အောက်အီးအီး သူမတွန်မှတော့ ရေနံရယ်တတိုင်းခြင်း လင်းနိုင်ပါ့မလား
နွားကွဲရင် ကျားဆွဲတယ်ဆိုတဲ့ စကားက လူတိုင်းကြားဖူးသလို အဓိပ္ပာယ်လည်း အထူးရှင်းပြစရာ မလိုပါဘူး။
အခု ကျနော်တို့က ကျားဆွဲဖို့နွားတွေ စကွဲနေတဲ့အခြေအနေလို့ပြောရမယ်။ လွတ်လပ်ရေး အကြိုကာလက
လွတ်လပ်ရေး ဗိသုကာသခင်အောင်ဆန်းကို ဆုံးရှုံးခဲ့ရတဲ့အထိ အမျိုးသားရေး ပြိုကွဲမှုနဲ့ညီညွတ်ရေး ပြိုကွဲခဲ့ရတဲ့
အခြေအနေမျိုးကို ဆိုက်ရောက်သွားနိုင်တယ်လို့ မြင်မိပါတယ်။ ဒါကလည်း ကျနော်တဦးထဲရဲ့ အမြင်လို့ဘဲ
ဆိုခြင်ပါတယ်။ (ဒီအကြောင်းကို နောင်မှာအလျဉ်းသင့်သလို တင်ပြပါအုံးမယ်)
အခုလို အခြေအနေတွေ ရှုပ်ထွေးနေတဲ့အချိန်မှာ မြင်ကွင်းရှင်းအောင်၊ ဆုံးအောင်စောင့်ကြည့်သင့်တယ်
ဆိုတဲ့အမြင်နဲ့ စာမရေးပဲ သတိမလပ်စောင့်ကြည့်နေမိပါတယ်။ အခြေအနေတွေက ညီအကို မသိတသိထက် မ
ကတော့ပဲ “သူငါမကွဲ၊ သဲသဲရုတ်ရုတ်၊ ထိုးခုတ်မြင်ရာ” ဆိုသလို သူလူကိုယ့်လူ မကွဲလောက်အောင်ကို
လုံးထွေးသွားပြီ။ နေရာတကာ အသေးဆုံးအ၀န်းအ၀ိုင်းတွေထဲထိ ကွဲလွဲတဲ့ နိုင်ငံရေး အမြင်တွေ၊ အပြန်အလှန်
ဝေဘန်ကဲ့ရဲသံတွေ ဆူညံနေတယ်။ ဒေါ်နော်အုံးလှတို့ရဲ့ ရွှေဝါရောင်လေးနှစ်မြောက် လုပ်ရှားမှုနဲ့
ဲ
မန္တလေးဘုရားကြီးက သံဃာတွေရဲ့ လှုပ်ရှားမှုအပေါ် ဝေဘန်သူ၊ ထောက်ခံသူ၊ ကဲရဲသူတွေနဲ့ ကွဲလွနေတဲ့
အခြေအနေတွေကို စိတ်မကောင်းစွာ မြင်ခဲ့ရတာကြောင့် ဒီစာကို ရေးဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒေါ်နော်အုံးလှတို့နဲ့
မန္တလေး သံဃာတွေဟာ ကျူးကျော်သူ အင်္ဂလိပ်တွေကိုခံချဖို့ ပြင်ဆင်နေကြတဲ့ သပြေတန်းခံတပ်က မျိုးချစ်
ရဲမက်တွေလို ကင်းဝန်မင်းကြီးတို့ရဲ့ ခုခံတဲ့သူ သူပုန်ဆိုတဲ့ အမိန့်တော်ကြီးကြောင့် မချိတင်ကဲ လက်နက်ချခဲ့ရ
တဲ့ အဖြစ်မျိုးနဲ့ တူလှပါတယ်။
ဒါတွေအားလုံးက နိုင်ငံရေးလမ်းကြောင်းသစ်လို့ အချောင်သမား တတိယအုပ်စုဆိုသူတွေနဲ့ သတင်းသမားတွေ
က တံဆိပ်ကပ် ညာလှိုင်းနေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သိန်းစိန်-အောင်ကြည် တွေ့ဆုံးပွဲတွေနဲ့ စစ်အုပ်စုရဲ့
အပေါ်ယံဟန်ပြလုပ်ရပ်တွေကို အခြေခံပါတယ်။ ဒီအခြေအနေတွေအပေါ် ကွဲလွဲတဲ့ ရှုမြင်သုံးသပ်ချက်တွေ၊
ကောက်ချက်တွေကြောင့် ဒီလိုသွေးကွဲမှုတွေ စတင်ဖြစ်ပေါ်လာတယ်လို့ ဆိုချင်ပါတယ်။ တခါ ဒီကွဲလွဲမှုတွေရဲ့
ဇာစ်မြစ်ကလည်း ကိုးဆယ်ခုရွေးကောက်ပွဲရလဒ်ကိုပစ်ပယ်ပြီး ညောင်နှစ်ပင် အတုအယောင်အမျိုးသားညီ
လာခံ ကဖော်ထုတ်လိုက်တဲ့ ၂၀၀၈ စစ်ကျွန်ဖွဲ့စည်းပုံဖြစ်တယ်။ ဒီအတုအယောင် အမျိုးသားညီလာခံကိုကော၊
စစ်ကျွန်ဖွဲ့စည်းပုံအောက်က အတုအယောင်ရွေးကောက်ပွဲ (၂၀၁၀) ရွေးကောက်ပွဲကိုပါ အန်အယ်ဒီနဲ့ ကိုးဆယ်
ခုအနိုင်ရ ပါတီအများစုက ကန့်ကွက်သပိတ်မှောက်ခဲ့ကြတယ်။ ဒီပါတီတွေရဲ့ ဆုံးဖြတ်ချက်ကို တတိယအုပ်စုဆို
တဲ့ အချောင်သမားတွေကလွဲလို့ လူမျိုးစုတွေကော ဒီမိုကရေစီအင်အားစုတွေကပါ တစုတရုံးထဲ ထောက်ခံအား
ပေးခဲ့ကြတယ်။
အခုတော့ အပြောင်းအလဲမရှိတဲ့ စစ်အုပ်စုရဲ့ မူလလမ်းကြောင်းထဲကို ဒေါ်အောင်ဆန်းစုကြည်နဲ့ အဓိကပါတီ
အန်အယ်ဒီတို့က နောက်ကြောင်းပြန်လျှောက် ၀င်ကြမဲ့အခြေအနေတွေ (သို့မဟုတ်) ပါတီမှတ်ပုံတင်
ရွေးကောက်ပွဲဝင်ကြမဲ့ အခြေအနေတွေ ဖြစ်လာတယ်။ တဆစ်ချိုး ဂငယ်ကွေ့မှာ ခရီးသယ်တွေ ၀ရုန်းသုန်းကား
ကျွမ်းထိုးမှောက်ခုံဖြစ်ကုန်တယ်။ ဆောက်တည်ရာမရ ဖြစ်ကုန်တယ်။ အဆင်မသင့်ရင် တိမ်းမှောက်
ချောက်ကျနိုင်တဲ့အခြေအနေတွေပါပဲ။
ဒီမိုကရေစီကို နှစ်သက်လိုလားသူ တယောက်အနေနဲ့ ကျနော်သဘောကတော့ အန်အယ်ဒီပါတီရဲ့ မှတ်ပုံတင်
ရွေးကောက်ပွဲဝင်မဲ့ ဆုံးဖြတ်ချက်ကို မထောက်ခံနိုင်ပါ။ အခြေအနေအချိန်အခါအလိုက် ပြောင်းလဲသင့်ရင်
ပြောင်းလဲရမှာမှန်ပါတယ်။ သို့သော် စံဆိုတာ စံပါပဲ။ ဈေးကစားလို့ မရပါဘူး။ အကြွေးထားလို့ လည်းမရပါဘူး။
ဒေါ်အောင်ဆန်းစုကြည်နှင့်အန်အယ်ဒီက တချိန်ကငြင်းပယ်ခဲ့တဲ့ အခင်းအကျင်းတွေထဲမှာ ပြန်လည်ဝင်ရောက်
ဖို့ဆုံးဖြတ်ကြတယ်။ ဒီလို နောက်ကြောင်းပြန်လျှောက်ဖို့ စဉ်းစားဆုံးဖြတ်ခဲ့ရတဲ့ တခြားအပြောင်းအလဲတွေကို
လေ့လာကြည့်မိတယ်။ ဘာတစ်ခုမှ မတွေ့ပါ။ တွေ့ဆုံခဲ့ကြတဲ့ နှစ်ဦးနှစ်ဖက်ကလည်း ကျေနပ်အားရတယ်လို့
ဆိုကြတာကလွဲလို့ ဘာတခုမှ တရားဝင်ထုတ်မပြောတော့လည်း နောက်ကွယ်က နားလည်မူတွေ
(တိုးတက်မှုပဲဆိုဆို၊ ပြောင်းလဲမှုပဲဆိုဆို)ကို မသိ၊ မမြင်မိပါ။ ဒီတွေ့ဆုံမူတွေ၊ မြစ်ဆုံကိစ္စခဏ ရပ်ထားတာတွေ
မဆိုစလောက် နိုင်ငံရေးအကျဉ်းသားတွေ လွတ်ပေးတာလောက်ကိုတော့ အပြောင်းအလဲလို့ လက်ခံစရာ
အကြောင်းမမြင်ပါ။ စစ်အာဏာရှင်တွေ လုပ်ခဲလှတဲ့ ဒီအလုပ်လေးတွေက ထူးဆန်းတယ်လို့တော့
ပြောလို့ရမှာပါ။ ဒီလို စစ်အုပ်စုဘက်က ဘာမှအပြောင်းအလဲ မရှိတဲ့ကြားက မှတ်ပုံတင်မယ်
ရွေးကောက်ပွဲဝင်မယ် ဖြစ်လာတော့ ကျနော်တို့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း
တခါကြည့်ဖူးရုံနဲ့ ကြက်ပွဲကိုစွဲသွားတဲ့ တရုတ်ကြီးလို ဖြစ်မှာကို စိုးရိမ်မိတယ်။
တခါက တရုတ်ကြီးတစ်ယောက် တောဆင်း ကုန်ဝယ်ရင်း ကြက်ပွဲတစ်ခုကို ၀င်ကြည့်မိတယ်။ ကြက်နှစ်ကောင်
ဆုတ်လိုက် ပုတ်လိုက်သိုင်းသမားတွေလို ခွပ်နေတာကို ကြည့်ပြီး ပေါက်ဖော်ကြီး အကြိုက်တွေ့သွားတယ်။
တခါတည်း ကိုယ်တိုင်ကြက်မွေး ကြက်တိုက်ဖို့ လုပ်တော့တယ်။ ဒါနဲ့ လူတစ်ယောက်ဆီက အကောင်ကြီးကြီး
နုတ်သီးကောက်ကောက် ရှည်ရှည်ကြီးနဲ့ အကောင်တစ်ကောင် ၀ယ်လာတယ်။ အိမ်ရောက်တာနဲ့ အစာရေစာ
အပြည့်အစုံနဲ့ အကျအနမွေးထားတယ်။ သူကောင်ကြီးက အစာလည်းမစား တွန်သံလည်းမပေးဘူး။
တစ်ရက်နှစ်ရက်ရှိတော့ တရုတ်ကြီးက သူအကောင်ကြီးနားကပ်ပြီး ပြောသတဲ့။ “အောက်အီးလည်း နင်မတွန်၊
အစာလည်းနင်မစား၊ ဇာတိမြေကိုလွမ်းသလား”။ ဘယ်မှာလာ သူကျွေးတဲ့အစာတွေကိုစားလို့
ဘယ်လိုလုပ်တွန်နိုင်မှာလည်း။ သူကောင်ကြီးက ဠင်းတကြီးဖြစ်နေတာကိုး။ ဠင်းတဆိုတာ ကြက်ဖများလို
သုတိသာယာ တွန်သံလည်း မပြုတတ်ဘူး။ သူအစာဆိုတာကလည်း အသေကောင်တွေ အပုပ်အစပ်
ဲ
အရိအရွတွေပဲ မဟုတ်လား။ ဒီတော့ တရုတ်ကြီးကျွေးတဲ့ အစာတွေကို သူဘယ်စားတတ်မလဲ။
အခုလည်း ဒေါ်အောင်ဆန်းစုကြည်က ဦးသိန်းစိန်ဟာ ပြုပြင်ပြောင်းလဲရေးကို အမှန်တကယ်လိုလားသူလို့
ယုံကြည်တာတစ်ခုထဲနဲ့ ဒီအလဲအပြောင်းကို လက်ခံပါဝင်နေတယ်ဆိုတော့ အတော်စွန့်စားရတဲ့ လုပ်ရပ်တခုပဲ။
ပြည်တွင်းမိတ်ဆွေ တဦးကတော့ “ဒေါ်စုဟာ ဆပ်ကပ်ထဲက ခြင်္သေ့ထိန်းတဲ့ လူလို ခြင်္သေ့ကြီး ယဉ်ပါးကြောင်းကို
ပါးစပ်ထဲ ခေါင်းထည့်ပြသလို လုပ်နေတယ်။ အချိန်မရွေး စိတ်ရိုင်းဝင်ပြီး ကိုက်ဝါးအစားခံရနိုင်တဲ့
အခြေအနေပဲ”လို့ မှတ်ချက်ပြုပါတယ်။
သူပြောတာလည်း မမှားပါ။ တွေ့ဆုံမူတွေက လေးငါးခြောက်လ ရှိပြီ ကျေနပ်အားရတယ်လို့ နှစ်ဖက်စလုံးက
ပြောနေပေမဲ့ တိုးတက်မူကတော့ ဟုတ်ဟုတ်ညားညား ဘာမှမရှိပါ။ ဦးသိန်းစိန်ဆီက လွတ်ငြိမ်းချမ်းသာခွင့်
ယောင်ယောင်၊ မြစ်ဆုံတရုတ်ဆည် ခဏနားသလိုလို၊ အတောင်လေး ယောင်ယောင်ခပ်တာတော့ မြင်ပါရဲ့။
အောက်အီး တွန်သံကတော့ အခုထက်ထိမကြားရသေးပါဘူး။ ကျနော်တို့လည်း နတ်လူသာဓုခေါ်နိုင်တဲ့
ဦးသိန်းစိန်ဆီက အောက်အီးတွန်သံလေးကို ပီပီသသ ကြည်ကြည်မြမြ ကြားလိုလှပါတယ်။ ပြောင်းလဲနေပြီ
အပြောင်းအလဲတွေ ဖြစ်နေပြီလို့တော့ ပွက်လောရိုက်ဆူညံ ညာလှိုင်းနေကြတာပဲ။ ကျနော်မြင်မိတဲ့ အပြောင်း
အလဲဆိုတာကတော့ သိန်းစိန်က ဗိုလ်ချုပ်ကြီးကနေ ဦးပြောင်းသွားသလို ၀န်ကြီးချုပ်ကနေ သမ္မတလို့ ပြောင်း
သွားတယ်။ ကျန်တာတွေကတော့ ပိုနေမြဲ၊ ကျားနေမြဲ၊ စားမြဲ၊ သောက်မြဲ၊ ခိုးမြဲ၊ ဗိုလ်ကျမြဲ ပါပဲ။ အကျဉ်းသား
တွေလည်း ထောင်ထဲမှာ ရှိနေဆဲ၊ တိုင်းရင်းသားဒေသတွေမှာလည်း သေနတ်သံတွေ ဆူညံဆဲ၊ ပြည်သူတွေ
လည်း အစိုးအတည်မရ ပြေးလွှား ပုန်းရှောင်နေရဆဲ၊ ငတ်မြဲ၊ နှိပ်စက် ခံနေရမြဲပါပဲ။ အော်... မေ့လို့ နိုင်ငံရေး
အကျဉ်းသားတွေတော့ ဟိုထောင်ကနေ ဒီထောင် ပြောင်းပေးနေတယ်။
ဒီအဟောင်း အဆိုးတွေထဲက အသစ်ကလေးတွေကတော့ လွှတ်တော်ဆိုတာ ကြီးတွေပါပဲ။ သစ်ပေမဲ့
မဆန်းဘူး။ မထူးဘူး။ အဟောင်း အဆိုးတွေလိုပဲ လက်ညိုးထောင် ခေါင်းငြိမ့် ကြက်တူရွေး လွှတ်တော်တွေ။
စစ်အုပ်စုရဲ့ ခြေမန်းကွင်း တင်းတင်းချည်ထားတဲ့ စစ်ကျွန်လွှတ်တော်တွေ၊ ၂၀၀၈ စစ်ကျွန်ဖွဲ့စည်းပုံဘောင်ထဲက
ဘယ်မှပြေးမလွတ်တဲ့ လွှတ်တော်တွေပဲဖြစ်တယ်။ စကားစပ်လို့ ဒီလွှတ်တော်တွေနဲ့ ပတ်သက်ပြီး ငိုအားထက်
ရယ်အားသန်ပြီး ရယ်ရင်းမောရတဲ့ သတင်းလေးတစ်ခုကို မျှဝေချင်တယ်။ မွန်ပြည်နယ်ဘက်မှာ အာဖရိက က
ခရုတွေ အဆမတန်မျိုးပွားပြီး စိုက်ခင်းတွေ လယ်တွေပျက်တယ်၊ လယ်သမားတွေ ဘေးဒုက္ခရင်ဆိုင်နေရတယ်။
ဒါဟာ သက်ဆိုင်တဲ့ စိုက်ပျိုးမွေးမြူရေး ဌာနက ဌာနတွင်း အစည်းအဝေးလောက်နဲ့ ဆုံးဖြတ်ပြီး အစီအစဉ်ဆွဲ၊
အစိုးရဆီမှာ ငွေတောင်းပြီး ကိုင်တွယ်ဆောင်ရွက်ရမဲ့ ကိစ္စတခုပါပဲ။ လွှတ်တော် တင်ရလောက်တဲ့ ကိစ္စမဟုတ်
ပါဘူး။ ဒါကို ဘီကြားအမတ်မင်းတပါးက ရူးကြောင်ကြောင်နဲ့ ခရုခါးတောင်းကျိုက်ဖမ်းရေး ဥပဒေပြုဖို့ တင်သွင်း
သတဲ့။ ဒီလိုတင်သွင်းဖို့ ကြိုးစားတာကိုလည်း လွှတ်တော် ဥက္ကဌဆိုတဲ့ ကြက်တူရွေး ဂိုဏ်းချုပ်ကြီးကတင်သွင်း
ခွင့်မပေးပဲ ပယ်ချလိုက်သတဲ့။ ကောင်းရော့သလား။ ခါးတောင်းကျိုက်ပြီး ခရုဖမ်းတာတောင် မရတဲ့ လွှတ်တော်
ကြီးတွေက လူထုအတွက် ဒီမိုကရေစီ ယူပေးမယ်ဆိုတာဟာ မနုဿတ္တဒုလ္လဘဆိုသလို မြေပြင်မှာ ထောင်ထား
တဲ့အပ်နဲ့ မိုးပေါ်ကကျလာတဲ့ အပ် နှစ်ချောင်းဆုံဖို့ထက်တောင် ခဲယဉ်းလှပါတယ်။ ဒါကြောင့် မှတ်ပုံတင် လွှတ်
တော်ဝင်ယုံနဲ့ (၈၈)ရဲ့ ရည်မှန်းချက်တွေ ပေါက်မြောက်လာလိမ့်မယ်လို့ မယုံကြည်နိုင်ပါဘူး။
ဒီလိုအထပ်ထပ် ချည်တုတ်ထားတဲ့ လွှတ်တော်တွေထဲ အန်အယ်ဒီဝင်မယ်ဆိုတော့ အံ့သြမိသလို ရင်လည်းမော
မိတယ်။ ဒီလိုအထပ်ထပ် အချုပ်အနှောင်တွေထဲကနေ အန်အယ်ဒီဟာ ပြည်သူတွေလိုလားနေတဲ့ လွတ်လပ်ခွင့်
တွေ ဒီမိုကရေစီဆိုတာတွေကို ဘယ်လိုများ ရအောင်လုပ်လေမလဲလို့ ကလေးများ မျက်လှည့်ပွဲကို
ကြိုတင်အံ့သြ မျှော်မောသလို မျှော်လင့်မိပါသေးတယ်။ ဒီလိုအံ့သြမျှော်မောရတယ်လို့ ဆိုရတာကလည်း
ံ
ဒေါ်အောင်ဆန်းစုကြည်က ဦးသိန်းစိန်ကို ယုံကြည်တာ တစ်ခု ထဲကို မူတည်ဆုးဖြတ်ခဲ့တာကြောင့် ဖြစ်တယ်။
လူတယောက်ထဲပေါ် ယုံကြည်တာနဲ့ နောက်ကြောင်းပြန် လျှောက်သွားတာကြောင့် ဖြစ်တယ်။
တကယ်တော့ လက်ရှိ ဗိုလ်သိန်းစိန်ရဲ့ အနေအထားဟာ ဗိုလ်နေ၀င်း ဗိုလ်သန်းရွှေတို့လို အရာရာပြီးမြောက်
တဲ့ နံပတ်တစ် ( Numero Uno) မဟုတ်ပါဘူး။ စစ်အုပ်စုဟာ ပုံသဏ္ဌာန်ပြောင်းနေပါပြီ။ တကိုယ်တော်
အာဏာရှင်စနစ် မဟုတ်တော့ပဲ စုပေါင်းစစ်အာဏာရှင်စနစ် ( Military Syndicate) ကို ပြောင်းသွားပါပြီ။
ဗိုလ်သိန်းစိန်ဟာ ဗိုလ်နေ၀င်း၊ ဗိုလ်သန်းရွှေတို့လို တကိုယ်တော် အာဏာရှင် ပုံစံနဲ့ ပြုစေ ၊ ပြင်စေနိုင်တဲ့
အာဏာ မရှိတော့ပါဘူး။ ရှိနေတဲ့ စနစ်ကိုပြင်စေပြောင်းစေဖို့ ပိုပြီးခက်ခဲလာပါတယ်။ ဒါကြောင့်
လူတယောက်ထဲနဲ့ ပြေလည်ယုံနဲ့ ပြုပြင်ပြောင်းလဲနိုင်မယ်ဆိုတာ အတော် သံသယဖြစ်စရာကောင်းတဲ့
အချက်ဖြစ်တယ်။ (၂၀၀၈)ဖွဲ့စည်းပုံကို မဖျက်မပြောင်းပဲ လူထုအတွက် ဒီမိုကရေစီဆိုတာကို
မျှော်လင့်လို့မရနိုင်ပါဘူး။ ဒါက မင်း၏ပရိယာယ် နားမ လည်တဲ့ ငတင့်တယ်လိုလူ ကျနော်ရဲ့အမြင်ဖြစ်ပါတယ်။
ဒီအလှည့်အပြောင်းမှာ အန်အယ်ဒီရဲ့ လမ်းရွေးချယ်မူက ကျနော်တို့ ဒီမိုကရေစီအင်အားစုနဲ့တကွ တပြည်လုံး
က စစ်အာဏာရှင် ဆန့်ကျင်ရေး အင်အားစုတွေ ကြားမှာ ညီညွတ်ရေးပြိုကွဲသွားနိုင်ပါတယ်။ အခုကိုပဲ
အန်အယ်ဒီဆုံးဖြတ်ချက်ကို ထောက်ခံသူ၊ မထောက်ခံသူတွေကြားမှာ အပြန်အလှန် ဝေဘန်ထောက်ပြရုံမဟုတ်
တော့ပဲ ရန်တွေ့သံတွေ၊ စိန်ခေါ်သံတွေ၊ အပုပ်ချသံတွေ ပေါ်ထွက်လာနေပါပြီ။ ဒါဟာ စစ်အုပ်စုအကျိုးအမြတ်
ဖြစ်စေမဲ့ အချက်ဖြစ်တယ်။ မဆိုစလောက် လွတ်လိုက်တဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲမှာ ရှစ်ဆယ့်ရှစ်တွေ
ပါမလာတာဟာ သွေးရိုးသားရိုးကိစ္စမဟုတ်ပါဘူး။ ရှစ်ဆယ့်ရှစ်တွေကို စိုးရွံ့နေယုံသက်သက် မဟုတ်ပါဘူး။
ရှစ်ဆယ့်ရှစ်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အန်အယ်ဒီအကြား သပ်လှိုဖြိုခွဲဖို့ ရည်ရွယ်
တယ်လို့မြင်ပါတယ်။
နောက်တစ်ချက်က ပြည်တွင်းငြိမ်းချမ်းရေး ကိစ္စအတွက် ရင်လေးစရာပါ။ လူနည်းစု တိုင်းရင်းသားဒေသတွေမှာ
အထူးသဖြင့် ကချင်ဒေသမှာ စစ်ပွဲတွေ ဖြစ်နေတယ်။ လူအခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ကျူးလွန်နေ
ကြတယ်။ လက်နက်ကိုင်အဖွဲ့ အစည်းတွေကို တစ်ဖွဲ့ခြင်း ခွဲခြားဆက်သွယြ် ပီး အပစ်ရပ်ဖို့ သွေးခွဲစည်းရုံးနေ
တယ်။ ဗဟိုအဆင့်မဟုတ် ပြည်နယ်အဆင့်နဲ့ လုပ်နေတာဖြစ်တယ်။ ဒီအခြေအနေတွေ အားလုံးက အတွင်းမှာ
ဘာတွေပဲ သဘောတူတူ ဒီစစ်ပွဲတွေကတော့ ဆက်ရှည်လိမ့်အုံးမည့် နမိတ်လက္ခဏာ ဖြစ်တယ်။ ဒီစစ်ပွဲတွေကို
ပြေငြိမ်းဖို့ဆိုတာက အပြန်အလှန်ယုံကြည့်မူနဲ့သာ ရနိုင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းရင်းသား
ပေါင်းစုံပါဝင်တွဲ့
ပြည်တင်းဒီမိုကရေစီ အင်အားစုတွေသာမက နယ်ခြားလက်နက်ကိုင် အင်အားစုတွေရဲ့
ယုံကြည်မူကို ရထားတာဖြစ်ပါတယ်။ ဒါကြောင့် ဒေါ်စုဟာ ပြည်တွင်းငြိမ်းချမ်းရေးရဲ့ အချက်အချာ အခက်အညှာ
ဖြစ်ပါတယ်။ အခု အန်အယ်ဒီက ပါတီမှတ်ပုံတင်ရွေးကောက်ပွဲ ၀င်မယ်လို့ ဆုံးဖြတ်ပေမဲ့ ကိုးဆယ်ခု
ရွေးကောက်ပွဲအနိုင်ရ လွတ်တော်ကိုယ်စားပြု ကော်မတီ အဖွဲ့ဝင်ပါတီအများစုက မှတ်ပုံမတင်ဖို့
ဆုံးဖြတ်ကြပါတယ်။ ဒါဟာ လွန်ခဲ့တဲ့အနှစ် နှစ်ဆယ်ကျော်လုံးရှိနေခဲ့တဲ့ ဒေါ်စုကိုမဏ္ဍိုင်ပြုတဲ့ ပြည်တွင်း
ွ
ငြိမ်းချမ်းရေး မျှော်လင့်ချက် ပျောက်ကွယ်သားမဲ့ လက္ခဏာ ဖြစ်ပါတယ်။
ု
ဒါကြောင့် ဒီအပြောင်းအလဲမှာ တဖက်အပ်စုက လူပုဂ္ဂိုလ်တစ်ယောက်ထဲအပေါ်မှာ မူတည်ခဲ့တဲ့ အန်အယ်ဒီရဲ့
ရွေးလမ်းဟာ ရေရှည်အမျိုးသားအကျိုးစီးပွားဖြစ်တဲ့ အမျိုးသားရင် ကြားစေ့ရေးအတွက် အကျိုးထက်အပြစ်က
ူ
ပိုများလိမ့်မလားလို့ စိုးရိမ်မိပါတယ်။ အခုကိုပဲ ဗြောင်စားဗြောင်လိမ် ဗိုလ်သိန်းစိန်က သူရဲ့သရုပ်မှန် ဘီလးစွယ်
ကိုထုတ်ပြလိုက်ပါပြီ။ ဘာလီ အာဆီယံအစည်းအဝေးမှာ နိုင်ငံရေးအကျဉ်းသားမရှိဘူးလို့ ပြောလိုက်ပါပြီ။
သူအတွက် အန်အယ်ဒီက မှတ်ပုံတင်ဖို့ သဘောတူခဲ့သလို အာဆီယံကလည်း ဥက္ကဌရာထူး ပေးဖို့သေချာပြီ
ဆိုတော့ အခုလို သရုပ်မှန်ဘီလူးစွယ် ထုတ်ပြလိုက်တာပါပဲ။
ဒါဟာ ကျနော်နဲ့ ရှစ်ဆယ့်ရှစ် အများစုရဲ့အမြင်ဖြစ်ပါတယ်။ အန်အယ်ဒီရဲ့ ဆုံးဖြတ်ချက်ကို ကန့်ကွက်တာမ
ဟုတ်ပါဘူး မထောက်ခံတာပါ။ မထောက်ခံနိုင်ရခြင်း အကြောင်းတွေကို တင်ပြနေတာပါ။ ထောက်ခံတယ်ဆို
တာက သက်ဆိုင်တဲ့အဖွဲ့အစည်းရဲ့ လုပ်ငန်းစဉ်တွေ၊ ဆုံးဖြတ်ချက်တွေကို ၀ိုင်းဝန်းဆောင်ရွက်ဖို့၊
အဲဒီလုပ်ငန်းစဉ်တွေနဲ့ ဆုံးဖြတ်ချက်တွေကို အနှောက်အယှက်ဖြစ်မဲ့ အပြုအမူတွေကို ရှောင်ရှားဖို့ ၀တ္တရားရှိ
တယ်။ အခုလို မထောက်ခံတဲ့အတွက် ကျနော်တို့ဟာ ဒီဝတ္တရားတွေကို စောင့်စည်းစရာမလိုပဲ ကိုယ်ယုံကြည်
ရာကို လွတ်လပ်စွာ ဆောင်ရွက်နိုင်ခွင့်ရှိတယ်။
ကျနော်တို့ဟာ ပါတီဝင်မဟုတ်ပဲ အန်အယ်ဒီကို တလျောက်လုံး ထောက်ခံခဲ့တယ်။ အားပေးကူညီခဲ့တယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်သူအပေါ် ရိုးသားတည်ကြည်မူ၊ ဦးမောင်ကို ဆရာမောင်သော်ကနဲ့
ဆရာဦးဝင်းတင်တို့လို ရန်သူစစ်အုပ်စုနှင့် စစ်အာဏာရှင် ယန္တယားကို ကျားစီးဖားစီး အသေခံတိုက်ခဲ့ကြတဲ့
ခေါင်းဆောင်တွေနဲ့ ကိုးဆယ်ခု ရွေးကောက်ပွဲမှာ အပ်နှင်းလိုက်တဲ့ လူထုဆန္ဒတွေကြောင့် ထောက်ခံအားပေးခဲ့
ကြတာဖြစ်တယ်။ ပြည်တွင်းငြိမ်းချမ်းရေး ဒီမိုကရေစီရေးအပါအ၀င် အမျိုးသားရင်ကြားစေ့ရေးကို လုပ်ဆောင်
နိုင်လိမ့်မယ်လို့ ယုံကြည်မျှော်လင့်မူကြောင့် ထောက်ခံခဲ့ကြတာဖြစ်တယ်။ ပြည်ပကို ရောက်လာတဲ့ ဒေါ်စုရဲ့
ချာတူးလန်ထမီခြုံ အမတ်တွေရဲ့ စရိုက်ပျက်တွေကို မြင်တွေ့ကြားသိ စိတ်ပျက်မိတဲ့ ကြားကနေ မမှိတ်မသုန်
ထောက်ခံခဲ့ကြတာဖြစ်တယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ အန်အယ်ဒီရဲ့ ရွေးလမ်းဟာ ကျနော်တို့ ရှစ်ဆယ့်ရှစ်
မျှော်မှန်းချက်တွေကို ဖြည့်ဆည်းပေးနိုင်လိမ့်မယ်လို့ မမျှော်လင့်ရဲတော့ပါဘူး။ ဖွတ်မရ ဓားမဆုံးရမဲ့ ကိန်းပါ။
သို့သော်လည်း အနှစ် နှစ်ဆယ့်ကျော် စစ်အာဏာရှင် ယန္တယားကို တိုက်ပွဲဆင်ခဲ့တဲ့ အန်အယ်ဒီဟာ
မူလရည်မှန်းချက်ကို ဆက်လက်ချီတက်လုပ်ဆောင်သွားမယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့် မိတ်ဖက်အင်အား
စုအဖြစ် တူညီတဲ့အလုပ်တွေကို လက်တွဲဆောင်ရွက်သွားဖို့ လိုပါတယ်။ စစ်အာဏာရှင် ဆန့်ကျင်ရေးအင်အားစု
ွဲ
တွေကြားမှာ ပဋ္ဋိပက္ခအသွင်ဆောင်တဲ့ အားပြိုင်မူတွေကို ရှောင်ရှားကြဖို့လိုပါတယ်။ ဒီလိုကွဲလတဲ့ အားပြိုင်မူ
ဲ
တွေဟာ မိတ်ဖက်ဝိရောဓိအသွင်နဲ့ ယှဉ်တွသွားနိုင်အောင် ပြင်ဆင်ကြဖို့လိုပါတယ်။ မတူတဲ့အမြင်တွေ ကြားမှာပဲ
တူညီတဲ့ပန်းတိုင်ကို ပဋ္ဋိပက္ခကင်းကင်းနဲ့ အတူလျှောက်လှမ်းကြဖို့ ဖြစ်ပါတယ်။
လူထုအပေါ် သြဇာကြီးတဲ့ လူပုဂ္ဂိုလ်နဲ့ရှင်းလင်းပြတ်သားတဲ့ အမြင်နဲ့ ခိုင်မာပြတ်သားတဲ့ အင်အားစုတွေကြားမှာ
မိတ်ဖက်ဝိရောဓိအသွင်ထက် ကျော်လွန်ပြီ ပဋ္ဋိပက္ခအသွင် အားပြိုင်မူတွေဟာ တိုင်းပြည်နဲ့လူမျိုးအတွက်
အန္တရယ် ကျရောက်စေပါတယ်။ အခွင့်ထူးခံ ကိုယ်ကျိုးရှာသမားတွေ ကြားဝင်အမြတ်ထုတ်ရာကနေ လူထုဘဝ
နှစ်မွန်းတတ်တာ လွတ်လပ်ရေးခေတ် ဗမာပြည်က သက်သေပြုနေပါတယ်။ ဒါကြောင့်လည်း ဆောင်ပါးအစမှာ
နွားကွဲရင် ကျားဆွဲမယ်ဆိုတဲ့ စကားပုံနဲ့အစချီခဲ့ပါတယ်။ လက်ရှိဗမာပြည်ဒီမိုကရေစီအင်အားစုအတွင်း စည်းလုံး
မူအခြေအနေဟာ(၁၉၄၆-၄၇)ကာလအမျိုးသားလွတ်မြောက်ရေးတပ်ပေါင်းစုဖဆပလတွင်းကအားပြိုင်မူ အခြေ
အနေတွေနဲ့ အလားသဏ္ဍာန်တူနေပြီလို သုံးသပ်မိပါတယ်။ အဲဒီအချိန်က ဖဆပလအတွင်း အားပြိုင်မူတွေကို
မိတ်ဖက်ဝိရာဓိအနေအထားမှာ ထိန်းသိမ်းထားနိုင်ခြင်းမရှိပဲ။ ပဋ္ဋိပက္ခအသွင်ကို ကူးပြောင်းသွားတာကြောင့်
လွတ်လပ်ရေးနဲ့အတူ ပြည်တွင်းစစ်ကိုပါ တပါးထဲမွေးဖွားစေခဲ့တယ်။ ဒီအမျိုးသားအင်အားစုတွေကြားက
ပဋ္ဋိပက္ခအသွင် အားပြိုင်မူရဲ့ ဆိုးကျိုးတွေကို ဒီနေ့အထိ ဗမာလူထုဟ ခါးစည်းခံစားနေကြရဆဲဖြစ် တယ်။
ဒီနှစ်အတွင်းမှာ အမေရိကန်နဲ့ အနောက်တိုင်း သံတမန်တွေ ဗမာပြည်ကို ခပ်စိတ်စိတ်ဝင်လာနေတာကိုသတိပြု
မိတယ်။ ဒေါ်စုနဲ့ကော စစ်အုပ်စုနဲ့ပါ တွေ့ကြတယ်။ ဒါကြောင့် လက်ရှိဗမာပြည်တွင်းမှာ ဖြစ်ထွန်းနေတဲ့ အခြေ
အနေများဟာ ဒေသတွင်းမှာ အရှိန်မြင့်လာတဲ့ နိုင်ငံတကာအားပြိုင်မူရဲ့ အကျိုးဆက်တစ်ခုလိုလည်းသုံးသပ်မိ
ပါတယ်။ တဆက်ထဲပဲ ဒီအခြေအနေတွေဟာ ဗမာပြည်ရဲ့ အချုပ်အချာအာဏာနဲ့ စပ်လျဉ်းပြီး အရေးကြီးတဲ့အ
ချိန်ကာလတခုဖြစ်လာတယ်။ တနေ့တခြားကြီးထွားလာနေတဲ့ တရုတ်ရဲ့သြဇာကိုထိန်းချုပ်ရေးအတွက်
အမေရိကန်၊ ဥရောပ၊ အိန္ဒိယနဲ့ အာဆီယံနိုင်ငံတွေအကြား တဦးနဲ့တဦး ပိုပြီးနီးနီးကပ်ကပ် ဆောင်ရွက်လာ
နေကြတယ်။ တချိန်ထဲမှာပဲ ဗမာစစ်အုပ်စုဟာ မြစ်ဆုံဆည်ကိစ္စ၊ ရွှေဂက်စ်ပိုက်လိုင်းကိစ္စလို အရေးကိစ္စတွေမှာ
တရုတ်နဲ့သူတို့အကြား ခြေလွန်လက်လွန်သဘောတူခဲ့တာတွေဟာ ရေရှည်အမျိုးသားအကျိုးစီးပွားကို ထင်တာ
ထက်ထိခိုက်နေတာကို သတိပြုမိလာတယ်။ လောဘဇောတိုက်နေတဲ့တရုတ်ကို ခွာနိုင်ဖို့ မိတ်ဆွေသစ် ရှာနေ
တယ်။ ဒီလိုအချိန်မှာ တရုတ်ကို ထိန်းချုပ်ဖို့ အားထုတ်နေတဲ့ နိုင်ငံတကာအင်အားစုတွေနဲ့ ချိတ်ဆက်မိသွားတဲ့
လက္ခဏာဖြစ်တယ်။ ဒီလို နိုင်ငံတကာအားပြိုင်မူတွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်ဒီကို မှတ်ပုံတင်
လွှတ်တော်ဝင်မဲ့ ရွေးလမ်းကို တွန်းပို့လိုက်ခြင်းဖြစ်တယ်လို့ သုံးသပ်မိပါတယ်။ ဒါကြောင့် လက်ရှိအခြေအနေ
တွေဟာ သမိုင်းဘီးတပတ်ပြန်လည်သလို (၄၆-၄၇) ကလို အမျိုးသားရေးအတွက် အရေးကြီးတဲ့ ကာလတခုလို့
မြင်ပါတယ်။ အန္တရယ်ကြီးမားတဲ့ အခြေအနေဖြစ်ပါတယ်။ ဗမာပြည်အတွက် စိန်ခေါ်မူတွေက ဘက်ပေါင်းစုံမှာ
ရှိနေတယ်။ မြေခွေးတွေလို စစ်အုပ်စုလက်က မလွတ်မြောက်နိုင်သေးတဲ့ လူမမာ ဗမာပြည်အပေါ်မှာ
ဲ
ဠင်းတလိုနိုင်ငံတကာ အင်အားစုတွေကလည်း တရစ်ဝဝရှိနေတယ်။
ဒီအန္တရယ်မကင်းတဲ့ အခြေအနေတွေမှာ ဒေါ်စုနဲ့ အန်အယ်ဒီတို့ ၀င်ရောက်အားထုတ်မဲ့ လွှတ်တော်တွေဆိုတာ
ကလည်း ခရုခါးတောင်းကျိုက်ဖမ်းဖို့တောင် မစွမ်းမသန်တဲ့ လွှတ်တော်တွေ။ စစ်အုပ်စု ခြေမန်းကွင်းတန်းလန်း
နဲ့ လွှတ်တော်တွေ။ ဒေါ်စုအတွက်တော့ ဘဲအုပ်က တရာနှစ်ရာ မဗေဒါက တပင်ထဲအခြေအနေတွေပါပဲ။
ကုန်းဘောင်ခေတ်နှောင်းကာလက ဒီနေ့ခေတ်စကားနဲ့ပြောရရင် (stake holder) ဆိုဆို မေဂျာပလေရာ(major
player) လို့ပဲပြောပြောနန်းတွင်းကအုပ်စိုးသူလူတန်းစား မူးကြီးမတ်ရာတွေကြားမှာ ၀ရုန်းသုန်းကား သွေးကွဲ
နေကြတယ်။ အနီးကပ် ခြိမ်းခြောက်နေတဲ့ ပြင်ပအန္တရယ်ကို အလေးအနက် ဂရုမပြုကြဘူး။ ဘုရင်နဲ့ မိဖုရားက
အသက်ငယ်ငယ် အမျက်ထန်ထန် အတွေ့အကြုံမရှိဘူး။ အတွေ့အကြုံရှိကြတဲ့ မူးကြီးမတ်ကြီးများကလည်း
ကလေးဘုရင်နဲ့ မိဖုရားကို အလိုလိုက်အကြိုက်ဆောင်ပြီး ကိုယ်နေရာရဖို့အပြိုင် ကြိုးစားနေကြတယ်။
အချင်းချင်း ခြေထိုးရန်စောင်နေကြတယ်။ တိုးပြည်အကျိုးကို မျှော်ကိုးပြီး ဥာဏ်ပညာကျယ်ကျယ်နဲ့ မှန်ရာကို
ပြောရဲဆိုရဲ လုပ်ရဲတဲ့ ယောအတွင်းဝန်ဦးဖိုးလှိုင်က အရာကျ ဘေးရောက်နေတယ်။ နန်းတွင်းမှာ ဓါးထက်
နေတာက ကင်းဝန်ဦးကောင်းနဲ့ တိုင်းတားဝန် ဦးဖိုးတို့ဖြစ်တယ်။ သူတို့ချင်းကလည်း မတည့်ဘူး။ အပြန်အလှန်
အားပြိုင်ခြေထိုးနေကြတယ်။ ကင်းဝန်က နားလေးတယ်။ တိုင်းတားဝန်က လေနာရောဂါသယ်။ မစွမ်းမသန်
အသက်ကြီးကြပြီ။ စွမ်းသန်တာက ရေနံချောင်းဝန် ဦးစိုတစ်ယောက်ပဲရှိတယ်။
ဒီအခြေအနေတွေကို ဆရာတော်ကြီးတွေက သတိပေးကြတယ်။ ဥာဏ်ပညာနဲ့ပြည့်စုံပြီး ရဲရင့်တည်ကြည်တဲ့
ယောအတွင်းဝန်ကို ပြန်ခေါ်ဖို့ အကြံပြုခဲ့ကြတယ်။ ဆရာတော်ကြီးတပါးက (သင်္ဂဇာ ဆရာတော်ဖြစ်မယ်ထင်ပါ
တယ်)....ပခန်းကလေ၊ လောင်းရှည်ကနား ရေနံရယ် တတိုင်းခြင်း လင်းနိုင်ပါ့မလား၊ လို့စာချိုး သတိပေးခဲ့တယ်။
ဒါပေမဲ့ မနာခံခဲ့ကြပါဘူး။ ဒါကြောင့် သိပ်မကြာခင်မှာပဲ ဗမာတပြည်လုံး သူကျွန်ဖြစ်ခဲ့ရတယ်။ အမျက်ထန်
မောက်မာတဲ့ ဘုရင်နဲ့မိဖုရားလည်း ဖမ်းဆီးပြီး ကုလားပြည်ကိုအပို့ခံခဲ့ရတယ်။ အထက်က ၀န်ကြီးတချို့ကတော့
ပြည်သိမ်းနယ်ချဲ့ဗိုလ်ချုပ်ပရင်ဒါဂါတ်ဆီမှာ ဒူးထောက်ခစားအလုပ်အကျွေးပြုသွားခဲ့ကြတယ်။ နစ်နာခဲ့တာ
ကတော့ တိုင်းပြည်နဲ့ လူမျိုးပဲဖြစ်တယ်။
နိဂုံးချုပ်ရရင် ဒီလိုရှုပ်ထွေးပြီး အန္တရယ် ထူပြောတဲ့အခြေအနေတွေမှာ စစ်အာဏာရှင် ဆန့်ကျင်ရေးအင်အားစု
တွေကြားက ကွဲလွဲတဲ့သဘောထား အမြင်တွေကို ပဋ္ဋိပက္ခအသွင် အားပြိုင်မူအဆင့်ကို ရောက်ရှိမသွားအောင်
ဝိုင်းဝန်းကာကွယ် ထိန်းသိမ်းသွားကြဖို့ အရေးကြီးလှပါတယ်။ မိတ်ဖက် ၀ိရောဓိအသွင်နဲ့ ကွဲလွဲတဲ့အမြင်တွေ
ကြားမှာ တူညီတဲ့ ရည်မှန်းချက်ကို အတူလက်တွဲ ဆောင်ရွက်နိုင်ဖို့ လိုအပ်ကြောင်း တင်ပြအပ်ပါတယ်။
ဗိုလ်သိန်းစိန်တို့ အောက်အီးအီးတွန်သံ ပေးနိုင်ပြီး ရေနံဆီမီးတိုင်များလည်း ထွန်းလင်းကာ
လွတ်ကြောင်း အမှန်ရောက်လို့ ပြည်သူအပေါင်း ရွှင်လန်းဝမ်းမြောက်ပါစေသော်။
ရဲဘော်ကျော်သန်း