတို့
တက်ရောက်ခဲ့ပါသည်။ ဤအရေးပေါ် အစည်းအဝေးတွင် တွေ့ဆုံဆွေးနွေးရေးနှင့် ပတ်သက်ပြီး အောက်ပါဆုံးဖြတ်
ချက်များကို ချမှတ်ခဲ့ပါသည်။
(၁) KNU ကရင်အမျိုးသားအစည်းအရုံးနှင့်မြန်မာအစိုးရတို့ကြား အပစ်အခတ်ရပ်စဲရေးကိစ္စအတွက် ဆက်လက်
ဆွေးနွေးသွားမည်။
(၂) အပစ်အခတ်ရပ်စဲနိုင်ရေးအတွက် ယုံကြည်မှုတည်ဆောက်နိုင်ရန် မိမိနယ်မြေအတွင်း မြန်မာအစိုးရမှ
၎င်းတို့၏တပ်များကို လျှော့ချပေးခြင်း/ ရုတ်သိမ်းပေးခြင်းကိစ္စနှင့် တပ်နေရာယူထားသည့် ကိစ္စများကို
ညှိနှိုင်းဆွေးနွေးသွားမည်။
(၃) တွေ့ဆုံဆွေးနွေးရေး ထိရောက်ပြီး အဆင်ပြေချောမွေ့စေရန် KNU ကရင်အမျိုးသားအစည်းအရုံးအနေဖြင့်
ွ
ကျွမ်းကျင်သောပညာရှင်များ၏ အကြံပြုချက်များကို ရယူသားမည်။
ွ
(၄) ပြည်တင်းပြည်ပရှိ ကရင်ပြည်သူလူထုတို့၏ အကြံပြုချက်များကို ရယူခြင်းနှင့် တွေ့ဆုံဆွေးနွေးရေးလုပ်ငန်း
ွ
စဉ်များတွင် အမျိုးသမီးများ၏ ပိုမိုပူးပေါင်းပါဝင်မှုကို ဆောင်ရွက်သားမည်။
ွ
(၅) အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိနိုင်ရေးအတွက် နိုင်ငံရေးဆွေးနွေးမှုအဆင့်တင် တိုင်းရင်း
သားလူမျိုးစုအင်အားများဖြင့် စုပေါင်းပြီး ဆောင်ရွက်သွားမည်။
နိဂုံးချုပ်အနေဖြင့် KNU ကရင်အမျိုးသားအစည်းအရုံးသည် မြန်မာအစိုးရနှင့် တွေ့ဆုံဆွေးနွေးရာတွင် ခိုင်မာ
ွ
သည့်အပစ်အခတ်ရပ်စဲရေးအဆင့် ဆောင်ရက်ပြီးနောက် အမျိုးသားတန်းတူရေးနှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပေါ် အခြေခံ
သော ခိုင်မာသည့်ငြိမ်ချမ်းရေးတည်ဆောက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာအပ်ပါ
သည်။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး
ဗဟိုဌာနချုပ်
ဆက်သွယ်ရန် - စောဒေးဗစ်သာကပေါ် (၀၈၄၃၈၁၄၆၇၉)
- ပဒိုစောလှငွေ (၀၈၄၃၈၁၅၆၇၉)
Get documents about "