ယုန်တိုင်းပြည်
ညိုထွန်းလူ
ှု
မျက်ရှု » တစ်နှစ်ပြည့်အထိမ်းအမှတ်, မျက်ရ, ၀တ္ထု »
http://www.myatshu.com/?p=2786
ယခုရေးသားသော အကြောင်းအရာတို့သည် တစ်ဆင့်စကားမှ
ပြန်လည်ဖောက်သည်ချရခြင်းဖြစ်၍ မှန်ကန်ပါသည်ဟု အာမ မခံလို။ ယင်းသမို့ကြောင့်
မယုံလျှင် ပုံပြင်မှတ်ယူ၍ ယူဆနိုင်ပါ၏။ ကျွန်ုပ်အနေဖြင့် ကိုယ့်စနက် တစ်စက်ကလေးမျှ
မပါဘဲ အရှိကို အရှိအတိုင်း၊ အကြားကို အကြားအတိုင်း ရေးသားရခြင်း ဖြစ်ပေသည်။
မယုံလျှင် ပုံပြင်မှတ်ဟု ဆိုနိုင်သော ယုန်တိုင်းပြည်အကြောင်းကား ဤသို့တည်း။
~၀~ ~၀~ ~၀~
ရှေးလွန်လေပြီးသောအခါ ဤမြေဤကမ္ဘာ၌ ယုန်တိုင်းပြည်ဟူ၍ ရှိသတတ်။ ယုန်တို့နေရာ
ထိုတိုင်းပြည်ကား မြေဆီသြဇာ ကောင်းမွန်၍ စပါးဆန်ရေ ပေါများကြွယ်ဝ၏။ ကျွန်း၊
ပျဉ်းကတိုး၊ ပိတောက်၊ သစ်ရာ၊ အင်ကြင်း စသော အဖိုးတန်သစ်ပင်များ ထူထပ်သပ်သည်းစွာ
ိ
ပေါက်ရောက်၍ သစ်တောအုပ်ကြီးများအဖြစ် တည်ရှိနေကြ၏။ ပင်လယ်နှင့်
မြစ်ချောင်းအင်းအိုင်များတွင်လည်း ငါးပုစွန်တို့ ဖမ်း၍ မကုန်နိုင်လောက်အောင် များပြားနေ၏။
ထို့ပြင်တစ်ဝ မြေကြီးထဲမှာလည်း ရတနာရွှေငွေ၊ ကျောက်သံပတ္တမြား၊ ခဲသတ္ထုနှင့်
ရေနံဓာတ်ငွေ့တို့ မှန်းဆ၍ မရနိုင်လောက်အောင် ခိုအောင်းနေကြ၏။
သည်မြေသည်တိုင်းပြည်မှာ နေထိုင်၍ မျိုးဆက်ရှင်သန်ပေါက်ဖွားသော ယုန်တို့ကား
ကံကောင်းလှပေစွ။ ထူးကဲလှပေစွ။ ထိုအခါ သူ့အနားဝန်းကျင်မှာ ရှိကြသော နဂါးတိုင်းပြည်၊
ကျားတိုင်းပြည်၊ ဆင်တိုင်းပြည်တို့သည် ယုန်တိုင်းပြည်၏ သဘာဝ သယံဇာတ
ကြွယ်ဝချမ်းသာမှုကို မနာလို မရှုစိမ့်ဖြစ်ကြသည် ဟူ၏။ သူတို့သည် ယုန်တိုင်းပြည်ကို
မည်ကဲ့သို့ အချောင်နှိုက်၍ ရနိုင်ကောင်းအံ့နည်းဟု အမြဲစဉ်းစား
အကြံဉာဏ်ထုတ်နေကြသည်။ အချို့ကား ယုန်တိုင်းပြည်သို့ ပြောင်းရွှေ့၍
ယုန်နိုင်ငံသားအဖြစ် ခံယူပြီးသကာလ ယုန်နိုင်ငံမှ သယံဇာတပစ္စည်းများကို
ထုတ်ယူရောင်းချခြင်းဖြင့် ကြီးပွားချမ်းသာနေကြပေသည်။ သို့သော် ယုန်ပြည်သူပြည်သား
အပေါင်းကား ထိုကိစ္စကို ရေးရေးမျှ ဂရုမစိုက်ချေ။ ယုန်တို့သည် စိတ်နှလုံးသား
နူးညံ့သိမ်မွေ့၏။ လောဘသက္ကယနည်းပါး၍ ဘာသာရေး အဆုံးအမအောက်တွင် အေးချမ်းစွာ
နေထိုင်ကြ၏။ ခေတ်နှင့် လောက၀န်းကျင်အကြောင်း မသိ။ မည်သူ့ကိုမဆို
ယုံကြည်သနားလွယ်ကြသည်။ ကိုယ့်အပေါ် ဘယ်လိုပဲ ဆော်ဆော်၊ ဘယ်လောက်ပဲ နွှာနွှာ
အမြဲခွင့်လွှတ်ပေးလေ့ရှိသည်။
ယုန်တိုင်းပြည်ကို ယုန်ဥက္ကဋ္ဌကြီး အုပ်စိုး၍ နေလေသတည်း။ အဆိုပါ ဥက္ကဋ္ဌကြီးသည်
ယုန်ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ ဥက္ကဋ္ဌကြီးဖြစ်သည်။ သူသာလျှင် တစ်ဦးတည်းသော ဥက္ကဋ္ဌ၊
သူသာလျှင် အဓိပတိ၊ သူသာလျှင် အရှင်သခင်၊ သူ့အား မည်သူမျှ ပြန်လည် မပြောရဲကြ။
ဤတွင် သူနှင့် ယုန်တိုင်းပြည်၏ သမိုင်းကြောင်းကို အနည်ငယ် ပြောပြဖို့ လိုလာပေပြီ။
တစ်ချိန်တစ်ခါက ဥက္ကဋ္ဌကြီးသည် ယုန်တိုင်းပြည်ကို နှစ်ပေါင်းများစွာ
ကျွန်ပြုအုပ်စိုးသွားခဲ့သော နယ်ချဲ့ခြင်္သေတို့အား ယုန်တိုင်းပြည်၏ အာဇာနည်ခေါင်းဆောင်ကြီး
ဗိုလ်ချုပ်ယုန်၏ နောက်မှ မသိမသာ အကွက်ချောင်း၍ လိုက်ပါရင်း တော်လှန်ရေး
ဆင်နွဲခဲ့သူပေတည်း။ သူကား နိုင်ငံရေးအာဏာကို မည်သည့်အချိန်မှာ ရယူနိုင်အံ့နည်းဟု
အမြဲအကြံထုတ်နေ၏။ ငါ့အိပ်ရာအောက်မှာ ဖဲတစ်ချပ် မရှိဘဲ ဘယ်တော့မှ မကစားဘူးကွဟု
ပြောလေ့ရှိ၏။ ဖဲသမားစိတ်ဓာတ်၊ ဖဲသမားဉာဏ်ဖြင့် အာဂဥက္ကဋ္ဌကြီး ဖြစ်ပေသည်။
ယုန်တိုင်းပြည်ကား ကံဆိုးရှာသည်။ လွတ်လပ်ရေးကြိုးပမ်းနေစဉ် အမျိုးသားခေါင်းဆောင်ကြီး
ဗိုလ်ချုပ်ယုန် နယ်ချဲ့လုပ်ကြံမှုဖြင့် ကျဆုံးသွားရှာသည်။ တစ်တိုင်းပြည်လုံး ယူကျုံးမရ
ဖြစ်ကုန်ကြသည်။ မကြာခင်မှာ ယုန်တိုင်းပြည် လွတ်လပ်ရေးအောင်ပန်းကို ဆွတ်ခူးနိုင်ခဲ့ပြီ။
လွတ်လပ်ပြီ၊ တို့တစ်တွေ လွတ်လပ်ပြီ။ ယုန်တစ်မျိုးသားလုံး ၀မ်းသာအားရ သီချင်းဆိုကြရင်း
ပျော်ရွှင်နေကြသည်။ မည်သူ့ကိုမျှ ကြောက်စရာ မလို၊ ဘုရားထူးစရာ မလို၊ ကိုယ်သာလျှင်
အရှင်သခင် ဖြစ်သည်ကော။
သို့ရာတွင် ယုန်ပြည်သူပြည်သားတို့ခမျာ လွတ်လပ်ရေးအရသာကို ဆယ့်ငါးပြားဖိုးလောက်သာ
ခံစားကြရရှာသည်။ ယုန်ခေါင်းဆောင်တို့သည် အချင်းချင်း ညီညွတ်မှု မရှိသောကြောင့်တည်း။
ဘယ်လိုကြောင့်မှန်း မသိ၊ ယုန်တို့သည် နဘေးစကားကို ယုံကြည်လွယ်သော်လည်း
အချင်းချင်းတော့ မယုံကြည်ကြချေ။ မယုံကြည်မှုတွေ များလာသောအခါ သံသယတွေ
ပွားများလာကြသည်။ သူကတစ်မျိုး၊ ငါကတစ်ဖုံ၊ ဤသို့ဖြင့် များမကြာမီ ညီညွတ်ရေး
ပြိုကွဲသွားပြီး လက်နက်ကယ် အစုံအညီဖြင့် အချင်းချင်း ဆော်ပလော်တီးကြကုန်တော့သည်။
ွ
ယုန်တိုင်းပြည်ကြီးမှာ ပြည်တင်းစစ် ဖြစ်ပွားခဲ့လေပြီ။ စစ်ဘေးမှ အသက်လု၍
ထွက်ပြေးကြရသည့် ယုန်ပြည်သူပြည်သားတို့ အဖြစ်ကား သနားစရာ။ အစိုးရကိုလည်း
ကြောက်ရ၏။ သူပုန်ကိုလည်း လက်အုပ်ချီထားရ၏။ သည်အထဲ ဓားပြက လစ်လျှင် လစ်သလို
ဝင်၍ သောင်းကျန်းသောကြောင့် သင်းကိုလည်း လေးဘက်တွား ဦးညွှတ်၍ ရှိသမျှ
ပစ္စည်းလေးတွေ ထုတ်ပေးနေရပြန်၏။ နေရသော်လည်း စိတ်ဖြောင့်၊ လက်ဖြောင့် မရှိ။
ထမင်းစားနေစဉ် ပုန်းဖို့ကွယ်ဖို့အတွက် အမြဲ နားစွင့်နေရ၏။
ညမှောင်မှောင်တွင် ရွှီ … ဖောင်းဆိုသည့် သေနတ်သံကြားလိုက်ရသောအခါ သူပုန်လော၊
အစိုးရလော မခွဲခြားနိုင်။ ဘာသောညာသော မစဉ်းစားအား။ တစ်ဖက်က ကလေးကိုဆွဲ၊
ကျန်တစ်ဖက်က အထုပ်ကိုဆွဲ၍ ဝေးရာသို့ ပြေးကြရတော့သည်။ သေနတ်သံများ
တိတ်ဆိတ်သွားသော်လည်း ရွာထဲသို့ တော်တော်ဖြင့် မပြန်ဝံ့။ စိတ်ချလက်ချရှိမှ
အခြေအနေကြည့်၍ ပြန်လာကြရသည်။ သို့သော် မသက်သာပါ။ တစ်ခါတစ်ရံ၌
နေ့လယ်ခင်းအချိန် ရွာထဲသို့ အစိုးရတပ် ရောက်လာခဲ့သည်။ တစ်ရွာလုံး စုရုံးစေပြီး
တရားဟောလေသည်။ မိမိတို့သည် တိုင်းပြည်ကြီး အေးချမ်းသာယာအောင် အသက်ကို
ပဓာန မထားဘဲ မည်သို့မည်ပုံ ကာကွယ်စောင့်ရှောက်နေကြောင်း ပြောကြား၍
ယုန်တို့သည်လည်း ယုန်ပီသစွာဖြင့် ယုံကြည်ပါ၏ဟုပြောရင်း ရွှေစိတ်တော်
မြောက်ကားကြီးဖြစ်သွားအောင် လက်ခုပ်သံများ ပွက်ပွက်ညံအောင် တီးပေးလိုက်ရပေသည်။
ကျေးဇူးရှင် အစိုးရတပ်များ ထွက်ခွာသွားကြပြီ။ ယုန်ရွာသူရွာသာ အပေါင်းတို့သည် အခုမှ
စိတ်ပေါ့လက်ပေါ့ရှိ၍ ခါချက်ဥနှင့် မုန်လာဥလေးစားရင်း အနားယူနေကြသည်။ သို့သော်
သူကြီးအိမ်မှ မောင်းထုသံကြားရ၍ စားစရာလေး သိုဝှက်ကာ သူကြီးအိမ်သို့
ပြေးကြရပြန်သည်။ အစိုးရတပ် ထွက်ခွာသွားပြီးနောက် ဆေးတစ်ရိုးအကုန်
ကွမ်းတစ်ယာညက်ခန့် ကြာသောအခါ သူပုန်တို့ ရောက်ရှိလာကြပြီကော။ သူတို့ကလည်း
ရွာလယ်မှာ စုရုံးခိုင်းပြီး သေနတ်ကြီး တကားကားဖြင့် တရားဟောပြန်သည်။ သူပုန်က
ယုန်ပြည်သူပြည်သားများအတွက် လက်နက်ကိုင်တိုက်ပွဲဝင်နေကြောင်း ပြောသောအခါ
ယုန်တို့သည်လည်း ယုံကြည်ပါ၏ဟု တညီတညွတ်တည်းဆိုရင်း သောသောညံအောင်
လက်ခုပ်များ တီးကြရပြန်သည်။ မလွယ်ပါကလားဟရို့။ အစိုးရကိုလည်း ယုံပါ၏။
သူပုန်ကိုလည်း ယုံပါ၏။ ထို့ထက် သူတို့ ကိုင်ဆောင်ထားသည့် သေနတ်တွေကို ပို၍ ပို၍
ယုံပါ၏။ ဘယ့်နှယ် … … … ထိုသေနတ်တွေက ရွှေစိတ်တော် မကြည်လင် ဖောင်းခနဲ
မြည်သံပေး၍ မီးပွင့်သွားလျှင် မခက်ပါလော။ ပုံမတော် အသက်နှင့် ကိုယ်ခန္ဓာ
အိုးစားကွဲသွားလျှင် ဒုက္ခ။
~၀~ ~၀~ ~၀~
မည်သို့ပင်ဖြစ်စေ နှစ်အနည်းငယ်ကြာသောအခါ ယုန်တိုင်းပြည်တစ်ခွင်မှာ သေနတ်သံတွေ
အသင့်အတင့် ရပ်စဲသွားခဲ့ပြီ။ ယုန်ပြည်သူပြည်သားအပေါင်းတို့သည် အနည်းငယ်
သက်ပြင်းချနိုင်ပြီး ၀မ်းရေးအတွက် လုံးပန်းကြရသည်။ လယ်သမားက လယ်ထဲဆင်း၏။
တောင်သူက ယာထွန်၏။ ဈေးသည်က ဈေးရောင်း၏။ အလုပ်သမားက အလုပ်ရုံသို့ သွား၏။
ွ
တစ်နှစ်တစ်ခါ ကျင်းပသည့် ဘုရားပွဲကို စိတ်လတ်ကိုယ်လွတ် လွှတ်၍ ပျော်ကြ၏။ သို့ရာတွင်
ကံကြမ္မာသည် ယုန်ပြည်သူပြည်သား အပေါင်းအား မျက်နှာသာ မပေးချေ။ ဦးဥက္ကဋ္ဌယုန်
ဖြစ်လာမည့် ဗိုလ်ချုပ်ကြီးယုန်သည် အကွက်ကောင်းချောင်း၍ အာဏာသိမ်းသတည်း။
တိုင်းပြည်ကြီး ချောက်ကမ်းပါးထဲ ကျလုဆဲဆဲ သီသီကလေးရှိတော့သမို့ သို့ကလို
အာဏာသိမ်းရခြင်းဖြစ်ကြောင်း ပြောလေသတတ်။
ယုန်ပြည်သူပြည်သား အပေါင်းတို့သည် အချင်းချင်း ကြောင်တက်တက်ဖြင့်ကြည့်ရင်း
အံ့သြနေကြ၏။ တို့တိုင်းပြည်ကြီးက ဘယ်ချောက်ကမ်းပါးထဲ ကျမှာတုန်းဟု
ွ
မေးကြသည်ဟူ၏။ ယုန်တိုင်းပြည်တင် ယုန်ဖြူ၊ ယုန်နက်၊ ယုန်စပ်ကြား စသဖြင့်
နေရာအနှံ့အပြားမှာ နေထိုင်ကြသော်လည်း မိမိတို့တိုင်းပြည် ဘယ်ချောက်ကမ်းပါးထဲ
ဲ
ကျလုဆဆဲဖြစ်နေသည်ကို မည်သူမျှ စဉ်းစားတွေးတော နားမလည်နိုင်ကြချေ။ နိုင်ငံရေး
နားလည်သူအချို့က ဒါ သက်သက်မဲ့ အကြောင်းပြတာ၊ အာဏာရှင် အစိုးရ ထူထောင်တာဟု
်
ပြောသည်။ ယုနတို့ခမျာ ကြားကြားသမျှ စကားတို့ကို ယုံကြည်အောင် ကြိုးစားရင်း
မျက်စိသူငယ် နားသူငယ် ဖြစ်နေရှာကြသည်။ မောင်မွဲယုန်သည် တစ်ခါက
ဆယ်အိမ်ခေါင်းဖြစ်၏။ သူကြီးထံမှ ခွဲတမ်းရသော အာဏာပါဝါလေးဖြင့် အတော်အသင့်
ဟန်ကျနေ၏။ သို့သော် ဗိုလ်ချုပ်ကြီးယုန်က အာဏာသိမ်းလိုက်သောအခါ သူ့ခမျာ
ပျာတောက်သွားရချေပြီ။ ထို့ကြောင့် အတွေ့အကြုံများသော သက်ကြီးဝါကြီးထံမှ
အကြံဉာဏ်ရယူဖို့ ဖခင်ဦးဖိုးယုန်ထံ ပြေးရလေသည်။
”အို … ဖခင်၊ တိုင်းပြည်အခြေအနေ ပြောင်းလဲသွားပြီ။ ကျွန်ုပ် ဘာလုပ်ရမည်နည်း”
ပူပန်သောကရောက်နေသည့်သားကိုကြည့်ရင်း ဦးဖိုးယုန် ပြုံးရယ်လိုက်သည်။ ”ချစ်သား
မစိုးရိမ်ပါလင့်။ သူပုန်နှင့် အစိုးရကြားမှာ အသက်ရှင်သန်ခွင့်ရအောင် နေထိုင်ခွင့်ရသည့်
ကြီးမားသော အတွေ့အကြုံ ကျွန်ုပ်မှာ ရှိနေပြီ။ တက်လာသော အစိုးရကို တို့အစိုးရဟု
ကြွေးကြော်လိုက်ပါ။ သင့်ဘ၀့ တစ်လျှောက်လုံး ကောင်းကောင်း ကြီးပွားလတ္တံ့။ ” ဟု
ဆုံးမသွန်သင်စကား ပြောလိုက်သည်။ မောင်မွဲယုန်လည်း အကြောင်းအရင်းအမှန်ကို
မုန့်တီဟင်းကဲ့သို့ အကွင်းအကွင်း မြင်လိုက်မိကာ ရွှင်လန်းသွားလေသည်။ မကြာမတင်မှာပင်
တက်လာသောအစိုးရ တို့အစိုးရဟု အားရပါးရ ဟစ်ကြွးလိုက်လေသတည်း။ ဤသို့
ဟစ်ကြွေးလိုက်၍ ရလာသော အကျိုးကျေးဇူးကား နည်းနည်းနောနော မဟုတ်။
မောင်မွဲယုန်သည် ကျေးရွာအုပ်ချုပ်မှုကော်မတီဝင်အဖြစ် ရာထူးတစ်နေရာ ရသွားသည် ဟူ၏။
ဗိုလ်ချုပ်ကြီးယုန်ကား သူ၏ အာဏာသိမ်းခရီးအစကို ဘီလူးဆိုင်းဖြင့်
စတင်ထွက်လာလေသည်။ နိုင်ငံရေးသမားများ၊ သတင်းစာဆရာများ၊ စာရေးဆရာများကို
ဖမ်းဆီးထောင်ချပစ်၏။ ယုန်တက္ကသိုလ်ကျောင်းသားများကိုလည်း သေနတ်ဖြင့် ပစ်ခတ်၏။
သမိုင်းဝင် ယုန်တက္ကသိုလ်သမဂ္ဂအဆောက်အဦကြီးကိုလည်း ဒိုင်းနမိုက်ဖြင့်
ဖောက်ခွဲလိုက်ပြန်၏။ တစ်ဖန် တရားမ၀င် ငွေစက္ကူကြေငြာလိုက်၍ ပိုက်ဆံရှိသူတွေလည်း
မွဲပြာကျသွားကုန်၏။ ကဲ … မှတ်ကရော။ ဘယ်သူတွေ တုန့်ပြန်ဝံ့သေးသနည်း။
အာဏာဆိုတာ သေနတ်ပြောင်းဝမှ ထွက်လာသည်ဆိုသောစကားကို ယုံကြည်၍
တီးစရာတီး၏။ နွှာစရာရှိ နွှာ၏။ ဆော်စရာရှိတာ ဆော်၏။ ဗျင်းစရာရှိတာ ဗျင်း၏။ သို့ကလို
တီး၊ နွှာ၊ ဆော်၊ ဗျင်းလိုက်သောအခါ တစ်ပြည်လုံး တုပ်တုပ်မျှ မလှုပ်ဝံ့တော့ချေ။
ဆောင်ရွက်စရာကိစ္စများ ပြီးဆုံးသွားသောအခါ အာဏာရှင်ဗိုလ်ချုပ်ကြီးယုန်သည် ငါတို့တော့
ဒီအတိုင်း ရေရှည်သွား၍ မဖြစ်၊ ယုန်ပြည်သူပြည်သားတွေလည်း အဟုတ်မှတ်ကြလေအောင်
နိုင်ငံရေးလမ်းစဉ် တစ်ခုခု ချမှတ်မှ သင့်မည်ဟု စဉ်းစားတော်မူလေသည်။ ထို့နောက်
နိုင်ငံရေးစာအုပ်တွေဖြင့် လုံးထွေးနေပြီး သဘောတရားတွေချည်း အာဂုံဆောင်ထားသော
သူ့လက်ရင်းတပည့်တွေကို ခေါ်၍ နိုင်ငံရေးလမ်းစဉ်တစ်ခု ဖုတ်ပူမီးတိုက် မြန်မြန်ဆွဲခိုင်းသည်။
သိပ်မကြာလိုက်ပါ။ ဗိုလ်ချုပ်ကြီးယုန်သည် ယုန်တိုင်းပြည်ကို ယုန်နည်းယုန်ဟန်ဖြင့်
ချီတက်မည်ဟု ကြွေးကြော်လိုက်ချေသတည်း။
ယုန်ပြည်သူပြည်သားအပေါင်း အံ့အားသင့်နေကြသည်။ ယုန်နည်းယုန်ဟန်ဖြင့် ချီတက်မည်
ဆိုရှယ်လစ်လမ်းစဉ်ဟု ဆိုပါကလား။ ယုန်တစ်ပြည်လုံး ချီတက်မည့်
ယုန်ဆိုရှယ်လစ်လမ်းစဉ်အကြောင်း ဆွေးနွေးကြ၏။ ဘယ်သို့ဘယ်ပုံ သွားကြမည်နည်းဟု
တွေးကြ၏။ ဤခရီး ဝေးသလောဟု မှန်းဆကြ၏။ ထိုအထဲမှာ မခင်ယုန် မပါချေ။ ”အိုတော် …
ဘာလမ်းစဉ်ဖြစ်ဖြစ် ကိုယ်လုပ်မှ ကိုယ်စားရတာ၊ စိတ်လည်း မ၀င်စားပေါင်၊ ကဲ …
နေမစောင်းခင် ဈေးရာင်းဦးမှ၊ အကြွေးရစရာလေးတွေလည်း တောင်းရဦးမယ်”
ပြောရင်းဆိုရင်း ဈေးတောင်းခေါင်းရွက်၍ ကပျာကယာ ထွက်ခွာသွားလေသည်။ ”ဟောဒီက
ခါချက်ဥတို့၊ မုန်လာထုပ်တို့ ပါတယ်တော်ရေ … ” သူ့အော်သံကား လမ်းတစ်လျှောက်မှာ
လွင့်ပျံနေလျက်။
~၀~ ~၀~ ~၀~
ဆိုရှယ်လစ်လမ်းစဉ်၏ အရသာ၊ အစတုန်းကတော့ ဘာမှန်းညာမှန် မသိ။ ဟုတ်နိုးနိုး၊
ကောင်းနိုးနိုး၊ အရင်းရှင်တွေ ဓနရှင်တွေ တိုက်ဖျက်ပြီး အလုပ်သမား လယ်သမားတို့ဖြင့်
ဆိုရှယ်လစ်နိဗ္ဗာန်ကို တည်ဆောက်ကြမည်ဆိုပဲ။ သည်စကားကြောင့် ယုန်ပြည်သူပြည်သား
အပေါင်းလည်း နှစ်ထောင်းအားရ ၀မ်းသားပျော်မြူးသွားကြသည်။ သို့သော် မကြာပါချေ။
တစ်တိုင်းပြည်လုံး ဆိုရှယ်လစ်အရသာကို ကောင်းကောင်းကြီး မြည်းစမ်းမိသောအခါ
ထူးကဲသော အရသာတွေ့၍ ဖျတ်ဖျတ်လူးကုန်ကြလေတော့သည်။ ဒေါ်ရွှေယုန်သည်
ခေါင်းရွက်ဗျတ်ထိုး ဈေးရောင်းရင်း နှစ်ပေါင်းလေးဆယ်နီးပါး ကျင်လည်ခဲ့ပြီး
အသက်အရွယ်လေးရလာသဖြင့် ဈေးလည်မရောင်းတော့ဘဲ အိမ်ဆိုင်လေး ဖွင့်ထားသည်။
သူ့ဆိုင်လေးတွင် ကျားတိုင်းပြည်မှလာသော ပေါင်ဒါဘူး၊ ကလစ်၊ ဖန်လက်ကောက်စသည့်
တိုလီမုတ်စ ပစ္စည်းတွေတင်၍ ရောင်းသည်။ ဟော … ပြောရင်းဆိုရင်း ပြည်သူပိုင်ဆိုသည့်
မုန်တိုင်းကြီး တိုက်ခတ်လာခဲ့လေပြီ။ မုန်တိုင်းကား အရှိန်ပြင်းသည်။ အရင်းရှင်ဟု
သမုတ်ခံထားရသူများ၏ ပိုင်ဆိုင်သည့် ပစ္စည်းများ၊ အဆောက်အဦများ၊ ဈေးဆိုင်များအားလုံး
မုန်တိုင်းစာမိကုန်ကြသည်။ အရင်းရှင်ကို အရင်ရှင်းဖို့ ပြည်သူပိုင်းသိမ်းလိုက်သောအခါ
ဒေါ်ရွှေယုန်၏ ဆိုင်လေးလည်း ပြေးမလွတ်ဘဲ အဆစ်ပါသွားရတော့သည်။
ဒေါ်ရွှေယုန်တစ်ယောက် ပဋာမြေလူး၊ မရှိမဲ့ရစုမဲ့လေး ပြောင်သလင်းခါသွား၍ ရင်နာနာဖြင့်
ပြည်သူပိုင်သိမ်းလာကြသူတွေကို ကလော်တုပ်သည်။ ငါ့ကို ဓားပြတိုက်ကြသူ ကာလနာ
ဲ
တိုက်ကြပါစေဟု ကျိန်ဆသည်။ ထိုကာလအတွင်း ယုန်တိုင်းပြည် တစ်ခုလုံး အူချာပတ်ချာ
ရမ်းကုန်ကြသည်။ နောင်သောအခါ ဆိုရှယ်လစ်လမ်းစဉ် ချီတက်ကြသူများက
စောစောကတည်းက ရူးလိုက်ရင် အကောင်းသားကွာဟု ညည်းတွားကြသည်ဟူ၏။ အလို …
တယ်လည်း ခက်ပါကလား။ ဘယ့်နှာကြောင့် ဆိုရှယ်လစ်ခရီးကို မချီတက်ဘဲ ရူးချင်စိတ်
ပေါ်လာရသနည်း။ ဤမေးခွန်းထုတ်လျှင် ယုန်တိုင်းပြည်ကိုသာ ရှုစားကြပါလော့ဟု
ပြောချင်ပါသည်။ ယုန်တိုင်းပြည်တွင် စားစရာ၊ ဆေးဝါးပစ္စည်းများ အကုန်ရှား၏။
အ၀တ်အထည်နှင့် လူသုံးကုန်ပစ္စည်းတွေလည်း နတ်မျက်စိ ပုလင်းကွဲဖြင့် အတင်ဖြဲ၍
ရှာကြည့်သော်လည်း မတွေ့။ ယုန်တွေအားလုံး မသေရုံတမယ် စားကြ၀တ်ကြရ၏။
တာရှည်လာသောအခါ ယုန်ရုပ်မပီဖြစ်ရသမို့ ဘယ်ဘ၀ ၀ဋ်ကြွေးပါလိမ့်ဟု
တွေးနေကြရရှာသည်။
ယုန်ပြည်သူပြည်သားတို့၏ ၀ဋ်ကြွေးကား တော်တော်ဖြင့် ကုန်နိုင်ဖွယ် မမြင်။
ဥက္ကဋ္ဌကြီးယုန်သည် စစ်ဗိုလ်ချုပ်ကြီးအဖြစ်မှ လူဝတ်လဲလိုက်သောကြောင့်တည်း။
ယုန်ဆိုရှယ်လစ်လမ်းစဉ်ပါတီဥက္ကဋ္ဌကြီးအဖြစ် ရာဇဘိသေကခံယူထားတော်မူသော
ဥက္ကဋ္ဌကြီးသည် ယုန်တိုင်းပြည်ကို လွန်စွာမှ ချစ်၏။ သူကိုယ်တိုင် နိုင်ငံခြားသို့
မြင်းလောင်းထွက်ခြင်း၊ တိုင်းပြည်ဘဏ္ဍာတွေကို မလိမ့်တပတ် ဘုန်းထားခြင်း၊
ဇနီးမယားများကို တစ်ယောက်ပြီး တစ်ယောက်ယူခြင်း စသည့် အမူအကျင့်ရှိသော်လည်း
တစ်တိုင်းပြည်လုံးကို ဆိုရှယ်လစ်ခရီးသို့ မှန်မှန်ကြီး ချီတက်ခိုင်းသည်။ ယုန်တို့သည်လည်း
မောလျနွမ်းခွေရင်း ဆိုရှယ်လစ်ခရီးကို လျှောက်လှမ်းနေကြရသည်။ သဟာလောက်ကို
ဲ
အားရကျေနပ်ဟန် မတူ။ ယုန်ပြည်သူပြည်သားတို့၏ လက်ထတွင် ပိုက်ဆံလေး
အနည်းအကျဉ်းရှိတာကို မရှုစိမ့်နိုင်ပုံ ရသည်။ ပိုက်ဆံတွေ တရားမ၀င်
ကြေညာလိုက်ပြန်ပါသတတ်။
တရားမ၀င် ငွေကြေညာခြင်းကား နှစ်ခိရှာ နှစ်ခါရှိ။ မွဲရပြန်ပါပြီ။ ဒါက တိုင်းပြည်ကို ဒုတိယမ္ပိ
ဓားပြတိုက်ခြင်းဖြစ်၍ တစ်တိုင်းပြည်လုံး မကျေမနပ်မှုတွေ များပြားလာသည်။
မည်သို့ပင်ဖြစ်စေ ဥက္ကဋ္ဌကြီးက မမှု။ နှစ်စဉ်နှစ်တိုင်း နိုင်ငံတ၀ှမ်းသို့ တိုင်းခန်း လှည့်လည်စမြဲ။
~၀~ ~၀~ ~၀~
ဥက္ကဋ္ဌကြီး ကြွမြန်းတော်မူလာမည် ကြားသိလိုက်ရ၍ ခြေစင်္ကြာဖြန့်နိုင်ဖွယ်ရှိသည့်
အရပ်ဒေသတွေမှ ယုန်ပါတီနှင့် ကောင်စီဝင်များအားလုံး ပျာတောက်ကုန်ကြသည်။
လုံခြုံရေးတွေ ယူထား၏။ ညအချိန် ဧည့်စာရင်းတွေကိုလည်း ရှောင်တခင်ဝင်၍ စစ်၏။
စက်ရုံအုတ်တံတိုင်းတွေကိုလည်း ချက်ချင်းအမြန် ထုံးဖြူသုတ်ကြ၏။ လမ်းတွေကိုလည်း
နေ့ရောညပါ ပြောင်သလင်းခါအောင် လှည်းကျင်းကြ၏။ ထိုအခိုက် သတင်းတစ်ခုက
ဝင်လာသည်။ သည်တစ်ခါတော့ ဥက္ကဋ္ဌကြီးသည် ယခင်နှင့် မတူ၊ မီးရထားဖြင့်
ကြွမြန်းတော်မူမတဲ့။ နဂါးခေါင်းက မီးရထားလမ်းဘက် ရောက်သွားပြန်ပါပကော။
မီးရထားသံလမ်း နဘေးရှိကြသူတွေ ဗျာများကုန်ကြရပြပြီ။ မီးရထားသံလမ်းတစ်လျှောက်
သန့်ရှင်းရေးလုပ်ကြ၊ ဟိုဟာဒီဟာတွေ ရွှေ့တန်ရွှေ့ ဖယ်တန်ဖယ်၊ အမြင်မတော်တာတွေကို
သင်္ဘောဆေးဖြင့် သုတ်ထားသည့် သွပ်ပြားတွေ ကာရံထားကြ။ ဘူတာရုံတွေကိုလည်း
သစ်လွင်အောင် ဖန်ဆင်းထား။ သည်လို မလုပ်လို့ ဘယ်ဖြစ်မလဲ။ အကယ်၍များ ဥက္ကဋ္ဌကြီးက
ွ
မီးရထားပေါ်မှ ရှုစားနေစဉ် သူ့မျက်စိထဲ ကို့ရိုးကားယားတွေ့သားလျှင် ခက်ရချည့်နော်။
ွ
အထက်မှအောက်အထိ ရာထူးတွေ ပြုတ်ထွက်သားနိုင်သည်ကော။
ရွှေမြို့တော်ဘူတာရုံကြီးတွင် ဥက္ကဋ္ဌကြီးစီးနင်းမည့် မီးရထားတွဲဖြူကြီး ဆိုက်ကပ်ထားသည်။
မီးရထားကြီးသည် သစ်လွင် ခန့်ညားသည်။ စည်းစိမ်ခံစားစရာအားလုံး အပြည့်အစုံပါသည်။
နံနက်ဝေလီဝေလင်းအချိန်တွင် ဥက္ကဋ္ဌကြီး ဘူတာရုံသို့ ကြွမြန်းတော်မူသည်။ သူနှင့်အတူ
သူ့အကြောင်း အကောင်းချည်း အမွှန်းတင်သော ဗောင်းတော်ညိတ် စိတ်တော်သိသော
ဒေါက်တာယုန်လည်း လိုက်ပါလာခဲ့သည်။ ဥက္ကဋ္ဌကြီးသည် ဘူတာရုံသို့ သွားနေစဉ်
မော်တော်ကားပေါ်မှ ဟိုငေးသည်ငေးလုပ်ရင်း စကားအဆက်အစပ်မရှိ
မြေပဒေသာကျွန်းပေါ်က ဒေါ်ဖွားယုန်ရဲ့ ဘူးသီးကြော်က တယ်လဲ စားကောင်းသကိုးဟု
မိန့်တော်မူလိုက်ပါသတဲ့။ နောက်တော်ပါးမှာ လိုက်ပါလာသည့် ကိုယ်ရေးအရာရှိ
မျက်လုံးပြူးသွားသည်။ ဒေါက်တာယုန်ကလည်း ထိုကိစ္စ ချက်ချင်းဆောင်ရွက်ဖိုပ မသိမသာ
မျက်ရိပ်ပြလိုက်သည်။ ဟုတ်ပါ၏။ တစ်ခါတစ်ရံ ဥက္ကဋ္ဌကြီးသည် ဒေါ်ဖွားယုန်၏
ဘူးသီးကြော်စားတတ်သည်ကို မေ့လျော့နေမိကြသည်။
နံနက်ခင်းကား စိတ်ရွှင်လန်းဖွယ် အတိ။ ဒေါ်ဖွားယုန်၏ ဘူးသီးကြော်ဆိုင်ရှေ့တွင်
ယုန်ဆင်းရဲသားများသည် ဘူးသီးကြော် ဘရိတ်ဖတ်(စ်)ဖြင့် ၀မ်းဗိုက် ဖြည့်တင်းနေကြ၏။
ထိုစဉ် ဒေါ်ဖွားယုန်ဆိုင်ရှေ့သိုက စစ်ကားတစ်စီး ၀ုန်းဆို ထိုးဆိုက်လာသည်။
မြန်မြန်လုပ်ဟေ့ဆိုသည့် စစ်ဗိုလ်၏ အသံ။ မိနစ်ပိုင်းလေးမှာပင် ဒေါ်ဖွားယုန်ခမျာ
စစ်သားတွေက ပွေ့ချီတင်လိုက်၍ ဆီစစ်သည့် ဆန်ကာကိုင်ရင်းတန်းလန်းဖြင့်
မော်တော်ကားပေါ်သို့ စွေ့ခနဲ ရောက်သွားသည်။ ထို့နောက် မုန့်နှစ်နယ်ထားသည့် ဇလုံ၊
ပြီးတော့ လက်ဆင့်ကမ်း သယ်ပိုးပေးကြသည်။ ဆယ့်လေးငါးမိနစ်သာ ကြာမည်။
ပြီးလျှင်ပြီးချင်း ဘူတာရုံသို့ အပြင်းမောင်းသွားကြသည်။ ဘူးသီးကြော်ကို အချဉ်ရည်ဖြင့် တို့၍
မြိန်ရေရှက်ရေ စားသုံးနေကြသည့် ယုန်တွေခမျာ မမျှော်လင့်သော မြင်ကွင်းကြောင့်
အံ့အားသင့်နေကြလျက်။
”ဘာဖြစ်တာပါလိမ့်” တစ်ယောက်ကို တစ်ယောက် မေးမြန်းစူးစမ်းကြသည်။ မည်သူမျှ
အကြောင်းအရင်းအမှန်ကို မသိနိုင်ကြ။ ကြီးမားတဲ့ နိုင်ငံရေးပြဿနာကြီးနဲ့
ဆက်စပ်နေဟန်တူတယ်ဟု တစ်ယောက်က ခန့်မှန်းပြောဆိုလိုက်သည်။ ထိုအခါ
တစ်ယောက်ကလည်း ဖြစ်ရလေဗျာ၊ ဘူးသီးကြော်တဲ့လက်နဲ့ ဆိုရှယ်လစ်စနစ်ကို
တိုက်ဖျက်ပစ်လို့ ရမလားဗျဟု ယူကျုံးမရဟန်ဖြင့် နိုင်ငံရေး ဝေဖန်သမှုပြုသည်။ အားလုံး
ဒေါ်ဖွားယုန်အတွက် စိတ်မကောင်းကြ။ သည်လိုပဲ လူမသိ၊ သူမသိ ခေါ်တာမျိုး၊
လူသိသူသိခေါ်တာမျိုး ကြုံရပေါင်းလည်း များလှပြီ။ တစ်ယောက်မှ ပြန်ပေါ်မလာ။ ဧကန္တ
ဒေါ်ဖွားယုန်တစ်ယောက် မပြန်လမ်းသို့ မြန်ရခြင်းလေလား။
ဒေါ်ဖွားယုန်ခမျာမှာလည်း မော်တော်ကားပေါ်သို့ ဘုမသိဘမသိပါလာ၍ အံ့သြနေသည်။
ထို့နောက် ဟိုဟိုသည်သည်တွေးရင်း အာဏာကို ထိပါးလျှင် နေ့ညမရွေး အိမ်တံခါးခေါက်၍
အစစ်အဆေး အမေးအမြန် မရှိ ဖမ်းဆီးခေါ်ဆောင်သွားသည့် ခေတ်သဘောကို
ဲ
စောကြောမိကာ ငါတော့ ကိုယ်ကျိုးနည်းရပါပေါ့ဟု ရင်ထမှာ မြည်တမ်းမိသည်။ မိမိတို့
နိုင်ငံရေး နားမလည်ပါ။ စိတ်လည်း မ၀င်စားပါ။ တစ်သက်လုံး ဘူးသီးကြော်သည်
လုပ်နေရသော်လည်း ရရစားစားမို့ ပိုလျှံသည် မရှိ။ အိမ်မှာ ပန်းနာထကျန်ရစ်သည့် အဘိုးကြီး၊
ပြီးတော့ မြေးသုံးကောင်၊ သူတို့စားဖို့အတွက် ရှာသလောက် မလောက်။ ကျုပ်ဆင်းရဲမှန်း
ဘုရားသိပါတယ်တော်။ မဟုတ်မမှန်ပြောရင် မိုးကြိုးပွတ်ရပါစေရဲ့ဟု တွေးရင်း သူ့အဖြစ်ကို
ဝမ်းနည်းကြေကွဲ၍ မဆုံး။ မျက်ရည်လုံးကြီးများ ကျဆင်းလာလေ၏။
ထိုအခါ မော်တော်ကားပေါ်မှာ အတူလိုက်ပါလာသော စစ်ဗိုလ်ခမျာ မျက်လုံးမျက်ဆံများ
ပြူးကျယ်သွားသည်။ လောလောဆယ်မှာတော့ သူတို့၏ အသက်အိုးအိမ်စည်းစိမ်တို့သည်
ဒေါ်ဖွားယုန်အပေါ် မူတည်နေသည်ကော။ ထို့ကြောင် ငိုရခြင်းအကြောင်းရင်းကို မေးမြန်၏။
ပြီးမှာ အို … အမေဖွားယုန် မငိုပါလင့်။ အမေ့ကို မော်တော်ကားပေါ်
ဇွတ်အတင်းခေါ်လာရခြင်းကား ဤသို့ ရှိပါပေသည်ဟု ချိုသောစကား၊ ပြုံးမြသော မျက်နှာဖြင့်
အကြောင်းရင်းအမှန်ကို ရှင်းပြသည်။ သည်တော့မှာ ဒေါ်ဖွားယုန်လည်း စိတ်ပေါ့ပါးသွားကာ
အနည်းငယ် ပြုံးဖော်ရယ်ဖော် ရှိသွားလေသည်။ မီးရထားကြီး ထွက်တော့မည်။ တရကြမ်း
မောင်းနှင်လာသော မော်တော်ကားသည်လည်း ဘူတာရုံရှေ့သို့ ထိုးဆိုက်လာလေသည်။
ဤသို့ဖြင့် တိုင်းပြည်ကြီး ချောက်ကမ်းပါးအတွင်းသို့ ကျရောက်ဖို့ လက်မတင်းလေးအလိုမှာ
ကယ်တင်လိုက်ရသည်ဆိုသော ဥက္ကဋ္ဌကြီး စီးနင်းလိုက်ပါလာသည့် မီးရထား၏
နောက်ဆုံးတွဲပေါ်သို့ ဒေါ်ဖွားယုန်လည်း လက်မတင်လေး ရောက်၍ လာလေသတည်း။
မီးရထားကြီး တငြိမ့်ငြိမ့် ခုတ်မောင်းနေလျက်။ မီးရထားနောက်ဆုံးတွဲပေါ်မှာလည်း
ဒေါ်ဖွားယုန်တစ်ယောက် ဘူးသီးတွေ တရှဲရှဲကြော်လျက်။ ကိုယ်ရေးအရာရှိသည်
အစီအစဉ်အတိုင်း အံဝင်ခွင်ကျမို့ ကျေနပ်အားရစွာ ပြုံးလိုက်သည်။ သို့ရာတွင် တစ်စုံတစ်ရာ
ွ
စဉ်းစားလိုက်မိသောအခါ သူ့အပြုံးလည်း ချက်ချင်း ပျောက်ကယ်သွားသည်။ ကဲ …
ဖြစ်နိုင်ဖွယ်ရာလေး စဉ်းစားကြည့်ရအောင်။ ဥက္ကဋ္ဌကြီးသည် မည်သည့်အချိန်မှာ
ဘူးသီးကြောက်ကို ပွဲတော်တည်လေမည်နည်း။ အကယ်၍ ဥက္ကဋ္ဌကြီးက
သူ့ချဉ်ခြင်းတပ်မက်ချိန်မှ အေးစက်သော ဘူးသီးကြော်များ ဆက်တိုက် ဆက်သမိလျှင်
မျက်နှာ မရဘဲ ခြေထောက်ရနိုင်သည့်ကိန်း ဆိုက်သွားနိုင်သည်။ သည်လိုတော့ အဖြစ် မခံနိုင်။
တစ်ခဏမျှ သူ စဉ်းစားသည်။ ထို့နောက် မီးရထား လမ်းတစ်လျှောက်ရှိ ဘူတာရုံးများ
အားလုံးသို့ ဆက်သွယ်ရေးစက်ဖြင့် အမိန့်ထုတ်လိုက်လေသည်။ ထိုအမိန့်က ဘူတာတိုင်း
ဘူးသီးများ အဆင်သင့်ရှိထားရန်ဟူသတတ်။
အမိန့် … အထက်ကလာသောအမိန့်ကို ဘယ်လိုကြောင့်နည်းဟု မည်သူမျှ မေးခွန်းထုတ်ဖို့
မ၀ံ့ပါ။ အမိန့်အတိုင်း ဆောင်ရွက်ကြရုံပါပဲ။ မကြာခင်မှာပင် မီးရထားလမ်းတစ်လျှောက်ရှိ
ကုန်စိမ်းသည်များနှင့် ဘူးသီးခြံပိုင်ရှင်များထံသို့ ဘူးသီးများ ဘူတာရုံသို့
အမြန်ပို့ကြစေဟူသော အမိန့်ရောက်ရှိလာပြီး ဘူးသီးချောဆွဲခံရလေသည်။ မည်သူမျှ
စောဒက မတက်ရဲဘဲ ဘယ်လိုဖြစ်ရတာလဲကွယ်၊ ဒီခေတ်ကြီးက ဘူးသီးတောင်
ချမ်းသာမပေးတော့ပါကလားဟု ရေရွတ်ရင်း ရှုံ့မဲ့မဲ့ဖြင့် ဘူတာရုံသို့ ဘူးသီးတွေ
ပို့ပေးကြရလေတော့သည်။ ကလေးတွေကတော့ ဘာမှန်းညာမှန်းမသိ ပျော်ရွှင်နေကြသည်။
ဘူးသီးကို ခေါင်းပေါ်ရွက်ရင်း ဘူတာရုံသို့ ဘူးသီးကြီးတွေ ပို့လို့ကွယ်။ အမှန်အမှန်ပဲကွဲ့၊
မယုံမရှိနဲ့၊ ပိုက်ဆံမရဘူးကွဲ့ဟု သီချင်းသံပြိုင်သီဆိုနေကြလေသတတ်။
စပါးရွှေစင်တို့ ၀င်းမှည့်နေကြသည်။ ဥက္ကဋ္ဌကြီးသည် မီးရထားပေါ်မှ ကြည်လင်သော
စိတ်အာရုံဖြင့် လမ်းဘေးဝဲယာသို့ ရှုစားတော်မူသည်။ တစ်နေရာရောက်သော် သူ့
ွ
မျက်ခုံးအစုံသည် အံ့သြခြင်းအတိဖြင့် အထက်သို့ မြင့်တက်သားသည်။ အလို …
ကြည့်ကြစမ်းဟဲ့။ အ၀တ်အစားအသစ်တွေ ပျော်ပျော်ရွှင်ရွှင်နဲ့ စပါးရိတ်သိမ်းနေကြသည့်
မြင်ကွင်းကား တယ်လဲ အားရစရာ ကောင်းလိုက်ပါဘိ။ ဆိုရှယ်လစ်စနစ် အကျိုးကျေးဇူးကို
တို့ပြည်သူပြည်သားများမှာ မုချဧကန် ခံစားနေကြလေပြီ။ စပါးရိတ်သိမ်းရင်း မီးရထားဆီသို့
အားရပါးရ လက်ဝှေ့ရမ်းပြနေကြသူများကို ကျေနပ်သဘောကျစွာ ကြည့်ရှုရင်း သူ၏
အပျော်စိတ်သည် မိုးပေါ်သို့ ထောင်တက်သွားလေသည်။ ၎င်းနောက် ရာဇဣနြေ္ဒ
မဆောင်နိုင်တော့ဘဲ တဟဲဟဲဖြင့် ရယ်တော်မူသည်။
စိတ်ရွှင်လန်းနေသည့် ဥက္ကဋ္ဌကြီးကို တွေ့လိုက်ရသောအခါ နောက်တော်ပါးမှ
အခစားလိုက်ပါလာကြသည့် ဒေါက်တာယုန်နှင့် စစ်ဗိုလ်အပေါင်းခမျာ တင်းထားသမျှ စိတ်တွေ
လျှော့ချ၍ ဟင်းချနိုင်တော့သည်။ ဒေါက်တာယုန်၏ စိတ်ထဲမှာလည်း သည်လို လေးကွက်တိချ
စီစဉ်ဆောင်ရွက်ပေးကြသည့် သက်ဆိုင်ရာ ယုန်ပါတီနှင့် ကောင်စီဝင်များကိုလည်း အထူး
ကျေးဇူးတင်မိချေသည်။ အလားတူပင် မီးရထားကြီး ဖြတ်သန်းပြီးသောအခါ လယ်ကွင်းထဲတွင်
ပျော်ရွှင်စွာ စပါးရိတ်သိမ်းချင်ဟန်ဆောင်နေကြသူတွေလည်း အိမ်သို့ ပြန်ကြလေသည်။
ဲ
သူတို့စိတ်ထတွင် ဥက္ကဋ္ဌကြီးယုန်က ပြည်သူပြည်သားအပေါင်းကို ဆိုရှယ်လစ်စနစ်ဖြင့်
ချီတက်ကြစေအံ့ဟု ကြွေးကြော်စေပြီး ညာတာပါတေးလုပ်ထား၏။
ပြည်သူပြည်သားတွေကလည်း သူ့ရှေ့မှောက်မှာ ပျော်ရွှင်ဟန်ပြ၍ ယုံကြည်အောင်
လုပ်ပြလိုက်သည်ကော။
ကျေနပ်ပျော်ရွှင်နေသော ဥက္ကဋ္ဌကြီးသည် သူ့ရှေ့မှောက်တွင် ဘူးသီးကြော်တွေ
မြင်တွေ့လိုက်ရ၍ ရုတ်တရက် အံ့သြသွားသည်။
”ဘူးသီးကြော် ပူပူနွေးနွေးလေးတွေ စားသုံးပေးတော်မူပါဦး။ ဥက္ကဋ္ဌကြီးက ဘူးသီးကြော်
ကြိုက်တတ်မှန်သိလို့ ဒေါ်ဖွားယုနကိုယ်တိုင် အတူလိုက်ပါပြီး ဘူးသီးကြော်ပေးနေတာပါ”
်
ဒေါက်တာယုန်က သံတော်ဦးတင်လိုက်၍ ဟေ .. ဟုတ်လားဟု အာမေဋိတ်သံ ပြုလိုက်သည်။
၎င်းနောက် သူ့စိတ်အလိုကို သိသော တပည့်တပန်းတွေကိုလည်း သင်းတို့တစ်တွေကို
ရာထူးတိုးပေးပြီး မြှောက်စားပေးဦးမှာ ဖြစ်တော့မကိုးဟု တွေးသည်။ တစ်ဖန်
ဒေါ်ဖွားယုန်နှင့်တကွ စပါးရိတ်သိမ်းရင်း မိမိအား ၀မ်းသားအားရဖြင့် လက်ပြနေသူများကို
ပြန်လည်မြင်ယောင်ရင်း အိမ်း … ပြည်သူပြည်သား အပေါင်းတို့ကဖြင့် ငါ့အား
အင်မတိအင်မတန် ချစ်ခင်လေးစားကြသကိုးဟု မှတ်ချက်ပြုကာ
သ၀င်လေဟပ်သွားလေသတတ်။
မီးရထားကြီးကား တရွေ့ရွေ့ ခုတ်မောင်းနေလျက်။ ဒေါ်ဖွားယုန်လည်း ဘူးသီးကြော်တွေ
ဲ
အဆက်မပြတ် ကြော်နေလျက်။ မကြာခင် အဆိုပါ ဘူးသီးကြော်တို့သည် မီးရထားတွထမှာ
လိုက်ပါလာသူ အားလုံးကို ဒုက္ခပေးလေပြီ။ ကြော်၍ ပြီးသမျှ ဘူးသီးကြော်များကို
အတူလိုက်ပါလာသူတွေခမျာ မကုန်မချင်း စားနေကြရှာသည်တကား။ မီးရထားသည်
ွ
ဘူတာရုံတစ်ရုံကို ၀င်တိုင်း မသိမသာ အရှိန်လျှော့ပေးလိုက်သည်။ သည်တင် ဘူတာရုံပိုင်နှင့်
စစ်သားများက မီးရထားနောက်ဆုံးတွဲပေါ်သို့ ဘူးသီးတွေ ပစ်တင်ပေးလိုက်သည်။
်
ကုန်ချောထုတ်လုပဖို့အတွက် ကုန်ကြမ်းပစ္စည်း လုံးဝ မပူစေရ။ ဥက္ကဋ္ဌကြီးသည်
ဆိုရှယ်လစ်စနစ်ဖြင့် ချီတက်နေသော တိုင်းတော်ပြည်တော်ကြီးကို နှစ်ထောင်းအားရစွာဖြင့်
ရှုစား၍ ကြည်လင်လန်းဆန်းနေချိန်တွင် မီးရထားနောက်ဆုံးတွဲ၌ကား ဘူးသီးကြော်ပြဿနာ
ဖြစ်ပွားနေလျက်ရှိသည်။ စားလိုက်ရတဲ့ ဘူးသီးကြော်တွေ။ အားလုံး ဗိုက်ကားကုန်ကြပြီ။ ဒါကို
ဆက်လက်စားသုံးနေကြရပေဦးမည်။ ဒေါ်ဖွားယုန်က စားချင်လျှင် အဆင်သင့် ဖြစ်စေအောင်
ဘူးသီးတွေ တရှဲရှဲ ကြောပေနေသော်လည်း ဿနာ ဖြစ်ပွားနေလျက်ရှိသည်။ စားလိုက်ရတဲ့
ဘူးသီးကြော်တွေ။ အားလုံး ဗိုက်ကားကုန်ကြပြီ။ ဒါကို ဆက်လက်စားသုံးနေကြရပေဦးမည်။
ဒေါ်ဖွားယုန်က စားချင်လျှင် အဆင်သင့် ဖြစ်စေအောင် ဘူးသီးတွေ တရှဲရှဲ
ကြောပေးနေသော်လည်း ၎င်းဘူးသီးကြော်များအား စားသုံးပေးနေရသည့်
အမောင်စစ်သားတွေခမျာ မုန့်နှစ်နယ်ထားသည့် ဘူးသီးကြော်မြောင်းတွေ ဆီဒယ်အိုးထဲ
ထည့်လိုက်ရာမှ ရှဲခနဲမြည်သံကိုပင် ဗုံးကျသံအလား မှတ်ယူထိတ်လန့်နေကြရှာသည်။
စစ်ပွဲတစ်ရာ နွှဲလိုက်ချင်ရဲ့ ဘူးသီးကြော်နဲ့တော့ ဝေးရစေတော့ဗျာဟု ညည်းညူးကုန်ကြသည်။
ဟော .. ဘူးသီးမြှောင်းတွေ ဆီဒယ်အိုးထဲ ထည့်လိုက်ပြန်ပြီ။ ရှဲ … ရှဲ .. ရှဲ။
တကယ့်သတင်း၊ အများက စိတ်ဝင်စားသော အချင်းချင်း ပြောချင်ကြားချင်ကြသော
သတင်းသည် လျင်မြန်စွာဖြင့် ပျံ့နှံ့သွားလေ့ရှိသည်။ ထိုစဉ်အခါက
သတင်းဆက်သွယ်ရေးစနစ် မကောင်းသေးချေ။ သို့သော် ဥက္ကဋ္ဌကြီး မီးရထားဖြင့်
တိုင်းခန်းလှည့်လည်နေစဉ် ခရီးလမ်းတစ်လျှောက် ဘူတာရုံတိုင်းမှာ ဘူးသီးများ
ထားရှိနေကြောင်း သတင်းသည် ယုန်သတင်း ယုန်ချင်းဆောင်၍ တမဟုတ်ချင်း
ွ
ပျံ့နှံ့သားလေသတည်း။ ဤမှာပင် ယုန်တို့သည် ဖြစ်နိုင်ချေကို အမျိုးမျိုး တွက်ကြ
မှန်းဆကြ၏။ ဥက္ကဋ္ဌကြီးသည် ဗေဒင် ယုံကြည်သူ ဖြစ်သည်။ ဗေဒင်ဆရာဟောသည့်အတိုင်း
ဲ
ယတြာများ ချေတတ်သည်။ စစ်ဗိုလ်ချုပ်ကြီး ဘ၀မှ လူဝတ်လခဲ့စဉ်တုန်းကလည်း
ပြောင်းဖူးတွေချည်း (၄၅) ရက် စားခဲ့သည်ဟု သတင်းသိုးသိုးသန့်သန့် ကြားရဖူးသည်။
ယုန်တို့သည် အနှီကိစ္စကို အချင်းချင်း တိုင်ပင် ဆွေးနွေးသည်။ ဖြစ်နိုင်ချေကို ရှာဖွေသည်။
စဉ်းစားသည်။ အမှန်တကယ်ပဲ သူတို့တွေးသလို ဘူးသီးပြဿနာသည် ယတြာချေခြင်းပဲ
ဖြစ်ပေလိမ့်မည်။ တဖြည်းဖြည်းနှင့် သူတို့ အယူအဆ ခိုင်မာသည်ထက် ခိုင်မာလာသည်။
သည်မှာပင် ယုန်ပြည်သူပြည်သားအပေါင်း ဒေါသအမျက် ခြောင်းခြောင်းထွက်ကုန်ကြသည်။
အံမယ် … သည်လို ယတြာခြေလိုက်ယုံနဲ့ ရရိုးလား။ သင်းက ဒီလိုဆိုရင် ငါတို့ကတည်း
တုန့်ပြန်ရသေးသပ၊ ယတြာကို ယတြာနဲ့ ပြန်တိုက်မှ ဖြစ်မယ်ဟု တွေးကြရင်း မကြာခင်
မည်သူက စလိုက်သည် မသိ၊ ယုန်တိုင်းပြည် တစ်ပြည်လုံး ဘူးပင် စိုက်ကြလေသတတ်။
အတက်အကျဆိုတာ ရှိစမြဲ၊ အတက်နှင့် အဆင်း ဖြစ်မြဲ ဓမ္မတာ။ ဥက္ကဋ္ဌကြီးယုန် ကျဆုံးခန်း
ရောက်လေပြီ။ သို့သော် သူသည် မာန်ကို မလျှော့။ ယုန်ဆိုရှယ်လစ်ပါတီမှ နုတ်ထွက်ကြောင်း
မိန့်ခွန်းပြောနေစဉ် ယုန်ပြည်သူပြန်သားအပေါင်းအား သေနတ်ဆိုတာ မိုးပေါ် ထောင်ပစ်တာ
မဟုတ်ဘူးဟု ကြိမ်းဝါးလိုက်၏။ သူ့စကားက တရားမ၀င် ငွေကြေညာခြင်း ခံလိုက်ရ၍
ဒေါသဖြစ်နေသည့် ယုန်ပြည်သူပြည်သား အပေါင်းအား လောင်စာဆီ ရှို့ပေးလိုက်သည့်နှယ်။
ဟေ့ … တို့က ဘူးပင် စိုက်ပြီးပြီ။ သင်း ခြိမ်းခြောက်တာ မကြောက်ဘူးဟု
တုန့်ပြန်တပ်လှန့်သံပေးလိုက်သည်။ ကျုပ်ကလည်း ဘူး တော်ရေ … ဘူးမှဘူး၊ ဈေးရောင်း
မကောင်းရသည့်အထဲက အကြွေးပါတောင်းမရသည့် ခင်ယုန်ကလည်း ဘူးဟု ဒေါပွပွဖြင့်
ဆိုလိုက်၏။ ငါတို့လည်း ဘူးပါပဲကွ၊ ဘူး အပြင် စိမ်းစားဥ မရှိပါဘူး၊ တို့ ယုန်တွေများ
ဆိုသလေး၊ အားလုံး ညီစေနော်၊ ကိုယုန်ကြားက စတိတ်ခုံမြင့်ပေါ်သို့ တက်၍ အားရပါးရ
အော်လိုက်၏။ မကြာပါချေ။ တစ်ပြည်လုံး အုန်းအုန်းကျွက်ကျွက် ဖြစ်ကုန်တော့သည်။
မြို့ရွာအနှံ့ရှိ လမ်းတွေပေါ်မှာ ယုန်အားလုံး လက်သီးလက်မောင်းတန်း၍ ဆန္ဒပြသည်။
သင်းတို့ကို ဘာမို့လို ကြောက်ရမှာလဲ။ မကြောက်ဘူးကွ။ မင်းတို့စကား မကြားချင်ဘူးကွ၊
ဘယ်တော့မှ ဒူး မထောက်ဘူးကွ၊ တို့က ဘူးဆိုရင် ဘူး၊ မကြောက်ဘူး၊ မလုပ်ဘူး၊ မလန့်ဘူး၊
သင်းတို့ကို ဂရု မစိုက်ဘူး။ ဤသို့ဖြင့် ခြိမ်းခြောက်သမျှကို ငြင်းဆန်ဘူးခံ၍ တစ်ပြည်လုံး
အုန်းအုန်းကျွက်ကျွက် ဆန္ဒပြသောအခါ ပြည်သူတို့၏အား တောင့်မခံနိုင်တော့ဘဲ
ယုန်ဆိုရှယ်လစ်ပါတီသည်လည်း အချိန်ကြာကြာတောင်မခံနိုင်
ဘုန်းဘုန်းလဲပြိုကျသွားသည်ဟူသတတ်။
အို .. မိတ်ဆွေ၊ သည်အဖြစ်အပျက်တွေကို သင်ယုံကြည်ပါ၏လော။ မယုံလျှင် ပုံပြင်မှတ်ဟု
ဆိုခဲ့ပြီးပြီ။ ယုန်တိုင်းပြည်အကြောင်း ယုံကြည်သော်လည်း ရ၏။ မယုံကြည်သော်လည်း ရ၏။
ကျွန်ုပ်ကတော့ ယုံကြည်ခြင်းထက် ဆန့်ကျင်ဆန္ဒပြသော ယုန်တိုင်းပြည်သူပြည်သားများ၏
”ဘူး” ခံငြင်းဆန်သည့် စိတ်ဓာတ်ကို သဘောကျနေမိသည်။ နှစ်ကာလတို့သည် အလီလီ
ပြောင်းလဲသွားခဲ့ပြီ။ အချိန်ကာလရထားကြီးသည် ရှေ့သို့ ပုံမှန် ရွေ့လျားလျက်ရှိသည်။
ကျွန်ုပ်သည် သာယာဝပြောသော မြေပေါ်မြေအောက် သဘာဝသယံဇာတတွေ
ကြွယ်ဝသော်လည်း ပြည်သူလူထုခမျာ ဆင်းရဲနေရသော ယုန်တိုင်းပြည်အကြောင်း
ဆက်လက်၍ သိစမ်းချင်ပါဘိသည်။
သြော် … ယုန်တိုင်းပြည်မှာ ယခုအချိန် ဘာပင်များ စိုက်ထားပါလိမ့်။ တွေးရင်းဖြင့် အဖြေရှာ
မရနိုင်၍ ရင်ထဲမှာ ခိုးလို့ခုလုကြီး ဖြစ်နေမိသည်တကား။
ညိုထွန်းလူ
မျက်ရှုတစ်နှစ်ပြည့်အတွက် ဆရာ ညိုထွန်းလူ၏ အမှတ်တရစကား
မိုးဆွေငှက် (သို့မဟုတ်) စာမျက်ရှု
မျက်ရှုဆိုတာ အွန်လိုင်းမဂ္ဂဇင်းတဲ့။ ကျွန်တော်က ကွန်ပြူတာလည်း မနှိပ်တတ်၊
အင်တာနက်လည်း မကြည့်တတ်လေတော့ မျက်ရှုရဲ့ ကောင်းသတင်းတွေကို
လူငယ်တွေဆီကနေတဆင့် နားထောင်ရင်း အံ့သြ ၀မ်းသာ နေမိပါတယ်။ မမြင်ဘူးပေမယ့်
်
သတင်းစကားနဲ့တင် ချီးကျူးမိပါတယ်။ သည်မှာပဲ ဆရာဇော်ဂျီရဲ့ မိုးဆွေငှကဆိုတဲ့
ကဗျာလေးကို အမှတ်မထင် သတိရလိုက်မိပါတယ်။
မိုးဆွေငှက်
မြည်နိုင်စွလေ၊ ငှက်မိုးဆွေ
မိုးဆွေငှက်ငယ်၊ မိုးပြန့်ကျယ်တွင်
အရွယ်အဟန့်၊ လက်မခန့်လည်း
အံ့သြဖွယ်သာ၊ သတ္တ၀ါတို့
ဖြစ်ရာဘ၀၊ အားမာန်ပြသို့
နှုတ်ကတွတ်တွတ်၊ ဖတ်ရွတ်ညိုးညံ
သူ့အားမာန်သည်၊ မိုးယံခွဲမည် ထင်မိ၏။
မနားမရပ်၊ လှုပ်ခတ်တောင်ပံ
သည်အားမာန်လည်း၊ မိုးယံဖောက်မည် ထင်မိ၏ … တဲ့။
စာဖတ်ချင်ကြတဲ့ လူငယ်တွေဆီကို အွန်လိုင်းပေါ်က တစ်ဆင့် နှလုံးသားချင်း
လက်ဆင့်ကမ်းပေးလိုက်တဲ့ စာမျက်ရှု၊ ပေးသူနဲ့ ယူသူ ခံစားမှုချင်း ချိတ်ဆက် ကူးပြောင်း
စီးကြရင်း သူ့အဆင်း၊ သူ့အရောင်၊ သူ့ရနံ့တို့ဖြင့် လောကကောင်းကျိုးများကို
ဆောင်ရွက်နိုင်ကြပါစေ။
ညိုထွန်းလူ