Docstoc

74626755-Gamanii-Route-End

Document Sample
74626755-Gamanii-Route-End Powered By Docstoc
					                 အမျိုးသားပြန်လည်သင့်မြတ်ရေး
                               (လမ်းကြောင်း မှတ်တိုင် ဂိတ်ဆုံး)
                                                ဂါမဏိ
ွ
ဇွန်လ ၉ ရက်မှာ ကေအိုင်အေ ကချင်ငြိမ်းချမ်းရေးအဖွဲ့နဲ့ အပစ်အခတ်ရပ်စဲရေးပျက်သားပြီး ဒုတိယပြည်တွင်းစစ် ဖြစ်
ပွားခဲ့ရာမှာ စစ်ပွဲအခြေအနေကို အခုလိုလေ့လာတွေ့ရှိရပါတယ်။ (တိုက်ပွဲကြီးတွေကို မှတ်တမ်းတင်ထားတဲ့ မပြည့်စုံ
သေးတဲ့စာရင်းဖြစ်ပြီး အချက်အလက်အတော်များများကို မြန်မာစစ်တပ် သတင်းရင်းမြစ်တွေနဲ့ ကချင်သတင်းရင်းမြစ်
တွေ တိုက်ဆိုင်စစ်ဆေး အတည်ပြုထားပါတယ်။ ၂ ယောက် ၃ ယောက်သေတဲ့ တိုက်ပွဲကလေးတွေ ထည့်မထားပါ။)

ဇွန် ၁၇ ရက်က မိုးညှင်းမြို့နယ် ဆင်ဘိုတိုက်ပွဲမှာ ခလရ ၁၄၁ က ၁၇ ယောက်ကျခဲ့တယ်။ ဇူလိုင် ၂ ရက်က မိုးညှင်း
မြို့နယ်ထဲတိုက်ပွဲမှာ ကြံ့ဖွတ်စစ်သား ၂၀၊ ကွတ်ခိုင်မြို့နယ်ထဲမှာ ၁၀ ယောက် ကျခဲ့တယ်။ ဇူလိုင် ၁၆-၁၈ ရက်က လ
ဂျားယန်မြို့နယ် ခါ့ယာရွာအနီး ၃ ရက်ကြာတိုက်ပွဲမှာ ခလရ ၂၁ က ၂၅ သေ၊ ၂၄ ဒဏ်ရာ၊ ၁၁ စစ်သုံ့ပန်းမိခံရပြီး ၃၄
လက်ဆုံးခဲ့တယ်။ ဇူလိုင် ၂၆ ရက်က ကာမိုင်းတိုက်ပွဲမှာ ခလရ ၁၀၅ က ၁၆ ယောက် သေကြေဒဏ်ရာရခဲ့တယ်။

သြဂုတ် ၂၈-၂၉ ရက် မိုးမောက်မြို့နယ် လွန်ဂျာတောင်တိုက်ပွဲမှာ ကြံ့ဖွတ်စစ်သား ၇ ယောက်ကျခဲ့တယ်။ စက်တင်
ဘာ ၁၄-၁၆ ရက်များက ၃ ရက်ကြာ နမ်စန်ပတိုက်ပွဲမှာ ခလရ ၃၇ နဲ့ ခမရ ၄၃၈ က အယောက် ၄၀ လောက်ကျခဲ့
တယ်။ စက်တင်ဘာ ၁၈ ရက် မုံးကိုး တိုက်ပွဲမှာ ခလရ ၃၆ နဲ့ ခလရ ၂၉၀ က ၇ ယောက်ကျသွားတယ်။ စက်တင်ဘာ
၂၁ ရက်မှာ မူဆယ်မြို့နယ် ရွှေပြည်သစ်ရဲဘက်စခန်းကို ဝင်စီးပြီး ရဲ ၈ ယောက်ဖမ်း၊ အကျဉ်းသား ၅၂ ယောက်ကို
လွှတ်ပေးလိုက်တယ်။ ကွတ်ခိုင်နယ်မှာ စက်တင်ဘာ ၂၄-၃၀ ရက်ထိ ၆ ရက်ကြာ တပ်မဟာ ၄ စခန်းသိမ်း စစ်ဆင်
ရေးအတွင်း ကြံ့ဖွတ်စစ်သား ၁၅၀ လောက်ထိခဲ့တယ်။

အောက်တိုဘာ ၄ ရက် ဆင်ဘို ဂျာအိန်ယန်တိုက်ပွဲမှာ ကြံ့ဖွတ်စစ်သား ၄၀ လောက်ထိခဲ့တယ်။ အောက်တိုဘာ ၁၃
ရက်က မိုးမောက်မြို့နယ်တွင်း တိုက်ပွဲတပွဲမှာ ခလရ ၄၇ က ၇ ယောက်ကျသွားတယ်။ အောက်တိုဘာ ၁၂-၁၆ ရက်
ဝိုင်းမော်မြို့နယ် ဂါရားယန်မှာ ၅ ရက်ကြာတိုက်ပွဲအတွင်း ကြံ့ဖွတ်စစ်သား ၃၀ ကျခဲ့တယ်။ အောက်တိုဘာ ၁၆ ရက်
မိုးမောက်မြို့နယ် လွန်ဂျာတောင်တိုက်ပွဲမှာ ကြံ့ဖွတ်စစ်သား ၂၀ ကျခဲ့တယ်။ အောက်တိုဘာ ၁၂ ရက် မြစ်ကြီးနားမြို့
နယ် ဖရော်ရွာတိုက်ပွဲမှာ အစိုးရတပ် ၁၂ ယောက်ကျခဲ့တယ်။ အောက်တိုဘာ ၁၂ ရက် မန်စီ-မိုင်းခေါင်လမ်း မိုင်း
စစ်ဆင်ရေးမှာ ခလရ ၄၇ က ၈ ယောက်ကျခဲ့ တယ်။ အောက်တိုဘာ ၂၇ ရက် ဂျအင်းယန်တိုက်ပွဲမှာ ဗမာစစ်တပ်က
၁၆ ယောက်ကျပြီး ၂၃ ယောက်ဒဏ်ရာရခဲ့တယ်။ အောက်တိုဘာ ၂၆ ရက် စွမ်ပရာဘွမ်လမ်း ဒရူခတံတားစောင့်စခန်း
ကိုစီးတာ ခလရ ၁၃၈ က ၉ ယောက်ကျသွားတယ်။
နိုဝင်ဘာ ၁ ရက် မိုးမောက်မြို့နယ် ခဝန်ဘန်တိုက်ပွဲမှာ ဗမာတပ်က ၁၀ ယောက်ကျခဲ့တယ်။ နိုဝင်ဘာ ၂ ရက် ဝိုင်း
မော်မြို့နယ် ဂါးရာယန်တိုက်ပွဲမှာ ခလရ ၅၈ နဲ့ ခမရ ၃၉၀ က ၁၆ ယောက်ကျခဲ့တယ်။ နိုဝင်ဘာ ၆ ရက် မန်ဝိန်း-ကိုင်
ထိပ်လမ်းတိုက်ပွဲမှာ ခမရ ၅၀၄ နဲ့ ၅၀၅ က ၇ ယောက်ကျသွားတယ်။ နိုဝင်ဘာ ၁၁ ရက် ကွတ်ခိုင်မြို့နယ်အတွင်း
တိုက်ပွဲတပွဲမှာ ဗမာစစ်သား ၁၂ ယောက်ကျသွားတယ်။ နိုဝင်ဘာ ၁၇ ရက်က အင်တပ်ဘွမ် တောင်ကြောတိုက်ပွဲမှာ
ကြံ့ဖွတ်အစိုးရတပ်မ ၈၈ က အနည်းဆုံး ၃၇ ယောက်သေပြီး ရာနဲ့ချီဒဏ်ရာရခဲ့တယ်။ နိုဝင်ဘာ ၂၄ ရက်မှာ ကိုင်
ထိပ်စခန်းကထွက်လာတဲ့ ကြံ့ဖွတ်တပ်ကို ခြုံခိုတိုက်လို့ ၂၀ ကျော်ကျသွားတယ်။ နမ်းခမ်း-မံဝိန်းလမ်းမှာလဲ ပဒေသာ
မိုင်းစစ်ဆင်ရေးကြောင့် ၁၀ ယောက်ကျော်ကျသွားခဲ့တယ်။

ဒါ့အပြင် အခု ကေအိုင်အေလက်ထဲ သုံ့ပန်းမိထားတာ ဗိုလ်မှူးဗိုလ်ကြီးစတဲ့ အရာရှိတွေ တော်တော်များနေပါပြီ။

ရှမ်းပြည်တပ်မတော်ငြိမ်းအဖွဲ့နဲ့ အပစ်အခတ်ရပ်စဲရေးပျက်တဲ့ ဒီနှစ် မတ်လ ၁၃ ရက်နေ့ကနေ အောက်တိုဘာလအထိ
ကြံ့ဖွတ်အစိုးရစစ်သား ၇၀၀ လောက် ကျခဲ့ပြီး နောက်ထပ် ၇၀၀ လောက် ဒဏ်ရာရခဲ့ပါတယ်။

ဗိုလ်မှူးချုပ် စောလားပွယ် ခေါင်းဆောင်တဲ့ ဒီကေဘီအေနဲ့ တနှစ်တာတိုက်ပွဲအတွင်းမှာလဲ နအဖ-ကြံ့ဖွတ်စစ်သား
၁၂၀၀ လောက် သေကြေဒဏ်ရာရခဲ့ပါတယ်။

ကေအဲန်ယူကတော့ ၂၀၁၁ ခု ဇန်နဝါရီလကနေ အောက်တိုဘာလအတွင်း တိုက်ပွဲပေါင်း ၁၁၀၀ ကျော်တိုက်ခဲ့ပြီး ကြံ့
ဖွတ်စစ်သား ၂၀၀၀ လောက်ကို သေကြေဒဏ်ရာရစေခဲ့ပါတယ်။

အထက်က ကိန်းဂဏန်းတွေကိုကြည့်ရင် ဒေါ်အောင်ဆန်းစုကြည်ကို မောင်သိန်းစိန် အသည်းအသန် စည်းရုံးနေတာ
ဘာကြောင့်လဲ ရှင်းနေပါတယ်။ ဒီကနေ့ကာလဟာ ၁၉၄၂ ဒီဇင်ဘာ ၂၆ ရက်ကစခဲ့တဲ့ ခေတ်သစ်မြန်မာ့တပ်မတော်
သမိုင်းမှာ စွမ်းရည်သုံးရပ် အနိမ့်ဆုံးအချိန် ဖြစ်နေပါတယ်။ ဒါကြောင့် ၂၀၀၈ အခြေခံဥပဒေကို ရာနှုန်းပြည့်အကောင်
အထည်ဖော်ဖို့၊ တနည်းအားဖြင့် လမ်းပြမြေပုံ နောက်ဆုံးအဆင့်ကို အကောင်အထည်ဖော်ဖို့ ဧရာမအဟန့်အတားကြီး
ကို ကြံ့ဖွတ်စစ်အစိုးရ ရင်ဆိုင်နေရရှာပါတယ်။ ဒီကေဘီအေကစခဲ့တဲ့ ဒုတိယပြည်တွင်းစစ်ဟာ ကေအိုင်အေမှာ အ
ထွတ်အထိပ်ရောက်သွားပြီး ဒီအချိန်မှာ ကေအိုင်အေထက် လူအင်အား လက်နက်အင်အား တိုက်စွမ်းရည် ပိုကောင်း
တဲ့ ဝ အဖွဲ့ စစ်ပွဲထဲ ပါမလာဖို့၊ မြန်မာပြည်အရှေ့ပိုင်း တောင်ပိုင်း အလယ်ပိုင်းတွေမှာ၊ မြို့ပြတွေမှာ နောက်ကျောလုံဖို့
အရေးဟာ ကြံ့ဖွတ်အစိုးရအတွက် သေရေးရှင်ရေးဖြစ်လာပါတယ်။ ဒီနေ့ ဒီမိုကရေစီနဲ့ တိုင်းရင်းသားအရေးကို ကချင်
စစ်မြေပြင်၊ ကရင်စစ်မြေပြင်၊ ရှမ်းစစ်မြေပြင်တွေမှာ ဆုံးဖြတ်နေတယ်လို့တောင် ပြောနိုင်ပါတယ်။ လွှတ်တော် ဆိုတာ
က ဒုတိယတန်းအဆင့် ရောက်သွားပါပြီ။

                                                       xxx

ကေအိုင်အေကတော့ အပစ်အခတ်ရပ်စဲရေး-ငြိမ်းချမ်းရေးအတွက် ပင်လုံအလံတော်ကို စွဲစွဲမြဲမြဲနဲ့ အမြင့်မားဆုံးလွှင့်ထူ
နေပါတယ်။

စက်တင်ဘာ ၆ ရက်နဲ့ ၇ ရက်နေ့တွေမှာတော့ ကြံ့ဖွတ်အစိုးရကိုယ်စားလှယ်တွေဟာ မိုင်းလား နဲ့ ဝ ငြိမ်းချမ်းရေးအဖွဲ့
တွေနဲ့ ငြိမ်းချမ်းရေးစာချုပ်တွေ လက်မှတ်ထိုးခဲ့ပါတယ်။ နိုဝင်ဘာ ၃ ရက်နေ့မှာလဲ ဒီကေဘီအေနဲ့ ငြိမ်းချမ်းရေးစာချုပ်
လက်မှတ်ထိုးခဲ့ပါတယ်။ ဒါတွေဟာ တိုင်းရင်းသားအရေးတော်ပုံလမ်းကြောင်းပေါ်က အရေးပါတဲ့မှတ်တိုင်တွေ ဖြစ်
သွားပါတယ်။ ဘာကြောင့်လဲဆိုတော့ …

၁၉၈၉ ခုကစတင်ခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်တွေမှာ နှစ်ဖက်လက်မှတ်ထိုးခဲ့တာ (ကေအိုင်အိုကလွဲ
လို့) တခါမှ အစဉ်အလာမရှိခဲ့ပါဘူး။ လူကြီးလူကောင်းသဘောတူညီချက်ဆိုပြီး လေနဲ့ သဘောတူခဲ့ကြတာတွေဖြစ်ပါ
တယ်။ နှစ်ဖက်လက်မှတ်ထိုးထားတာ မဟုတ်ပေမဲ့ "တဖက်အဖွဲ့အ စည်းများ လိုက်နာရန်" ဆိုပြီး စည်းကမ်းချက် ၁၀
ချက်တို့ ၁၃ ချက်တို့ကို မလိမ့်တပတ်နဲ့ အကြပ်ကိုင် လိုက်နာခိုင်းပါ သေးတယ်။ ဒီစည်းကမ်းချက်တွေထဲမှာ သတ်မှတ်
နယ်မြေထဲမှာဘဲ နေရမယ်၊ တပ်အင်အားမတိုးချဲ့ရ၊ စစ်သင်တန်းမပေးရ၊ အခွန်မကောက်ရ၊ အုပ်ချုပ်ရေးမချရ ဆိုတာ
တွေအပြင် မြို့ပေါ်နိုင်ငံရေးပါတီတွေ၊ အစိုးရဆန့်ကျင်ရေးအဖွဲ့တွေနဲ့ မဆက်သွယ်ရလို့လဲ ကွပ်ညှပ် ကန့်သတ်ထားပါ
တယ်။
အခု ငြိမ်းချမ်းရေးသဘောတူချက်တွေမှာတော့ ဒီစည်းကမ်းချက်တွေ ကန့်သတ်ချက်တွေ မထည့်နိုင်တော့ပါ။ (နောင်
မှာ ကလိမ်ကကျစ်နဲ့ ထည့်လာမှာကို သတိရှိရှိ တားဆီးရပါလိမ့်မယ်။) ဝ၊ မိုင်းလားတို့နဲ့ သဘောတူညီချက် ၄ ချက်ထဲ
မှာ နှစ်ဖက်မတိုက်ခိုက်ရေး၊ နှစ်ဖက်အကျိုးတူကိစ္စရပ်တွေမှာ ပူးပေါင်းဆောင်ရွက်ရေး၊ မိမိနယ်မြေကျော်လှုပ်ရှားရာမှာ
ကြိုတင်ညှိနှိုင်းအကြောင်းကြားရေးနဲ့ ယခင်အတိုင်း စီးပွားရေးလုပ်ငန်းများ လုပ်ခွင့်တို့ကိုဘဲပြောထားပါတယ်။ ဝနဲ့ သ
ဘောတူချက်မှာဆိုရင် တချက်ထပ်တိုးပြီး နိုင်ငံတော်အစိုးရမှတဆင့် နိုင်ငံခြားတိုင်းပြည်များနဲ့ ဆက်ဆံခွင့်ကိုပါ ပေး
ထားရပါတယ်။ တကယ်တော့ ဝ နဲ့ မိုင်းလားတို့ဟာ "လက်နက်စွဲကိုင်တိုက်ခိုက်ရခြင်းမရှိဘဲ ရန်သူကို အောင်မြင်ခြင်း
မျိုးသည်သာ စစ်အတတ်ပညာကျွမ်းကျင်မှု၏ အမြင့်ဆုံး" လို့ ရှေးဟောင်းတရုတ်စစ်ပါရဂူ စွန်ဇူးပြောခဲ့သလို အောင်
မြင်သွားတာဖြစ်ပါတယ်။ (နဝတ-နအဖ စစ်အစိုးရကလဲ ပလောင်၊ ပအိုဝ်း ငြိမ်းအဖွဲ့တွေအပေါ် ဒီစွန်ဇူးနည်းနဲ့ သေနတ်
တချက်မဖောက်ရဘဲ အောင်မြင်စွာ ချေမှုန်းနိုင်ခဲ့ဖူးပါတယ်။)

ဒီကေဘီအေ ဗိုလ်နှုတ်ခမ်းမွှေးအဖွဲ့နဲ့ သဘောတူစာချုပ်ထဲမှာလဲ နှစ်ဖက်မတိုက်ခိုက်ရေး၊ ဒီကေဘီအေ ဗဟိုဌာနချုပ်
ဆုံဆည်းမြိုင်ဝန်းကျင်က ကြံ့ဖွတ်တပ်တွေ ပြန်ဆုတ်ပေးရေး၊ ဆက်ဆံရေးရုံးတွေ ပြန်ဖွင့်ရေးနဲ့ မိမိနယ်မြေကျော် လှုပ်
ရှားရာမှာ ကြိုတင်ညှိနှိုင်း အကြောင်းကြားရေးတို့ဘဲ ပါဝင်ပါတယ်။

နှစ် ၂၀ အပစ်ရပ်အတွေ့အကြုံတွေအရ ၁၉၈၉-၁၉၉၅ တုံးကလို တနပ်စားငြိမ်းချမ်းရေးမျိုး ဘယ်လိုမှပြန်မဖြစ်နိုင်တော့
ပါဘူး။ ဒါကြောင့် ဒီမှတ်တိုင်တွေဟာ ဂိတ်ဆုံးမရောက်ခင် အရေးကြီး ကြားစခန်းတွေ ဖြစ်သွားပါပြီ။ ကေအိုင်အေရဲ့
ဂိတ်ဆုံးဖြစ်တဲ့ ပင်လုံအလံတော်ဟာ တကယ်တော့ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းအားလုံးရဲ့ ဂိတ်ဆုံးလဲ
ဖြစ်နေပါတယ်။

နှစ် ၂၀ ဥပမာတခု ပြရရင် ၁၉၉၆-၉၇ လောက်မှာ စဝ်ဆေထင်ခေါင်းဆောင်တဲ့ မူလလက်ဟောင်း အက်စ်အက်စ်အေ
ငြိမ်းအဖွဲ့ (ယခု အက်စ်အက်စ်အေ-မြောက်ပိုင်း)၊ စဝ်ကန်းရွက်ခေါင်းဆောင်တဲ့ ခွန်ဆာခွဲထွက် အက်စ်အက်စ်အဲန်အေ
ငြိမ်းအဖွဲ့နဲ့ စဝ်ရွက်ဆစ် ခေါင်းဆောင်တဲ့ အက်စ်ယူအာရ်အေ ဆိုတဲ့ ရှမ်း ၃ ဖွဲ့ဟာ ခွန်ထွန်းဦးကို နာယကတင်ပြီး
အက်စ်အက်စ်အေ တဖွဲ့တည်းအဖြစ် ပေါင်းစည်းဖို့ ညှိနှိုင်းစီစဉ်ခဲ့ပါတယ်။ ဒါကို နဝတ သန်းရွှေနဲ့ ထောက်လှမ်းရေး
ွ
ခင်ညန့်တို့က အမျိုးမျိုး သွေးထိုးဖျက်ဆီးခဲ့ပါတယ်။ တလောက နအဖ ထောက်လှမ်းရေးဟောင်း ဗိုလ်အောင်လင်းထွဋ်
ပြောသလို တဖွဲ့တည်းပေါင်းစည်းအောင် အားပေးခဲ့တယ်ဆိုတာ လုံးဝမဟုတ်ပါ။ 'ဟိုလူတွေက ဘိန်းအဖွဲ့တွေ။ ဗိုလ်
ချုပ်တို့အဖွဲ့လို နိုင်ငံရေးရှိတဲ့အဖွဲ့ မဟုတ်ဘူး။ ပေါင်းရင်မှားလိမ့်မယ်၊ နာမည်ပျက်လိမ့်မယ်' လို့ ဗိုလ်ချုပ်ဆေထင်ကို
လာတွန်းလိုက်၊ 'ဟိုအဖွဲ့က ဝါရင့်အဖွဲ့ကြီးနော်၊ ဗိုလ်မှူးတို့ကို မျိုသွားလိမ့်မယ်၊ နောက်ဆုံး တပ်မဲ့လက်မဲ့ ကျန်ရစ်ခဲ့မယ်'
လို့ ဗိုလ်မှူးကန်းရွက်တို့ကို လာချွန်လိုက် လုပ်ခဲ့တာ နအဖ ထောက်လှမ်းရေးတွေ ဖြစ်ပါတယ်။ ဒီလို ဂတုံးဂတိုက်လုပ်ရုံ
တင်မက စစ်ရေး စီးပွားရေးခြိမ်းခြောက်မှုတွေလဲ လုပ်ခဲ့ပါတယ်။ ဒါကြောင့် တဖွဲ့တည်းပေါင်းရေးကို လက်လျှော့ခဲ့ရပြီး
SSPC ရှမ်းပြည်ငြိမ်းချမ်းရေးကောင်စီကိုဘဲ ရှမ်းငြိမ်း ၂ ဖွဲ့က တပ်ပေါင်းစုသဘောမျိုးဖွဲ့ခဲ့ရပါတယ်။ (ဒါကိုလဲ နအဖက
အသိအမှတ်မပြုခဲ့ပါ။) အက်စ်ယူအာရ်အေလဲ ငြိမ်းချမ်းရေးမလုပ်နိုင်တော့ဘဲ ပေါင်းစည်းရေးသဘောတူညီချက် အ
စိတ်အပိုင်းအဖြစ် အက်စ်အက်စ်အေ နာမည်ပြောင်း၊ ဘက်တံဆိပ်ပြောင်းတာလောက်ဘဲ လုပ်နိုင်ခဲ့ပါတော့တယ်။

                                                        xxx

ကမ္ဘာပေါ်က တခြားအာဏာရှင်နိုင်ငံ ဒီမိုကရေစီတော်လှန်ရေးနိုင်ငံများနဲ့ ဗမာပြည် အဓိကကွာခြားချက်က တိုင်းရင်း
သားပြဿနာဖြစ်ပါတယ်။ နောက်ဆုံးဖြစ်သွားတဲ့ လစ်ဗျား၊ ဆီးရီးယား၊ အိဂျစ်၊ ကျူနီးရှားဖြစ်ဖြစ် အစောပိုင်းက ဆား
ဘီးယား၊ ယူကရိန်း၊ ဂျော်ဂျီယာဖြစ်ဖြစ်၊ ဒီထက်စောတဲ့ ဖိလိပိုင်၊ ထိုင်း၊ တောင်ကိုးရီးယား၊ တိုင်ဝမ်၊ အင်ဒိုနီးရှားဖြစ်
ဖြစ် တိုင်းရင်းသားပြဿနာတွေဟာ ဗမာပြည်မှာလောက် မပြင်းထန် မနက်ရှိုင်း မကျယ်ပြန့်ကြပါဘူး။ ဒါကြောင့် ဗမာ
ိ
ပြည်ရဲ့ ဒီမိုကရေစီအရေးတော်ပုံဟာ အဲဒီနိုင်ငံတွေလို ပုံမှန်လမ်းကြောင်းအတိုင်း ဘယ်လုမှပြီးမသွားနိုင်ပါဘူး။ တိုင်း
ရင်းသားအားလုံးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး မပါလို့မရသလို တန်းတူရေး-ကိုယ်ပိုင်အုပ်ချုပ်ရေး-ပူးတွဲ လွတ်
လပ်ရေးတို့ မပါဘဲ အမျိုးသားပြန်လည်သင့်မြတ်ရေး ဘယ်လိုမှမဖြစ်နိုင်ပါဘူး။

                                                        xxx

မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားအရေးကြိုးပမ်းချက်လမ်းကြောင်းမှာ ၁၉၄၇ ဖေဖော်ဝါရီ ၁၂ ရက်ဟာ ပထမဆုံးမှတ်တိုင်
ဖြစ်ခဲ့ပါတယ်။ ဒီနေ့မှာ ရှမ်း ကချင်နဲ့ ချင်း တိုင်းရင်းသားတွေဟာ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ ဗမာပြည်မအစိုးရ
နဲ့ တန်းတူရေး-အပြည့်အဝ ကိုယ်ပိုင်အုပ်ချုပ်ရေး-ပူးတွဲလွတ်လပ်ရေးတို့ကို သဘောတူစာချုပ် လက်မှတ်ထိုးခဲ့ကြပါ
တယ်။ ဒါပေမဲ့ ဒီပင်လုံစာချုပ်ဟာ ဗိုလ်ချုပ် ကျဆုံးပြီးနောက်မှာ တခြားတိုင်းရင်းသားတွေအတွက် အကြုံးမဝင်သလို
လိုဖြစ်ခဲ့လို့ လက်မှတ်ထိုးရာမှာ သီးသန့်မပါဝင်ခဲ့ရတဲ့ ကရင် ကရင်နီ မွန် ရခိုင် ပအိုဝ်း တိုင်းရင်းသားတွေဟာ ဒီအခွင့်
အရေးသုံးခုကို လက်နက်ကိုင်တိုက်ပွဲနည်းနဲ့ရယူဖို့ ကြိုးစားခဲ့ရပါတယ်။ ဒါကြောင့် ရခိုင်က ၁၉၄၇ ခု ဇွန်လမှာ၊ ကရင်နီ
က ၁၉၄၈ ခု သြဂုတ်လ ၉ ရက်မှာ၊ မွန်က ၁၉၄၈ ခု သြဂုတ်လ ၁၉ ရက် ဝါခေါင်လပြည့်မှာ၊ ပအိုဝ်းက ၁၉၄၉ ခု ဒီဇင်
ဘာ ၁၁ ရက်မှာ လက်နက်ကိုင်တော်လှန်ရေးတွေ အသီးသီးစတင်ခဲ့ပါတယ်။ တနည်းပြောရရင် ဒီနေ့ရက်တွေဟာ
တိုင်းရင်းသားတန်းတူရေးလမ်းကြောင်းပေါ်က မှတ်တိုင်တွေ ဖြစ်ခဲ့ပါတယ်။

ဒီအထဲမှာ ၁၉၄၉ ခု ဇန်နဝါရီ ၃၁ ရက်နေ့ ဟာ အဓိကမှတ်တိုင်ကြီးတခု ဖြစ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီနေ့
မှာ ဗမာပြည်ရဲ့ အဓိကတိုင်းရင်းသားလူမျိုးကြီးတစုဖြစ်တဲ့ ကရင်တိုင်းရင်းသားတွေက လက်နက်ကိုင်တော်လှန်ရေးကို
စတင်ခဲ့လို့ ဖြစ်ပါတယ်။

ပင်လုံစာချုပ်ပါအခွင့်အရေးတွေကို အတိုင်းအတာတခုအထိ ခံစားနေရတဲ့ ရှမ်း ကချင် ချင်း တိုင်းရင်းသားတွေကတော့
လက်နက်ကိုင်တိုက်စရာမလိုဘဲ အေးဆေးနေခဲ့ပေမဲ့ တစတစနဲ့ တန်းတူရေး-ကိုယ်ပိုင်အုပ်ချုပ်ရေး-လွတ်လပ်ရေး
တွေ ဆုံးရှုံးလာတာကြောင့် ၁၉၅၈ ခု မေလ ၂၁ ရက်နေ့မှာ ဗမာပြည်ရဲ့ အဓိကတိုင်းရင်းသားလူမျိုးစုကြီးဖြစ်တဲ့ ရှမ်း
အမျိုးသားတွေဟာ လက်နက်ကိုင်တော်လှန်ရေးလုပ်လာသလို အရေးပါလှတဲ့ ကချင်တိုင်းရင်းသားတွေကလဲ ၁၉၆၁
ခု ဖေဖော်ဝါရီ ၅ ရက်နေ့မှာ ပုန်ကန်ခဲ့ကြပါတယ်။ ဒီနှစ်ခုဟာလဲ အဓိကမှတ်တိုင်ကြီးတွေ ဖြစ်သွားခဲ့ပါတယ်။

ဒီနောက်မှာတော့ ၁၉၆၁ ခုမှာ မြေပြန့်ချင်းနဲ့ ၁၉၆၄ ခုမှာ တောင်ပေါ်ချင်း၊ ၁၉၆၃ ခုမှာ ပလောင်၊ ၁၉၆၄ ခုမှာ ကယန်း၊
၁၉၆၆ ခုမှာ တကျော့ပြန်ပအိုဝ်း၊ ၁၉၆၇ ခုမှာ တကျော့ပြန်ရခိုင်၊ ၁၉၇၂ ခုမှာ အခါ၊ ၁၉၇၃ ခုမှာ လားဟူ စသဖြင့် တိုင်း
ရင်းသားပေါင်းစုံက တန်းတူရေး-အပြည့်အဝကိုယ်ပိုင်အုပ်ချုပ်ရေး-လွတ်လပ်ရေးအတွက် လက်နက်ကိုင်တိုက်ပွဲမှတ်
တိုင်တွေ စိုက်ထူလာခဲ့ကြပါတယ်။ ဒီကနေ့မှာတော့ ဗမာလူမျိုးတွေပါ လွတ်လပ်ရေးဆုံးရှုံးနေပြီး စစ်တပ်ကိုလိုနီဘဝ
ကျရောက်တဲ့အခြေဆိုက်နေပါပြီ။

ဥပဒေဘောင်အတွင်းမှာတော့ ၁၉၆၁ ဇွန်လ တောင်ကြီးညီလာခံနဲ့ ၂၀၀၄ ဇွန်လ ညောင်နှစ်ပင်ညီလာခံ ၁၃ ဖွဲ့ စာ
တမ်းတွေဟာ တိုင်းရင်းသားအရေးမှာ အဓိကမှတ်တိုင်တွေအဖြစ် မော်ကွန်းတင်ခဲ့ပါတယ်။

၁၉၈၉ ခုမှာ စခဲ့တဲ့ ဝ ရှမ်း ကချင် မွန် ကရင်ခွဲထွက်တို့ရဲ့ အပစ်ရပ်သဘောတူချက်တွေဟာလဲ အရေးပါတဲ့ မှတ်တိုင်
တွေဖြစ်ခဲ့ပါတယ်။ ဒီနှုတ်ကတိ သဘောတူချက်တွေအောက်မှာ တိုင်းရင်းသားတွေဟာ တန်းတူရေး-ကိုယ်ပိုင်အုပ်ချုပ်
ရေး-လွတ်လပ်ရေးတို့ကို တွေ့ဆုံဆွေးနွေး-အကြမ်းမဖက်တဲ့နည်းနဲ့ လုံးပမ်းခဲ့ပေမဲ့ တဖြည်းဖြည်းနဲ့ နဂိုရပြီးသားအခွင့်
အရေးတွေပါ ဆုံးရှုံးလာခဲ့ပါတယ်။ ဒီလိုနဲ့ ၂၀၀၅ ခုနှစ်မှာ ပလောင်ငြိမ်းချမ်းရေးအဖွဲ့နဲ့ အက်စ်အက်စ်အဲန်အေ ရှမ်း
ငြိမ်းချမ်းရေးအဖွဲ့၊ ၂၀၀၇ ခုမှာ ပအိုဝ်းငြိမ်းချမ်းရေးအဖွဲ့၊ ၂၀၀၉ ခုမှာ အဲန်ဒီအေ-ကေ ကချင်ငြိမ်းချမ်းရေးအဖွဲ့တွေ "ငြိမ်း
ှ
ချမ်းစွာ" ပျက်သုဉ်းသွားခဲ့သလို ၂၀၀၀ ခုနှစ်မှာ မုန်းကိုးအဖွဲ့၊ ၂၀၀၉ ခုမာ MNDAA ကိုးကန့်ငြိမ်းအဖွဲ့ "အကြမ်းဖက်"
ချေမှုန်းခံခဲ့ရပါတယ်။

                                                         xxx

ဒီကနေ့ ပြည်မအစိုးရတပ်တွေ တိုင်းရင်းသားနယ်မြေတွေကို ကျူးကျော်သိမ်းပိုက် တပ်စွဲထားပုံကို အခုလို တွေ့နိုင်ပါ
တယ်။ (မပြည့်စုံသေးတဲ့ စာရင်းဖြစ်လို့ လက်တွေ့မှာ ဒီ့ထက်များနိုင်ပါတယ်၊ လျော့ဖို့မရှိပါ။)

ကချင်ပြည်နယ်မှာ ၁၉၆၂ ခုဝန်းကျင်က ခြေလျင်တပ်ရင်း ၉ ရင်းလောက်ဘဲရှိခဲ့ရာက အခုဆိုရင် မပခ လက်အောက်
ခံ ၂၁ ရင်း၊ ဒကစ(တနိုင်း) လက်အောက်ခံ ၅ ရင်း၊ စကခ-၃ လက်အောက်ခံ ၁၀ ရင်း၊ စကခ-၂၁ လက်အောက်ခံ ၈
ရင်း စုစုပေါင်း ခြေလျင်/ခြေမြန်တပ်ရင်း ၄၄ ရင်းနဲ့တကွ မစခ-၉၀၄ လက်အောက်ခံ အမြောက်တပ် ၁၀ ရင်း၊ သစခ-
၇၂ လက်အောက်ခံ တင့်ကား/သံချပ်ကားတပ်ရင်း ၃ ရင်း၊ လစခ-၉ လက်အောက်ခံ လေကြောင်းရန်ကာကွယ်ရေး
တပ်ရင်း ၇ ရင်းနဲ့ မြစ်ကြီးနားလေတပ်စခန်းဌာနချုပ်တို့ တပ်စွဲထားကြပါတယ်။

ကယားပြည်နယ်မှာ ၁၉၆၂ ခုဝန်းကျင်က တပ်ရင်း ၁ ရင်းဘဲ ရှိခဲ့ရာက အခုတော့ ဒကစ(လွိုင်ကော်) လက်အောက်ခံ
၁၀ ရင်း၊ စကခ-၇ လက်အောက်ခံ ၄ ရင်း စုစုပေါင်း ၁၄ ရင်း ရှိနေပါပြီ။ မစခ-၉၀၃ လက်အောက်ခံ အမြောက်တပ် ၃
ရင်းလဲ ရှိနေပါတယ်။ ဒါ့အပြင် ကရင်နီမျိုးနွယ်ဖြစ်တဲ့ ကယန်းဒေသမှာလဲ နပတ လက်အောက်ခံ ၃ ရင်း၊ ရပခ လက်
အောက်ခံ ၁ ရင်း၊ စကခ-၇ လက်အောက်ခံ ၂ ရင်း၊ ပေါင်း ၆ ရင်း တပ်ချထားပါတယ်။ ၁၉၈၈ မတိုင်ခင်က ကယန်း
ဒေသမှာ ပြည်မအစိုးရတပ် တရင်းမှ မရှိခဲ့ပါဘူး။

ကရင်ပြည်နယ်မှာတော့ ၁၉၆၂ ခုလောက်က တပ်ရင်း ၅ ရင်းလောက်ဘဲ အများဆုံးရှိခဲ့ပါတယ်။ အခုအခါမှာတော့
ရတခ လက်အောက်ခံ ၁၃ ရင်း၊ တပခ လက်အောက်ခံ ၁၁ ရင်း၊ တပ်မ-၂၂ လက်အောက်ခံ ၅ ရင်း၊ စကခ-၁၂
လက်အောက်ခံ ၁၀ ရင်း၊ စုစုပေါင်း တပ်ရင်း ၃၉ ရင်း ရှိနေပါတယ်။ မစခ-၆၀၆ လက်အောက်ခံ အမြောက်တပ် ၄ ရင်း
လဲ ရှိပါတယ်။ ဒါ့အပြင် ထားဝယ်၊ ကရင်နဲ့ မွန်တိုင်းရင်းသားတွေ ရောပြွမ်းနေထိုင်တဲ့ တနင်္သာရီတိုင်းမှာလဲ တချိန်က
တပ်ရင်း ၂ ရင်းဘဲရှိခဲ့ရာက အခုတော့ ကရခ လက်အောက်ခံ ၁၆ ရင်း၊ စကခ-၈ လက်အောက်ခံ ၁၀ ရင်း၊ စကခ-၁၃
လက်အောက်ခံ ၁၀ ရင်း၊ စကခ-၂၀ လက်အောက်ခံ ၁၀ ရင်း၊ စုစုပေါင်း ၄၆ ရင်းအပြင် မစခ-၅၀၅ လက်အောက်ခံ
အမြောက်တပ်ရင်း ၁၂ ရင်း၊ လစခ-၂ လက်အောက်ခံ လေကြောင်းရန်ကာကွယ်ရေး ၁၁ ရင်းနဲ့ မြိတ်လေတပ်စခန်း
ဌာနချုပ်၊ တနင်္သာရီရေတပ်စခန်းဌာနချုပ်တို့ တပ်စွဲထားပါတယ်။

ချင်းပြည်နယ်မှာ ၁၉၆၂ ခုနှစ်က တပ်ရင်းတရင်းမှ မရှိခဲ့ပေမဲ့ အခုတော့ နမခ လက်အောက်ခံ ၃ ရင်း၊ ဒကစ (ကလေး)
လက်အောက်ခံ ၃ ရင်း၊ စုစုပေါင်း ၆ ရင်း ရှိနေပါတယ်။ (ဒီထဲမှာ အာဏာရှင်ဟောင်း နေဝင်းရဲ့ လက်ရင်းတပ်ဖြစ်ခြင်း
ပြစ်မှုနဲ့ ရန်ကုန်ကနေ မတူပီကို နယ်နှင်ဒဏ်ပေးခံရတဲ့ သနက ၄ တဖြစ်လဲ ခမရ ၃၀၄ ပါဝင်ပါတယ်။) ဒါ့အပြင် ချင်း
ပြည်နယ်ထဲမဟုတ်ပေမဲ့ ချင်းတိုင်းရင်းသားတွေကို ခြိမ်းခြောက်တပ်စွဲထားတဲ့ ဒကစ(ကလေး) လက်အောက်ခံ ၃ ရင်း၊
စကခ-၁၀ လက်အောက်ခံ ၃ ရင်း ပေါင်း ၆ ရင်းနဲ့ မစခ-၉၀၄ လက်အောက်ခံအမြောက်တပ်ရင်း ၂ ရင်းလဲ ရှိပါသေး
တယ်။

နာဂနယ်မြေမှာ ၁၉၆၂ ခုတုံးက ခန္တီးမှာ တရင်းဘဲ တပ်စွဲခဲ့ပါတယ်။ အခုတော့ ဒကစ(တနိုင်း) လက်အောက်ခံ ၁ ရင်း၊
ဒကစ(ကလေး) လက်အောက်ခံ ၄ ရင်း၊ စုစုပေါင်း ၅ ရင်း တပ်ချထားပါတယ်။

မွန်ပြည်နယ်မှာ ၁၉၆၂ ခုတုံးက ခြေလျင်/ခြေမြန်တပ်ရင်း ၆ ရင်းချထားခဲ့ပါတယ်။ အခုတော့ ရတခ လက်အောက်ခံ ၃
ရင်း၊ တပ်မ-၂၂ လက်အောက်ခံ ၅ ရင်း၊ တပ်မ-၄၄ လက်အောက်ခံ ၁၀ ရင်း၊ စကခ-၁၉ လက်အောက်ခံ ၁၀ ရင်း၊
စုစုပေါင်း ၂၈ ရင်း တပ်စွဲထားတဲ့အပြင် မစခ-၆၀၆ လက်အောက်ခံ အမြောက်တပ် ၅ ရင်း၊ သခစ-၇၄ လက်အောက်ခံ
သံချပ်ကာတပ်ရင်း ၁ ရင်း၊ လစခ-၄ လက်အောက်ခံ လေကြောင်းရန်ကာကွယ်ရေးတပ် ၈ ရင်းနဲ့ မောရဝတီရေတပ်
စခန်းဌာနချုပ်တွေ ချထားပါတယ်။

ရခိုင်ပြည်နယ်မှာ ဟိုတချိန်က ခြေလျင်တပ်ရင်း ၃ ရင်းထားခဲ့ပေမဲ့ အခုတော့ နပခ လက်အောက်ခံ ၂ ရင်း၊ ဒကစ
(စစ်တွေ) လက်အောက်ခံ ၁၁ ရင်း၊ စကခ-၅ လက်အောက်ခံ ၁၀ ရင်း၊ စကခ-၉ လက်အောက်ခံ ၁၀ ရင်း၊ စကခ-၁၅
လက်အောက်ခံ ၁၀ ရင်း၊ စုစုပေါင်း ၄၃ ရင်း တပ်စွဲထားပါတယ်။ ဒါ့အပြင် မစခ-၉၀၅ လက်အောက်ခံ အမြောက်တပ်
ရင်း ၂ ရင်းနဲ့ ဓညဝတီရေတပ်စခန်းဌာနချုပ်လဲ နေရာယူထားပါတယ်။

ရှမ်းပြည်နယ်မှာတော့ ၁၉၆၂ ခုလောက်က ပြည်နယ်တခုလုံးမှာ ၁၄ ရင်း ချထားခဲ့ပါတယ်။ အခုတော့ ရမခ လက်
အောက်ခံ ၁၄ ရင်း၊ ရပခ လက်အောက်ခံ ၃ ရင်း၊ ရလခ လက်အောက်ခံ ၁၃ ရင်း၊ တသခ လက်အောက်ခံ ၂၁ ရင်း၊
တပ်မ-၅၅ လက်အောက်ခံ ၆ ရင်း၊ စကခ-၁ လက်အောက်ခံ ၁၀ ရင်း၊ စကခ-၂ လက်အောက်ခံ ၁၀ ရင်း၊ စကခ-၁၄
လက်အောက်ခံ ၁၀ ရင်း၊ စကခ-၁၆ လက်အောက်ခံ ၁၀ ရင်း၊ စကခ-၁၇ လက်အောက်ခံ ၁၀ ရင်း၊ စကခ-၁၈
လက်အောက်ခံ ၁၀ ရင်း၊ စကခ-၂၁ လက်အောက်ခံ ၂ ရင်း စုစုပေါင်း ခြေလျင်/ခြေမြန်တပ်ရင်း ၁၁၉ ရင်း တပ်စွဲ
ထားပြီး မစခ ၉၀၉ လက်အောက်ခံ အမြောက်တပ်ရင်း ၁၃ ရင်း၊ မစခ ၉၀၂ လက်အောက်ခံ အမြောက်တပ်ရင်း ၁၃
ရင်း၊ မစခ ၉၀၃ လက်အောက်ခံ အမြောက်တပ်ရင်း ၈ ရင်း၊ သစခ ၇၁ လက်အောက်ခံ တင့်ကား/သံချပ်ကားတပ်ရင်း
၇ ရင်း၊ လစခ ၃ လက်အောက်ခံ လေကြောင်းရန်ကာကွယ်ရေးတပ်ရင်း ၁၄ ရင်း နဲ့ နမ့်စန်လေတပ်စခန်းဌာနချုပ်တွေ
တပ်စွဲသိမ်းပိုက်ထားပါတယ်။

ရှမ်းပြည်နယ်ထဲက ဝ နယ်မြေမှာ အရင်က ပြည်မအစိုးရတပ် တရင်းမှ မရှိခဲ့ပေမဲ့ အခု ရမခ လက်အောက်ခံ တပ်ရင်း
၃ ရင်းအခြေစိုက်ထားပါတယ်။ ကိုးကန့်နယ်မြေမှာ ဒကစ(လောက်ကိုင်) လက်အောက်ခံ တပ်ရင်း ၅ ရင်း တပ်စွဲထား
ပါတယ်။ ပလောင်နယ်မြေမှာ ရမခ လက်အောက်ခံ ၄ ရင်း ချထားပါတယ်။ ဟိုတုံးက တရင်းမှ မရှိခဲ့ပါဘူး။ ဓနုနယ်
မြေမှာ အရင်က ဗထူးတပ်မြို့ကစစ်ကျောင်းတွေဘဲ ရှိခဲ့ရာက အခုတော့ ရပခ လက်အောက်ခံ ၁ ရင်း၊ တပ်မ-၅၅
လက်အောက်ခံ ၂ ရင်း ပေါင်း ၃ ရင်းပါ ထပ်ဆောင်းတပ်စွဲထားပါတယ်။ ပအိုဝ်းနယ်မြေမှာ ၁၉၆၂ ခုတုံးက ပြည်မတပ်
တရင်းမှမရှိခဲ့ပေမဲ့ အခုဆိုရင် ရပခ လက်အောက်ခံ ၁ ရင်း၊ တပ်မ ၅၅ လက်အောက်ခံ ၂ ရင်း၊ စကခ-၇ လက်
အောက်ခံ ၄ ရင်း၊ စုစုပေါင်း ၇ ရင်းအပြင် ဟိုပုံးမှာ စစ်ဂျီတီအိုင် ပါ ထိုင်ထားပါတယ်။

ရှမ်းပြည်နယ်တခုလုံးပေါင်းရင် အနည်းဆုံး ၁၄၁ ရင်း ရှိနေပါတယ်။

                                                       xxx

လက်ရှိပြည်မအစိုးရစစ်တပ် စုစုပေါင်း ၅၄၂ ရင်းအနက် တိုင်းရင်းသားနယ်မြေတွေမှာ ၃၇၈ ရင်း အမြဲတန်းတပ်စွဲ
အခြေစိုက်ထားတဲ့အတွက် ခြေလျင်တပ်အင်အားရဲ့ ၇၀% ဖြစ်ပါတယ်။ (တိုင်းရင်းသားလူဦးရေပေါင်းက တပြည်လုံး
လူဦးရေရဲ့ ၃၀% မရှိဘူးလို့ စစ်အစိုးရကိန်းဂဏန်းတွေက ဆိုထားပါတယ်။) ရှမ်းပြည်မှာဆိုရင် တပ်အားလုံးရဲ့ လေးပုံ
တပုံကျော် ချထားပါတယ်။

၁၉၆၂ ခုမှာ ခြေလျင်တပ်ရင်းပေါင်း ၈၄ ရင်းအနက် တိုင်းရင်းသားနယ်မြေတွေမှာ ၄၁ ရင်း သို့မဟုတ် ၄၈% ဝန်းကျင်
နေရာယူခဲ့ပါတယ်။ လက်ရှိတပ်အင်အား ၃၇၈ ရင်းဆိုတာ ၁၉၆၂ ခုကာလက ၄၁ ရင်းထက် ၉ ဆကျော် သို့မဟုတ်
၉၂၂% တိုးပွားလာတာ ဖြစ်ပါတယ်။ အမြောက်တပ် လေတပ် ရေတပ် စတဲ့ အကူလက်ရုံးတပ် ဝန်ထမ်းတပ် ၁၂၃ ရင်း
မကကို ပေါင်းလိုက်ရင် ၁၂၀၀% လောက်ရှိပါတယ်။ (ဟိုတုံးက ရှမ်းပြည်နယ်မှာဘဲ အမြောက်တပ် ၁ ရင်း ရှိခဲ့ပါ
တယ်။) တိုင်းရင်းသားငြိမ်းအဖွဲ့တွေကို တပ်အင်အားမတိုးရ၊ သတ်မှတ်နယ်မြေဘဲနေရမယ်လို့ ထိန်းချုပ်ထားပြီးတော့
တဖက်မှာ အခုလို ညစ်ပတ်ခဲ့တာဖြစ်ပါတယ်။

ဒါတင်မက ပြည်မအခြေစိုက် တပ်မ ၁၁၊ တပ်မ ၃၃၊ တပ်မ ၆၆၊ တပ်မ ၇၇၊ တပ်မ ၈၈၊ တပ်မ ၉၉၊ တပ်မ ၁၀၁ တို့နဲ့
တခြား စကခ တွေကလဲ မကြာခဏဝင်ဝင်ပြီး နှိပ်စက်သောင်းကျန်းသွားတတ်ပါသေးတယ်။ (ဗမာပြည်မထဲမှာတော့
၁၉၆၂ ခုတုံးက တပ်ရင်းပေါင်း ၄၃ ရင်းကနေ အခု ၁၅၄ ရင်း ဖြစ်လာတဲ့အတွက် ၃၅၈% သို့မဟုတ် ၃ ဆ ခွဲဘဲ
အင်အားတိုးလာပါတယ်။)

ဒါလောက်များတဲ့တပ်တွေအတွက် အနိမ့်ဆုံးပုံမှန်အခြေအနေမှာတောင်               မြေသိမ်းမှုတွေ၊   အဓမ္မလုပ်အားပေးခိုင်းမှု
တွေ၊ ဆက်ကြေးတောင်းမှုတွေ၊ သီးစားချ အစိမ်းရောင်းအစိမ်းဝယ် ငွေတိုးချေးစား စတဲ့ စီးပွားရေးသွေးစုတ်မှုတွေ
ဒဏ်ကို ဒေသခံတိုင်းရင်းသားတွေ ထောင်းလမောင်းထအောင် နင့်နင့်သီးသီးခံနေရမယ်ဆိုတာ ဗေဒင်မေးစရာမလိုပါ
ဘူး။ စစ်ဆင်ရေး အကြောင်းပြစရာရလာရင်တော့ ကြက်ခိုး၊ ထမီခိုး၊ ဝက်ပစ်၊ နွားပစ်၊ ရွာမီးရှို့၊ လူသတ်၊ မုဒိမ်းကျင့်
တွေကို ထမင်းစားရေသောက်လုပ်တော့တာပါဘဲ။

သေချာတာကတော့ ဒါလောက်တပ်တွေ တပြွတ်ကြီးချ သိမ်းပိုက်ထားပေမဲ့ တိုင်းရင်းသားတွေရဲ့ တန်းတူရေး-ကိုယ်
ပိုင်အုပ်ချုပ်ရေး-လွတ်လပ်ရေးတိုက်ပွဲနဲ့ စိတ်ဓာတ်မီးတောက်မီးလျှံကို ဘယ်လိုမှမငြိမ်းသတ်နိုင်တာ ဖြစ်ပါတယ်။ တိုင်း
ရင်းသားတွေအနေနဲ့ ကိုယ့်နယ်မြေမှာ ကိုယ့်ဖာသာ အေးအေးဆေးဆေးနေချင်တာ ဖြစ်ပါတယ်။

ဗမာဘုရင်ခေတ်က ရှမ်းပြည်တခုလုံးမှာ မိုးနဲနဲ့ မိုးကောင်းမှာဘဲ ဘုရင့်အလံစောင့်တပ် အင်အား ၆၀ စီလောက်ချထား
ခဲ့ပြီး ကိုယ်ပိုင်အုပ်ချုပ်ရေး အပြည့်အဝပေးခဲ့လို့ အေးဆေးသာယာနေလေ့ရှိပါတယ်။ ညံ့ဖျင်းဆိုးသွမ်းလွန်းတဲ့ ဘုရင်
တွေ စော်ဘွားတွေလက်ထက်မှာဘဲ ပုန်ကန်မှုတွေ ရှိခဲ့ပါတယ်။

အလားတူ တရုတ်နိုင်ငံမှာ ဟောင်ကောင်ကျွန်းဒေသကို အပြည့်အဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးထားတဲ့အတွက် ပြည်မ
တပ်အင်အား စတိသဘောဘဲချပြီး ထိန်းထားနိုင်ပါတယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အပြည့်အဝမရတဲ့ တိဘက်၊ စင်ကျန်း
ပြည်နယ်တွေမှာတော့ ဆူပူအုံကြွမှုတွေ ဒရစပ်ပေါ်နေပြီး စစ်အင်အားကြီးကြီးမားမားနဲ့ ထိန်းနေရပါတယ်။

အင်္ဂလိပ်ကိုလိုနီခေတ်မှာ တိုင်းရင်းသားအခွင့်အရေး ၃ မျိုးအနက် ကိုယ်ပိုင်အုပ်ချုပ်ရေး နဲ့ (အင်္ဂလိပ်မှအပ ကျန်တိုင်း
ရင်းသားတွေနဲ့) တန်းတူရေး ၂ မျိုးရှိခဲ့လို့ ဘယ်တိုင်းရင်းသားမှ သီးခြားအခွင့်အရေးမတောင်းခဲ့ဘဲ အင်္ဂလိပ်တပ်အင်
အားနည်းနည်းနဲ့ ထိန်းထားနိုင်ခဲ့ပါတယ်။ ကိုလိုနီခေတ်မှာ ရခိုင် မွန် ရှမ်းနိုင်ငံရေးသမားတွေဟာ လွတ်လပ်ရေးဘဲ
တောင်းခဲ့ကြပါတယ်။ လွတ်လပ်ရေးဆိုရာမှာ အင်္ဂလိပ်နဲ့တကွ နိုင်ငံတကာနဲ့တန်းတူရေးကိုတောင်းတာ ဖြစ်ပါတယ်။ ရ
ခိုင်နဲ့ မွန်နိုင်ငံရေးသမားတွေဟာ ဗမာအပါအဝင် တနိုင်ငံလုံးက ပြည်သူတွေကို ခေါင်းဆောင်ပြီး တနိုင်ငံလုံး လွတ်လပ်
ရေးအတွက် တိုက်ပွဲဝင်ခဲ့ကြပါတယ်။

                                                       xxx

ဒါကြောင့် အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းကြောင်းရဲ့ ဂိတ်ဆုံးကိုမရောက်မီ အဓိကနယ်ခြားမှတ်တိုင်က ရာနှုန်း
ပြည့်ကိုယ်ပိုင်အုပ်ချုပ်ရေးနဲ့ တပါတည်း တိုင်းရင်းသားနယ်မြေတွေမှာရှိတဲ့ ပြည်မအစိုးရတပ်တွေကို စတိသဘောသာ
ချန်ထားပြီး အားလုံး ပြည်မကိုပြန်ရုပ်သိမ်းရေးဖြစ်ပါတယ်။ နယ်မြေသိမ်းတပ်တွေရှိနေသရွေ့ အမျိုးသားပြန်လည်သင့်
မြတ်ရေးဆိုတာ ဗလာစကားဘဲ ဖြစ်နေပါလိမ့်မယ်။ ဒါဟာ တိုင်းရင်းသားရေးရာ ထာဝရငြိမ်းချမ်းရေးသဘောတူညီ
ချက် မှန်သမျှရဲ့ ခွဲမရတဲ့ အစိတ်အပိုင်း၊ ပင်လုံစာချုပ်ပါ ရာနှုန်းပြည့်ကိုယ်ပိုင်အုပ်ချုပ်ရေးရဲ့ အဓိကအစိတ်အပိုင်း ဖြစ်
ပါလိမ့်မယ်။ ဒီကတဆင့်သွားမှ မြန်မာပြည်ဖွား ပင်ရင်းတိုင်းရင်းသားအားလုံးအတွက် တန်းတူရေး၊ ရာနှုန်းပြည့် ကိုယ်
ွဲ
ပိုင်အုပ်ချုပ်ရေးနဲ့ ပူးတွလတ်လပ်ရေးဆိုတဲ့ ပင်မတိုင်းရင်းသားအခွင့်အရေး ၃ ပါး ဂိတ်ဆုံးပန်းတိုင်ကို ရောက်နိုင်မှာဖြစ်
ပါတယ်။ တနည်းအားဖြင့်ပြောရရင် စစ်မှန်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းပြမြေပုံ မှန်သမျှမှာ မပါမဖြစ်တဲ့
အဆင့်တွေ ဖြစ်ပါတယ်။

                                                                                                            ဂါမဏိ

ဒုတိယပင်လုံညီလာခံသို့ ရည်ညွှန်းလျက် ကလေးကြေညာစာတမ်းကို ဂုဏ်ပြုရေးသားပါသည်။

				
DOCUMENT INFO
Shared By:
Categories:
Tags:
Stats:
views:6231
posted:12/4/2011
language:Burmese
pages:7