ဲ
ကျွန်တော် သန်းကြွယ်သူဌေး ဖြစ်ခ့စဉ်က..
Written by ပန်းချီထိန်လင်း
များသောအားဖြင့် ဒီလို
ခေါင်းစဉ်မျိုးဟာ ကျဘမ်း
စကားပြွေဲာ
ပြိုင်ပတွေမှာ
မဲပေါက်တတ်တဲ့ ခေါင်းစဉ်မျိုးပါ။
ဟုတ်တာ မဟုတ်တာ အပထား
ဲ
စိတ်ထရှိတာ လျောက်ပြီး အချိန်
မစေ့မချင်း ပြောရတော့တာပေါ့။
ဒါပေမယ့် အခုကတော့
ဲ
စိတ်ကူးတည့်ရာ မဟုတ်ဘဲ တကယ်ကို သန်းကြွယ် သူဌေး ဖြစ်ခ့တုန်းက အကြောင်းကို ပြောမလို့ပါ။
ဲ
ပန်းချီထိန်လင်း တယောက် သန်းကြွယ် သူဌေး ဖြစ်ခ့တုန်းက ဘ၀ ဆိုတော့ သစ်ကုန်ကူးတဲ့
ဲ
အကြောင်းပဲ ပြောပြမှာလား၊ ကျောက်အောင်ခ့တာပဲ ဖတ်ရမလားလို့ စာဖတ်သူက တွေးကောင်း
တွေးမိနိုင်ပေမယ့် ကျွန်တော့်အကြောင်း သိကြတဲ့ အများစုကတော့ ပေါက်တတ်ကရ၊
ဲ
ကမောက်ကမတွေ ဖြစ်ခဲ့တ့အထဲက တခုခုကို ဘာလုပ်ဇာတ် ခင်းလာဦးမလဲ မသိဘူးလို့ ကြိုတင်
တွေးနေလောက်ပါပြီ။ ဟုတ်ပါတယ် ခုပြောပြမယ့် အကြောင်းကတော့ ပိုက်ဆံ သန်းချီချမ်းသာတဲ့
သန်းကြွယ် သူဌေးတယောက် ဘ၀မဟုတ်ပဲ ကိုယ့်ချစ်ဦးခေါင်းမှာ သန်းလေးတွေဝေ ဆိုတဲ့
နောက်တီးနောက်တောက် သီချင်းလို သန်းဂျီးမတွေ ကြွယ်ဝခဲ့တဲ့ တခါက ဘ၀လေး တခုကို
ရေးပြမလို့ပါ ခင်ဗျ။ ကျွန်တော်ကိုယ်က သန်းတွေအကြောင်း မပြောခင် သန်းရှာခြင်း ယဉ်ကျေးမှု
အကြောင်း ပထမ ပွါးချင်ပါ သဗျ။
ဲ
လွန်ခ့တဲ့ ခြောက်လလောက်က စာရေးဆရာမ ခက်မာရေးတဲ့ အက်ဆေးလေးတခုမှာ
ခေါင်းမှာတွယ်တဲ့ သန်းတွေအကြောင်း ဖတ်ခဲ့ရကတည်းက ဒီစာလေးကိဲု
ရေးချင်ခ့တာပါ။
ဲ
ပြောရရင်တော့ သူရ့ သန်းတွေအကြောင်း ဖတ်ရင်း ကိုယ်ပါ ယားလာတယ် ဆိုပါတော့ဗျာ။
ကမ္ဘာကသိတဲ့ မြန်မာပန်းချီဆရာကြီဲး
ပေါ်ဦးသက်ရ့ ရေဆေး
ဲ
ကာတွန်းပန်းချီကားလေးတွေထမှာ ရှေ့နောက် တန်းစီပြီး သန်းထိုင်ရှာနေတဲ့ မိန်းမတွေကို မကြာခဏ
ဲ
ဆြွဲ ပခဲ့ဘူးတာ အမှတ်ရသဗျ။ ကျွန်တော်တို့ ငယ်ငယ် ရုပ်ရှင် ဇာတ်ကားတွေထက အတင်းပြောတဲ့
ဇာတ်ဝင်ခန်းတွေမှာ မိန်းမတွေ (တချို့လည်း ရင်ရှားနဲ့) တန်းစီပြီး သန်းရှာကြ၊ သန်းတုပ်ကြရင်း၊
ဲ
အတင်းပါ တုပ်ကြတဲ့ပြကွက်မျိုးတွေလည်း မကြာခဏ ကြည့်ခ့ဘူးကြပါလိမ့်မယ်။
ငယ်ငယ်က ရွာမှာ နေ့လည်၊ နေ့ခင်းဆိုရင် အရိပ်ကောင်းတဲ့ မန်ကျဉ်းပင်ကြီးအောက်မှာ
မိန်းမကြီးတွေဟာ သူတို့ ဘီးဆံထုံးတွေ ဖြေချပြီး ဆံပင်ဖါးယားကြီးတွေနဲ့ တန်းစီထိုင်ပြီး
တယောက်ခေါင်းကို တယောက်ဖြွ ပီး သန်းရှာ သန်းတုပ်နေကြတာ အမြဲ တွေ့ရပါတယ်။ သန်းတုတ်
သန်းရှာကောင်းတဲ့သူဟာ ရွာမှာ တော်တော်လေး ပေါ်ပြူလာ ဖြစ်တယ်ခင်ဗျ။ နောက်ပြီး
သန်းရှာကောင်းတဲ့သူဆိုရင် ရွာထဲမှာ ဟိုလူကခေါ်ရှာခိုင်း ဒီလူကခေါ်ရှာခိုင်းရင်းနဲ့ လူတကာနဲ့
ဆက်ဆံရတာမို့ သတင်းကလည်း သူ့ဆီမှာ စုံတတ်သဗျ။ ဒါကြောင့် တချို့ က သန်းရှာတဲ့ နေရာကို
သန်းမရှိပေမယ့် သတင်းစုံ အတင်းစုံကြားချင်လို့ လာကြတာလဲ ရှိသဗျ။ အခုခေတ် သတင်း သိချင်လို့
ဲ
အွန်လိုင်းပေါ် တက်ကြသလိုပေါ့ခင်ဗျာ။ အဲဒီထမှာမှ စောစောက သန်းရှာကောင်းတဲ့ သူတွေကျတော့
ခုခေတ် သတင်းပေါင်းချုပ် ဘလော့ဂ်ဂါ ဒေါက်တာလွဏ်းဆွေတို့လို သိချင်တာ အားလုံး ရှိတတ်တာမို့
သူရှိတဲ့ သန်းရှာဝိုင်းမှာ မိန်းမတန်းက ပိုရှည်တတ်ပါတယ်။
အရင်ခေတ်တွေက အိမ်မှာ လူတယောက် အလုပ်လုပ်ရင် မိသားစုတစုလုံး ထိုင်စားလို့
ရနေတဲ့ခေတ်ကိုး။ ခုခေတ်မှာတော့ ရွာတွေမှာ သန်းတုပ်သန်းရှာတဲ့ ဓလေ့ မရှိသလောက်
ွ
ဖြစ်သားပါပြီ။ ခက်တာက မြန်မာ့ရိုးရာ သန်းရှာ၊ သန်းတုပ်တဲ့ ဓလေ့ မပျောက်ပျက်အောင်
ွ
သက်ဆိုင်ရာတွေက ထိမ်းသိမ်းကြပါဘို့ ခုခေတ်စားနေတဲ့ ဖေ့ဘတ်တို့၊ တွတ်တာတို့ (တွတ်တီး၊
ွ
တွတ်တာ) ပေါ်ကနေ အော်ဂနိုက်ဇ် လုပ်ကြည့်ဘို့ စဉ်းစားသေးသဗျ။ နောက်တော့ ကိုယ့်ဖေ့ဘတ်
စာမျက်နှာမှာ ဒီလို အရေးမပါတဲ့ စိတ်ကူးမျိုး ရေးရကောင်းလားဆိုပြီး ပွက်လောထသွားနိုင်တာမို့
လက်လျော့လိုက်ပါတယ်။
သေချာမှတ်မိတာက ကျွန်တော် စတုတ္ထတန်းနှစ်က ကျွန်တော့် ရှေ့ခုံမှာ ထိုင်တဲ့ ဌေးရီဆိုတဲ့
ွ
ကျွန်တော့် သူငယ်ချင်းခေါင်းမှာ သန်းတွေ သန်းနဲ့ချီပြီး ရှိနေတယ်လို့ ထင်ရလောက်အောင် တရွရနဲ့
ဲ
ပြေးလွား ရွေ့ရှားနေသဗျ။ သူ့ခေါင်းကိုကြည့်ရင် တစိစိနဲ့ စိတ်ထမှာ ယားလာအောင် များလှပေမယ့်
ကျွန်တော်တို့ သူငယ်ချင်း ဌေးရီကတော့ သူ့ခေါင်းမှာ သန်းတွေကို ရှိတယ်လို့ အမှုမထားပါဘူး။
ဲ
ဒါကြောင့် နောင်အခါ သန်းထူတ့ခေါင်း မယား ဆိုတဲ့ စကားပုံကို ကြားဘူးတဲ့အခါ ငယ်ငယ်က
သူငယ်ချင်း သန်းကြွယ်သူဌေး ဌေးရီမျက်နှာကို ပြန်သတိရမိပြီး ဟုတ်ပါပေတယ်၊ မှန်ပါပေတယ်လို့
လက်ခံရပါတယ်။
နောင် ကျွန်တော် အလယ်တန်း ကျောင်းသားဘ၀လောက် ရောက်တဲ့ အချိန်မှာတော့
ဲ
ကျွန်တော့် ဆံပင်ထမှာ သန်းများ ခိုအောင်းနေသည်ကို သိရှိခ့ရပြီး ကျောင်းအားရက်တွေမှာ အမေရဲ့
ညွန်ကြားချက်နဲ့ ဘီးစိပ် တိုက်ရပါတော့တယ်။ ပထမ ဗလာစာအုပ် (သို့) သတင်းစာ
အလယ်စာမျက်နှာကို ဖြန့်ချထား ပြီးတော့မှ ခေါင်းကို ငုံ့ပြီး ၀ါးဘီးစိပ်နဲ့ တိုက်ချရပါတယ်။ အဲဒီမှာ
သန်း သကောင့်သားတွေ ခမျာ ဆံကြားမှာ မနေသာဘဲ သတင်းစာပေါ်ကို တဖေါက်ဖေါက် ပြုတ်ကျ
လာရပါတော့တယ်။ နောက်တော့ ကျွန်တော့်ညီမနဲ့ ကျွန်တော်တို့ဟာ ဘယ်သူ့ခေါင်းက
ဘယ်လောက် ရတယ်ဆိုတာကို ပြိုင်ပွဲလုပ်ကြပါတယ်။ ပြီးတဲ့အခါမှာတော့ လက်မနဲ့
ဲ
လိုက်တုပ်တော့တာပေါ့ ခင်ဗျာ။ သန်းတုပ်တ့အခါ တဖေါက်ဖါက်နဲ့ မြည်တဲ့ အသံကြောင့် ပိုပိုပြီး
တုပ်ချင်လာတတ်သဗျ။ အဲဒီ နေ့မျိုးဟာ ကျွန်တော်တို့ ခေါင်းပေါ်က သန်းတွေအတွက်ကတော့
ကမ္ဘာပျက်တဲ့ နေ့ပေါ့ခင်ဗျာ။ နောက် ရွာဘုရားတန်ဆောင်းတခုမှာ သန်းတုတ်သူများ ခံစားရသော
ငရဲ ဆိုတဲ့ ပန်းချီကားတွေ့လိုက်တော့ နည်းနည်းတော့ ဖျား သွားသဗျ။ အဲဒီနောက်ပိုင်းမှာတော့
ွ
ကျလာတဲ့ သန်းတွေကို အိမ်ပြင်ဘက်သားခါ ချဖြစ်ပါတယ်။
အဲဒီလိဲု
ဘီးစိပ်တိုက်လို့ သန်းမကြီးတွေ ကျလာရင် အားရ၀မ်းသာနဲ့ အဖွါးလုပ်တ့လူကို
ပြတော့ ဂျပန်ခေတ်က ဆပ်ပြာတွေ ပြတ်လတ်ပြီး လူတွေကိုယ်မှာ သန်းဂျီးမတွေ တွယ်ကပ်တဲ့
အကြောင်းတွေကို အဖွားက လွမ်းလွမ်းမောမော ပြောပြတတ်ပါတယ်။ အဲဒီလို ဂျပန်ခေတ်အကြောင်း
ဲ
ပြောပြီဆို ကျွန်တော်ဆိုတ့ကောင်က အဲဒီခေတ်မျိုး မရှိတော့လို့ ၀မ်းသာရမယ့်အစား အဲဒီခေတ်ကို
ဲ
မမှီလိုက်တာပဲ နာသလိုလို တွေးမိခ့သဗျ။ အဲဒီလို တွေးခဲ့ဘူးလို့လား မသိပါဘူးဗျာ အဲဒီ သန်းဂျီးမ
ဆိုတာကြီးနဲ့ ဘ၀တကွေ့မှာ တည့်တည့်ကြီးကို သွားကြုံမိပါတော့တယ်။
နေရာက ကချင်ပြည်နယ်နဲ့ တရုတ်နယ်စပ် KIA ဌာနချူပ် လိုင်စင်နဲ့ ကပ်လျက်မှာ ABSDF
(NB) ပါဂျောင် စခန်းရဲ့ အကျဉ်းစခန်းတခုမှာ ကျွန်တော်အ ပါအ၀င် လူ ၇၀ လောက်ဟာ စစ်အစိုးရက
လွတ်လိုက်တဲ့ သူလျိုတွေဆိုပြီွးဲ
စွပ်စကာ ဖမ်းဆီးနှိပ်စက် ညှင်းဆဲမှုတွေနဲ့ ကြုံနေရချိန်မှာ
ကိုရွှေသန်းဂျီးမနဲ့ လာဆုံ တွေ့ရပါတော့တယ်။ ကျွန်တော်တို့ကို ဖမ်းဆီးထားတဲ့ ထောင်ဆိုတဲ့
အဆောက်အဦးက တကယ်တော့ သာမာန် မြေစိုက် ယင်ပေါင်ကြမ်း (ကတ္တရာပြားတွေ) မိုးပြီး
ဝါးခြမ်းသေးသေးလေးတွေနဲ့ ကာထားတဲ့ တဲကြီးဗျ။
ဒါကြောင့်မို့ ကျွန်တော်တို့ကို ညပဲဖြစ်ဖြစ် နေ့ပြဲ ဖစ်ဖြစ်ဲ
ထိပ်တုံးရှည်ကြီးတွေထခြေ ၂
ဖက်လုံးကို ထည့်ခတ်ထားပါတယ် (သို့မဟုတ်) သံကြိုးကြီးတွေနဲ့ ခြေကျင်းဝတ်ကို ခတ်ထားပါတယ်။
ဲ
ညဘက် လှချ မအိပ်ခင်မှာတော့ လက်တွေကို လက်ကောက်ဝတ်ကနေ ကြိုးနဲ့ ပူးတုပ်ထားပါတယ်။
ပြီးတော့ မျက်နှာကို ပိတ်စနဲ့ တင်းကြပ်နေအောင် စည်းပြီးမှ အိပ်ကြရပါတယ်။ အိပ်ယာကတော့
မြေကြီးပေါ်မှာ ကတ္တာရာပြားစတွေ ခင်းထားတဲ့ ဘူမိ ကဗ္ဗလာ မြေမွေ့ယာပါ။ မအိပ်ခင်မှာ လုံခြုံရေး
ဲ
အဖွဲ့ (သို့) ကျွန်တော်တို့ကို ဖမ်းဆီးထားတဲ့ အဖွ့ရ့ ခေါင်းဆောင် ပုဂ္ဂိုလ်တွေကို သီချင်းတွေ ဘာတွေနဲ့
ဲ
ဖျော်ဖြေ တင်ဆက်ရသေး သဗျ။ ခိုင်းရင်ပေါ့လေ။ ပြီးလို့ အိပ်ချိန် လှချပြီးပြီ ဆိုရင်တော့ လူးလွန့်
လှုပ်ရှားခွင့် မရှိတော့ပါဘူး။
ဲ
ညလယ်ကောင်မှာ ဆီးသွားဘို့ နိုးတဲ့အချိန်မှာ လှချနေရာက ထ၊ ခြေရင်းမှာ ချထားတဲ့
ဂလူးကို့စ် ပုလင်းလွတ်တွေထဲကို သေသေချာချာချိန်ပြီး ရှူရှူးပေါက်ထည့် ရပါတယ်။
ပြီးပြန်အိပ်ပေါ့ဗျာ။ အဲအိပ်ချိန်မှာ လူးလွန့်တာများတဲ့ သူတွေကိုတော့ မနက်လင်းချိန် တန်းစီချိန် ဆီး
ပုလင်းတွေ သွန်ပြီးတာနဲ့ နာမည်တွေ ခေါ်လိုက်ပြီရင် မြေကြီးပေါ် ၀မ်းယား တိုးပေးထားရပါတယ်။
အဲဒီမှာ ထောင်မှုး ဆိုတဲ့လူ ဒါမှမဟုတ် အရိုက်အနှက် အင်မတန် ကြမ်းပါပေတယ်လို့ နာမည်ကောင်း
ဲ
ထွက်ချင်တဲ့ လုံခြုံရေးတာဝန်ကျ ပုဂ္ဂိုလ်တွေရ့ မနက်ခင်း သွေးပူလေ့ကျင်ခန်း စ ပါတယ်။ သုံးလက်မ
ပတ်လည်နီးပါး တုတ်တဲ့ လက်ကိုင်တုတ်ရှည်ကြီးဟာ ကျွန်တော်တို့ရဲ့ ကျော (သို့) ခါးရိုးပေါ်ကို
ဲ
စုံကိုင် ရိုက်ချလိုက်သူရ့ စေစားရာအတိုင်း အလည်အပတ်ကျရောက် လာပါတော့တယ်။
သို့ပေမယ့် သို့ကလို ကျရောက်လာတဲ့ တုတ်ချက်တွေဟာ ကျွန်တော်တို့ အဖို့တော့
ထမင်းစား ရေသောက်လိုပါပဲ။ အဲဒီမတိုင်ခင်က စစ်ကြောရေးလို့ ခေါ်တဲ့ ငရဲခန်းမှာ ကျွန်တော်တို့ ကို
ွဲ
ဖမ်းဆီးစစ်ဆေးတဲ့ ကျောင်းသားတပ်ဖ့ ထောက်လှမ်းရေးရဲ့ တုတ်ချက်၊ ဓါးချက်တွေ၊ မီးရှို့ချက်တွေ၊
ဲ
လျပ်စစ်တို့ချက်တွေ၊ ရေနှစ်ချက်တွေနဲ့ ယှဉ်တ့အခါ ကလေးကစားသလို ဖြစ်နေပါတယ်။ ဒီငရဲခန်းရဲ့
ညှင်းပန်းမှုနဲ့ ရှေ့မှာ ဘ၀ဆုံးပါးသွားတဲ့ ကိုတင်မောင်အေး (ကသာ) နိုင်ငံရေးတာဝန်ခံ ပီကင်းပြန်
ဦးစိန်၊ စမ်းချောင်းက ကိုပြည့်စိုးနိုင်၊ ကိုစိုးကြီးတို့လို တုတ်ချက်နွဲ့
အသက်ထက် မခံလိုလို့
တော်လှန်ရေးသမားဘ၀ကနေ မဆလလွတ်လိုက်တဲ့ စစ်ထောက်လှမ်းရေး တွေပါလို့
ရင်နာနာထွက်ဆိုပြီး အသက်ကို ဆက်မွေးဘို့ ကြိုးစားနေတဲ့ ဒီဇာတ်ထုပ်မှာတော့
ဒီလိုကျရောက်လာတဲ့ တုတ်ချက်တွေဟာ သိပ်အဆန်း မဟုတ်တော့ပါဘူး။
ကျွန်တော်တို့လို အသက်ကို မွေးပေမယ့် မိမိတို့ ကိုယ်လက်အင်္ဂါ တချို့ကို
ပေးလိုက်ရသူတွေလည်း ရှိတာမို့ ကျွန်တော်တို့ ထောင်အိပ်ခန်းဟာ ဈေးက
အမဲသားတန်းထက်တော့ ပိုပြီး သွေးညှီနံ့ လွှမ်းပါတယ်။ လက်ကောက်ဝတ်က ဖြတ်ထားခံရတဲ့
ယူဂျီတာဝန်ခံ ကိုချိုကြီး (နောက်တော့ ခေါင်းပါဖြတ်ပေး လိုက်ရ) လက်ချောင်းတွေ ခုတ်ထားခံရတဲ့
ကိုအောင်ဖိုးတိုဲ့
ခြေထောက်ထကို ဖနောင့်ကနေ သံချောင်းကို မီးဖုတ်ပြီး ရှိုသွင်းခံထားရတဲ့
ွ
ကျောင်းသားခေါင်းဆောင် ကိုထန်းအောင်ကျော်တို့ဆီက သွေးညှီနံ့တွေအပြင် ရံဖန်ရံခါ အကွဲ အပြဲ
အဖြတ်အတောက်တွေကြားမှာ ကျွန်တော် ကိုယ်တိုင်လည်း ခေါင်းကိုမကြာခဏ အစိမ်းချုပ်ချုပ်
ွဲ
ခံရတတ်တာမို့ ကိုယ်ပေါ်က အ၀တ်တွေမှာ သွေးနံ့စနေတာ အဆန်းမဟုတ်တော့ပါ။
ဲ
ခက်တာက သွေးပေလို့မို့လည်း အင်္ကျီကိုလမပစ်သာပါဘူး။ လဲစရာလည်း မပေးပါဘူး။ အဲဒီ
ပါဂျောင်ဒေသဆိုတာက တရုတ်မြန်မာ နယ်စပ် ကေအိုင်အေ ဌာနချုပ် လိုင်စင် စခန်းနဲ့ တဆက်တည်း
ဲ
အမြင့်ပေ ခုနှစ်ထောင်ကျော်ရှိတာမို့ ဆောင်းမှာ အရိုးကွအောင် အေးစက်ပါတယ်။ ဒါကြောင့်မို့
ဲ
စောင်မရှိပဲ (တခါတရံ စောင်ပါးလေး တထည် ၂ယောက်မျှ) မြေပေါ် လှအိပ်ရတဲ့ ကျွန်တော်တို့အဖို့
သွေးဘယ်လိဲု
ရွနေပေမယ့် အဲဒီအင်္ကျီကို မပစ်နိုင်ပါဘူး။ အနည်းဆုံး လေးထပ်လောက်
ထပ်ဝတ်ထားတာတောင် အဆောက်အဦး ထရံကြဲကြဲကြားက တိုက်လာတဲ့
ဲ
တောင်ပေါ်ဆောင်းလေကြောင့် ရိုက်ထားတဲ့ ဒဏ်တွေက အရိုးကွအောင် အေးမြလှပါတယ်။
နောက်ပြီးတော့ စပြီး ဖမ်းဆီးနှိပ်စက်ပြီး ချုပ်ထားကတည်းက တခါမှ ရေချိုးခွင့်လည်း
မပေးသလို၊ ကျွန်တော်တို့ဘက်ကလည်း ထပ်အသားနာခံပြီး ရေချိုးခွင့် တောင်းဆိုဘို့ဆိုတာ
စိတ်ကူးထဲတောင် မရှိပါဘူ။ ဒါကြောင့် အ၀တ်အစားတွေမှာ သွေးတွေကခြောက်ပြီး ချပ်ခေါက်ကြီး
ဲ
ဖြစ်တ့နေရာ၊ ဆီးနံ၊ သွေးနံ့နဲ့ ဖုန်မှုန့်တို့ လိမ်းကျံနေခဲ့တာ လနဲ့ချီပြီး ကြာလာတာတဲ့နောက်
ကျွန်တော်တို့ကိုယ်ပေါ်မှာ ဘယ်အချိန်က စတင် ပေါက်ဖွါးခဲ့တယ်လို့ မသိနိုင်တဲ့ သန်းဂျီးမလို့ ခေါ်တဲ့
ွဲ
ကိုယ်သန်းတွေနဲ့ အဆွေခင်ပန်း ဖွ့မိကြပါတော့တယ်။
အမှန်တော့ ကျွန်တော်တို့ ကိုယ်မှာ ခုလို ကိုယ်သန်းတွေရှိနေတာကို ဘယ်အချိန်က စ
သတိထားမိ ဘယ်သူက စ သတိထားမိတယ်ဆိုတာ မှတ်မှတ်သားသား ရှိသင့်ပါလျက်
မရှိတာကတော့ အဲဒီအချိန်က ဘယ်အချိန် ခေါ်ပြီး ရိုက်စစ်ဦးမလဲ။ လျှော့ခ်တိုက်ပြီး အစစ်ခံရ
ဦးမလဲ။ မီးမြိုက်ခံရဦးမလဲ ဆိုတာကို နေ့နေ့ညည လန့်နေရလို့ပါ။ အစစ် မခံရတဲ့ အချိန်တွေမှာလဲ
သူတို့ခိုင်းတဲ့ အလုပ်ကြမ်းတွေကိဲု
ကျွလို နွားလို လုပ်ရတဲ့ ကျွန်တပိုင်း ဖြစ်နေတာမို့
သတိမထားမိကြတာပါ။
အဲနောက်တော့ တယောက်သောသူက စပြီး သူ့ကိုယ်ပေါ်မှာ သန်းတွေ ရှိနေတယ်လို့
စကြေညာလိုက်ပြီးတဲ့ နောက်မှာတော့ ကျွန်တော်တို့တွေ အလုပ်နားတဲ့ အချိန် အင်္ကျီတွေကို
ဲ
တလွာချင်း ချွတ်ပြီး သေချာ စစ်ကြည့်သောအခါမှာတော့ အင်္ကျီရ့ ချူပ်ရိုးကြောင်းတွေ ကြားမှ
ခိုအောင်းနေတဲ့ (အထူးသဖြင့် ဂျိုင်းနဲ့ လက်ပြင် အဆက် ချုပ်ရိုးတွေကြား) သန်းဖြူဖြူကြီးတွေကို
တွေရပါတယ်။
လူ့စိတ်ဟာ တော်တော်တော့ ဆန်းတယ်ခင်ဗျ။ ဒီ ကိုယ်သန်းကြီးတွေကို စတွေ့တော့
ဒါဟာအင်မတန် လန့်စရာ ကောင်းတဲ့ကိစ္စကို အန္တရာယ်လို့မမြင်ပဲ ငါ့အမေကြီး (အဖွါး) ပြောတဲ့
ဂျပန်ခေတ်လို ခေတ်ပျက်ကာလမျိုးမှာမှ ကြုံရတဲ့ သန်းဂျီးမကြီးတွေ ကိုယ်တိုင် ငါ့ခန္ဓာကိုယ်ပေါ်မှာ
ကိုယ်ကပ်နေပါပေါ့လား ဆိုပြီး ကြိတ်ဝမ်းသာမိနေသေးဗျ။ ဒါပေမယ့် ကြာကြာ မစောင့်လိုက်ရပါဘူး
ညလည်း ရောက်ရော သတ္တိပြတော့တယ်ဗျာ။ ခက်တာက ညဘက် မခံမရပ် နိုင်အောင် ဒင်းတို့က
ကိုက်ပေမယ့် စောစောက ပြောခဲ့သလို လက်ပြန်ကြိုးက တုပ်ထားတဲ့အပြင် နည်းနည်းလေး
ွ
လှုပ်ချင်လန့်ပြီဆိုရင် ခွင့်ပြုချက် အရင်တောင်းရတာမို့ စိုင်းထီးဆိုင် သီချင်း အလိုက်နဲ့ ပြောရရင်
ယားတော့ယားတာပေါ့ ဒါပေမယ့် မကုတ်နဲ့ လို့ပဲ ဆိုသလို ဖြစ်နေတာပေါ့ဗျာ။
အမှန်တော့ ညည ကျွန်တော်တို့ အကျဉ်းစံ ရဲဘော်တချို့ဟာ ခွင့်ပြုချက် မတောင်းဘဲ
ွဲ
လူးတယ် လွန့်တယ်ဆိုတဲ့ စွပ်စချက်နဲ့ မနက်မနက် တုတ်ချက် ထိခံနေရတာ တော်တ်ာကြာနေပါပြီ။
ွ
အရိုက်သာ ခံနေရတယ် ကိုယ်ဖာသာ လူးမိလန့်မိသလား မသိရဘဲ အသလွတ် အနွာခံနေရတာက
ွဲ
တော်တော်ကြာနေပြီ ခင်ဗျ။ မနက်ကျ စာရင်းက ထွက်လာပြီ လူးတယ်လန့်တယ်တ့။ နောက်မှ
အဖြေက ပေါ်တော့တာကိုးဗျ။ ဒီကောင်ကြီးတွေ အင်္ကျီ အတွင်းထဲမှာ ကိုက်နေတာဆိုတော့
လူးတော့တာပေါ့ဗျာ။ လွန့်တော့တာပေါ့ဗျာ။
လူစိတ်ဟာ အင်မတန် ဆန်းသဗျ။ ပထမဆုံး ကျွန်တော်တို့ ကိုယ်ပေါ်မှာ ဒီကိုယ်သန်းကြီးတွေ
ရှိနေတယ်ဆိုတာ စသိတဲ့ ညကိုမှာတော့ ညအိပ်ဘို့ ခေါင်းချပြီး မိနစ်အတွင်းမှာပဲ အင်္ကျီအထပ်ထပ်
ွဲ
အတွင်းက ကိုယ်ခန္ဓာမှာ မကြုံစဖူး ထူးထူးခြားခြား ယားလာပါတော့တယ်။ သန်းဂျီးမ တပ်ဖ့ဟာ
ဲ
တညတာ စစ်ဆင်ရေး စတင်ဘို့အတွက် တပ်ချီ တပ်ပြောင်းတွေ လုပ်နေပုံ ရပါတယ်ဗျ။ သိတ့အတိုင်း
ခြေထောက် ၂ ချောင်းကလည်း သံကြိုးကွင်းထဲမှာ။ လက် ၂ ဖက်ကို ကျောနောက်ပို့ပြီး
ဲ
လက်ကောက်ဝတ်ကနေ ပူးတုပ်ထားတာမို့ လှချလိုက်ပြီဆိုတာနဲ့ လူက ပုံစံအရကို မလူးမလွန့်
နိုင်တော့ပါဘူး။ ငယ်ငယ်က ဘူတာရုံမှာ ခြေလေးချောင်းလုံးကို ပူးတုပ်ထားတဲ့ ၀က်တွေ ပုံစံပါပဲဗျာ။
မျက်စေ့ကိုလည်း ပိတ်စနဲ့ အမြဲတင်းနေအောင် ချည်ထားတာဆိုတော့ နားကွို
အမြဲစင့်ထားတဲ့
ဲ
အလေ့က ရှိနေသဗျ။ ဘယ်သူ့ခေါ်ထုတ် သွားပြီလ။ ဘယ်သူ ၀င်လာပြန်ပြီလဲ စသည်ဖြင့်ပေါ့။
ညဘက်တွေမှာ ခေါ်ပြီး စစ်ဆေးတာကိုးဗျ။ ဘယ်သူတော့ဖြင့် စစ်ရင်ွးွ
လက်လန်သားလို့
ပြန်မလာနိုင်တော့ဘူး စသည်ဖြင့်ပေါ့ … ဆိုတော့ နားကတော့ စွပ်စွင့်ထားရတယ်။ ဘ၀က။
ပြောရင်တေွာ့
ပိုလန်းတယ် ပြောကြမှာပဲ။ တကယ်ပါဗျာ နောက် အာရုံစိုက်ထားတဲ့
ွဲ
အချိန်ဆိုရင် အဲဒီ ကိုရွှေသန်းဂျီးမ တပ်ဖ့ အထဲမှာ ပြေးလွား လှုပ်ရှားတဲ့ အသံကို နားထဲမှာ တခါတခါ
ကြားရသဗျ။ အရေပြားပေါ်မှာ ပြေးနေရင်လည်း သိနေသဗျ။ ကိုက်တာကတော့ မပြောပါနဲ့ တော့ ဗျာ။
သူတို့တွေကလည်း သိပုံရတယ်ဗျ။ ခုငါတို့ သွေးစုတ်နေတဲ့ လဒတွေဟာ ငါတို့ကို ဘာမှ
မတုံ့ပြန်နိုင်တဲ့ ကောင်တွေလို့ ကောင်းကောင်း သိနေပုံရတယ်ဗျ။ အဲဒီတော့ ညရောက်တာနဲ့
ကျွန်တော်တို့ ခန္ဓာကိုယ်ကြီးဟာ သူတို့အတွက် အကောင်းဆုံွးဲ
ပျော်ပစားရုံကြီးတွေ
ွ
ဖြစ်သားတော့တာမို့ တညလုံး စိတ်ကြိုက် ပွဲတော် တည်ကြပါတော့တယ်။ ကျွန်တော်တို့
သန်းတွေကပ်နေတာ စသိတဲ့ ညကတော့ ဘာပြောကောင်းမလဲဗျာ။ အရင်ကနဲ့ မတူအောင်ယား။
မတူအောင် နာတော့ကိုး။ အဲဒီတော့ လက်ပြန်ကြိုးတုပ်ထားတော့ ဘာမှလုပ်မရပေမယ့်
ဲ
နည်းနည်းလေး သက်သာလို သက်သာငြား လူးကြည့် လွန့်ကြည့်ချင်တ့စိတ်က ဘယ်လိုမှ တားမရဘူး
ခင်ဗျ။
ယားနေတာကို အာရုံစိုက်ပြီး မြေကြီးနဲ့ ကြိတ်သတ်ဖို့ လုပ်ကြည့်တာပေါ့ဗျ။
ဘာပြောကောင်းမလဲဗျာ။ တညလုံးဟာ တယောက်ပြီး တယောက် နည်းနည်း လှုပ်ပါရစေဗျ
ဆိုတာချည်း ဖြစ်ကုန်တာပေါ့။ ခက်တာက အကုန်လုံးက ကုပ်ချင် လှုပ်ချင်တဲ့ လူတွေချည်း
ဖြစ်နေသလို ကုပ်ဖို့အရေး ခွင့်ပြုချက် ရဘို့ကလည်း အလွန် အရေးကြီးတာကိုး ဗျ။ ကျွန်တော်
နည်းနည်း လှုပ်ပါရစေဗျ လို့ပြောပေမယ့် လှုပ်လို့ ခွင့်ပြုချက် ကျဘို့ စောင့်ရတာက တခါ တခါ
ဲ
တကမ္ဘာလောက် ကြာနေသလိုပ။ ကိုယ့်အလှည့်တောင် မရောက်သေးဘူး နောက်က တစ်ယောက်က
ကျွန်တော်လည်း ကုတ်ပါရစေ ဖြစ်လာပြန်ရော။ဲ
သိတ့အတိုင်းဗျာ တာဝန်ကျတဲ့
အစောင့်ဆိုတာကလည်း အမျိုးမျိုးကိုး။ အဲဒီတော့ နောက်ဆုံးရလဒ်ကတော့ မနက်လင်းလို့
ကွင်းထဲမှာလည်း တန်းစီရော ဘာမှ ပြောမနေနဲ့ အစောင့်ကျတဲ့ လူအားလုံးက တုတ်ကိုယ်စီနဲ့
ဲ
စောင့်နေတော့တာပေါ့။ ညက လှုပ်တဲ့လူ မလှုပ်တ့လူ ခွမနေတော့ဘူးလေ အားလုံးမြေကြီးပေါ်
ဝမ်းယားမှောက်ထားစေ ဆိုတာမျိုးနဲ့ အ၀ စားရတော့တာပေါ့ ဗျ။
အဲဒီ နောက်ပိုင်းမှာတော့ ကျွန်တော်တို့ ဘ၀မှာ ကျွန်တ်ာတို့ကို ဖမ်းထားပြီး မကြာခဏ
ဲ
အကြီးအကျယ် နှိပ်စက်နေတဲ့ ငရဲသားတွေရ့ ရန်ထက်၊ နောက် ရန်သူတော်အသစ် သန်းဂျီးမတွေကို
ပိုပြီး ထိန့်လန့်လာပါတော့တယ်။ ညတိုင်း ဘယ်လိုအချိန်မှာ လူးခွင့် တောင်းရပါ့မလဲ
ဆိုတာမျိုးကိုချည်း ချောင်းနေရတာကိုး။ သန်းဂျီးမတွေကလည်း လည်တယ်ဗျ။ ညဆို သူတို့
ပုန်းအောင်းနေတဲ့ နေရာကနေ လက်မောင်းတလျောက် ဆင်းလာပြီး လက်ပြန်ကြိုးတုပ် ထားတဲ့
လက်ကောက်ဝတ်က ကြိုးချည်ထားတဲ့ နေရာတ၀ိုက်ကို ဆင်းလာပြီး ကိုက်တတ်သဗျ။
ဲ
တိုတိုပြောရရင်တော့ ညမလှုပ်ပလည်း မနေနိုင် မနက်ကျတော့မှ ရိုက်ပါစေတော့ ဆိုပြီးလှုပ်ရာက
အရိုက်ခံရတာ ကြာလာတော့ ဒီသန်းဂျီးမတွေ ရန်က လွတ်ဘို့အရေးဟာ တို့တာဝန် အရေးတပါး
ဖြစ်လာတော့တာပေါ့ ဗျာ။
ပထမဆုံး စစ်ဆင်ရေး ကတော့ အပြင်မှာ အလုပ်တွေ ထွက်လုပ်ရာက အပြန်
ထောင်ရှေ့ကွင်းထဲ ခဏထိုင် လူရေတွက်ချိန်မှာ ခွင့်တောင်းပြီး အင်္ကျီ အထပ်ထပ်ကို ချွတ်ပြီး
အောက်ဆုံးထပ်ကို ထားပြီး ကျန်အထပ်တွေကို ပြန်ဝတ်ပြီး (ပြန်မ၀တ်လို့ကလည်း မဖြစ်ဘူး
ဲ
တခါတလေဆို ရေခဲအောင် အေးတဲ့ နေရာကိုး) တော့ ရတဲ့ အချိန်အတွင်းမှာ အဲဒီအင်္ကျီရ့
ချူပ်ရိုးကြောင်းတွေအတိုင်း ခိုအောင်းနေတဲ့ ရန်သူတော် သန်းဂျီးမတွေကို
လက်စားချေကြပါတော့တယ်။
ဲ
ကျွန်တော်တို့ရ့ အင်္ကျီတွေက စစ်ရောင်တွေမို့ စစ်စိမ်းရောင် အင်္ကျီချုပ်ရိုးကြားမှာ ခိုနေတဲ့
ဒင်းတို့ကိုရှာရတာ ဘယ်ခက်လိမ့်မလဲဗျာ။ ဒီဖြူဖြူဖွေးဖွေး ဆန့်စေ့ကြီးတွေလို ကပ်နေတဲ့ဟာ။ အမယ်
တကယ်လိုက်ရှာပြီး ရှင်းနေပြီဆိုတာ သိတော့ ဒင်းတို့ကလည်း ပြေးချင်တယ်ဗျ။ ဒါပေမယ့်
ဘယ်ရလိမ့်မလဲဗျာ ညပေါင်းများစွာ အညှိုးကြီး ညှိုးထားတဲ့ ကျွန်တော်တို့လက်က လွတ်အောင်
ွ
မပြေးနိုင်ကြပါဘူး။ အတုံးအရုံးပေါ့ဗျာ။ ဒါပေမယ့်ခက်တာက သူတို့ကို ကုန်စင်သားအောင် ရှာဘို့
ကျွန်တော်တို့မှာက လုံလောက်တဲ့ အချိန် မရှိတာပဲဗျ။ ပြီးတော့ နေ့စဉ်ကလည်း မရှာနိုင်တာတော့
အရင်လိုပဲ နေ့ကျ အစောင့်နဲ့ စစ်ကြောရေး ပြုသမျှနုကြရပြီး ညညမှာတော့ ဒင်းတို့ပြုသမျှ နုရတဲ့
ဲ
ဘ၀မှာပဲ စင်းခံခ့ရသဗျ။
အဲဒီလို စင်းခံနေရတဲ့ ဘ၀ကနေ တယောက်သောသူက သူ့ အတွေ့အကြုံတခု
ဝေငှလာသဗျ။ အဲဒါ ကတော့ ညအိပ်ယာဝင်ခါနီး လက်ပြန်ကြိုး ချည်ကာနီးမှာ အတွင်းဆုံးက
အင်္ကျီကို ချွတ်ပြီး အပေါ်ဆုံးကို ပြောင်းပြီး ၀တ်တဲ့နည်း ခင်ဗျ။ များသောအားဖြင့် ဒီသန်းဂျီးမတွေက
အောက်ဆုံးက အင်္ကျီမှာ တွယ်ကပ် နေတတ်ထာဆိုတော့ ဒီဟာကို အပေါ်ဆုံးထပ်ကို
ပြောင်းဝတ်လိုက်ပြီးတော့ မျက်စိလည်အောင်ဲ
လုပ်တ့စိတ်ကူးဖြစ်ပါတယ်။ တကယ်တမ်း
ဲ
လုပ်ကြည့်တ့အခါ ဟုတ်သဗျ။ ညဦးပိုင်းမှာတော့ နည်းနည်းသက်သာသလိုလို ဖြစ်ပြီး
နောက်ပိုင်းမှာတော့ အတိုးချပြီး အပြတ်အသတ် နွှာပါတော့တယ်။ ငါတို့ကို မလိမ့်တပတ်နဲ့ လုပ်တဲ့
ွ
ကောင်တွေဆိုပြီး တကယ်နွှာတဲ့အခါ တော်တော်ခံစား ရသဗျ။ ဒီတော့ နေနှင့်ဦးပေါ့ကာ ဆိုပြီး
ကြိတ်ပြီး ကြိမ်းဝါးနေခဲ့ရတာပေါ့ ခင်ဗျာ။
ဲ
ဒီလိုန့ ဆောင်းတွင်းကြီး တတွင်းလုံးမှာ ရေခဲတွေ လွှမ်းတဲ့ဆောင်း၊ အရိုက်ကြမ်း
အဖြတ်အတောက် ကြမ်းတဲ့ စစ်ကြောရေးနဲ့ သွေးအစုပ်ကြမ်းတဲ့ သန်းဂျီးမတို့နဲ့ လုံးထွေးရင်း
ရက်စက်အမှုအပေါင်း သရဖူဆောင်းတော့သည် ဆိုသလိုပဲ
ကျွန်တော်တို့ထက ရဲဘော်တချို့
ွဲ
မကြွေသင့်ဘ၊ ကြွေလင့်ခဲ့ရပြီး ဆောင်းအလွန် နှင်းခဲပျော်ချိန် ရောက်လာပါတယ်။
ကျွန်တော်တို့တွေလည်း ငရဲမှာ နည်းနည်း အသားကျလာပါတယ်။ တရက်မှာတော့
ကျွန်တော်တိုဲ့
အကျဉ်းသားတွေထမှာ တန်းစီး တာဝန်ယူထားရတဲ့ ကသာက ကိုမြင့်သိန်းက
အရဲ့စွန့်ပြီး အထူးအရေးကြီးတဲ့ စီမံကိန်းတခုကို လုံခြုံရေး ယူထားတဲ့ တာဝန်ခံကတဆင့်
တင်ပြလိုက်ပါသဗျ။
အဲဒါကတော့ ခုလို နှင်းတွေပျော်လို့ ထောင်ကုန်းက ဆင်းတဲ့ တောင်ကြား စမ်းချောင်းလေး
ပေါ်လာတဲ့ နေရာမှာ ကျွန်တော်တို့ကို ရေချိုးခွင့်ပြုဘို့နဲ့ အ၀တ်တွေကိုလည်း ရေနွေးနဲ့ စိမ်ပြီး
ွ
ပြုတ်လျော်ခင့် ပေးဘို့ဖြစ်ပါတယ်။
အဲဒီချိန်က ကျွန်တ်ာတို့အားလုံး ရေမချိုးရတာ လေးလ ကျော်နေပါပြီ။ နောက်ဆုံးတော့
ွ
အစောင့်အကြပ် စုံလင်စာနဲ့ သဘောတူညီချက် များစွာနဲ့ ရေချပွဲ အခမ်းအနား လုပ်ဖြစ်ပါတော့တယ်။
အချိန်က မနက် ၁၀ နာရီလောက် နေထွက်ချိန်လောက်မှာ စဖြစ်ပါတယ်။ ကျွန်တော်တို့ ထောင်ကုန်းနဲ့
အာသံကုန်း နှစ်ခုကြားမှာ နှင်းပျော်ချိန်ဆို ခြေကျင်း ၀တ်လောက် နက်ပြီး လေးပေလောက် ကျယ်တဲ့
စမ်းချောင်းလေး ရှိသဗျ။ အာသံကုန်းလို့ ခေါ်ရတာကတော့ ကေအိုင်အေတပ်မှာ
စစ်သင်တန်းလာယူတဲ့ အိန္ဒိယနိုင်ငံ အာသံပြည်ကလာတဲ့
သူပုန်တွေထက စစ်စည်းကမ်း
မလိုက်နာတဲ့ စစ်သားတချို့ကို ခေါင်းဖြတ် သတ်ခဲ့ဘူးတဲ့ ကုန်းဖြစ်လို့ပါ။
နောင် အဲဒီ တောင်ကုန်းပေါ်မှာပဲ ၁၉၉၂ ဖေဖေါ်ဝါရီလ ၁၂ရက် ညနေ လေးနာရီလောက်မှာ
ွ
ကျောင်းသားခေါင်းဆောင် ကိုထန်းအောင်ကျော် အပါအ၀င် တော်လှန်ရေး ကျောင်းသားခေါင်းဆောင်
ရဲဘော် ၁၅ ဦးကိဲု
တချိန်တည်း အမိန့်ထုတ် ခေါင်းဖြတ် သတ်ခံခ့ရတာလည်း အဲဒီကုန်းပေါ်မှာ
ဲ
ဖြစ်ခ့တာပါ။
ပထမဦးစွာ ကျွန်တော်တို့က အဲဒီစမ်းချောင်းလေးကို လူတယောက်လြှဲ ပီး စိမ်လို့ရအောင်
ဲ
ပြုပြင်ရပါတယ်။ တဖွ့ကတော့ မိုးဗြဲဒယ်ကြီး တလုံးထဲ ရေဖြည့်ပြီးတော့ ကျောက်တုံးသုံးတုံးကို
ဖိုခနောက်ဆိုင်ပြီး ထင်းမီးဖိုကြီးတခု တည်ပါတယ်။ အဲဒီမိုးဗြဲဒယ်ကြီး ပွက်လာတာကို ကြည့်ပြီး
ကျွန်တ်ာတို့အားလုံးဟာ တော်တော် စိတ်လှုပ်ရှားနေကြပါတယ်။ ရေတွေ
ဲ
ကျွက်ကျွ က်ဆူလာတဲ့အခါမှာ ကျွန်တော်တို့ရ့ သန်း နှိမ်နင်းရေး စီမံကိန်းကြီးကို စတင်ပါတော့တယ်။
ွဲ
ပထမဆုံး ရေချိုးမယ့် တသုတ်ခလိုက်ပြီး သူတို့ အားလုံးရဲ့ အ၀တ်တွေ အားလုံးကို ချွတ်ပြီး
အငွေ့တထောင်းထောင်း ထနေတဲ့
ရေတွေထကို ပစ်ထည့်လိုက်ကြပြီး ၀ါးလုံရှည်နဲ့
ထိုးနှစ်လိုက်ပါတယ်။ အားလုံးရဲ့ မျက်လုံးတွေကလည်း စိတ်ဝင်စားစွာနဲ့ ဒယ်အိုး ရေမျက်နှာပြင်ကို
စိုက်ကြည်နေလိုက်ပါတယ်ဗျာ။ တထည် ပစ်လိုက်တာနဲ့ ရေပြင်ပေါ်ကို တက်လာလိုက်တဲ့
ဲ
သန်းဂျီးမဖွေးဖွေးကြီးဗျာ။ ဖွေးကနဲ ဖွေးကနဲ ရေပြင်ပေါ် တက်လာလိုက်တာ။ နောက်ဆုံး ညစ်မနေတဲ့
ဒယ်အိုး ရေမျက်နှာပြင်တခုလုံးမှာ ပေါလောမျောနေတဲ့ သန်းဂျီးမတွေနဲ့ အပြည့် ဖုံးသွားလိုက်တာ
ွ
ရေမဲညစ်ညစ်တွေတောင် ပျောက်သားတဲ့ အထိပါပဲ။
ကျွန်တော်တို့ အကုသိုလ်ကလည်း မသေးလှဘူး ခင်ဗျ။ ဒီလောက် ဘယ်နေ့ ထုတ်ရိုက်လို့
သေမလဲဆိုတာကို တထိတ်ထိတ် ဖြစ်နေရတဲ့အထဲ ဒီသန်းဂျီးမတွေကွ
အကုန်ကြွသားတာကို
အားရပါးရ အရသာခံပြီး ကြည့်နေကြသေး တယ်ခင်ဗျ။ ပြောရရင်တော့ သူတို့ ပေးထားတဲ့
ဲ
ဒုက္ခကလည်း မသေးဘဲကိုးဗျ။ အဲဒီနေ့ ညမှာတော့ ကျွန်တော်တို့ အားလုံးဟာ သန်းဂျီးမတွေရ့
ဘေးရန်က လွတ်မြောက်ပြီး အေးေးအချမ်းချမ်း အိပ်စက်ရပါတော့တယ်။
ဒါပေမယ့် သိပ်တော့ မကြာပါဘူး ဒင်းတို့ အတိုးချ နှိပ်စက်တဲ့ ဒဏ်ကို ပြန်ခံရပြန်ပါတယ်။
အကြောင်းကတော့ ကျွန်တော်တို့ ခန္ဓာကိုယ်ကို ရေချခွင့်ရတဲ့နေ့က နှိပ်စက်ထားလို့
ဲ
မထနိုင်တ့လူတွေ လောလောလတ်လတ် လက်ခြေပြတ်ထားတဲ့ ဒဏ်န့ ရေလုံးဝ ထိလို မရတဲ့
ွဲ
ရဲဘော်တချို့က ထောင်တင်းဆောင်မှာ ကျန်ခ့တာမို့ သူတို့ အ၀တ်အစားတွေမှာနဲ့ ကျွန်တော်တို့
အိပ်တဲ့ နေရာခင်းတို့ စောင်တို့မှာ အသက်ဆက်ရှင်သန်နေတဲ့ သန်းဂျီးမတို့ဟာ သန်းဂျီးမမျိုးနွယ်
မတိမ်ကောရေးအတွက် သံဝါသအမှုကို အရင်ကထက် နှစ်ဆအတိုးချပြီး လုပ်အားပြကြပုံရပါတယ်။
မကြာခင်မှာပဲ မျိုးဆက်တွေ ပြန့်ပွါးပြီး ကုတ်ပါရစေ ဘ၀။ လူးပါလွန့် ပါရစေ ဘ၀ကို
ပြန်ကျရောက်ရပြန်ပါတယ်။
ွဲ
ဒီလိုနဲ့ သန်းဂျီးမ စစ်ဆင်ရေးတခုကို ဆင်နဘို့ အခွင့် လျောက်ရပြန်ပါတယ်။ ဒီလိုနဲ့ န၀တ
ဲ
ခေတ်ဦး မြို့ပြစီမံကိန်း တွေမှာ စစ်တပ်န့ပေါင်းပြီး သန်းကြွယ်သူဌေးတွေ ဖြစ်ဘို့ အလုအယက်
စီးပွါးရှာနေကြတဲ့ ခေတ်ကြီးထဲမှာ ကျွန်တော် အပါအ၀င် ကံထူးသူ ငမိုက်သား တသိုက်ကတော့
သန်းကြွယ် သူဌေးတွေ ဘ၀ကနေ လွတ်ဘို့ အသည်း အသန်ကြိုးစား နေခဲ့ကြရသဗျ။
မှတ်မှတ်ရရ သန်းဂျီးမတွေနဲ့ အပြန်အလှန် ခင်းခဲ့တဲ့ စစ်ပွဲကို ကျွန်တော်တို့ ဘက်ကနေ
တဖက်သက်ဲ
ရပ်စလိုက်တဲ့ အချိန်ကတော့ စောစောကပြောသလို ကျွန်တော်တို့နဲ့ ဘ၀တူ
ဲ
ရဲဘော်တချို့ ကွက်မြက် ခံခ့ရပြီးနောက်ပိုင်းမှာ ဖြစ်ပါတယ်။
ဲ ၦ
ကျွန်တော်တို့ ဇက်ပေါ်ကို တကယ်ဓါးဝဲခ့တဲ့ အတွေ့အကြုံအရ တိရိစာန်ပြဲ ဖစ်ဖြစ် လူပြဲ ဖစ်ဖြစ်
ကိုယ့်အသက် သေမှာတော ကြောက်ရှာမှာပဲလို့ ကိုယ်ချင်းစာမိလာတာလည်း ပါသလို၊
ွ
နေ့စဉ်အလုပ်ခင် ထင်းထမ်း၊ ထင်းဖြတ်၊ ကျောက်ထု၊ ကျောက်သယ် လုပ်ကြရတိုင်း ရဲဘော်တွေ
ဲ
ကွက်မြက်ခံခ့ရတဲ့ အာသံကုန်း (နောင်အခွါ
ကိုထန်းအောင်ကျော်ကုန်း) ဘေးက
ွ
နေ့စဉ်ဖြတ်သားလာရင်း စဉ်းစားမိတဲ့ အချက်တခုရှိပါတယ်။
ွဲ
ဗုဒ္ဓ ကျမ်းဂန်တခုမှာ ရဟန်းကြီးတပါးဟာ ပျံလန်တော်မူချိန်မှာ မိမိရ့ သင်္ကန်းကို စွလန်းမိခဲ့လို့
သင်္ကန်းမှာ ကပ်ညိပြီး သန်းဂျီမ ဖြစ်ရရှာတဲ့ ဇာတကရှိပါတယ်။ ကျွန်တော်တို့ ရဲဘော်တွေထဲက
တချို့ဟာ ကျွန်တော်တို့ကို များနောက်ဆုံး အချိန်မှာ စိတ်မှာစွဲ သွားခဲ့သော်ဆိုတဲ့ အတွေးတခု
ရလာပြီးတဲ့နောက် ဒီလိုအတွေးကို အချင်းချင်း ဝေငှပြီးတဲ့နောက်မှာတောဲ့
ကျွန်တော်တို့ရ့
မိုးဗြဲဒယ်စစ်ဆင်ရေးကို တဖက်သတ်ရပ်ဆိုင်းပြီး သန်းကြွယ်သူဌေးတွေ ဘ၀မှာပဲ လူးရင်း လွန့်ရင်း
ကြိတ်ခံကြတာ နွေ .. တနွေကုန်လို့၊ မိုးကူးပြီး မိုးသည်း ညတညမှာ ပါဂျောင်စခန်းက စွန့်ခွါ
ထွက်ပြေးခဲ့တဲ့တိုင် အောင်ပါပဲ။
နောက်ဆုံး အလင်းဝင်ဘ၀နဲ့
ကြက်ခြေနီအဖွ့က ပေးတဲ့ အ၀တ်အစားသစ်တွေကို
ွ
ပြောင်းလဲခင့် ရချိန်မှာ သန်းဂျီးမတွေနဲ့ ကတ္တီပဲါ
လမ်းခွပေါ့ခင်ဗျာ။ အမှန်တော့ ကိုခင် ၀မ်းရဲ့
ဲ
နုတ်ဆက်ခ့ပါတယ် ဆိုတဲ့ သီချင်းလေးနဲ့ နုတ်ဆက်ချင်ပေမယ့် သန်းဂျီးမဆိုတာ့လည်း
အနုပညာတွေဘာတွေ နားလည် ခံစားနိုင်မှာမဟုတ်တော့ မဆိုပြဖြစ်ခဲ့ တော့ပါဘူး။
ဲ
တကယ်တွက်ကြည့်တော့ ဒီအိမ်မက်ဆိုးကြီး မက်ခ့တဲ့ သန်းကြွယ် သူဌေးဘ၀ဟာ ခုဆိုရင်
ဲ
နှစ်ပေါင်း နှစ်ဆယ် တင်းတင်း ပြည့်မြည်ခ့ပါပြီ။ လာမယ့် ၂၀၁၂ ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့မှာ
နိုင်ငံတော်လှန်ရေး တခုအတွက် မွန်မြတ်တဲ့ စိတ်နဲ့ စွန့်လွှတ် စွန့်စားမယ်ဆိုပြီး ထွက်လာခဲ့တဲ့
အထက်ဗမာပြည်က ကျောင်းသားခေါင်းဆောင်ွ
ကိုထန်းအောင်ကျော် အပါအ၀င် ရဲဘော်တွေ
ကွက်မြက်ခံခဲ့ရတာ နှစ်ပေါင်း နှစ်ဆယ်တင်းပြည့်ခဲ့ပါပြီ။
နိဒါန်းမှာ ဖေါ်ပြခဲ့သလို ဆရာမခက်မာရဲ့ သန်းတွေအကြောင်း ဖတ်ရတဲ့အခါ
နှစ်ကာလများစွာက ကိုယ်ပေါ်မှာ ညပေါင်းများစွာ သန်းဂျီးမတွေ တွားသွားခဲ့တဲ့ နေရာတွေက
ယားလာပါတယ်။ အခုတခါ ယားလာတာကတော့ သန်းဂျီးမတွေကြောင့် မဟုတ်ပါဘူး။
ွ
နိုင်ငံအတွက် စွန့်လွှတ်ရင်း အသက်ပေးခဲ့ရတဲ့ ကိုထန်းအောင်ကျော် အပါအ၀င် ကျောင်းသား
ခေါင်းဆောင် ရဲဘော်ပေါင်း ၃၀ဲ
ကျော်ရဲ့
အဖြစ်အပျက်ထမှာ ကိုယ်တိုင်လည်း
သားကောင်တစ်ဦးအဖြစ်ဲ
ပါဝင်ခ့ပါလျက်န့ နှောင်းလူတို့ သိဘို့ တစိုးတစိမှ မတိုဲ့
မထိခ့ပဲ၊
ရေငုံနေခဲ့တဲ့ မိမိကိုယ် မိမိကြည့်မိတဲ့ အခါ အပြစ်မကင်းသလို ခံစားရတဲ့ စိတ်က တရွရွ ကိုယ်ပေါ်
ပြေးလွားနေတာမို့ တခါက တရွရွ ပြေးလွှားခဲ့ဘူးတဲ့ သန်းဂျီးမတွေ အကြောင်းကို ခုလို ချရေးမိတာ
ဖြစ်ပါကြောင်း ၀န်ခံချက် ပေးပါတယ်။
တကယ်တော့လည်း အစ မထင် သံသရာအစဉ်က ကျွန်တော်တို့ ခန္ဓာမှာ ကပ်ညှိ လိုက်ပါ
တွားသွားနေတဲ့ သာမာန်မျက်စိနဲ့ မမြင်သာတဲ့ သန်းဂျီးမတွေက အချိန်တိုင်းမှာ လိုက်ပါ ပြေးလွား
ကိုက်ဖဲ့ သွေးစုတ်နေခဲ့တာက …
ဘ၀များစွာ၊
နှစ်များစွာ၊
လများစွာ၊
ရက်များစွာ၊
နာရီများစွာ ။
မိနစ်များစွာ၊ စက္ကန့်များစွာ မဟုတ်ပါလားခင်ဗျာ။
ွ
(ပါဂျောင်ဒေသတွင် ကျဆုံးခဲ့ရသော ကိုထန်းအောင်ကျော်နှင့် ရဲဘော်များသို့ ဦးညွတ်လျက် )
ပန်းချီထိန်လင်း