Embed
Email

cycle

Document Sample
cycle
Shared by: zar ni
Categories
Tags
Stats
views:
1276
posted:
11/28/2011
language:
Burmese
pages:
2
သို့/

၁။ ဦးသိန်းစိန်

နိုင်ငံတော်သမ္မတကြီး

` နိုင်ငံတော်သမ္မတရုံး

နေပြည်တော်။





၂။ လွှတ်တော်ဥက္ကဋ္ဌ

ပြည်ထောင်စုလွှတ်တော်

နေပြည်တော်။

နေ့စွဲ ။ ၂၀၁၁-ခု ၊ နိုဝင်ဘာလ - ၂၈ ရက် ၊

၁၃၇၃-ခု နတ္တော်လဆန်း ၃-ရက် ၊ တနင်္လာနေ့ ။





အကြောင်းအရာ။ ။ လိုင်စင်မဲ့ဆိုင်ကယ်များနှင့် ပါတ်သက်၍ မိတ္ထီလာမြို့တွင် မတရားအရေးယူမှုများ

ပြုလုပ်နေမှုအပေါ် ထိန်းသိမ်းပြုပြင်ပေးပါရန် တင်ပြခြင်း။





အထက်အကြောင်းအရာပါကိစ္စနှင့်ပါတ်သက်၍ ကျမတို့မိတ္ထီလာမြို့ပေါ်နှင့် ကျေးရွာများ၊ မိတ္ထီလာခရိုင်

အတွင်းရှိမြို့နယ်များနှင့် မန္တလေးတိုင်းအတွင်းရှိမြို့နယ်များတွင် ပူးတွဲပါမိတ္တူစာရွက်နှင့် ဓါတ်ပုံပါအတိုင်း

ဒေသဆိုင်ရာအာဏာပိုင်များက သတိပေးနှိုးဆော်ချက်စာရွက်စာတမ်းများ ထုတ်ဝေဖြန့်ဖြူးခြင်း၊ လူအများရှိနေ

ရာမြင်ကွင်းများတွင် ဗွီနိုင်းများထောင်၍သတိပေးချက်များကိုပြုလုပ်ပြီးနောက်တွင် သတိပေးချက်ပါအတိုင်း

အရေးယူဆောင်ရွက်မှုများ ပြုလုပ်လျှက်ရှိနေပါသည်။

၎င်းစည်းမျဉ်းစည်းကမ်းများကို ယ္ခုလ ၁၉,၂၀ ရက်နေ့များတွင် မြို့ပေါ်၌အသံချဲ့စက်ဖြင့်လိုက်အော်ပြီး

အသိပေးနေပါသည်။ တကယ့်လက်တွေ့တွင်လည်း ယင်းစည်းကမ်းချက်စာရွက်များကို နေရာအနှံ့အပြားတွင်

ဖြန့်ဝေသည့်အပြင် စည်းကမ်းပါအတိုင်း လိုင်စင်မဲ့ဆိုင်ကယ်များကို ဖမ်းဆီးပြီး ရုံးတင်တရားစွဲလျှက်ရှိနေပြီဖြစ်

သည်။ ယ္ခင်လိုင်စင်လုပ်ပေးစဉ်ကာလကလည်း လိုင်စင်တစ်ခုရရှိရန် ၂သိန်းကျော်ထိအကုန်အကျခံခဲ့ကြရပါ

သည်။ ဤ၂သိန်းကျော်ငွေပမာဏသည် ဆိုင်ကယ်တစ်စီးဘိုးနီးပါးဖြစ်ပါသည်။ ဤကိစ္စမှာ မည်သို့မျှ

မဖြစ်သင့်ပါ။ အဘယ့်ကြောင့်ဆိုသော် ကျေးလက်တောရွာမှ မရှိဆင်းရဲသားများသည် ၎င်းတို့၏စားဝတ်နေရေး

အတွက် ၁သိန်းကျော် ၁သိန်းခွဲတန်မျှလောက်တန်ဘိုးရှိ ဆိုင်ကယ်လေးများကိုဝယ်ယူအသုံးပြုနေရရာ ငွေကြေး

မတတ်နိုင်သူ ဆင်းရဲသားများကို ဆိုင်ကယ်တန်ဘိုးထက်မြင့်သော ကြီးလေးသည့်အခွန်ထမ်းဆောင်ခိုင်းနေခြင်း

မှာ မည်သို့မျှတရားမျှတမှုမရှိပါ။ တောနေဖြစ်စေ မြို့နေဖြစ်စေ ယ္ခုဆိုင်ကယ်ဝယ်ယူအသုံးပြုနေသူများ ၁၀၀%

မှာ မည်သူမှဇိမ်ခံပစ္စည်းအဖြစ်သုံးနေခြင်းမဟုတ်။ မိမိတို့၏လူနေမှုဘဝ တစ်နေ့တာလည်ပတ်ရေးအတွက် မရှိ

မဖြစ်သုံးစွဲနေရသောပစ္စည်းဖြစ်ပါသည်။ ဒါကိုအစိုးရတစ်ရပ်အနေနှင့် သိမြင်သင့်ပါသည်။

သတိပေးနှိုးဆော်ချက်တွင် ဖော်ပြပါရှိသည်မှာ ၁၉၄၇-ခုနှစ် သွင်းကုန်ထုတ်ကုန် ကြီးကြပ်ရေး (ယာယီ)

အက်ဥပဒေပုဒ်မ ၅(၁)အရ (၇)နှစ်ထိ ထောင်ဒဏ်ကျခံစေရမည့်အပြင် ငွေဒဏ်သော်လည်းကောင်း၊ စီရင်ခြင်း

ခံရမည်ဟု ဖော်ပြထားပါသည်။ ၎င်းသွင်းကုန်ထုတ်ကုန်ကို ဥပဒေနှင့်ကြီးကြပ်မည်ဆိုပါက နယ်စပ်တင်သွင်းလာ

သောနေရာတွင်သာ တရားဝင်စည်းစနစ်ကျနစွာ စည်းကြပ်သင့်ပါသည်။ ယင်းစည်းကြပ်ခွန်သည်လည်း ပြည်သူ

လူထုကို ဝန်ထုတ်ဝန်ပိုးမဖြစ်စေသင့်ပါ။

ဆက်လက်တင်ပြလိုသည်မှာ -

(က) ယာဉ်စည်းကမ်းဖောက်ဖျက်မှုနှင့် မတော်တဆ ယာဉ်တိုက်ခိုက်ဖြစ်ပွါးမှုတို့သည် လိုင်စင်မဲ့ဆိုင်ကယ်နှင့်

မည်သို့မျှမသက်ဆိုင်ပါ။ သက်ဆိုင်ရာလမ်းညံ့ဖျင်းမှု ၊ လမ်းကျဉ်းမြောင်းမှု နှင့် ယာဉ်ကြောရှုပ်ထွေးမှုတို့

ကြောင့်သာလျှင် မတော်တဆထိခိုက်မှု နှင့် ယာဉ်စည်းကမ်းဖောက်ဖျက်မှုကို ဖြစ်ပေါ်စေရသလို ဖြစ်စေ

တာပါ။

(ခ) ယနေ့မြန်မာပြည်သူလူထု၏ ဆင်းရဲမွဲတေမှု နှင့် လမ်းပမ်းဆက်သွယ်ရေး ညံ့ဖျင်းမှုတို့ကြောင့် ကားလမ်း

မပေါက်သောတောရွာများတွင် လယ်ကန်သင်းများပေါ်မှ စက်ဘီး၊ ဆိုင်ကယ်သာသွားနိုင်သောလမ်းကလေး

ပေါ်မှနေ၍ ခရီးတိုခရီးရှည် ၊ ဈေးသွားဈေးလာ ၊ ကျောင်းသွားကျောင်းပြန်နှင့် ရဟန်းသံဃာတော်များမှအစ

သာရေးနာရေး ၊ အရေးပေါ်မှုခင်းကိစ္စ စသည်တို့အတွက် မရှိမဖြစ်အသုံးပြုနေရသည်မှာ ဤဆိုင်ကယ်များ

သာဖြစ်ပါသည်။

(ဂ) မြန်မာပြည်သူလူထုသည် မိမိတိုင်းပြည်က သယံဇာတပေါကြွယ်ဝပါလျှက်နှင့် ယနေ့ဖြစ်ပေါ်တိုးတက်နေ

သော ကမ္ဘာ့လူနေမှုဘဝနှင့် နှိုင်းယှဉ်လျှင် အင်မတန်ဆင်းရဲနိမ့်ကျသောဘဝများနှင့် ရုန်းကန်လှုပ်ရှားနေကြ

ရသည်မှာ ရာနှုံး ၈၀-ကျော်သော ပြည်သူလူထုဖြစ်ပါသည်။ ယင်း ဆင်းရဲနွမ်းပါးသော ပြည်သူလူထုမှာ

နိစ္စဓူဝ စားဝတ်နေရေးအတွက် ချွေးနဲစာဖြင့် ဝယ်ယူထားသော ဆိုင်ကယ်ကို ကိုယ့်တိုင်းပြည်တွင်းမှာ

တရားဝင် စီးနိုင်ဖို့ရာအတွက် လိုင်စင်များကို အနဲဆုံးနှုံးထားဖြင့် (စာရွက်စာတမ်းဖိုး-မှတ်ပုံတင်ခလောက်

ကိုသာရယူ၍) ချပေးသင့်ပါသည်။ (နယ်စပ်တွင် တင်သွင်းစဉ်က စည်းကြပ်ခဲ့သောအခွန်ကို ဆိုင်ကယ်

ဝယ်စီးသူကကျခံပြီးဖြစ်ပါမည်။) မည်သည့်အတွက်ကြောင့် အစိုးရ၏ခွင့်ပြုချက်ဟူသော “ပါမစ်” ကလေး

အတွက် ငွေသိန်းချီပြီး အခွန်ငွေရယူနေခြင်းမှာ မည်သို့မျှနားလည်၍မရပါ။ တိုင်းပြည်ဝင်ငွေရဘို့ချည်း

အခွန်အခများ မတရားတိုးမြှင့်ကောက်ခံခြင်းသည် အရပ်သားအစိုးရ လက်ထက်တွင် မရှိသင့်တော့ပါ။

ယ္ခုအခါ ကျမတို့ မိတ္ထီလာမြို့၌ အထက်ပါသတိပေး နှိုးဆော်ချက်အပြီးတွင် တောနေလူတန်းစားနှင့်

ဆိုင်ကယ်အသုံးပြု ကယ်ရီသ္မားများအားလုံး လုပ်ငန်းရပ်ဆိုင်းသွားသည်အထိ ဖြစ်ပေါ်နေရပါသည်။

အတိအကျတင်ပြရပါလျှင် ၂၂.၁၁.၂၀၁၁ရက်နေ့က နာရီစဉ်အနီးတွင် ၀န်ဇင်းရပ်နေ မောင်မျိုးလှိုင်နှင့်

မောင်ဝေဇင်အောင် ညီအကိုနှစ်ဦး စီးလာသောဆိုင်ကယ်ကို ဖမ်းဆီးခံရပြီး လိုင်စင်မဲ့ဆိုင်ကယ်ဖြစ်နေ၍

အလုပ်ချိန်အတွင်း တာဝန်ထမ်းဆောင်နေသော နေ့စား EPC ၀န်ထမ်း မောင်မျိုးလှိုင်မှာ ဖမ်းဆီးခံရပြီး

ယ္ခုအခါတွင် အမှတ်(၁)ရဲစခန်းတွင် ချုပ်နှောင်ထားပါသည်။ ပုဒ်မ ၅(၁)နှင့် တရားစွဲဆိုမည်ဟု ရဲကပြောပါ

သည်။ ညီဖြစ်သူ မောင်ဝေဇင်အောင်ကိုတော့ GTC တက်မဲ့ကျောင်းသားဖြစ်၍ အမှတ်(၂)ရဲစခန်းကို ငွေ-

၃၀၀၀၀ိ (သုံးသောင်းကျပ်)ပေးရပြီး ထုတ်ပေးလိုက်ပါသည်။ ရိုးရိုးသားသား လုပ်ကိုင်စားသောက်နေသော

ပြည်သူလူထုမှာ ရှိသမျှအင်အားလေးနှင့် ပိုင်ဆိုင်သမျှမှာ ဤဆိုင်ကယ်လေးသာရှိပြီး ဤဆိုင်ကယ်လေး

နှင့် ကယ်ရီဆွဲစားသူ ဤဆိုင်ကယ်လေးနှင့် နံက်စောစော တောမှမြို့ဈေးသို့ ရောင်းချရန် ဒေသထွက်

သီးနှံကုန်စည် သယ်ယူပို့ဆောင်နေသူများမှ အစ ဆိုင်ကယ်သာစီးနိုင်သော ပြည်သူလူထုအဖို့-

ဤဆိုင်ကယ်ကို လိုင်စင်မဲ့ဖြစ်နေ၍ ဖမ်းဆီးမည် ၊ သိမ်းဆည်းမည် ၊ ထောင်ချမည် ဆိုပါက

ပြည်သူလူထုသည် ပစ္စည်းမဲ့ အလုပ်မဲ့ သူတောင်းစား ၊ သူခိုးဂျပိုး သာဖြစ်ရတော့မည့် အခြေဆိုက်ရန်

သာရှိပါတော့သည်။ ထိုသောအခါတွင် တိုင်းပြည်၏ တည်ငြိမ်အေးချမ်းမှု ဖွံ့ဖြိုးတိုးတက်မှု

သာယာဝပြောမှုတို့ အားလုံးကို အကန့်အသတ်ဖြစ်ဖို့သာ ရှိပါတော့သည်။

ယ္ခုတက်လာသော သမ္မတကြီးဦးသိန်းစိန်၏ အရပ်သားအစိုးရတစ်ရပ်အနေဖြင့် ပြည်သူလူထု၏ ဆင်းရဲ

မွဲတေမှုလျှော့ချရေး ကြွေးကြော်သံနှင့် မည်သို့မျှမကိုက်ညီ ဖီလာဆန့်ကျင်နေသော အထက်ပါလုပ်ရပ်များကို

မန္တလေးတိုင်းအတွင်းရှိ ဒေသဆိုင်ရာအာဏာပိုင်အဆင့်ဆင့်က ပြုလုပ်နေမှု၊ ဆင်းရဲမွဲတေလွန်းနေသောပြည်သူ

ကို လည်မျိုညှစ်နေမှုများကို ဖြစ်သင့်ခြင်း ၊ မဖြစ်သင့်ခြင်း စုံစမ်းစစ်ဆေးပေးပါရန် အထက်ပါကိစ္စရပ်အတွက် မခံ

မရပ်နိုင်ဖြစ်နေသူ ပြည်သူအများစုက လက်မှတ်ပေါင်း - (၄၀၁)ဦး ရေးထိုး၍ တင်ပြပါသည်။









မိတ္တူကို -

ခရိုင်အုပ်ချုပ်ရေးမှူး ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာန ၊ မိတ္ထီလာခရိုင် ၊ မိတ္ထီလာမြို့ ။



ခရိုင်ရဲတပ်ဖွဲ့မှူး ၊ ခရိုင်ရဲတပ်ဖွဲ့မှူးရုံး ၊ မိတ္ထီလာခရိုင် ၊ မိတ္ထီလာမြို့ ။



ဦးစီးဋ္ဌါနမှူး ၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဋ္ဌါန(ခရိုင်ရုံး) ၊ မိတ္ထီလာခရိုင် ၊ မိတ္ထီလာမြို့။





လက်ခံ။


Related docs
Other docs by zar ni
India- Myanmar
Views: 312  |  Downloads: 7
India_myanmar
Views: 322  |  Downloads: 6
jean
Views: 630  |  Downloads: 37
7Day News 11-9.
Views: 1909  |  Downloads: 416
Hot News 2-89
Views: 1925  |  Downloads: 545
17-1
Views: 4  |  Downloads: 0
302
Views: 7  |  Downloads: 0
Weekly Eleven 7-30
Views: 2891  |  Downloads: 177
The Voice 8-19
Views: 3220  |  Downloads: 365
7 Day News 11-7
Views: 3411  |  Downloads: 924
By registering with docstoc.com you agree to our
privacy policy

You are almost ready to download!

You are almost ready to download!