Embed
Email

kn

Document Sample
kn
Shared by: zar ni
Categories
Tags
Stats
views:
1406
posted:
1/12/2012
language:
pages:
6
ကျနော် ရေဒီယို သတင်းထောက် (ပထမပိုင်း)





ကိုညို (ဇန်န၀ါရီ ၁၁၊၂၀၁၁ )





၂၀၁၂ နှစ်သစ်ကူးမတိုင်ခင် ၅ ရက်အလို အာအက်အေ(လွတ်လပ်သောအာရှအသံ)

မြန်မာပိုင်းဌာန ဌာနမှုး အန်တီငြိမ်း(ဒေါ်ငြိမ်းရွှေ)ထံကနေ ၂၀၁၂ အတွက်

သတင်းထောက်ကန်ထရိုက် သဘောတူညီချက် ရပ်ဆိုင်းလိုက်တဲ့စာကို လက်ခံရခဲ့တယ်။

ဒါနဲ့ဘဲ အာအက်ဖ်အေ ရေဒီယို မြန်မာပိုင်းအစီအစဉ်သတင်းထောက်အဖြစ်

(၁၄)နှစ်လောက်လုပ်ခဲ့တဲ့ ရေဒီယိုသတင်းထောက်အလုပ်ကနေ

ကျနော်အနားရသွားပါတယ်။





ကိုယ်က သတင်းထောက်အလုပ် မလုပ်ချင်တာမဟုတ်ဘူး။ ဖြစ်နိုင်ရင်

တသက်လုံးလုပ်ချင်တာ။ သတင်းထောက်ဘ၀ကိုခုံမင်တယ်။အားလုံးသိတဲ့အတိုင်း

ဒီကနေ့ကမ္ဘာပေါ်မှာ ရေဒီယိုတွေဆိုတာက မီဒီယံဝေ့ဖ်တို့၊ အက်ဖ်အမ်တို့ဘဲ

တွင်တွင်ကျယ်ကျယ်ဖြစ်နေတာ၊ (ဆိုင်မှာရောင်းတဲ့ရေဒီယိုတွေတောင် လှိုင်းတို SW

ို

တွေမပါတော့ဘူး၊ FM တို့ MW မီဒီယံဝေ့၀်တ့လောက်ဘဲရှိတာ။





ကျနော်တို့အိမ်နီးချင်းအိန္ဒိယ နိုင်ငံမှာတောင် ဆိုက်ကားသမား၊ လမ်းဘေးကွမ်းယာ၊

လဘက်ရည်ဆိုင်တွေကအစ ရေဒီယိုအက်ဖ်အမ် လိုင်းတွေတနေကုန်ဖွင့်ကြတာ။ သတင်း၊

သီချင်းဖျော်ဖြေရေးအစီအစဉ်တွေ၊ အားကစားပြိုင်ပွဲ LIVEအသံတွေ၊ အင်တာဗျူးတွေ၊

တခြားဗဟုသုတနဲ့ ကျမ်းမာရေး၊ လူမှုရေးပညာပေးအစီအစဉ်တွေကို အက်ဖ်အမ်၊

မီဒီယံဝေ့ဖ်ရေဒီယိုလိုင်းတွေကနေ အားပေးနေကြတာပါ။ ဒီလိုကာလကြီးမှာ

ကျနော်တို့နိုင်ငံကသတင်းမှန်ကြားချင်လို့ ပြည်ပအသံလွှင့်ဌာနတွေကိုဘဲနားဆင်နေရတုံး။





မြန်မာပြည်မှာ ၁၉၆၂ ခုကနေ သတင်းစာ၊ ရေဒီယိုဆိုတာ ပြည်သူပိုင်၊

ပြည်သူ့အသံမဟုတ်တော့ဘဲ၊ အာဏာရှင်တွေအလိုကျ ဖြစ်ပေါ်ခဲ့ပြီး သတင်းမှန်၊

ဖြစ်ရပ်မှန်၊ ပြည်သူ့အကျိုးစီးပွားအမှန်ကို ရာစုနှစ်ဝက်လောက် (ဒီကနေ့အထိဘဲဆိုပါစို့)

ပြစ်ပယ်ခံထားရတာကိုး။ ဒီတော့ မြန်မာပြည်သူတွေဟာ သတင်းစာနဲ့၊ ရေဒီယိုတွေရဲ့

တန်ဘိုးအမှန်နဲ့ တန်ခိုးစွမ်းအားတွေကို သတိမမူမိတော့ဘဲ

နှစ်အတော်ကြာမေ့လျော့နေခဲ့တယ်။ အာဏာရှင်တွေရဲ့ ၀ါဒဖြန့်လှိုင်း မူးနေခဲ့တယ်။

ကျနော်တို့ ခေတ်လို့ဆိုရမဲ့ ၁၉၈၈မှာ တက္ကသိုလ်ကျောင်းသားတွေ ပုန်ကန်ထကြွလာပြီး

လူထုဒီမိုကရေစီအရေးတော်ပုန်ကြီးပေါ်လာတဲ့ကာလရောက်တော့မှ၊ မြန်မာပြည်ကြီး

နိုးထလာခဲ့တယ်။

ရေဒီယိုတန်ခိုးနဲ့ အကျိုးထူးစေမည်





၁၉၈၈နောက်ပိုင်းမှာ ပြည်ပအသံလွှင့်ဌာနတွေဖြစ်တဲ့ ဘီဘီစီ၊ ဗွီအိုအေ၊ အောလ်

အင်ဒီးယားနဲ့ ကျနော်တို့တတွေ လေလှိုင်းမဟာမိတ်တွေ ဖြစ်ခဲ့တယ်။

အဲဒီရေဒီယိုသတင်းတွေ တရက်နားမထောင်ရရင် ဗမာပြည်သတင်းလောကနဲ့

တရက်အဆက်ပြတ်သလို ခံစားရတယ်။ ရေဒီယိုသတင်းတွေ ပေါ်ပြူလာဖြစ်လာတယ်။

ပြည်ပရေဒီယိုနားမထောင်ရင် ခေတ်မမှီသလိုဖြစ်လာတယ်။ နောက်ပိုင်း

ဒီမိုကရက်တစ်မြန်မာ့အသံ (DVB-နော်ဝေး၁၉၉၂)နဲ့ လွတ်လပ်သောအာရှအသံ

(အမေရိကန်၊၀ါရှင်တန်ဒီစီ-၁၉၉၆) တို့ပေါ်လာတော့ မြန်မာပြည်သတင်းလောကမှာ

ရေဒီယို တခေတ်ဆန်းခဲ့တယ်။





ပြည်သူတွေ ရေဒီယိုတန်ခိုးနဲ့ အကျိုးထူးလာတယ်။ ပြည်ပရေဒီယိုတွေကလည်း

အပြိုင်အဆိုင်နဲ့ သူ့ထက်သာအောင် သောတရှင်တွေအတွက်

အစီအစဉ်ကောင်းကောင်းတွေ တွေးတောကြံဆ အားထုတ်ကြိုးပမ်းကြတယ်။

သတင်းသာမက၊ သတင်းဆောင်းပါးတွေ၊ ဗဟုသုတတွေ၊ ကျန်းမာရေး၊ နိုင်ငံရေး၊

ပညာရေး၊ အားကစား၊ နိုင်ငံတကာရေးရာ၊ အင်္ဂလိပ်စာပို့ချမှု၊ ရသတွေ၊ ကဗျာတွေ၊

ဖြေဖျော်တင်ဆက်မှုနဲ့ စိတ်အပမ်းဖြေစရာ ကဏ္ဍအမျိုးမျိုးကို

ဖွယ်ဖွယ်ရာရာတင်ဆက်လာကြတယ်။





ပြည်တွင်းမှာတောင် ရေဒီယိုတွေ ဈေးကောင်းလာတယ်။ တရုတ်လှိုင်းတိုရေဒီယိုတွေ

ဈေးကွက်ထဲဒလကြမ်းဝင်လာတယ်။ ရေဒီယိုဈေးတွေတက်လာတယ်။ အစောပိုင်းက

ရေဒီယိုသတင်းဌာနတွေမှာ နိုင်ငံခြားသတင်းဌာနတွေကသတင်းတွေ

(အေပီ၊အေအက်ဖ်ပီ၊ရိုက်တာ-စသဖြင့်)ကို ကောက်နှုတ်ဖော်ပြရာက နောက်ပိုင်းတော့

ကိုယ်ပိုင်သတင်းထောက်တွေခန့်ပြီး ဒေသန္တရဆိုင်ရာသတင်းတွေ

အချိန်မှီထုတ်လွှင့်နိုင်ခဲ့တယ်။





၁၉၈၈နောက်ပိုင်း မြန်မာပြည်သားတွေကလည်း၊ အိမ်နီချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ အိန္ဒိယ၊

ဘင်္ဂလားဒေခ်ျနဲ့ နယ်စပ်ဒေသတွေအပြင်၊ ဂျပန်၊ အမေရိကား၊ အင်္ဂလန်၊ စင်္ကာပူ၊

မလေးရှားတွေအထိ ခရီးပေါက်နေထိုင်နေတော့ ကျနော်တို့ရေဒီယိုတွေလည်း

ကမ္ဘာလှည့်ကုန်ပါတော့တယ်။ ရေဒီယိုရဲ့ကျေးဇူးကြီးလှပါတယ်။ မြန်မာပြည်နိုင်ငံရေးမှာ

ရေဒီယိုကြောင့်နိုးထခဲ့တာတွေအများကြီးပါ။ ပြည်တွင်းသတင်းလောကသာမက၊

ပွင့်လင်းပြီးလွတ်လပ်တဲ့လူ့အဖွဲ့အစည်းတခုပေါ်လာဖို့ ရေဒီယိုရဲ့ အခန်းကဏ္ဍဟာ

အတော်ကြီးရှိခဲ့ပါတယ်။ ဒါကိုဘယ်သူမှ ငြင်းလို့မရပါ။

ပြည်သူတွေက သတင်းထောက်





အဲဒီလိုရေဒီယိုလောကရှင်သန်စေဖို့ ပြည်တွင်း/ပြည်ပသတင်းစာနယ်ဇင်း၊

မီဒီယာတွေသာမက၊ လူထုသတင်းထောက်တွေ၊ နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးပါတီတွေနဲ့

သတင်းပေးတွေ၊ ပြည်တွင်း၊ပြည်ပလူမှုအဖွဲ့အစည်းတွေ၊ နိုင်ငံရေးအဖွဲ့အစည်း၊

တော်လှန်ရေးအဖွဲ့အစည်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ အမျိုးသမီးအဖွဲ့တွေ၊

နယ်စပ်စီးပွားရေးသမားတွေ၊ သတင်းပေးတွေနဲ့ အခြားအခြားသော ရဟန်းပုဂ္ဂိုလ်၊

လူပုဂ္ဂိုလ်တွေရဲ့ အားပေးကူညီအထောက်အပံ့တွေကလည်း တတပ်တအားပါဘဲ။





ပြည်ပရေဒီယိုတွေ အခုလိုရှင်သန်တန်ခိုးထွားရတာ သတင်းမှန်ကိုချစ်ကြတဲ့

မြန်မာပြည်သူတွေရဲ့ အထောက်အပံ့တွေ အများကြီးပါတယ်ဆိုတာ

သတိပြုမိကြဘို့လိုပါတယ်။ တနည်းပြောရရင် နှစ်ကာလအတန်ကြာအောင်

အမိုက်အမှောင်တွေအုပ်မိုးနေသလို တန်ခိုးထွားနေတဲ့ အာဏာရှင်စနစ်ကြီးကို

မလိုလားတဲ့ မြန်မာပြည်သူတွေရဲ့ တာဝန်သိမှု၊ နိုးကြားမှုတွေကနေ အားပေးပံ့ပိုးမှုဟာ

ပြည်ရေဒီယိုတွေရဲ့ အသံတွေကို ပိုမိုကျယ်လောင်လာစေတာပါဘဲ။





ကျနော်တို့ပြည်ပသတင်းထောက်တွေလည်း ထို့နည်းတူပါလို့ ပြောရမှာပါဘဲ။

ရေဒီယိုသတင်းထောက်အလုပ်ဟာ မလွယ်ပါဘူး။ ပြည်ပကနေ

သတင်းလိုက်ရတာလွယ်တဲ့ အလုပ်မှမဟုတ်တာ။ ကိုယ့်ကိုအထဲကမကူရင်

သတင်းမရနိုင်ဘူး။ ဒီကြားထဲ သက်သေပြအသံတွေ၊

အင်တာဗျူးတွေလည်းပါရသေးတယ်။ စစ်ဘီလူးတွေအဆိပ်တက်နေတဲ့ကာလကြီးမို့

သတင်းပေးရဲသူကခပ်ရှားရှား။ ကိုယ်ကတော်လို့မဟုတ်ဘူး အထဲကသတင်းပေးသူက

သတ္တိရှိလို့၊ ကူညီလိုစိတ်ပြင်းပြလို့၊ အမှန်တရားကိုလူသိစေချင်စိတ်၊

အာဏာရှင်စနစ်ကိုမနှစ်မြို့စိတ်တွေက အခြေခံပြီးသတင်းပေးလို့

ကျနော်တို့သတင်းထောက်တွေ ရှင်သန်နေတယ်ဆိုတာ

ပြည်ပသတင်းသမားတွေသိကြမှာပါ။





ဒါကြောင့်ကိုယ့်ကိုယ်ကို ငါသတင်းထောက်ကွလို့ တလွဲမာန်မာနတက်နေရင်

သတင်းထောက် ၀ါနုသေးလို့ ဖြစ်ချင်ဖြစ်မယ်၊ အမှန်ကိုမမြင်သေးဘဲ

အ၀ိဇ္ဖာလွှမ်းနေတာမျိုး ဖြစ်ချင်ဖြစ်မယ်။ ဘာလို့လည်းဆိုတော့ ကျနော်ကိုယ်တိုင်

ကိုယ်ဖော်ထုတ်ခဲ့တဲ့သတင်းတွေကြောင့် အများရဲ့ အားပေးချီးမြှင့်ခံရတဲ့အခါ

ကိုယ့်ကိုယ်ကို သိပ်ပြီးကျေနပ်သွားခဲ့ဘူးတယ်။ အောက်ခြေလည်းလွတ်သွားဘူးတယ်။

သတင်းထောက်တော်တော်များများ အဲလိုကာလ တခုကို ဖြတ်သန်းရမှာပါ။

သိပ်ခါးသီးပါတယ်။ ကိုယ့်ရဲ့ပကတိအနေအထားကို ကိုယ်ကမမြင်နိုင်သေးတဲ့ကာလပါ။

အဲလိုအရှက်တရားတွေနဲ့ မရင့်ကျက်မှုတွေကို ကျော်ဖြတ်လာပြီး နောက်ပိုင်းမှာ

အတွေ့အကြုံတွေ၊ သင်ခန်းစာတွေရလာ၊ ပကတိသဘောအမှန်တွေသိလာတော့မှ

ကိုယ်ကသတင်းထောက်ဖြစ်လာတာပါ။ အစောပိုင်းကာလက

သတင်းထောက်မဟုတ်သေးဘူး၊ သတင်းပို့/သတင်းပေး အဆင့်ဘဲဖြစ်ပါတယ်။

ို်

ကိကယတိုင်က သတင်းတခုထွက်လာရင် သေချာဆက်သွယ် ၊ထောက်လှမ်းစီစစ်

ဝေဖန်ပိုင်းခြားပြီးမှ အဖက်ဖက်က ပြည့်စုံအောင် ချည်းကပ်မေးမြန်းရပါတယ်။

တဦးတဘက်ထဲရဲ့ အမြင်ချည်းမဟုတ်ဘဲ ကျန်တဘက်က အမြင်တွေပါ

ချည်းကပ်ရယူရတာမို့ တကယ့်တကယ် ပြည့်စုံခိုင်လုံတဲ့သတင်းတပုဒ် ဖြစ်လာတာမို့ 

မြန်မာပြည်ပြင်ပကနေ ရေဒီယိုသတင်းထောက်လုပ်ရတာ လွယ်တာမဟုတ်ဘူးလို့

ကျနော်ပြောခဲ့တာပါ။ ကိုယ်တိုင်အထဲမှာ၊ မြင်တွေ့ရ၊ သိမှတ်ရ၊ လေ့လာခွင့်ရလို့ကတော့

တမျိုးပေါ့လေ။





ဘယ်လိုဘဲဖြစ်စေ မပြည့်စုံမှုတွေ၊ လိုအပ်ချက်တွေအများကြီးနဲ့ဘဲ မုဆိုးစိုင်သင်ရင်း

ကျနော်တို့တတွေ ရေဒီယိုသတင်းထောက်တွေဖြစ်လာကြတယ်။ မြန်မာပြည်ရဲ့ ဆယ်စုနှစ်

၂ခုကြာ ရေဒီယိုခေတ်ကြီးတခုကို ဖြတ်သန်းလာခဲ့ကြတယ်။ သောတရှင် ပြည်သူတွေရဲ့

အားပေးမြှောက်စားပြီး လက်ခံအသိအမှတ်ပြုမှုကိုရခဲ့ကြတယ်။

ဒါကိုကျနော်တို့ ၀မ်းသာကြတယ်။ ဂုဏ်ယူကြပါတယ်။





သတင်းထောက်အလုပ်ကနေ ကိုယ့်ဘ၀ကို ပြောင်းလဲပေးလိုက်တဲ့အရာတွေအများကြီး။

သိသိသာသာတွေရော၊ မသိမသာတွေရော၊ ရုပ်ပိုင်းဘ၀ရော၊ စိတ်ပိုင်းဘ၀ရော။

သတင်းသမားကောင်းတယောက်ဖြစ်ဖို့ မခက်သလို၊ လွယ်တာမှမဟုတ်တာ။

ကုန်ကုန်ပြောရရင် တည်ကြည်တဲ့ သတင်းထောက်တယောက်ဖြစ်ဘို့ ကျင့်သုံးရတဲ့

ကျင့်ဝတ်နဲ့ သီလဟာ သူတော်စဉ် ရဟန်းတပါးလို ခံယူကျင့်သုံးနိုင်မှဖြစ်တာပါ။

သတင်းထောက်ဘ၀ကနေ ရိုးသားမှု၊ ဖြောင့်မတ်မှန်ကန်မှုတွေ၊

တဖက်သားအပေါ်နားလည်ပေးမှုတွေ၊ စိတ်စေတနာအားကောင်းပြီး

လောကလူ့ဘောင်ငြိမ်းချမ်းရေးအတွက် ပံ့ပိုးပေးချင်တဲ့တွန်းအားဆန္ဒတွေ

ပေါ်လာတတ်ပါတယ်။ သတင်းသမားသက်တမ်းရင့်လေ၊ ပိုမိုရင့်ကျက်တည်ငြိမ်လေဘဲ။

သတင်းထောက်ဘ၀ဟာ ကိုယ့်အပေါ်ကျေးဇူးကြီးခဲ့တယ်။





အဲလိုဖြစ်လာဘို့ သတင်းမှန်လိုလားတဲ့ ပြည်သူတွေမရှိရင်

ကျနော်တို့သတင်းထောက်မဖြစ်ဘူး။ ပြည်သူ့သတင်းပေးတွေမရှိရင်

ရေဒီယိုမှာသတင်းမရှိဘူး။







အိုင်ဒီယာကော်ပီ

ဒါကြောင့် အနှစ် ၂၀ကျော်အတွင်းကိုယ်တွေ့ကြုံခဲ့၊ ဖြတ်သန်းခဲ့တဲ့ဘ၀သာမက၊

သတင်းထောက်လုပ်ခဲ့တဲ့ ဆယ်စုနှစ်ကျော် ကာလတွေက မှတ်မှတ်ရရ ရှိတာလေးတွေကို

စာရေးချင်တဲ့ စိတ်ကပေါ်လာတယ်။ သတင်းလောကနဲ့ နိုင်ငံရေးလောကက

မိတ်ဆွေတွေကလည်းတွန်းတယ်။ အိန္ဒိယမှာ ၁၀နှစ်ကျော် သတင်းထောက်လုပ်ခဲ့စဉ်

ကိုယ့်အတွေ့အကြုံတွေ ရေးချင်ပြောချင်စရာတွေ အမျာကြီးပါ။





မြန်မာအာဏာပိုင်တွေသာမက၊ အိန္ဒိယအာဏာပိုင်တွေရဲ့ နယ်နှင်မောင်းထုတ်မှု၊

သူလျှိုဆိုပြီးဖမ်းဆီးမှု၊ နယ်စပ်ခရီးက အသက်အန္တရာယ်တွေ ပြည်တွင်းခိုးဝင်ခဲ့တဲ့

အတွေ့အကြုံတွေ၊ စစ်တပ်လုံခြုံရေးနဲ့ ပက်ပင်းတွေ့ခဲ့ရပုံတွေ၊ စစ်အစိုးရ သံအရာရှိနဲ့

ဝန်ထမ်းတွေကို တွေ့ဆုံရတာတွေ ကျနော်အတွက် ပြန်ပြောချင်စရာတွေဘဲ။





ဒါပေမယ့် ကိုယ့်အတွေ့ အကြုံတွေချည်းမရေးချင်ဘူး၊ ကိုယ့်လိုဘဲ

အတွေ့အကြုံများသူတွေ၊ ကိုယ့်ထက်ဝါရင့်သူတွေ၊ ကိုယ်နဲ့ခေတ်ပြိုင် ရေဒီယို

သတင်းထောက်တွေ လုပ်ဖော်ကိုင်ဘက်တွေရဲ့ အကြောင်းတွေပါ ရေးချင်စိတ်ရှိနေတယ်။

သူများအတွေ့အကြုံတွေရေးချင်တယ်ဆိုတာကလည်း သတင်းထောက်လုပ်ခါစက

စာအုပ်တအုပ်ဖတ်ပြီး၊ အားကျတာနဲ့ အဲဒီအိုင်ဒီယာကို ကော်ပီလုပ်ချင်တာပါ။





မန္တလေးက နာမည်ကျော်စာရေးဆရာ၊ လူထုသတင်းစာတိုက်ထူထောင်ခဲ့တဲ့

ဆရာကြီးလူထုဦးလှက ကျနော်သတင်းထောက် ဆိုပြီး ၁၉၀၆ခု ၀ိုင်အမ်ဘီအေ

အသင်းတွေစပေါ်လာပြီးနောက် အမျိုးသားရေး၊ နိုင်ငံရေး နောက်ခံအားကောင်းကောင်းနဲ့

ထွက်ပေါ်လာတဲ့ သူရိယသတင်းစာ (၁၉၁၁ စတင်) မြန်မာ့အလင်းသတင်းစာ(၁၉၁၄

စတင်) ပညာ့အလင်းသတင်းစာ (၁၉၁၈) တွေက အယ်ဒီတာတွေ ၊သတင်းထောက်တွေ

ဖြစ်ကြတဲ့ သူရိယ ဦးထွန်းဖေ၊ မြန်မာ့အလင်းဦးမောင်မောင်ခင်၊ သူရိယ ဦးအမ်ဘိုးချိန်၊

ကျိုက်လတ်သူရိယသတင်းထောက် ကိုသုခ၊ မြန်မာ့အလင်းဦးလှထွန်းဖြူ၊ သူရိယ

ဦးဘသန်းနဲ့ အေပီအိုင်နဲ့ ရိုက်တာသတင်းထောက် မစ္စတာ ချက်တာဂျီတို့နဲ့

တွေဆုံမေးမြန်း(အင်တာဗျူး)ပြီး သူတို့ခေတ် သတင်းထောက်ဘဝ

ဖြတ်သန်းမှုအတွေ့အကြုံတွေကို ၁၉၇၁ ခုလောက်က စာအုပ်ထုတ်ခဲ့တယ်။

သိပ်ဖတ်ကောင်းပြီးအဖိုးတန်တဲ့ အတိတ်ခေတ်သတင်းထောက်အတွေ့အကြုံတွေပါဘဲ။

အဲဒီစာအုပ်ကိုလွန်ခဲ့တဲ့ ၁၀နှစ် အိန္ဒိယ-မြန်မာ နယ်စပ်မှာ နေတုံးဖတ်ခဲ့ရတယ်။

အဲဒီထဲကလို ဒီကနေ့ ရေဒီယိုဂျာနယ်လစ်တွေကိုလည်းဗျူးချင်တာပါ။

ဒါနဲ့ဒီဆောင်းပါးကိုရေးဖြစ်သွားတယ်။

လူထုဦးလှ အိုင်ဒီယာကို ကော်ပီလုပ်လိုက်တာလေ။ ကျနော် ရေဒီယိုသတင်းထောက်

ဆိုပြီး။









ကိုညို။


Related docs
Other docs by zar ni
The Voice
Views: 9  |  Downloads: 3
India- Myanmar
Views: 620  |  Downloads: 9
India_myanmar
Views: 617  |  Downloads: 7
jean
Views: 917  |  Downloads: 52
7Day News 11-9.
Views: 2208  |  Downloads: 417
Hot News 2-89
Views: 2216  |  Downloads: 559
17-1
Views: 4  |  Downloads: 0
302
Views: 7  |  Downloads: 0
Weekly Eleven 7-30
Views: 3177  |  Downloads: 178
The Voice 8-19
Views: 3386  |  Downloads: 365